ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 13, 2012

> -ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**ဂျပန်တပ်ဖွဲ့ဝင်များကို ဂိုလန်ကုန်းမြင့်မှ ရုပ်သိမ်းမည်** (တိုကျို ဒီဇင်ဘာ ၁၂)
အစ္စရေးနှင့် ဆီးရီးယားနိုင်ငံအကြားရှိ
ဂိုလန်ကုန်းမြင့် ဒေသမှ ဂျပန်တပ်ဖွဲ့ဝင်များကို မကြာမီပြန်လည်ရုပ်သိမ်းမည် ဖြစ်ကြောင်း အစိုးရသတင်းရပ်ကွက်က ဒီဇင်ဘာ ၁၂ရက်တွင် ပြောကြားသည်။ ဂိုလန်ကုန်းမြင့်ဒေသ၌ အပစ်အခတ်ရပ်စဲမှုကို လေ့လာ စောင့်ကြည့်သော ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ တွင် ဂျပန်တပ်ဖွဲ့ဝင် ၄၇ဦးပါဝင်သည်။ ဂိုလန်ကုန်းမြင့်၌ တာဝန်ထမ်းဆောင်နေကြသော ဂျပန် တပ်ဖွဲ့ဝင်များ၏ အသက်အန္တရာယ်လုံခြုံမှုအတွက် စိတ်ချရခြင်း မရှိတော့သဖြင့် ¤င်းတို့ကို ပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်း ယိုမီယူရီရှင်ဘွန်းသတင်းစာက ရေးသားဖော်ပြသည်။ ဂိုလန်ကုန်းမြင့်မှ မိမိတို့၏တပ်ဖွဲ့ဝင်များကို ပြန်လည် ရုပ်သိမ်းရန် ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါ၊ နိုင်ငံခြားရေးဝန်ကြီး ကိုအိချိရိုဂမ်ဘနှင့် ကာကွယ်ရေးဝန်ကြီး ဆာတိုရှီမိုရီမိုကိုတို့က သုံးသပ်ခဲ့ကြကြောင်း အစိုးရသတင်းရပ်ကွက်က ပြောကြားသည်။ ဂျပန်တပ်ဖွဲ့ဝင်များကို ဂိုလန်ကုန်းမြင့်မှ ရုပ်သိမ်းမည် ဂျပန်နိုင်ငံ၌ ဒီဇင်ဘာ ၁၆ရက်တွင်ကျင်းပမည့် အောက် လွှတ်တော်ရွေးကောက်ပွဲအပြီးတွင် ဂိုလန်ကုန်းမြင့်မှ တပ်ဖွဲ့ ရုပ်သိမ်းနိုင်ရေးကိစ္စကို ဆုံးဖြတ်မည်ဖြစ်ကြောင်း အစိုးရသတင်း ရပ်ကွက်က ပြောကြားသည်။ ဂျပန်တပ်ဖွဲ့ဝင်များသည် ၁၉၉၆ခုနှစ်မှစ၍ ဂိုလန်ကုန်းမြင့် ၌ တာဝန်ထမ်းဆောင်လာခဲ့ကြသည်။ သို့ရာတွင် ယခုအခါ ဆီးရီးယားနိုင်ငံ၌ ပြည်တွင်းစစ်ဖြစ်ပွားလျက်ရှိရာ လုံခြုံရေး အခြေအနေဆိုးရွားလာသဖြင့် ဂျပန်တပ်ဖွဲ့ဝင်များကို ပြန်လည် ရုပ်သိမ်းရန် စီစဉ်ခြင်းဖြစ်သည်။ (ယူပီအိုင်)

**ဆိုက်ဘေးရီးယားကျားမျိုးမသုဉ်းရေး စေတနာ့ဝန်ထမ်းများကကင်းလှည့်စောင့်ရှောက်မည်**
 (ပေကျင်း ဒီဇင်ဘာ ၁၂)
တရုတ်နိုင်ငံ၌ ဆိုက်ဘေးရီးယားကျားများ ခိုးဝှက် သတ်ဖြတ်ခံရခြင်းဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက် ပေးနိုင်ရန် စေတနာ့ဝန်ထမ်းများ၏ အကူအညီကိုလိုအပ် ကြောင်း ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ရန်ပုံ ငွေအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၂ ရက်တွင် ပြောကြားသည်။ ဆိုက်ဘေးရီးယားကျားများသည် ခိုးဝှက်သတ်ဖြတ်ခံ ရမှုကြောင့် မျိုးသုဉ်းရမည့်အခြေအနေနှင့် ရင်ဆိုင်နေရပုံကို ပြည်သူများသိရှိလာကြစေရန် ရည်ရွယ်လျက် စေတနာ့ ဝန်ထမ်းများက သုံးရက်ကြာကင်းလှည့်စောင့်ကြပ်ပေးမည့် အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်မည်ဖြစ် ကြောင်း အဆိုပါရန်ပုံငွေအဖွဲ့၏ တရုတ်နိုင်ငံကျားမျိုး ဝန်ထမ်းများက တောအတွင်း ကင်းလှည့်စောင့်ရှောက် ပေးမည်ဖြစ်ကြောင်း ¤င်းက ပြောကြားသည်။ စေတနာ့ဝန်ထမ်းများကို အုပ်စုသုံးစုခွဲကာ ကျီလင်း ဒေသရှိ လန်ကျားသစ်တောတွင်လည်းကောင်း၊ ဟေလုံ ကျန်ပြည်နယ်ရှိ နွန်ကျန်ဟဲသစ်တောနှင့် ဒေါင်းဖန်ဟောင် သစ်တောများတွင်လည်းကောင်း ကင်းလှည့်စောင့်ရှောက် ပေးမည်ဖြစ်သည်။ ယင်းသစ်တောများသည် တရုတ်နိုင်ငံ၌ ကျက်စားသော ဆိုက်ဘေးရီးယားကျားများ၏ အဓိက ကျက်စားနေထိုင်ရာသစ်တောများဖြစ်ကြသည်။ ကျားမျိုးမသုဉ်းရေးအတွက် မိမိတို့ အရေးတကြီး ဆောင်ရွက်ခြင်းမရှိပါက မိမိတို့နိုင်ငံတွင် ဆိုက်ဘေးရီးယား ကျားမျိုး မျိုးသုဉ်းပျောက်ကွယ်သွားနိုင်ကြောင်း နိုင်ငံတော် သစ်တောဌာန၏ သုတေသနလုပ်ငန်းဆိုင်ရာ ဒုတိယ ညွှန်ကြားရေးမှူး ကျန်ဂွေချန်းက ပြောကြားသည်။ (ယူပီအိုင်)  

**ဂျပန်နိုင်ငံ ကျိုတိုမြို့ရှိလူနေအိမ်တစ်လုံးမီးလောင် နှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရ**
 (အိုဆာကာ ဒီဇင်ဘာ ၁၂)
 ဂျပန်နိုင်ငံအနောက်ပိုင်း ကျိုတိုစီရင်စုနယ်ရှိ နေအိမ် တစ်လုံး၌ ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းရာ အမျိုးသားနှစ်ဦးသေဆုံး၍ အမျိုးသမီးတစ်ဦး မီးလောင်ဒဏ်ရာ ရရှိသွားကြောင်း၊ ဒဏ်ရာအလွန်ပြင်းထန်သဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးလိုက်ရကြောင်း ဒေသဆိုင်ရာသတင်းတွင် ဖော်ပြ သည်။ ကျိုတိုစီရင်စုမူကိုမြို့တွင်နေထိုင်သော မိသားစုတစ်စုပိုင် နေအိမ်ကို ဒေသစံတော်ချိန် နံနက် ၅နာရီခွဲခန့်က မီးလောင် သဖြင့် ဒေသခံမီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်ရာ နံနက် ၇နာရီခွဲ ခန့်တွင် မီးကိုထိန်းချုပ်နိုင်ခဲ့ကြောင်း၊ အဆိုပါနှစ်ထပ်သစ်သား အိမ်အတွင်းတွင် မီးလောင်သေဆုံးနေသော အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို တွေ့ရပြီး အသက်(၄၈)နှစ်အရွယ် အမျိုးသမီး တစ်ဦးကို မီးလောင်ဒဏ်ရာများဖြင့် တွေ့ရှိရ၍ အနီးရှိဆေးရုံသို့ တင်ပို့ပေးလိုက်ကြောင်း သတင်းတွင်ဖော်ပြသည်။ မီးလောင်ကျွမ်းရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေး ရန်အတွက် ရဲတပ်ဖွဲ့နှင့် မီးသတ်သမားများပါဝင်သောအဖွဲ့ကို ဖွဲ့စည်းထားကြောင်း သတင်းတွင်ရေးသားထားသည်။( ဆင်ဟွာ)

 **ကမ္ဘာတစ်ဝန်းထောင်ကျနေသည့်  ဂျာနယ်လစ်ဦးရေ အမြင့်  ဆုံးရောက်ရှိ**
 (အဒစ္စအဘာဘာ ဒီဇင်ဘာ ၁၂) 
ကမ္ဘာတစ်ဝန်းတွင် ထောင်တွင်းအကျဉ်းချခံနေရသော ဂျာနယ်လစ်အရေအတွက်သည် ယခင်ကထက်ပိုမိုများပြား လာကြောင်း ဂျာနယ်လစ်များ ကာကွယ်ရေးကော်မတီ(စီပီဂျေ)က ပြောကြားခဲ့သည်။ တူရကီ၊ အီရန်နှင့် တရုတ်နိုင်ငံတို့တွင် ဂျာနယ်လစ်များကို အများဆုံး ထောင်ဒဏ်အပြစ်ပေးသည့်နိုင်ငံများဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စု၌ အခြေစိုက်သည့်အုပ်စုက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ယင်းနိုင်ငံများသည် အစိုးရအပေါ်ဝေဖန်သည့် သတင်းထောက်များ အသံတိတ်သွားစေရန် အကြမ်းဖက်ခြင်း၊ နိုင်ငံကိုဆန့်ကျင်ခြင်း စသည့်စွပ်စွဲချက်များအား အသုံးပြုကြသည်ဟု ဂျာနယ်လစ်အုပ်စုက ပြောသည်။ဒီဇင်ဘာ ၁ရက်မှစ၍ ထောင်ကျနေသည့် စာရေးဆရာ၊ သတင်းစာစာတည်း၊ သတင်းထောက်နှင့် ဓာတ်ပုံသတင်းထောက် တို့၏အရေအတွက်မှာ ၂၃၂ဦးအထိရှိပြီဖြစ်ကြောင်း စီပီဂျေကပြောသည်။ ၂ဝ၁၁ခုနှစ်က ၅၃ ဦးသာရှိရာမှ တိုးလာခြင်းဖြစ်သည်ဟုဆိုသည်။ကော်မတီက စတင်စာရင်းပြုစုခဲ့သည့် ၁၉၉ဝပြည့်နှစ်များမှ တွက်စစ်လျှင် ၂၃၂ဦးသည် အမြင့်ဆုံးဖြစ်သည်။ အစိုးရအဖွဲ့များသည် ဂျာနယ်လစ်များကို ခြိမ်းခြောက်ရန်နှင့် ဖမ်းဆီးရန်အတွက် နိုင်ငံတော်ကို ဆန့်ကျင်မှုနှင့်အကြမ်းဖက်မှုများ ကျူးလွန်ကြသည်ဟု စွပ်စွဲချက်များကို အသုံးပြုရန် ပိုမိုဆန္ဒရှိလာကြသည်ဟု စီပီဂျေအမှုဆောင် ဒါရိုက်တာ ဂျိုးလ်ဆိုင်မွန်က ပြောသည်။ (အေပီ)

 စုစည်းဘာသာပြန်-မြင့်မောင်စိုး

-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)