ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, December 14, 2012

> -လူထုကျန်းမာရေး (ခွေးရူးရောဂါအကြောင်း)-
**Public Health**
 ခွေးရူးရောဂါသည် ကမ္ဘာ့လူသားထု
တစ်ရပ်လုံးအား ခြိမ်းခြောက်လျက်ရှိပြီး
 ကမ္ဘာတွင် ဆယ်မိနစ်လျှင် တစ်ယောက် နှုန်း ခွေးရူးရောဂါကြောင့်
 သေဆုံးလျက်ရှိသည်။ တစ်နှစ်လျှင် လူ ၅၅ဝဝဝခန့်သည် ခွေးရူးရောဂါဖြစ်ပွား၍
 သေဆုံးလျက် ရှိပါသည်။ ခွေးရူးရောဂါဖြစ်ပွား
သူများ၏၉၉ရာခိုင်နှုန်းသည် ခွေးရူးရောဂါဖြစ်ပွားနေ
သည့် ခွေးကိုက်ခြင်းကြောင့် သေဆုံး ရခြင်းဖြစ်ပါသည်။

 **ခွေးရူးရောဂါဆိုတာဘာလဲ**
 ခွေးရူးရောဂါသည် လူအပါအဝင် သွေးနွေးနို့တိုက်သတ္တဝါ များတွင် ဦးနှောက်နှင့်အာရုံကြောများကို ထိခိုက်စေသော ရောဂါတစ်မျိုးဖြစ်သည်။ ရောဂါဖြစ်ပွားသည့်လက္ခဏာပြပါက ကုသ၍မရတော့ဘဲ သေဆုံးနိုင်သည်။ ခွေးရူးရောဂါဘယ်လိုရနိုင်သလဲ ခွေးရူးရောဂါဖြစ်ပွားနေသောခွေး ကိုက်ခြင်းကြောင့် အများအားဖြင့် ခွေးရူးရောဂါဖြစ်ပွားပါသည်။ ခွေးရူးရောဂါ ဖြစ်ပွားသည့်ခွေး မကိုက်သော်လည်း ခွေးရူးရောဂါဖြစ်ပွား တတ်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်း မည်သည့်နေရာတွင် ခွေးကိုက်မိသည်ဖြစ်စေ ခွေးရူးရောဂါဖြစ်ပွားမှုအန္တရာယ်ကို ဂရု စိုက်သင့်သည်။ **ခွေးမကိုက်သော်လည်း ခွေးရူးရောဂါဘယ်လိုရနိုင်သလဲ** ခွေးရူးရောဂါဖြစ်ပွားနေသည့်ခွေးမှ ကျသည့်သွားရည်တွင် ခွေးရူးရောဂါဗိုင်းရပ်စ်ပိုးရှိနေသည်။ ¤င်းသွားရည်ဖြင့် ထိခိုက်၊ ရှနာများ၊ ပွန်းပဲ့နာများမှတစ်ဆင့် ခွေးရူးရောဂါဗိုင်းရပ်စ်ပိုး ဝင်ရောက်ကူးစက်နိုင်သည်။ မျက်စိ၊ နှာခေါင်း၊ ပါးစပ်မှတစ်ဆင့် လည်း ခွေးရူးရောဂါကူးစက်စေနိုင်သည်။ **ခွေးရူးရောဂါပိုးပျိုးချိန် လူမှာဘယ်လောက်ကြာသလဲ** ရောဂါပိုးပျိုးချိန်ဆိုသည်မှာ ရောဂါပိုးစတင်ဝင်ရောက်ချိန်မှ ရောဂါသဏ္ဌာန်လက္ခဏာပြသည်အထိ ကြာသောအချိန်ကို ခေါ်ပါသည်။ ခွေးရူးရောဂါပိုးပျိုးချိန်မှာ ပုံမှန်အားဖြင့် ရက်သတ္တ သုံးပတ်မှ ရှစ်ပတ်အထိ ကြာတတ်ပါသည်။ တစ်ခါတစ်ရံ ကိုးရက် အတွင်း ရောဂါလက္ခဏာပြတတ်ပြီး ခုနစ်နှစ်ကြာမှ လက္ခဏာ ပြတတ်သည်လည်း ရှိပါသည်။ ရောဂါပျိုးချိန်မှာ ဒဏ်ရာ၏ ပြင်းထန်မှု၊ ခွေးကိုက်ဒဏ်ရာနှင့် ခွေးကိုက်ခံရသူ၏ ရောဂါ ခံနိုင်ရည်စွမ်းအင်တို့ပေါ်တွင် မူတည်ပါသည်။ **လူတွင် ခွေးရူးရောဂါဖြစ်ပွားပါက မည်သည့်လက္ခဏာများ တွေ့ ရှိရပါသလဲ** လူတွင် ခွေးရူးရောဂါဖြစ်ပွားပါက ကိုယ်အပူချိန်တက်မည်။ ဖျားမည်၊ ချောင်းဆိုးမည်၊ လည်ချောင်းနာမည်။ အချိန်ကြာလာ သည်နှင့်အမျှ ပိုမိုဆိုးရွားပြီး စိတ်ကယောင်ချောက်ချားဖြစ်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်းနှင့် လေသင်တုန်းဖြတ်ခြင်းကဲ့သို့ အာရုံကြောဆိုင်ရာရောဂါများ ခံစားရတတ်သည်။ ခွေးရူးအကိုက်ခံရပါက ဘာလုပ်ဖို့လိုမလဲ တိရစ္ဆာန်တစ်ကောင် အကိုက်ခံရလျှင်သော်လည်းကောင်း၊ ခွေးရူးရောဂါဖြစ်ပွားသည့် တိရစ္ဆာန်၏တံတွေး(သွားရည်)၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်နှင့် ထိခိုက်ဒဏ်ရာတွင် ထိမိလျှင်သော် လည်းကောင်း၊ ¤င်းနေရာကို ဆပ်ပြာဖြင့် အမြန်ဆုံးဆေးကြော ရန်လိုသည်။ ခွေးကိုက်လျှင် ကြောက်စရာမလိုသကဲ့သို့ ဂရုမစိုက် ဘဲလည်း မနေသင့်ပါ။
အကိုက်ခံရသည့် ဒဏ်ရာအား ရေများများ အသုံးပြု၍ ဆပ်ပြာဖြင့် ဆေးကြောခြင်းဖြင့် ရောဂါဖြစ်ပွားမှု လျော့စေသည်။ ယင်းနောက် ဆရာဝန်နှင့်နီးစပ်ရာ ကျန်းမာရေး ဌာနသို့ ပြသရမည်။ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်ရမည်။ ရောဂါဖြစ်ပွားမှုအပေါ် မူတည်၍ ခွေးရူး ရောဂါကာကွယ်ဆေးချက်ချင်းထိုးရန်လိုသည်။

**အိမ်မွေးတိရစ္ဆာန် ခွေးရူးကိုက်ခံရလျှင် ဘာလုပ်မလဲ**

 တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် နီးစပ်ရာတိရစ္ဆာန်ဆေးကု ဌာနသို့ သွားရောက်ပြသရန်လိုသည်။ မူလက ခွေးရူးရောဂါ ကာကွယ်ဆေးထိုးပြီးဖြစ်သော်လည်း ကာကွယ်ဆေးချက်ချင်း ထပ်မံထိုးရန်လိုသည်။ ၄၅ ရက်အနည်းဆုံး စောင့်ကြည့်စစ်ဆေး သင့်သည်။ အကယ်၍ ခွေးရူးရောဂါကာကွယ်ဆေးလုံးဝထိုးထား သည့် ခွေး၊ ကြောင်များ၊ ခွေးရူးရောဂါဖြစ်ပွားသည့် တိရစ္ဆာန်နှင့် ထိတွေ့မှုရှိပါက ခွဲခြားထားရှိပြီး ခြောက်လစောင့်ကြည့်သင့်သည်။ ခွေးရူးရောဂါဖြစ်ပွားသည့် တိရစ္ဆာန်အကိုက်ခံရပါက သက်သာ သောနည်းဖြင့် အမြန်ဆုံးသုတ်သင်ဖျက်ဆီးပစ်သင့်သည်။ အကယ်၍ ခွေးကိုက်ခံရပြီး ကိုက်သည့်ခွေးသည် ခွေးရူး ရောဂါဖြစ်ပွားမှုရှိ၊ မရှိ မသေချာပါက ယင်းခွေးကိုဖမ်းပြီး လှောင်အိမ်တွင်ထည့်၍ စောင့်ကြည့်သင့်သည်။ အကယ်၍ ဖမ်းရန်ခက်ခဲပါက ခွေး၏ အသွေးအရောင်၊ အမှတ်အသားနှင့် တည်ရှိနေသည့်နေရာကို သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့သို့ အကြောင်းကြားပြီး ဖမ်းဆီးသင့်သည်။ လိုအပ်သည့်ရောဂါ ကာကွယ်မှု သက်သာသောနည်းဖြင့် သုတ်သင်ဖျက်ဆီးရန် ဖြစ်သည်။

**ခွေးကိုက်မခံရအောင်ဘာလုပ်မလဲ**
 ခွေးသည် အိမ်မွေးတိရစ္ဆာန်တွင် သစ္စာရှိသည့် သတ္တဝါ တစ်မျိုးဖြစ်သည်။ သခင်ကိုချစ်ခင်တွယ်တာရုံသာမက အိမ်စောင့်၊ ကင်းစောင့်၊ မူးယစ်ဆေးဝါးနှင့် မိုင်းရှာအပါအဝင် ခြေရာခံ၊ ခြေရာကောက်ကိစ္စရပ်များ သင်ကြားပေးပါက လွယ်ကူစွာ တတ်မြောက်ပြီး အသုံးပြုနိုင်သည်။ သို့သော်လည်း ခွေး၏ စိတ်သဘောထားကို မသိပါက ခွေးကိုက်ခံရတတ်သည်။ သို့ဖြစ်၍ အောက်ပါအချက်များကို ဂရုစိုက်သင့်သည်။ (က) ခွေးအစာစားချိန်၊ အိပ်နေချိန်နှင့် ခွေးကလေးများ ရှိသည့် ခွေးမကြီးများအား အနှောင့်အယှက် မပြုရန်၊ (ခ) တုတ်၊ ခဲလုံးတို့ဖြင့် ခြောက်လှန့်ခြင်းမပြုရန်၊ (ဂ) ခွေးအနီးမှ အမြန်ပြေးခြင်းမပြုရန်၊ (ဃ) ခွေးကို စိုက်ကြည့်ခြင်းမပြုရန်၊ (င) ပုံမှန်မဟုတ်သည့် ခွေးအနားသို့ ကပ်လာလျှင် - မြေကြီးကိုသာ စိုက်ကြည့်နေပြီး နောက်သို့ ဖြည်းညင်းစွာဆုတ်ပါ၊ လှည့်ထွက်၍ ပြေးခြင်း မပြုလုပ်ရ၊ - (သို့မဟုတ်)ငြိမ်သက်စွာရပ်နေပြီး လက်နှစ်ဖက် ဘေးတွင် ကပ်ထားပါ။ လက်ကို ခွေးလာပြီး နမ်းရှုပ်ပါက ငြိမ်နေပါ။ ခွေးပြန်လည်ထွက်သွား မည်။ သို့ဖြစ်ပါ၍ ခွေးသည်လူသားတို့အတွက် အသုံးဝင်သည့်၊ မျက်မမြင်များအတွက် လမ်းပြအဖြစ် အသုံးပြုနိုင်သည့်အပြင် အဖော်အဖြစ်လည်း မွေးမြူနိုင်သည်။ သို့သော်လည်း မွေးမြူ ထားသည့် ခွေးနှင့် ကြောင်များကို ခွေးရူးရောဂါကာကွယ်ဆေး ပုံမှန်ထိုးသင့်သည်။ ကျန်းမာရေးဂရုစိုက်သင့်သည်။ မလိုလား အပ်ဘဲ ကောင်ရေမပွားရေး တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် ညှိနှိုင်း ဆောင်ရွက်သင့်သည်။ အိမ်မွေးတိရစ္ဆာန် ခွေး၊ ကြောင်များကို ခွေးရူးရောဂါကာကွယ်ဆေးစနစ်တကျ ထိုးနှံခြင်းဖြင့် ပြည်သူ လူထု ခွေးရူးရောဂါဖြစ်ပွား၍ ဆုံးရှုံးမှုမရှိအောင် ဆောင်ရွက်သင့် ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။

 **မောင်အောင်(မွေး/ကု)**

 (ကြေးမုံသတင်းစာမှ ကူးယူဖော်ပြသည်)

-လူထုကျန်းမာရေး (ခွေးရူးရောဂါအကြောင်း)-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)