ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, December 28, 2012

> -အတ္တနောမတိများ (ဖေမြင့်)-
**အကူးအပြောင်းကို စမ်းသပ်သည့် ပြဿနာတစ်ရပ်**
 ဒီမိုကရေစီ အကူးအပြောင်းကို စောင့်ကြည့်ကြသူများ
အတွက် ရတက်မအေးစရာ ပြဿနာ တစ်ခု မကြာမီက ပေါ်ပေါက်ခဲ့သည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အကြောင်းပြု၍ ဖြစ်ပေါ်သော ပြဿနာ။ ကြေးနီစီမံကိန်းကြောင့် ထိခိုက်နစ်နာသော ဒေသခံပြည်သူများ၊ ၎င်းတို့အား ထောက်ထား စာနာကာ ရိုင်းပင်းကူညီကြသူများ၊ ပွင့်လင်းမြင်သာမှုမရှိသော သယံဇာတ ရောင်းချမှုကိစ္စကို မလိုလား မနှစ်သက်သူများ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဆန့်ကျင်သူများနှင့် အခြား တက်ကြွလှုပ်ရှား သူများက ကန့်ကွက်တောင်းဆို ဆန္ဒပြကြသည်။ ယင်းအား အာဏာပိုင်တို့က အကြမ်းပတမ်း နှိပ်ကွပ်ရာ ရုပ်ပျက်ဆင်းပျက် အနေအထားများ ဖြစ်ပေါ် ခဲ့သည်။ ယခုအခါ စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းတာဝန်ပေးထားပြီး၊ ထိခိုက်ဒဏ်ရာ ရသော သံဃာတော်များအားလည်း တာဝန်ရှိသူတို့ဘက်က ၀န်ချတောင်းပန်ခဲ့၍ ပဋိပက္ခသည် ယာယီ ငြိမ်းအေးလျက်ရှိသည်။ သို့သော် ပြဿနာကား မပြီးသေးပေ။ စုံစမ်းရေး ကော်မရှင်ထံမှ ပြဿနာ၏ အကြောင်းရင်းခံများကို ပြည့်စုံစွာ ရှင်းလင်း ဖော်ထုတ် တင်ပြချက်များ၊ ယင်းတို့ကို ဖြေရှင်းနိုင်မည့် အမြော်အမြင်ရှိသော အကြံပြုချက်များ ထွက်ပေါ်လာ ပြီးနောက်၊ အစိုးရကလည်း ယင်းနှင့် လျော်ညီသော အရေးယူ ဆောင်ရွက်မှု များ ပြုနိုင်မှသာ ရှင်းလင်း ပြီးပြေမည် ဖြစ်သည်။ စင်စစ်၊ ယနေ့ ကြေးနီတောင် ပြဿနာသည် နိုင်ငံအ၀န်း၌ ဖြစ်ပေါ်ဆဲ ဖြစ်ပေါ် လတ္တံ့ဖြစ်သည့် အလားတူ မြေယာသိမ်းပိုက်ခံရမှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ပြဿနာများကို ကိုယ်စားပြုထင်ဟပ်လျက် ရှိရာ ၎င်းအား မည်သို့ ဆက်လက် ဖြေရှင်းသနည်းဟူသည် လာလတ္တံ့သော ကိစ္စရပ်များအတွက် နမူနာပြ ဖြစ်ပေမည်။ ကြေးနီတောင် ကိစ္စကို ပြန်ကြည့်လျှင် ယင်းမှနေ၍ စိုးရိမ်ကြောင့်ကြမှု သုံးရပ် သို့မဟုတ် သုံးမျိုး ထွက်ပေါ်ခဲ့ကြောင်း တွေ့ရသည်။ တစ်ခုသည်၊ လူထုအကြားမှ ဆန္ဒပြမှုများ မည်သည့် အတိုင်းအတာအထိ ပေါ်ပေါက် လာမည်နည်း၊ ဆန္ဒပြ သူတို့၌ မည်မျှကြီးမားသော ရည်ရွယ်ချက်များ ရှိနေသနည်းဟူ၍ အာဏာပိုင်တို့ ဘက်က စိုးရိမ်ကြောင့်ကြမှု ဖြစ်သည်။ နောက်တစ်ခုက အစိုးရသည် ဒီမိုကရေစီသို့ ကူးပြောင်းနေသည် ဆိုပါလျက် ဆန္ဒပြသည့် ကိစ္စကို ဖြေရှင်းရာ၌ ဒီမိုကရေစီနှင့် ဖီလာဆန့်ကျင်သည့် ယခင် စနစ်ဟောင်းက အကြမ်းဖက် နှိပ်ကွပ် နည်းကို အဘယ်ကြောင့် သုံးစွဲခဲ့သနည်း၊ နှုတ်က ဒီမိုကရေစီ ပြောသော်လည်း တကယ်လက်တွေ့၌ အာဏာရှင်စနစ် အကျင့်အကြံများကို စွန့်လွှတ်မည့် အစီအစဉ် မရှိကြောင်း ပြသလိုက်ခြင်းလား၊ ဟူသော စိုးရိမ်ကြောင့်ကြမှု ဖြစ် သည်။ မယုံကြည်မှု၊ သံသယဖြစ်မှုများပေါ်တွင် အခြေခံသည့် အဆိုပါ စိုးရိမ်မှု နှစ်ခု အပြန် အလှန် အားပေးမြှင့်တင်ခြင်းဖြင့် ပဋိပက္ခသည် ပို၍ ကြီးမား ပြင်းထန်လာနိုင်ကြောင်း အားလုံးပင် သတိပြုမိမည် ဖြစ်သည်။ တတိယ စိုးရိမ်မှုသည် အဆိုပါ အချက်ပေါ်တွင် အခြေတည်သည်။ အကြောင်းကြောင်းကြောင့် တည်ငြိမ်မှု ပျက်ပြားကာ အရေးပေါ် အခြေအနေမျိုး ဖြစ်ပေါ်လျှင်၊ ယခုမှ အခြေတည်စ၊ ရုပ်လုံး ပီပီသသ မမြင်ရသေးသည့် မည်ကာမတ္တ ဒီမိုကရေစီလေး ပျက်စီးသွားလေမည်လား ဟူသော စိုးရိမ်ကြောင့်ကြမှု ဖြစ်သည်။ တတိယ အမျိုးအစား စိုးရိမ်သူများထံမှ ထွက်ပေါ်သည့် အသံများ သဘောထား အမြင်များကို လတ်တလော မီဒီယာများတွင် မြင်တွေ့နေရပြီး၊ ယင်းတို့ အရမူ ကူးပြောင်းစ ဒီမိုကရေစီကို ထိန်းသိမ်းစောင့်ရှောက်လိုသူတွေ အတော်များများပင် ရှိနေကြောင်း တွေ့ရ သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီး စသည်တို့ အပါအ၀င် နိုင်ငံရေးလောက၊ ပညာရှင်လောကနှင့် စာနယ်ဇင်းလောကရှိ ပုဂ်္ဂိုလ်များထံမှ ဖျန်ဖြေ ညှိနှိုင်းသော စကားသံ များ၊ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် ဖျောင်းဖျသော စကားသံများ၊ တစ်ဦးနှင့်တစ်ဦး အပေးအယူ အလျှော့ အတင်းပြုကြရန် ကြားဝင် စေ့စပ်သော စကားသံများ ကြားနေရသည်။ တစ်နည်းပြောရသော် နှစ်ပေါင်း ၅၀ မျှ အစိုးရက တစ်ဖက်သတ် အမိန့်ပေး၍ ပြည်သူက ဆန့်ကျင်နိုင်သမျှ ခုခံဆန့်ကျင်သော ပဋိပက္ခဓလေ့ စွဲမြဲခဲ့သည့် ဤတိုင်းပြည်တွင် ဒီမိုကရေစီ ယဉ်ကျေးမှု၊ ဗဟုဝါဒ ယဉ်ကျေးမှု၊ ညှိနှိုင်း အဖြေရှာသည့် ယဉ်ကျေးမှုများ စတင် လေ့ကျင့် ပျိုးထောင်နေကြသည့် လက္ခဏာ ဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံရေး ယဉ်ကျေးမှုနှင့် ဒီမိုကရေစီစနစ် ဖြစ်ထွန်းတည်ရှိမှုတို့သည် အပြန်အလှန် အမှီသဟဲ ပြုကြရသည်ဖြစ်ရာ အကူးအပြောင်းကာလ၏ ပြဿနာများကို အဖြေရှာရင်း နိုင်ငံရေး ယဉ်ကျေးမှု တည်ဆောက်ခြင်းသည် အဆိုးထဲက ပေါ်လာသည့် ကောင်းသော အခြင်းအရာတစ်ရပ်ပင် ဖြစ်သည်။ ဒီမိုကရေစီဟူသည် တည်ဆောက်ရ ခက်သော နိုင်ငံရေးစနစ် တစ်ခုဟုအများ နားလည် ကြသည်။ စတင် အခြေချဖြစ်ဖို့ မလွယ်သလို၊ အမြစ်တွယ်အောင်၊ ခိုင်မာ ပြည့်ဝအောင်လည်း မပြတ် စောင့်ကြည့် ထိန်းသိမ်း ဖြည့်တင်းပေးဖို့ လိုသည်ဟု ဆိုကြသည်။ ယနေ့ မြန်မာ့ ဒီမိုကရေစီသည် အာဏာပိုင်စနစ်နှင့် တစ်စိတ်တစ်ပိုင်း ပူးတွဲထားသည့် အဆင့်မှာပဲ ရှိသေးသည်။ သည်အဆင့်မှသည် တိုင်းပြည်၏ မူဝါဒများကို ပြည်သူတို့ ရွေးကောက် တင်မြှောက်ထားသည့် ပြည်သူ့ ကိုယ်စားလှယ်များချည်းသာ ဦးဆောင်ချမှတ် အကောင်အထည်ဖော်ခွင့်ရသော အဆင့်ထိ ညှိနှိုင်း ပြုပြင်တည်ဆောက် သွားကြရဦးမည် ဖြစ်သည်။ ခက်ခဲသော အဲသည်ခရီးကို ဖြတ်သန်း ကျော်လွှားနိုင်ရန်အတွက် ဒီမိုကရေစီ စိတ်ဓာတ်၊ ဒီမိုကရေစီ အတွေးအမြင်နှင့် ဒီမိုကရေစီ အလေ့အကျင့်များ ပျိုးထောင် ဖြည့်ဆည်း ကြရပါလိမ့် ဦးမည်။ သည်တိုင်းပြည်တွင် ဒီမိုကရေစီ ကူးပြောင်းရေးစကားများ စတင် ပြောဆိုလာ ကတည်းကပင် “နောက် ကြောင်းပြန်မည်လား” ဟူသော သံသယစကား၊ စိုးရိမ်စကား တစ်ခုကိုလည်း တစ်ပါတည်း ကြားခဲ့ရသည်။ စင်စစ်၊ သည်စကားကို အထူးပြောနေကြစရာ မလိုပါ။ ဒီမိုကရေစီစနစ် ဖြစ်ထွန်းအောင် မတည်ဆောက်နိုင်လျှင် အာဏာပိုင်စနစ် အာဏာရှင် စနစ်သည် ဘယ်သူက ဘယ်သို့ လုပ်လိုက်သည် မသိဟူသော အနေအထားမျိုးဖြင့် အလို အလျောက် ရောက်ရှိလာမည် ဖြစ်သည်။ ဒီမိုကရေစီလား၊ အာဏာရှင်စနစ်လား၊ ဘာကို ရွေးကြမည်လဲ။ ဒီမိုကရေစီ ဆိုလျှင်တော့ ဉာဏ်အမြော်အမြင်ရှိသော ပြည်သူတွေ သတိဝီရိယရှိစွာ လှုပ်ရှား ဆောင်ရွက်ကြဖို့ လိုပေမည်။

 **ဖေမြင့်**

by ပြည်သူ့ခေတ် --

 Posted By Blogger လူဗိုလ်

-အတ္တနောမတိများ (ဖေမြင့်)-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)