ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, December 28, 2012

> -တော်ဝင်နှင်းဆီနှင့် သူမ၏ ၀တ်စုံများ - 

အဖြူရောင် ပန်းကနုတ်များ ထိုးထားသော ခရမ်းရင့်ရောင် ရင်ဖုံးအင်္ကျီနှင့် လိုက်ဖက်စွာ တွဲစပ်ထားသည့် အဖြူခံခရမ်း ချိတ်ဝတ်စုံ၊ နို့နှစ်ရောင် ပ၀ါ ဖြူနှင့် တွဲဖက်ဝတ်ဆင်ခဲ့သည့် ၀ါညိုရောင်ဒူးနားချိတ်များနှင့် မရမ်းစေ့ရောင်ဝတ်စုံတို့သည် လွန်ခဲ့သော က်သတ္တပတ်ကသမိုင်းဝင် ဖြစ်ရပ် နှစ်ခုနှင့်အတူကမ္ဘာတစ်ဝန်းမှလူများ သတိထားမိခဲ့သည့် မြန်မာအမျိုးသမီးဝတ်စုံနှစ်စုံပင်ဖြစ်သည်။ ဥရောပသို့ နှစ်ပေါင်း ၂၄ နှစ်ကြာမှ ပထမဆုံးအနေနှင့် သွားရောက်သော မြန်မာနိုင်ငံ၏မီးရှူး တန်ဆောင်ဟု ကမ္ဘာ့မီဒီယာများ တင်စားနေကြသော ဒေါ်အောင်ဆန်းစုကြည်သည် ထိုဝတ်စုံနှစ်စုံထဲမှ ခရမ်းရောင်ဝတ်စုံကို လွန်ခဲ့သော ၂၁နှစ်က ကိုယ်တိုင် လက်ခံရယူနိုင်ခဲ့ခြင်း မရှိသည့် ငြိမ်းချမ်းရေးနို ဘယ်ဆု ပြန်လည်လက်ခံရယူသည့် အခမ်းအနားတွင် ၀တ်ဆင်ခဲ့သည်။ မရမ်း စေ့ရောင် ၀တ်စုံကိုတော့ သမိုင်း ၀င်နေ့ရက်အဖြစ် မှတ်ကျောက် အတင်ခံရသော ဗြိတိန်ပါလီမန် တွင်မိန့်ခွန်းပြောကြားသည့်နေ့ တွင် နို့နှစ်ရောင်ပ၀ါခပ်ကြီးကြီး နှင့် တွဲဖက်ဝတ်ဆင်ခဲ့ပြီး နှစ်သက်တမ်းရာချီသည့် ၀က်မင်စတာခန်းမအတွင်းရှိ ကိန်းကြီးခန်းကြီး နိုင်သည့် မင်းပရိသတ် ၁၄၀၀ ၏ အာရုံကိုဖမ်းစားထားနိုင်ခဲ့သူမှာ ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်သည်။ အိန္ဒိယခေါင်းဆောင်နေရူး ပေးသည့်ဗြိတိသျှစစ်ကုတ်အင်္ကျီနှင့် ဒေါင်းနင်းလမ်းသို့ လွန်ခဲ့သောနှစ်ပေါင်း ၆၀ကျော်က ဗိုလ်ချုပ် အောင်ဆန်းရောက်ရှိခဲ့သလို သမီးဖြစ်သူကလည်း ထိုမရမ်းစေ့ရောင် မြန်မာဝတ်စုံဖြင့် ဒေါင်းနင်း လမ်းသို့ သွားရောက်လည်ပတ်ခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်သည် နှစ်ပေါင်း များစွာ ပျောက်ကွယ်နေသောမြန်မာနိုင်ငံ၏ ဂုဏ်ရောင်ဂုဏ် ၀ါကို ပြန်လည်တောက်ပအောင်စွမ်းဆောင်ပေးနိုင်ခဲ့သလို ကျက်သရေရှိ တင့်တယ်သော မြန်မာ့ရိုး ရာ အမျိုးသမီးဝတ်စုံများကိုလည်း ကမ္ဘာ့ပရိသတ်နှင့် မိတ်ဆက်ပေး ခဲ့သည်။ ''ဥရောပက တချို့နိုင်ငံတွေ က မြန်မာဝတ်စုံကို သိပ်မသိကြဘူးလေ။ အခုတော့ အန်တီ့ကြောင့် ကျက်သရေရှိလှတဲ့ မြန်မာ့ရိုးရာ ၀တ်စုံကို တစ်ကမ္ဘာလုံးက သတိ ထားမိသွားတာကို ဂုဏ်ယူမိတယ်" ဟု နာမည်ရဖက်ရှင်ဒီဇိုင်နာ တစ် ဦးဖြစ်သော မလတ်လတ်ကပြော သည်။ သူမ၏ ခရီးစဉ်တွင် ပထမ ဆုံးတက်ရောက် မိန့်ခွန်းပြောခဲ့ရသော ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် အစည်းအဝေးတွင် အစိမ်းရောင် ဇာပ၀ါနှင့်လိုက်ဖက်သော အစိမ်းရောင်ပွင့်ခက်များ ထိုးထားသည့် အင်္ကျီဖြူနှင့် ပန်းပွင့်အရောင်စုံများ ထိုးထားသောအနက်ရောင်လုံချည်နှင့်ဝတ်စုံ၊ ကမ္ဘာကျော်ရော့ခ် အဆိုတော် ဘိုနိုနှင့် အော်စလိုငြိမ်းချမ်းရေးဖိုရမ်တွင် အနီရောင် လုံချည်နှင့် လူငယ်အနည်းငယ်ဆန်သော အနီရောင်ပွင့်စိပ်အင်္ကျီ နှင့် ကုတ်အင်္ကျီအတွဲ အစပ်ဝတ်စုံ၊ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီး နှင့် သွားရောက်တွေ့ဆုံစဉ်က အနက်ခံရွှေအိုရောင်လုံချည်နှင့် ရွှေအိုရောင်ပ၀ါ တွဲဖက်ဝတ်စုံ၊ တော်ဝင်အိမ်ရှေ့မင်းသား ချားလ်တို့စုံတွဲနှင့် တွေ့ဆုံစဉ်က ချယ်ရီ ရောင်ဝတ်စုံတို့မှာ ဒေါ်အောင် ဆန်းစုကြည်၏ ဂုဏ်အရှိန်အ၀ါနှင့်အတူ နိုင်ငံတကာသတင်းစာမျက်နှာများထက်တွင် လူအ များ၏အာရုံကို ဖမ်းစားနေရာယူ နိုင်ခဲ့သည်။ ''အန်တီအောက်စဖို့ဒ်မှာ ကျောင်းတက်ကတည်းက မြန် မာဝတ်စုံလေးတွေပဲ ၀တ်တယ် ဆိုတာ ဓာတ်ပုံတွေကနေ သိခဲ့ပါ တယ်။ အခုလို တစ်ကမ္ဘာလုံးက အလေးထား ဂုဏ်ပြုခံရတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါ် အောင်ဆန်းစုကြည်နဲ့အတူ မြန်မာဝတ်စုံတွေကို တစ်ကမ္ဘာလုံးကသိလာကြတာကို အရမ်းဂုဏ်ယူမိတယ်။ ကိုယ်တိုင်လည်း အရင် က ရံဖန်ရံခါမှသာ ၀တ်တတ်တဲ့မြန်မာဝတ်စုံကို အန်တီ့ကြောင့် အမြတ်တနိုးနဲ့ အမြဲလိုဝတ်ဖြစ်နေပြီ''ဟု ဒေါ်အောင်ဆန်းစု ကြည်ကိုအစဉ်အမြဲအားပေး ထောက်ခံလျက်ရှိသော အဆိုတော်သံသာဝင်းက ပြောကြားသည်။ မြန်မာနိုင်ငံတွင် လူသုံးအ များဆုံး လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်တွင် သုံးစွဲသူမိန်းကလေးအများစုမှာ ဒေါ်အောင်ဆန်း စုကြည်၏ ဥရောပခရီးစဉ်တွင် ၀တ်ဆင်သော ၀တ်ဆင်သည့်ဝတ်စုံများအကြောင်း တခုတ်တရ ပြောဆိုမှုများရှိပြီး ပုံမှန်သုံးစွဲသူ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ''နောက်တစ်ခါ နိုင်ငံခြားသွားရင် မြန်မာဝတ်စုံပဲ ၀တ်တော့မယ်'' ဟု ရေးသားထားသည် ကို ဒေါ်အောင်ဆန်းစုကြည် ဗြိတိသျှပါလီမန်တွင် မိန့်ခွန်းပြောအပြီး မိနစ်ပိုင်းအကြာတွင် တွေ့ခဲ့ရသည်။ ပေါင်တစ်ရာစွန်းစွန်းသာရှိ သော ခန္ဓာကိုယ် ပိန်ပါးပါးပေါ် တွင် အသက်၆၇ နှစ်အရွယ်နှင့် လိုက်ဖက်သောအရောင်များကို တွဲဖက်ဝတ်ဆင်ကာ အမြဲကြော့ရှင်းစွာ မြင်တွေ့ရသဖြင့် သူမတွင် ကိုယ်ပိုင်ဒီဇိုင်နာရှိရမည်ဟု ခန့်မှန်းပြော ဆိုမှုများရှိသလို ဒေါ်အောင်ဆန်းစုကြည်၏ ၀တ်စုံများကို မည်သူကတာဝန်ယူချုပ်လုပ်ပေးနေသလဲဟူသည်မှာလည်း မြန်မာပြည်သူများအကြား စိတ် ၀င်စားနေသည့် အကြောင်းအရာ ဖြစ်နေသည်။ ''သူ့ရဲ့ပင်တိုင် ဒီဇိုင်နာက ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင်ပါပဲ။ အစ်မက သူဝတ်ချင် တဲ့ ဒီဇိုင်းလေးတွေကို ကိုယ်တိုင် စဉ်းစားတယ်။ ပြီးရင်ချုပ်တဲ့သူကို ပြောတယ်။ ဒီဇိုင်နာကတော့သူကိုယ်တိုင်ပါပဲ}} ဟု ဒေါ်အောင် ဆန်းစုကြည်နှင့် နီးစပ်သူတစ်ဦး ကပြောသည်။ အမေရိကန်သမ္မတကတော် မီရှဲအိုဘားမား၏ ပင်တိုင်ဖက်ရှင်အကြံပေးမှာ နယူးယောက်မှ နာမည်ကျော် ဒီ ဇိုင်နာအိုင်ကရမ်ဂိုးဒ်ဖြစ်ပြီး ဗြိတိန်တော်ဝင်မင်းသမီးဒိုင် ယာနာ၏ ဒီဇိုင်နာမှာ နာမည်ကြီးဒီဇိုင်နာကက်သရင်းဝေါလ်ကာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ၀တ်စုံဖန်တီးသူမှာဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် နေ အိမ်အကျယ်ချုပ်မှ လွတ်မြောက် အပြီး ၁၁ လခန့် ကြာမြင့်ချိန် တွင် သီးသန့်တွေ့ဆုံစဉ်က သူမ၏ ၀တ်စုံများနှင့် ပတ်သက်ပြီး မေး မြန်းခဲ့ဖူးရာ သူမအတွက် ပင်တိုင်ချုပ်ပေးသူ သုံးယောက်ခန့်ရှိ ကြောင်း ဖြေကြားခဲ့ဖူးသည်။ ဒေါ်အောင်ဆန်းစုကြည် ၀တ်ဆင်လေ့ရှိသော မြန်မာဆန်ဆန်ရင်ဖုံးအင်္ကျီများတွင် ထိုးထားလေ့ရှိသော ပန်းကနုတ်များကို အများစု သတိထားမိကြမည် ထင်ပါသည်။ ထိုပန်းကနုတ် အများစုမှာ သူမ၏ကိုယ်ပိုင်စိတ်ကူးများဖြစ်သည်။စည်းစနစ်ကြီးသူ၊ တိကျသေသပ်သူပီပီ သူမ၀တ်ဆင်သော ၀တ်စုံအများစုကို သူမခန္ခာကိုယ်နှင့် ချပ်ရပ်နေမှသာ သဘောကျစိတ်တိုင်းကျသူတစ်ယောက်ဖြစ်ကြောင်းလည်းသူမနှင့်နီးစပ်သူများထံမှ သိရသည်။ ဥရောပခရီးစဉ်တွင် ၀တ်ဆင်သော ဒေါ်အောင်ဆန်းစု ကြည်၏ ၀တ်စုံများကို ဂရုတစိုက် စောင့်ကြည့်ဖြစ်သည့်အပြင် ထူးခြားမှုတစ်ခုကို သတိထားမိသူမှာ အမျိုးသမီးရုပ်ရှင် ဒါရိုက်တာကြည်ဖြူသျှင်ပင်ဖြစ်သည်။ ''အန်တီဘယ်နိုင်ငံသွား သွား မြန်မာဝတ်စုံပဲ ၀တ်လိမ့် မယ်ဆိုတာ ကြိုမှန်းဆပြီးသားပါ။ ဒါပေမဲ့ ဒီဥရောပခရီးမှာ ဒီမှာလို ပဲ အန်တီ့ရဲ့ အမှတ်သညာဖြစ်တဲ့ နှင်းဆီပန်းလေးတွေကို အစဉ်အ လာမပြတ် ပန်ဖြစ်တာ သတိထားမိတယ်။ အရမ်းလည်းသဘောကျမိတယ်''ဟု သူမကိုယ်တိုင် ပြည်ပ နိုင်ငံများသွားလျှင် မြန်မာဝတ်စုံ ကိုသာ အများဆုံးဝတ်ဆင်လေ့ရှိ သူ ဒါရိုက်တာကြည်ဖြူသျှင်က ပြောသည်။ ဥရောပခရီးစဉ်သို့ သွားလာ ရာတွင် ၀တ်ဆင်ထားသော ၀တ် စုံအရောင်နှင့် လိုက်ဖက်သော နှင်းဆီပန်းရောင်စုံကို ပန်ဆင် လေ့ရှိပြီး ဒေါ်အောင်ဆန်းစုကြည် ၏ စုစည်းထားသော ဆံစုဘေး တွင် အမြဲလိုလိုမြင်တွေ့ရသည် မှာ အ၀ါနုရောင်နှင်းဆီပွင့်များ ဖြစ်သည်။ ထို့အပြင် ယဉ်ကျေး သော လူ့အဖွဲ့အစည်းကို တန်ဖိုး ထားသော နိုင်ငံများသို့ သွားသည် နှင့်အညီ အမြဲတမ်းစီးနေကျ ခြေ ညှပ်ဖိနပ်များအစား ခြေချောင်း များကိုမမြင်ရသည့် အဖြူနှင့်အ နက် လေဒီရှူးများ၊ တစ်ခါတစ်ရံ ဒေါက်မြင့်ရှူးများကို ၀တ်ဆင်ခဲ့ သည်မှာ လည်း သူမအားတွေ့ဖူး နေကျပုံစံနှင့် အနည်းငယ်ခြားနားနေသည်။ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး စကတည်းက သူ မ၀တ်ဆင်သော ၀တ်စုံများကို လူ အများ ဂရုပြုမိလာကြပြီး မြန်မာ မိန်းကလေးများ ခုံမင်မြတ်နိုးစွာ မြန်မာဝတ်စုံများ ၀တ်ဆင်လာ သည်အထိသူမ၏ ၀တ်စားဆင် ယင်မှုများက မြန်မာအမျိုးသမီး များအပေါ် လွှမ်းမိုးမှုရှိသည်။ သူ မ၏ ၆၆ နှစ်မြောက်မွေးနေ့နှင့် အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း နှင့် တွေ့ဆုံစဉ်က ၀တ်ဆင်သော ပန်းပွင့်များထိုးထားသည့်ဝတ်စုံ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ်က ၀တ်ဆင်ခဲ့သည့်အစိမ်းပုပ်ရောင်ဝတ်စုံစသောဝတ်စုံများက လူအများ သတိထားအမှတ် ရနေသည့် ၀တ်စုံများဖြစ် သည်။ ''အန်တီ့ရဲ့ ၀တ်စားဆင်ယင်မှုဟာ မြန်မာမိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုမှာ အများကြီးသက်ရောက်မှုရှိပါတယ်။ ဒီတစ်နှစ်ဝန်းကျင်မှာ အန်တီစုဝတ်တဲ့ဝတ်စုံအတိုင်း တစ်ပုံစံတည်းချုပ် ပေးပါဆိုတဲ့ အပ်ထည်တွေ အများကြီး လက်ခံရတယ်။ ဆယ်ကျော် သက်လေးတွေကအစပဲ''ဟု ဒီဇိုင်နာ မလတ်လတ်က ပြောကြားသည်။ ယနေ့ရန်ကုန်မြို့၏ နာမည်ကျော် ဗိုလ်ချုပ်ဈေးတွင် ဈေးဝယ် ထွက်မည်ဆိုပါက မြန်မာ့ရိုးရာအထည်ဆိုင်များတွင် ဒေါ်စုအဆင် အင်္ကျီစများ၊ ဒေါ်အောင်ဆန်းစု ကြည် လုံချည်ဟု အမည်ပေးထားသည့် ဒူးနားချိတ်လုံချည်များကို ၀ယ်ယူရရှိနိုင်ပါပြီ။ 

 **အေးမြကျော်**

 ( 7Day News ဂျာနယ်မှ..) 

( မြန်မာမိန်းကလေးများ မြန်မာ့ ယဉ်ကျေးမှု ၀တ်စားဆင်ယင် မှုဖြင့်ဂုဏ်ယူနိုင်ကြပါစေ..)။

 Aung Myanmar FB CP Photo( ဒေါ်အောင်ဆန်းစုကြည် ၏ ဒီဇိုင်နာ သည် ဒေါ်အောင်ဆန်းစုကြည် ပင်ဖြစ်သည် ) --

 Posted By Blogger လူဗိုလ်

-တော်ဝင်နှင်းဆီနှင့် သူမ၏ ၀တ်စုံများ - 

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)