နိဒါန်း။ နိုင်ငံခြားသတင်းထောက်၏ မေးခွန်းတစ်ခုကို သမ္မတက ပြတ်ပြတ်သားသားပြန်ဖြေလိုက်သည်။ သမ္မတ။ ။ ““ပြည်သူလူထုက ထောက်ခံလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဟိုဒင်းဖြစ် လာမှာပါ”” (နိုင်ငံခြားခရီးစဉ်တစ်ခုအတွင်း အမေးအဖြေတစ်ခုမှကောက်နှုတ်ချက်) ဤဇာတ်လမ်းကား ဤမှစလေသတည်း........။
** မြင်ကွင်း(၁)**
အစိုးရအဖွဲ့ခေါင်းဆောင် သမ္မတဘပြောင် လူထုသို့ တီဗီဖန်သားပြင်မှ မိန့်ခွန်းထထပြော၏။ ““ခုနကလို... ဟိုနင်း... ခုနကလို... ခုနကလိုပေါ့... ဟိုနင်း... အဲ.. ဟိုနင်း... ခုနကလိုပဲပေါ့”” ““ရှင်းပါတယ်ခင်ဗျား.... ထောက်ခံပါတယ်ခင်ဗျား.... ဖြောင်း... ဖြောင်း... ဖြောင်း”” ပြည်သူများ သောင်းသောင်းဖျဖျ လက်ခုပ်တီးကြ၏။ လူထုခေါင်းဆောင်အန်တီစုကား ဘယ်နေရာရောက်ရောက် မိန့်ခွန်းပြော၏။ ““ကျွန်မပြောမယ်နော်.... ကျွန်မပွင့်ပွင့်လင်းလင်းပဲပြောမယ်.. ကျွန်မပြောမယ်နော်... ကျွန်မခဏခဏပြောပါတယ်....”” ““ပြောပါအမေ.. ပြောပါ... အမေဘာပြောပြော ထောက်ခံပါတယ် ခင်ဗျား.... ဖြောင်း.. ဖြောင်း ... ဖြောင်း...”” ပြည်သူများ သောင်းသောင်းဖျဖျ လက်ခုပ်တီးကြ၏။
** မြင်ကွင်း(၂)**
ဈေးကြီးတစ်ဈေးအတွင်း နဖူးပြောင်ပြောင်ပေါ် အီမိုဒီဇိုင်းချထားသော နှင့် အဖြူအစိမ်းဝတ်လူကြီးတစ်ယောက် ပြောင်းဖူးကြီးတစ်လုံးကိုင်၍ လမ်းလျှောက်လာသည်။ “ဘယ်တော့မှမပြောင်းဖူး.. ပြောင်းဘူးနော်””ဟူသည့် ယတြာအရဟုဆိုသည်။ ပြည်သူများသဘောခွေ့ကြ၏။ မပြောင်းလိုသူများ ပြောင်းဖူးဆောင်ကြ၏။ ထိုလူကြီးမင်းလည်းနာမည်ကျော်သွားလေသည်။ အရက်ဆိုင်များတွင် သူ့နာမည်ကိုတပ်ကာ ဂုဏ်ပြုကြ၏။ စားသုံးသူ - ဒီဆိုင်မှာ ပြောင်းဖူးဖုတ်သုတ်ရသလားဟေ့။ စားပွဲထိုး - ရပါတယ်ခင်ဗျ။ ဒီဝိုင်းက အောင်သိန်းလင်းဖုတ်သုတ်တစ်ပွဲဟေ့။
** မြင်ကွင်း(၃) **
မည်သို့မည်ပုံလုပ်လိုက်သည်မသိ။ “”အပ်ချလောင်း”" ဟု အော်ကာ ဘပြောင်က မျက်လှည့်ဝိုင်းထောင်လိုက်သည်။ သမ္မတရုံးမှ ၀န်ထမ်းများက ပါးစပ်ဆိုင်းတီးပေး၏။ “”ဗိန်နောင်… ဗိန်နောင်… စိန်ပလိမ်တိန်…. ပလို့ဂျိ”" ကာလအားဖြင့်သတ်မှတ်ရသော် ပြုတ်၊ ပြောင်း၊ ပြန် ခေတ်ဖြစ်လေ၏။ ပြုတ်သူကပြုတ်၊ ပြောင်းသူကပြောင်း၍၊
ပြန်သူက ပြန်ကြကုန်သည်။ ၀ံသရမ်းကတော့ သက်တော်ရှည်ဘိုးဘိုးကြီးဆိုတဲ့ဘွဲ့အတိုင်း မပြုတ်။ သမခံလိုက်ရပြီး သမဖက်ကို ရောက်သည်။ သူ့တပည့် ဒုဝံလည်း သသန ကိုရောက်လေသည်။ ပိုတာရောင်းစားတဲ့လူကြီးက ရောင်းစားတာလက်လွန်လို့ ပြုတ်သည်။ ဆောက်လုပ်ရေးဝံကြီးလည်း ဗြုတ်ဆို
ပြုတ်သွားသည်။ ဘိလပ်မြေနှင့် သံချောင်းတွေ သွားစားမိ လို့ ၀မ်းလျှောတာဖြစ်နိုင်သည်။ ကျန်သည့် ၀ံကျီးတွေ သီချင်းသံပြိုင်ဆိုရင်း ထိုင်ခုံပြောင်းထိုင်ကြသည်။ ““ဟိုဖက်တိုးလိုက်… ဒီဖက်တိုးလိုက်… တိုးရင်းနဲ့ ကလိုက်… ကရင်းနဲ့တိုးလိုက်… ရို့ ရို့”” (တီးလုံးကိုသမ္မတရုံးက ပါးစပ်ဆိုင်းဖြင့် တီးပေးသည်။) သမ္မတကြီးက “အပ်ချလောင်း”ဟု အော်လိုက်သောအခါ တော်တော်များများ ၀ုန်းခနဲ ဒုဝံတွေဖြစ်ကုန်သည်။ ယောက်ျားဘသားဟူ၍ လက်ခမောင်းထခတ်ကြ၏။ သမ္မတရုံးမှာ ၀ံလေးယောက်ဖြစ်လာသည်။ ဒါကြောင့်ထိုင်ခုံလိုသည်။ ခုံမလောက်လျှင် ထထိုးကုန်မည်။ စီးပွားရေးအကွက်မြင်သည့် ကုလားထိုင်ရောင်းသူ တချို့နေပြည်တော်ဆင်းသွားကြသည်။
** မြင်ကွင်း(၄) **
ဆန္ဒဖော်ထုတ်မှုတွေ ဆက်တိုက်ဖြစ်လာသည်။ နယ်ပယ်ပေါင်းစုံ၊ ထောင့်ပေါင်းစုံမှ လူပေါင်းစုံက ခဏခဏထထ ဆန္ဒပြလာကြသည်။ ““ခေတ်မှီအောင်သာ ကမ္ဘာမြေတ၀ှမ်းမှာ... ဒို့အစွမ်းကိုပြမည်”” ဟူ၍ အော်ဟစ်ကြသည်။ နောက်ဆုံး ပြစရာကုန်သော်... ကြွေးကြော်စရာကုန်လေသော်.... ဒို့တာဝန်အရေးသုံးပါးကို ထောက်ခံကြောင်းဆန္ဒပြကုန်။ ““ပြည်ထောင်စု မပြိုကွဲရေး... ဒို့အရေး... ဒို့အရေး.... တိုင်းရင်းသားစည်းလုံးညီညွှတ်မှုမပြိုကွဲရေး.... ဒို့အရေး... ဒို့အရေး.... အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး... ဒို့အရေး... ဒို့အရေး..... ”” ““မီးတုတ်... မီးတုတ်... ရှို့ ... ရှို့...”” ““ပါတီ... ပါတီ... ယီးပါတီ....”” (မဆလခေတ်ကြွေးကြော်သံမှ) ဆန္ဒပြမယ့်သူတစ်ဖွဲ့ကျန်သေးသည်။ သမ္မတဘပြောင်ဦးဆောင်သည့် အစိုးရအဖွဲ့ဖြစ်သည်။ ““ဆန္ဒပြမှုများ ချက်ချင်းရပ်””“ဟူသည့် ကြွေးကြော်သံနှင့် ဖြစ်နိုင်သည်။
** မြင်ကွင်း(၅) **
ရှင်းလင်းမည့်သူများ အစိုးရလူကြီးများ ၀င်လာသည်။ သတင်းသမားများစုံနေသည်။ အရေးကြီးကိစ္စမေးမြန်းကြမှာဖြစ်သည်။ သတင်းစာရှင်းလင်းပွဲစတော့မည်။ သတင်းထောက်များ အားလုံးဆောင့်ကြောင့်ထိုင်လိုက်ကြသည်။ သတင်းထောက်မများဒူးတုတ်ကြသည်။ ထို့နောက် တိုက်တစ်တိုက်မှ ၀ါရင့်သတင်းထောက်ကြီးတစ်ယောက်က စတိုင်တိုင်သည်။ "ကျွန်တော်ကျမတို့ မေးမြန်းတာ ရိုင်းပြတာရှိရင်ခွင့်လွှတ်ပါ ။ သံပြိုင်(ကျွန်တော်ကျမတို့ မေးမြန်းတာ ရိုင်းပြတာရှိရင်ခွင့်လွှတ်ပါ ။) " "ကာယကံ ၀စီကံ မနောကံ ပြစ်မှားမိတာရှိရင် ခွင့်လွှတ်ပါရင် တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ကန်တော့ပါ၏ လူကြီးမင်းများဘုရား" သံပြိုင် ("ကာယကံ ၀စီကံ မနောကံ ပြစ်မှားမိတာရှိရင် ခွင့်လွှတ်ပါရင် တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ကန်တော့ပါ၏ လူကြီးမင်းများဘုရား") ထို့နောက် သတင်းထောက်များ အင်တာဗျူးမည့်သူများကို ဖင်ထောင်ကန်တော့ပြီး သကာလ သတင်းစာရှင်းလင်းပွဲစလေ၏။ (သူရမျိုး-မှ)
** မြင်ကွင်း(၆) **
စီတန်းလှည့်လည်ခွင့်လည်းမတောင်း၊ အသံချဲ့စက်ဥပဒေကိုလည်းမလိုက်နာ၊ ဒစ်စကိုသီချင်းနဲ့ ယိမ်းတောင်ကနေကြလေရဲ့။ ဆိုင်းဘုတ်တင်မကဘူး ရှိသမျှအကုန်ထောင်လှည့်လည်တာ ကျွန်တော်တို့ရပ်ကွက်ထဲက ဘုံကထိန်ပါ... ငှဲငှဲငှဲ.... (ရပ်ကျော်ရွာကျော်ဆိုက္ကားဆရာတစ်နှင့်နှင့် အင်တာဗျုး) (သူရမျိုး-မှ)
** မြင်ကွင်း(၇) **
ရဲအရာရှိ။ ။ အထက်အမိန့်အတိုင်း လုပ်ရတာပါ။ နိုင်ငံရေးသမား။ ။ "အထက်အမိန့်အတိုင်းလုပ်ရအောင် မင်းတို့အမေကို မုဒိန်းပြန်ကျင့်ခိုင်းရင်ကျင့်မလား" "................." "............." (စကားအခြေအတင်ပြောကြသည်... ထို့နောက်)
နိုင်ငံရေးသမား။ ။ "ဟေ့ကောင်... ငါကဘိုကြီးကွ" ရဲအရာရှိ ။ ။ "ဗိုလ်ကြီးဆို ဖင်ခံလိုက်ပေါ့ကွာ" (သူရမျိုး-မှ)
** မြင်ကွင်း(၈)**
ဆန္ဒပြသူများကို ရဲမှူးဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များက တားဆီး၍ ဆက်မသွားဖို့ပြောကြသည်။ ငြင်းခုံကြသည်။ ဆန္ဒပြဦးဆောင်သူအမျိုးသမီးတစ်ဦး ရှေ့ထွက်လာပြီး- ““ကျွန်မတို့က ငြိမ်းချမ်းစွာပြောဆိုနေတာပါ”” ဟု အော်ကာ ရဲမှူးကို လည်ပင်းပြေးညှစ်လေ၏။ ရဲမှူးအော်။ ။ ““ဟေ့... ဟေ့... မင်းတို့ အကြမ်းမဖက်နဲ့နော်.. မင်းတို့ အကြမ်းမဖက်နဲ့နော်... ဂစ် ဂစ်””
** မြင်ကွင်း(၉) **
လမ်းဘေးနှင့် လမ်းပေါ်အိပ်ပျော်နေကြသည့် လူထုနှင့် သံဃာတော်များကို မီးသတ်ကားတွေက ရေပက်၍နှိုးသည်။ လူများထွက်ပြေးသွားသည်။ သံဃာတော်များ တဖက်လှည့်ပြန်အိပ်၏။ ဘယ်လိုပက်ပက် မထ။ တချို့က ““လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ””ဟု ရွတ်ဆိုနေကြသည်။ တုတ်တုတ်မျှမလှုပ်။ သတင်းထောက်များ၊ NLD ပါတီဝင်များနှ င့် ကျောင်းသား ဆိုသူများမှာ ခွေးပြေးဝက်ပြေး ပြေးကြသဖြင့် တစ်ယောက်မျှပင် မရှိတော့ပေ။ (ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုမှ)
** မြင်ကွင်း(၁၀)**
သတင်းထောက်။ ။ "မျက်နှာဖုံးစွတ် တပ်ထားတာဘာဖြစ်လို့ပါလဲရှင့်.." ဆန္ဒဖေါ်ထုတ်သူ။ ။ "ရုပ်ဖျက်ထားတာပါ ။ ကျွန့်တော့်ကို ရဲတွေမမှတ်မိအောင်ရုပ်ဖျက်ထားရတာ ဖြစ်ပါတယ်။" သတင်းထောက်။ ။"ဒါနဲ့ အစ်ကို့နာမည်လေးသိပါရစေရှင့်" ဆန္ဒဖေါ်ထုတ်သူ။ ။ "ကျွန်တော်ကတော့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုငြိမ်းချမ်းပါ ။ ကိုငြိမ်းချမ်းပါခင်ဗျား..." (သူရမျိုး-မှ)
** မြင်ကွင်း(၁၁) **
ကာကွယ်ရေးဝန်ကြီးဌာနမှ အသုံးစရိတ် ကျပ်သန်းပေါင်း ခြောက်သောင်းခြောက်ထောင်ကျော်နဲ့ ၂၀၁၃ အတွက် ဘတ်ဂျက် ရတာမှာ ပထမဆုဆွတ်ခူးသွားပါတယ်ခင်ဗျားးးးး။ ပြည်သူများလက်ခုပ်တီးကြ - ““ဖြောင်း ဖြောင်း.. ဖြောင်း... ဖြောင်း... ဖြောင်း... ဖြောင်း... ””
(ဤတွင်တစ်ခန်းရပ်သတည်း)
**ဥက္ကာကိုကို**
12.12.12
(အမှတ်တရ-သရော်ချက်စုစည်းမှု)... ငိငိ.... --
Posted By Blogger လူဗိုလ်
-““မြန်မာ့နိုင်ငံရေးတိုးတက်ပြောင်းလဲမှု ဆင့်ကဲဖြစ်စဉ်ကြီးအား ခြေရာခံခြင်း””

No comments:
Post a Comment