ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 27, 2012

> -မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီဆု) များ-
မကြာမီကာလအတွင်း ပြည်သူ အများ စိတ်ဝင်စားနေ
သည့် မြန်မာ့ရုပ် ရှင်ထူးချွန်ဆု(အကယ်ဒမီဆု)ပေးပွဲကြီး ကျင်းပတော့မည်။ မည်သည့်ဇာတ်ကား၊ မည်သည့်
သရုပ်ဆောင်တွေ ဆုတွေ ဆွတ် ခူးကြဦးမည်နည်း။ စိတ်ဝင်စားစရာပင်။ ထို့ထက် မြန်မာ့ရုပ်ရှင်သမိုင်းကလည်း စိတ်ဝင်စားစရာပင်ဖြစ်၏။ မြန်မာ့ရုပ်ရှင်သမိုင်းကို
 ပြန်ပြောင်း လေ့လာကြည့်မည်ဆိုလျှင် ရုပ်ရှင်လောက သားများအနေဖြင့် ရုပ်ရှင်လောကအကျိုး၊ တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် စစ်ကြို ခေတ်ကာလအတွင်းမှာလည်းကောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှု အကြိုကာလ တစ်လျှောက်လုံးမှာလည်းကောင်း၊ နယ်ချဲ့ နှင့် ဖက်ဆစ်ကိုတော်လှန်သည့် လွတ်လပ် ရေးကြိုးပမ်းမှုကာလများမှာလည်းကောင်း၊ လွတ်လပ်ရေးကို ထိန်းသိမ်းခဲ့သည့်ကာလ များမှာလည်းကောင်း တက်တက်ြ<ွကြ<ွက ပါဝင်ခဲ့ကြပေသည်။ ထို့ကြောင့်လည်း အစိုးရအဆက်ဆက်က ရုပ်ရှင်ထူးချွန်ဆု များ ချီးမြှင့်ပေးအပ်လာခဲ့သည်မှာ ယနေ့ ခေတ်အထိတိုင်ပင်ဖြစ်သည်။ နှစ်စဉ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ချီးမြှင့်နိုင်ရန်အတွက် ၁၉၅၂ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်အဆင့်အတန်းမြှင့်တင်ရေး အကဲဖြတ်အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၅၂ ခုနှစ်နှင့် ၁၉၅၃ ခုနှစ်တို့တွင် ရုပ်ရှင်ထူးချွန်ဆု သုံးမျိုးသာသတ်မှတ် ချီးမြှင့်ခဲ့ပါသည်။ ထိုကာလက ရုပ်ရှင် ဇာတ်ကားဆုကို ပထမ၊ ဒုတိယနှင့် တတိယဆုဟူ၍ သတ်မှတ်ချီးမြှင့်ခဲ့သည်။ ထိုကာလအတွင်း အကောင်းဆုံးအမျိုး သား ပညာသည်ဆုနှင့် အကောင်းဆုံး အမျိုးသမီးပညာသည်ဆုဟူ၍ ဆုအမျိုး အစားသုံးမျိုး ချီးမြှင့်ခဲ့ပါသည်။ ၁၉၅၂ ခုနှစ်က ပထမအကောင်း ဆုံးဇာတ်ကားဆုကို ရွှေကိန္နရီရုပ် ဆုချီး မြှင့်ပါသည်။ ထိုပထမဆုကို အေဝမ်းရုပ် ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးတင်ဆက် သည့် ချစ်သက်ဝေဇာတ်ကားက ဆွတ်ခူး ရရှိခဲ့ပါသည်။ ၄င်းဇာတ်ကားဖြင့် ရုပ်ရှင် မင်းသမီး ဒေါ်ကြည်ကြည်ဌေးက အမျိုး သမီးပညာသည်ဆု ဆွတ်ခူးရရှိခဲ့ပါသည်။ ထိုစဉ်က အမျိုးသား၊ အမျိုးသမီး ပညာ သည်ဆု ချီးမြှင့်ရာတွင် ယခုခေတ်ကဲ့သို့ အကယ်ဒမီရွှေစင်ရုပ်ဆုမဟုတ်ပါ။ ရွှေရင် ထိုးတံဆိပ်ကို ချီးမြှင့်ခဲ့ခြင်းဖြစ်ပါသည်။ ရုပ်ရှင်မင်းသမီးကြီး ဒေါ်ကြည်ကြည်ဌေး သည် ပထမဆုံးသော အမျိုးသမီးသရုပ် ဆောင်ဆု ဆွတ်ခူးနိုင်ခဲ့သူဖြစ်ခဲ့ပါသည်။ ထိုနှစ်က ဒုတိယအကောင်းဆုံး ဇာတ်ကားဆုကို အောင်ဇေယျရုပ်ရှင် ထုတ်လုပ်ရေးကရိုက်ကူးသည့် ''မယား နဲ့ လူပျို'' ဇာတ်ကားမှ ဆွတ်ခူးခဲ့ပြီး ဒုတိယဆုအတွက် ငွေဒေါင်းရုပ်ရရှိခဲ့ပါ သည်။ တတိယအကောင်းဆုံးဇာတ်ကားဆု ကို ကြေးခြင်္သေ့ရုပ်ဆုချီးမြှင့်ပြီး ဗြိတိသျှ ဘားမားရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူး သည့် ''ချစ်၍ခေါ်ရာ''ဇာတ်ကားမှ ဆွတ် ခူးနိုင်ခဲ့ပါသည်။ ထို ၁၉၅၂ ခုနှစ်က ရုပ်ရှင်သရုပ်ဆောင် ကျော်ဝင်းက ''မာလာ ရီ''ဇာတ်ကားဖြင့် အမျိုးသားပညာသည် ဆု ဆွတ်ခူးနိုင်ခဲ့ပါသည်။ ၁၉၅၄ ခုနှစ်မှာတော့ ဒါရိုက်တာဆု ကိုပါ ချီးမြှင့်ပါသည်။ ထိုနှစ်က ဒါရိုက် တာ ဦးသုခက ''သြော်မိန်းမ'' ဇာတ်ကား ဖြင့် ပထမဆုံးသော ဒါရိုက်တာဆုကို ဆွတ်ခူးနိုင်ခဲ့ပါသည်။ သြော် မိန်းမဇာတ် ကားသည် ဒါရိုက်တာဆုအပြင် ဇာတ်ကား ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါသည်။ ၁၉၅၅ ခုနှစ်မှာတော့ ဇာတ်ကားဆုကို ပထမ၊ ဒုတိယ၊ တတိယ မခွဲခြားတော့ဘဲ အကောင်းဆုံးဇာတ်ကား တစ်ကားတည်း ကိုသာ ရွှေကိန္နရီရုပ် ချီးမြှင့်ခဲ့ပါသည်။ ထိုနှစ်က ဇာတ်ကားဆုကို ရွှေဝယ်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်သည့် ''ဖိုးပြုံးချို''ဇာတ်ကားက ဆွတ်ခူးရရှိခဲ့ပါ သည်။ ထိုဇာတ်ကားဖြင့်ပင် သရုပ်ဆောင် ဖိုးပါကြီးက အမျိုးသားပညာသည်ဆု ဆွတ်ခူးနိုင်ခဲ့ပါသည်။ ၁၉၅၆ ခုနှစ်မှာတော့ ရုပ်ရှင်ဓာတ် ပုံထူးချွန်ဆုတစ်ဆုကိုပါ ထပ်မံချီးမြှင့်ခဲ့ ပါသည်။ ထိုနှစ်က ပထမဆုံးသော ရုပ်ရှင် ဓာတ်ပုံဆုကို ဦးချစ်ဖွယ်က ''ယမ်းငွေ့ တဝေဝေ'' ဇာတ်ကားဖြင့် ဆွတ်ခူးနိုင်ခဲ့ပါ သည်။ ထိုနှစ်က ဒါရိုက်တာ ဦးသုခက ''ဘဝသံသရာ''ဇာတ်ကားဖြင့် ဇာတ်ကား ဆုနှင့် ဒါရိုက်တာဆုဆွတ်ခူးနိုင်ခဲ့ပါသည်။ ၁၉၅၇ ခုနှစ်မှာတော့ ဆုပုံသဏ္ဌာန် ကို ရွှေရင်ထိုးတံဆိပ်မှ တစ်ပြေးညီ ရွှေ ကိန္နရီရွှေစင်ရုပ်ဆုသို့ စတင်ပြောင်းလဲ ချီးမြှင့်ခဲ့ပါသည်။ ၁၉၆၂ ခုနှစ်မှစပြီး အမျိုးသားပညာသည်ဆုနှင့် အမျိုးသမီး ပညာသည်ဆုများကို အမျိုးသားဇာတ် ဆောင်ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီးဇာတ် ပို့ဆုဟူ၍ ထပ်မံခွဲခြားကာ ထူးချွန်ဆု အရေအတွက် တိုးမြှင့်ချီးမြှင့်ခဲ့ပါသည်။ ထိုနှစ်က သရုပ်ဆောင်ဦးကျောက်လုံးက ''အတွေ့'' ဇာတ်ကားဖြင့် ဇာတ်ပို့ဆုရ ပြီး ဒေါ်မေနွဲ့က ''ရွှေရင်သိမ်းသစ်'' ဇာတ် ကားဖြင့် အမျိုးသမီးဇာတ်ပို့ဆု ဆွတ်ခူး နိုင်ခဲ့သည်။ ၁၉၉ဝပြည့်နှစ်မှစ၍ ရုပ်ရှင်ဇာတ် ညွှန်းဆု၊ ရုပ်ရှင်တေးဂီတထူးချွန်ဆု၊ ရုပ်ရှင်အသံထူးချွန်ဆုတို့ကိုပါ ထပ်မံ တိုးမြှင့်သတ်မှတ်ချီးမြှင့်ခဲ့ရာ စုစုပေါင်း မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ၁ဝ မျိုးအထိ ချီးမြှင့်ရန် တိုးမြှင့်သတ်မှတ်ခဲ့ပါသည်။ ထိုနှစ်က တိုးမြှင့်သတ်မှတ်ခဲ့သည့်ဆုများ ဆွတ်ခူးနိုင်ခဲ့ခြင်းမရှိဘဲ ၁၉၉၁ ခုနှစ် ရောက်မှ ဂီတလုလင်မောင်ကိုကိုက ''မယ် သီတာလိုမိန်းကလေး''ဆေးရောင်စုံဇာတ် ကားဖြင့် ရုပ်ရှင်တေးဂီတဆုကို ဆွတ်ခူးနိုင် ခဲ့ပါသည်။ အသံထူးချွန်ဆုကိုတော့ ၁၉၉၄ ခုနှစ်ရောက်မှ ဦးခင်ဦးက ''သရဖူ'' ဇာတ် ကားဖြင့် ပထမဆုံး ဆွတ်ခူးနိုင်ခဲ့ပါသည်။ ရုပ်ရှင်ဇာတ်ညွှန်းဆုကိုတော့ ၁၉၉၅ ခုနှစ် တွင် အောင်ကျည်ထွဏ်းက ''တိုက်ပွဲခေါ် သံ'' ဇာတ်ကားဖြင့် ပထမဆုံးဆွတ်ခူးနိုင်ခဲ့ ပါသည်။ ၁၉၉၄ ခုနှစ်မှစပြီး ရုပ်ရှင် တည်းဖြတ်ဆုကို ချီးမြှင့်ခဲ့ရာ စုစုပေါင်း မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ၁၁ မျိုးအထိ ချီးမြှင့်ရန် တိုးမြှင့်သတ်မှတ်ခဲ့ပါသည်။ ရောက်မှ ဦးမြင့်ခိုင် မော်ကွန်းရုပ်ရှင်က ''သူ့ကျွန်မခံပြီ'' ဇာတ်ကားဖြင့် ပထမဆုံး ဆွတ်ခူးနိုင်ခဲ့ပါသည်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ် ဒမီဆု)ကို ယခုအခါဆုပေါင်း ၁၁မျိုးအထိ ချီးမြှင့်ပေးလျက်ရှိနေပြီဖြစ်ရာ ယခုနှစ် တွင်လည်း ၂ဝ၁၁ ခုနှစ်အတွက် မည်သည့် ရုပ်ရှင်ထူးချွန်ဆုများဆွတ်ခူးနိုင်ကြဦးမလဲ ဆိုတာ ရုပ်ရှင်ချစ်ပရိသတ်ကြီးက စောင့် မျှော်ကြည့်ရှုကြရဦးမည်ဖြစ်ပါသည်။

-မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီဆု) များ-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)