**focusဇာတ်ကားရိုက်ကူးရန်ဆန္ဒပြင်းပြ
နေ သည့် ဘမ်အက်ဖ်လက်နှင့်
ခရစ္စတင်းစတီးဝပ် **
twinlightဇာတ်ကားမှ ခေါင်းဆောင် မင်းသမီး ခရစ္စတင်းစတီးဝပ်နှင့် argoဇာတ်ကားအား ရိုက်ကူးခဲ့သည့် ဒါရိုက်တာတစ်ဖြစ်လဲ သရုပ်ဆောင် ဘမ်အက်ဖ်လက်တို့ပူးပေါင်း၍ င်္focus အမည်ရှိ အချစ်ဟာသ ဇာတ်ကားသစ်တစ်ကား ရိုက်ကူးရန်စီစဉ်နေကြောင်း သိရသည်။
twinlight ဇာတ်လမ်းတွဲများတွင် ပင်တိုင်မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့သူ အသက်(၂၂)နှစ်အရွယ်ရှိ ခရစ္စတင်း စတီးဝပ်သည် ယခုလက်ရှိတွင် ဘရာဇီး နှင့် ပြင်သစ်ရုပ်ရှင်ထုတ်လုပ်ရေးတို့ ပူးပေါင်းရိုက်ကူးခဲ့သည့် ဇာတ်ကား ရိုက်ကူးခြင်းကို အဆုံးသတ်ရိုက်ကူးမှုများ ပြုလုပ်နေကြောင်း သိရသည်။ ထို့ပြင် လွန်ခဲ့သည့် တစ်လခန့်က စတီးဝပ်သည် မိမိထက် အနုပညာ အတွေ့အကြုံရင့်ကျက်သူ ဘမ်အက်ဖ် လက်နှင့် အနုပညာလုပ်ငန်းများကို အတူ တကွလုပ်ကိုင်ရန် ဆန္ဒပြင်းပြနေကြောင်း Dead lineဝက်ဘ်ဆိုက်၏ သတင်း ဖော်ပြမှုများကိုလည်း စတီးဝပ်က အတည်ပြုဖြေကြားပေးခဲ့သည်။ ''အဲဒီသတင်းတွေက ကောလာဟလ တွေ မဟုတ်ပါဘူး။ တကယ်အဖြစ်မှန်တွေ ပါ။ အဲဒီဇာတ်ကားက ဟာသဇာတ်ကား လေးပါ။ အဲဒီဇာတ်ကားရိုက်ကူးဖို့အတွက် အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ကျွန်မတို့ အဲဒီကား ကို လာမည့်ဧပြီလလောက်မှာ စတင်ရိုက်ကူးဖြစ်ပါလိမ့်မယ်''ဟု ရုပ်သံ လိုင်းတစ်ခု၏စကားပြောခန်း အစီအစဉ် တစ်ခုတွင် စတီးဝပ်က ပြောကြားသွားခဲ့ သည်။ ဘမ်အက်ဖ်လက်က သူသည် စတီးဝပ် ၏ပရိသတ်တစ်ဦးဖြစ်ပြီး အဆိုပါ င်္ focus အချစ်ဟာသဇာတ်ကားကို သူမနှင့် စတင် ရိုက်ကူးရန်အတွက် စာချုပ်ချုပ်ဆိုခြင်း များ ပြုလုပ်သွားရန် ဆန္ဒပြင်းပြလျက် ရှိကြောင်း နဍနြတျ သတင်းဌာနသို့ ပြောသွားခဲ့ကြောင်း သိရသည်။
**ကက်ပီတယ်ဝမ်းဖလားပြိုင်ပွဲ ဘရက်ဖို့ဒ်နှင့်  အက်စတွန်ဗီလာ ဆီမီးတက်ပြီ**
ကယ်ပီတယ်ဝမ်းဖလားပြိုင်ပွဲ၏ ကွာတားဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာ ၁၁ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဘရက်ဖို့ဒ်အသင်းနှင့် အက်စတွန်ဗီလာအသင်းတို့ နိုင်ပွဲကိုယ်စီရရှိကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ ဘရက်ဖို့ဒ်အသင်းသည် အာဆင်နယ်အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့်အနိုင်ရရှိခဲ့ကာ ဆီးမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး အက်စတွန်ဗီလာအသင်းသည် နော့ဝှစ်ခ်ျအသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက် ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ ဘရက်ဖို့ဒ်အသင်းနှင့်အာဆင်နယ်အသင်းတို့၏ ကက်ပီတယ်ဝမ်း အားပြိုင်မှုက စိတ်လှုပ်ရှားစရာကောင်းပြီး အကောင်းဆုံးပြိုင်ပွဲဟုလည်း ဆိုရမည်ဖြစ်သည်။ ယင်းပွဲစဉ် တွင် အာဆင်နယ်အသင်းသည် အသင်း၏အားထားရသည့် ဝီရှိုင်းယား၊ ရမ်ဆေး၊ ကာဇိုလာ၊ ချာမက်၊ ပိုဒေါစကီး၊ ဂါဗင်ဟို၊ ချန်ဘာလိန်းစသည့် ကစားသမားများဖြင့် ပွဲထွက်လာခဲ့သော်လည်း အိမ်ရှင်ဘရက်ဖို့ဒ်အသင်း၏ ဖိအားပေးမှုကို ခံခဲ့ရသည့်အပြင် ဘရက်ဖို့ဒ်အသင်းကပင် ဦးဆောင်ဂိုးစတင်သွင်းယူနိုင်ခဲ့သည်။ ပွဲကစားချိန် ၈၇ မိနစ် ရောက်မှသာ ဗာမေလန်၏သွင်းဂိုးဖြင့် အာဆင်နယ်တို့ချေပဂိုးပြန်လည်ရရှိခဲ့သည်။ ယင်းသို့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ဖြင့် ပွဲကစားချိန်မိနစ် ၉ဝ ပြည့်၍ အချိန်ပို၊ ပင်နယ်တီသွင်းဂိုးများဖြင့် ပွဲ၏အနိုင်အရှုံးရလဒ်များကို ဆုံးဖြတ်ခဲ့ရာ ဘရက်ဖို့ဒ်အသင်းက အာဆင်နယ်အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ နော့ဝှစ်ခ်ျအသင်းနှင့် အက်စတွန်ဗီလာအသင်းတို့ပွဲစဉ်တွင် အက်စတွန်ဗီလာ အသင်းက ဟိုလ်မန် (၂၁မိနစ်)၊ ဝေမန်(၂၉ မိနစ်နှင့် ၈၅ မိနစ်)နှင့် ဘန်တီကီ(မိနစ် ၉ဝ)တို့၏ သွင်းဂိုးများဖြင့် နော့ဝှစ်ခ်ျအသင်းကို လေးဂိုးအထိသွင်းယူနိုင်ခဲ့ပြီး နော့ဝှစ်ခ်ျ အသင်းကမူ ပွဲကစားချိန် ၁၉ မိနစ်တွင် မောရစ်ဆင်သွင်းယူပေးခဲ့သည့် တစ်ဂိုးသာ ရရှိခဲ့ပြီး ပွဲကစားချိန် မိနစ် ၉ဝ ပြည့်ချိန်တွင် အက်စတွန်ဗီလာအသင်းက လေးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
**ဘောလုံးလောက သတင်းတိုများ**
မန်ယူအသင်းသည် အသင်း၏တိုက်စစ်မှူးရော်ဘင်ဗန်ပါစီနှင့် အချိတ်အဆက်မိမိ ကစားနိုင်စွမ်းရှိသည့် အသက်(၂၃)နှစ်အရွယ်ရှိ အာဆင်နယ်တောင်ပံကစား သမား သီယိုဝဲလ်ကော့အား စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။
လီဗာပူးအသင်းသည် ဂျိုကိုးလ်အား အသင်းမှထွက်ခွာခွင့်ပြုကာ ချယ်လ်ဆီး ကွင်းလယ်ကစားသမားစတားရစ်နှင့် အသက်(၂ဝ)အရွယ်ရှိ ဘလက်ပူးလ် ကစားသမား သောမက်အင်စီတို့ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဝယ်ယူမည်ဟုဆိုသည်။
ဝက်စ်ဘရွန်းတိုက်စစ်မှူး ရှိန်းလောင်းက လာမည့်အပြောင်းအရွှေ့ကာလတွင် အသင်းမှ ထွက်ခွာလိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် နောက်ခံလူ လက်စကော့ အသင်းမှ ထွက်ခွာတော့မည် ဖြစ်ခြင်းကြောင့် အသက်(၂၃)နှစ်အရွယ်ရှိ ပီအက်စ်ဂျီနောက်တန်းကစားသမား ဆာခိုအား အပြီးသတ်ခေါ်ယူရန် စောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)ဥက္ကဋ္ဌ ဒေးဗစ်ဘန်စတိန်းက အယ်လ် အေဂလက်ဆီအသင်းမှ ထွက်ခွာခဲ့သည့် အသက်(၃၇)နှစ်အရွယ် အင်္ဂလန် ကွင်းလယ်ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်းအား အက်ဖ်အေတွင် တာဝန် ရှိသူတစ်ဦးအဖြစ် တာဝန်ပေးရန် ဆန္ဒရှိနေသည်ဟု ဆိုသည်။
စက်တင်ဘာလကတည်းက ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရသည့် မန်ယူကစား သမား ဗီဒစ်သည် ဒဏ်ရာမှ ပြန်လည်သက်သာလာပြီဖြစ်၍ ပြန်လည်ကစားနိုင် တော့ မည်ဖြစ်ကြောင်း မန်ယူနည်းပြကြီးဖာဂူဆန်က ပြောကြားခဲ့သည်။
စုစည်းဘာသာပြန်- နိုင်လင်းကြည်
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

No comments:
Post a Comment