-မက္ကဆီကို မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းများကို နှိမ်နင်းရေးကြိုးပမ်း မှု-
မက္ကဆီကိုနိုင်ငံ အနောက်ပိုင်းသီးခြားဖြစ်စဉ်နှစ်ခုတွင် သေနတ်
သမားများကချုံခိုတိုက်ခိုက်သည့်
အတွက်ရဲတပ်ဖွဲ့ဝင်ခုနစ်ဦးယမန်နေ့က
သေဆုံးသည်။ မီချိုကန်ပြည်နယ်ကျေးလက် ဒေသတွင်
ယာဉ်တိုက်မှုသတင်းအရ ရဲတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးစဉ် သေနတ်သမားများက ပစ်ခတ်တိုက်ခိုက်
သဖြင့် ရဲတပ်ဖွဲ့ဝင် လေးဦးသေဆုံးသွားခြင်းဖြစ်သည်။
ပစ်ခတ်သတ်ဖြတ်မှု၏နောက်ကွယ်၌ မည်သူတို့လက်ချက် ဖြစ်သည်ကို ရှင်းရှင်းလင်းလင်းမသိရသေးချေ။
သို့သော် ထိုဒေသ မှာ မူးယစ်ဆေးဝါးနှင့်ဆက်နွှယ်သည့် အကြမ်းဖက်မှုများကိုတွေ့ ကြုံခံစား ကြရစမြဲဖြစ်သည်။ မီချိုကန် ပြည်နယ်အတွင်း မူးယစ် ဆေးဝါး မှောင်ခိုလုပ်ငန်းကို ထိန်းချုပ်ကြိုးကိုင်နိုင်ရေးအတွက် နိုက်တင် ပလာ မူးယစ်ဂိုဏ်းနှင့် နယူးဂျနရေးရှင်း မူးယစ်ဂိုဏ်းတို့ အပြိုင် ကြိုးပမ်းလျက်ရှိသည်။ ဂျာလစ်စကိုပြည်နယ်နှင့် နယ်ချင်းစပ်သည့် ဘရစ်ဆီးနတ်မြို့ ကလေးအတွင်း ယခုလဆန်းပိုင်းက ပထမဆုံးအကြိမ် တိုက်ခိုက် အကြမ်းဖက်မှုတွင် အမည်မသိ တိုက်ခိုက်ရေးသမားများက ရဲ အရာရှိကြီးတစ်ဦးနှင့် အခြားအရာရှိသုံးဦးကို ပြန်ပေးဆွဲသွား သည်မှာ ယခုတိုင် သေသလား၊ ရှင်သလားမသိရသေးပေ။ သမ္မတဖိလစ်ကာဒီရွန်လက်ထက်က မူးယစ်ဆေးဝါး မှောင်ခို ဂိုဏ်းများကို တိုက်ခိုက်ချေမှုန်းရန် ထိုဒေသတွင် တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ထားသည်။ ၂ဝဝ၆ ခုနှစ်ကတည်းက မက္ကစီကိုနိုင်ငံ တစ်ဝန်းမှ ပြည်သူ ၆ဝဝဝဝ တို့ သေဆုံးခဲ့ရသည်။ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလအစော ပိုင်းကလည်း ရာဇဝတ်မှုနှင့် အကြမ်း ဖက်မှုကိုင်တွယ်ရေး ဆက်လက်ကြိုးပမ်း သည့်အနေဖြင့် မက္ကစီကိုသမ္မတ အင်ရစ်ပီနာနီတိုးက အမျိုးသားတပ်ဖွဲ့ဝင် အင် အားစုတစ်ရပ်ကို အသစ်ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာ သည်။ မက္ကစီကို သမ္မတသစ် မစ္စတာပီနာနီတိုးသည် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်က သမ္မတရာထူးကို စတင်တာဝန်ယူခဲ့ပြီး ပဏာမတပ်ဖွဲ့မှာ အင်အား ၁ဝဝဝဝ ရှိမည်ဖြစ်ကြောင်းပြောဆို သည်။ မှန်ပါသည်။ လွန်ခဲ့သည့် ခြောက်နှစ်လုံးလုံး မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများကို စတင်ဖြိုခွင်းခဲ့သူ မက္ကဆီကိုသမ္မတ ဖိလစ် ကာဒီရွန်၏ အရိုက်အရာကို မစ္စတာအင်းရစ်ပီနာနီတိုသည် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ဆက်ခံကာ မူးယစ်ဆေးဝါး ပပျောက်ရေး ရာဇဝတ်မှု ကင်းရှင်းရေးကို ဆောင်ရွက်ရန် ဆုံး ဖြတ်ထားသည့် နိုင်ငံအကြီးအကဲဖြစ်သည်။ ယခင်သမ္မတ လက်ထက်က မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းများကို ဖြိုခွင်းခြင်းနှင့် မူးယစ်ဆေးဝါး ဘိန်းဘုရင်များအား လိုက်လံအပြတ်ရှင်းခဲ့ရာမှ ယခုအခါတွင် မက္ကဆီကိုပြည်သူများစွာ၏ အသက်ကို သေစေနိုင် သည့် ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုလျော့ကျပပျောက်ရေးကို သမ္မတသစ်က ဦးစားပေးဆောင်ရွက်မည်ဟု တစ်ဆင့်တက် ကြေ ညာလိုက်သည်။ ၂ဝဝ၆ ခုနှစ်နှောင်းပိုင်းမှစ၍ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ် သည့် အကြမ်းဖက်မှုများအတွင်း သေဆုံးသူ ၆ဝဝဝဝ ရှိသည်ဟု ခန့်မှန်းထားသည်။ သေဆုံးရသူများတွင် မူးယစ်ဆေးဝါး မှောင်ခို ဂိုဏ်းဝင်ဟူ၍ သင်္ကာမကင်းသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လမ်းဘေးမှ ရပ်ကြည့်ကာ သေဆုံးရသည့် အပြစ်မဲ့သူများပါဝင် သည်။
အကြမ်းဖက်မှုများ အထူပြောဆုံး ဒေသများမှာ မက္ကဆီကို နိုင်ငံမြောက်ပိုင်း၊ အမေရိကန်ပြည်ထောင်စုနှင့် နယ်စပ်ဒေသ များဖြစ်သည်။ အထူးသဖြင့် ချီဟွာဟွာနှင့်တကွ ဆီနာလိုအာ၊ မီချိုအာကန်၊ ဂွဲရာဂိုစသော ပစိဖိတ်ပြည်နယ်များတွင် အကြမ်း ဖက်မှုများပြားသည်။ ၂ဝ၁၁ ခုနှစ်တွင် အခြားဒေသများတွင် အကြမ်းဖက်မှုများပေါ်ပေါက်သည်။ ဥပမာ မီရာခရုမြို့တွင် အစု အပြုံလိုက် သတ်ဖြတ်မှုများ ကြုံရသည်။

တောင်အမေရိကတိုက်မှ အမေရိကန်နိုင်ငံအတွင်း တင် သွင်းသည့် မူးယစ်ဆေးဝါးမှောင်ခိုလမ်းကို မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းကြီးများက ထိန်းချုပ်စီးပွားရှာရာတွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံရရှိသည်။ အမေရိကန်နိုင်ငံ အတွင်း ဝင်ရောက်သည့် ကိုကင်း စုစုပေါင်း၏ ၉ဝ ရာခိုင်နှုန်းမှာ မက္ကဆီကိုနိုင်ငံမှ ဖြတ်သန်းဝင်ရောက်သည်ဟု အမေရိကန် နိုင်ငံခြား ရေးဌာနကဆိုသည်။ ထို့ကြောင့်ပင် မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းများကို နှိမ်နင်း ရန်အတွက် မက္ကဆီကိုသမ္မတဟောင်း ကာဒီရွန်က တပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် ၅ဝဝဝဝ ကျော်ကို ဖြန့်ကြက်တာဝန်ပေးခဲ့သည်။ မူး ယစ်ရာဇာအများအပြားသေဆုံး၊ ဖမ်းဆီးမိခဲ့သည်။ ယင်းသို့ မူးယစ်ဆေးဝါးနှိမ်နင်းရေးတွင် ရဲတပ်ဖွဲ့ဝင်များ သာမကတပ်ဖွဲ့ဝင်များကိုပါ ပူးတွဲတာဝန်ပေးရခြင်းမှာ မူးယစ်ဆေး ဝါးမှောင်ခိုဂိုဏ်းများက ရဲတပ်ဖွဲ့အတွင်း ထိုးဖောက်စည်းရုံးထားနိုင် မှုကြောင့် တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ မက္ကဆီကိုသမ္မတသစ်မစ္စတာပီနာနီတိုး အနေဖြင့် ရာဇဝတ်မှုများနှင့် အကြမ်းဖက်မှုများကို အပြတ်ချေမှုန်း မည်ဖြစ်ရာ မူးယစ်မှောင်ခိုနှင့် နှီးနွှယ်သည့် ရာဇဝတ်မှုရော၊ အကြမ်းဖက်မှုများကိုပါ ကျွဲကူးရေပါဖြစ်လိမ့်မည်ဟု မျှော်လင့်ရ ပါကြောင်း။ ။
**တိုး**
………………………………………..

No comments:
Post a Comment