ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Thursday, December 27, 2012
> -ဒါ ဓားပြဘဲခင်ဗျ.. တိုတိုပြောရင် ဓားပြဘဲ” (ဒေါ်အေး)--
ဒီမယ် ကိုသာဌေး၊ ခင်ဗျားတို့ ပေးထားတာက သီးနှံလျော်ကြေး၊ မြေလျော်ကြေးမဟုတ်ဘူး။ ခင်ဗျားတို
၆ လဘဲ လိုတော့တာ။ ကျုပ်တို့ က မြေတွေလုပ်မှာ
 ၃ နှစ်ပြည့်ရင်၊ ခင်ဗျားတို့ ပေးထားတာ သီးနှံလျော်ကြေး။ ကျုပ်လည်း တောင်သူတစ်ယောက်ဘဲ။ အနောက်ဘက်တလျောက် မြေတွေရှိတာဘဲ။ ကျုပ်မှာ ပြောပိုင်ခွင့်ရှိတယ်။ ကျုပ်ကပြောမှာ။ အဲသလို လက်ညှိုးထိုးပြောမှာ ကိုသာဌေးကို။ ကျုပ်တို့  လက်ပံတောင်း
ဥက္ကဌ ကိုသာဌေး။ နောက် ကျုပ်က အဲသလိုလည်း ပြောပြီး ထိုင်လိုက်တော့ ရဲတွေက ၀ုန်း ဆို ထပြန်သွားကြတယ်။
ပထမ လာတားတာ သံဆူးကြိုးခတ်ဖို့ လာတားတာ။ ကျုပ်တို့ က သံဆူးကြိုးလည်း အခတ်မခံနိုင်ဘူး။ ကျုပ်တို့ မြေတွေလည်း
ဘူဒိုဇာနဲ့  မထိုးပါနဲ့ ။ ခင်ဗျားတို့ ပေးထားတာ သီးနှံ ၃ နှစ်လျော်ကြေး။ ကျုပ်တွေမြေတွေ ဖျက်ဆီးမခံနိုင်ဘူး။ ဖျက်ဆီးခံရရင် တစ်ယောက်နဲ့ တစ်ယောက် ဓားခုတ်မှုတွေဖြစ်ရင် ခင်ဗျားတို့ ရှင်းပေးမှာလား။ ရဲပါတယ်။ အဲဒီစခန်းမှူးက အခုပြောင်းသွားပြီ။ ၃ ခါ သွားတားရတယ်။ ပထမတစ်ခေါက်တုန်းက ကုလားပဲခင်းကြီးကို ဖျက်တော့မှာ။ အဲလူက ရှေ့ လည်း မတိုးနိုင်ဘူး၊ နောက်လည်း မဆုတ်နိုင်ဘူးတဲ့။ ဒီ ဗမာပြည်ပေါ်မှာ နေပြီးတော့၊ ဗမာရေ သောက်ပြီးတော့ နင် ဘာ လူဝါးဝတာတုန်း။ မဖယ်ဘူး လို့ ကိုပြောတာ၊ နောက်စခန်းမှူးတွေရောက်လာတော့ ကျုပ်တို့ ကို ဓာတ်ပုံတွေ ရိုက်တာ။ ဓာတ်ပုံ ကျုပ်တို့ မယ် ရဲစခန်းမှာရှိတယ်။ ဘာအပြစ်ရှိလို့  ငါ့ကို ဓာတ်ပုံရိုက်တာတုန်း။ ဒါက ငါ့မြေ ငါပြောပိုင်ခွင့်ရှိတယ်။ နင်တို့ က ဘာ လူဝါးဝ တာတုန်း၊ ကျုပ်က အဲဒီလူကို ဆွဲထားတာ။ မတရား လာလုပ်လုပ်မို့ ။ ဒီမယ်၊ တို့ က ၀န်ထမ်းလည်း မဟုတ်ဘူး။ ဒီတောင်ယာတွေလုပ်မှ တို့ က ထမင်းစားရတာ။ ရတော့ သီးနှံလျော်ကြေး၊ တို့ က မပေးနိုင်ဘူး မြေတွေ။ ကျုပ်တို့ အတင်းတိုက်ကြတာ တစ်ရွာလုံး၊ ကျုပ်တို့ က နှိပ်စက်ကြတာ။ လမ်းကို သံဆူးကြိုးခတ်ဖို့  ပြင်ဆင်ကြတာ။ ကျုပ်တို့ အခင်းက အကုန်လုံးကို ပါချသွားတာ၊ အပင်တွေအကုန်လှဲသွားတာ။ ဒီတုန်းက သံဆူးကြိုးခတ်မယ်လို့  မသိလိုက်ဘူး။ နောက်ပိုင်းကျတော့ ဆီဆိုင်မယ်၊ မြောက်ပိုင်းက ဆီဆိုင်မယ် စကားပြန်တရုတ်မ ရှိတော့ အဲဒါ သံဆူးကြိုးခတ်မယ် ဆိုတော့ ကျုပ်တို့ က အခတ်မခံတော့ဘူး။ ပိုက်ဆံလေး ၅ သိန်း ၂ သောင်း ၃ သောင်း ပေးပြီးတော့ ကျုပ်တို့ က သံဆူးကြိုး အခတ်မခံနိုင်ဘူး။ မြေဆိုတာ တန်ဘိုးမဖြတ်နိုင်ဘူး။ ဒီမြေရှိမှ ကျုပ်တို့ ထမင်းစားရမှာ။ ကျုပ်တို့ ဝန်ထမ်းတွေ မဟုတ်ဘူး။ လစဉ်ရနေတာ မဟုတ်ဘူး။ ဒီ သံဆူးကြိုးခတ်သွားရင် ထမင်းစားစရာ မရှိတော့ဘူး။ ကျုပ်တို့ က ရတဲ့နည်းနဲ့  တိုက်မှာဘဲ။ မပြောဘူး။ ဘာမှ မပြောဘူး။ သူက ကြက်မွေးမြူရေး ၀က်မွေးမြူရေးတဲ့။ ကျုပ်တို့ ကို ကြက်မွေးမြူရေး လာမပြောနဲ့ ။ ကျုပ်တို့ က အဲဒါမျိုးကို လုံးဝ လုပ်မစားဘူး။ ကျုပ်တို့ ကို အ ကုသိုလ် လာမပေးနဲ့ ။ သူက ၀က်မွေးရင် ကြက်မွေးရင် ငွေထုတ်ပေးမယ်၊ သိုးမွေးရင် ငွေထုတ်ပေးမယ်။ မယူဘူး။ ကိုသောင်းစိန်က ပြောတာ။ ဦးပိုင်တို့  ၀မ်ပေါင်တို့ က လုံးဝ မလာဘူး။ ဒီက ဦးသောင်းစိန်၊ လွှတ်တော်ဘာဆိုလား ပြောတာဘဲ။ ကျုပ်တို့ က အဲဒါမျိုး မလုပ်ဘူး။ ကျုပ်တို့ မြေဘဲ ကျုပ်တို့ က လုပ်စားမှာ။ ၀မ်ပေါင်က အလုပ်ပေးတယ်၊ ဟုတ်တယ်၊ ကျုပ်တို့ က မြေကြီးပေးပြီးတော့ သူတို့ ကျွန်တော့ မခံနိုင်ဘူး။ မသိတဲ့သူကသာ ကျွန်ခံချင်ခံနိုင်မယ်၊ ကျုပ်တို့  ကျွန်မခံနိုင်ဘူး။ ခင်ဗျားတို့  သိတဲ့အတိုင်းဘဲ။ မြေကြီးရှင်နဲ့  ကုမ္မဏီဆိုတာ အကျိုးတူပူးပေါင်း လုပ်ရမှာ။ ကျေကျေနပ်နပ်ဆိုရင်။ အခုတော့ သီးနှံလျော်ကြေးပေးပြီးတော့ မြေကို သိမ်းတယ်ဆိုတော့ ကျုပ်တို့ က သူတို့ အလုပ်လည်း မလုပ်နိုင်ဘူး။ ဒီအရွယ်ကြီးမှ သူတို့ အလုပ်မခန့် နိုင်ဘူး။ သူတို့ ခန့် တာ ၁၈ နှစ်ခန့် တာ။ သူတို့ ဘာလုပ်ခိုင်းသလဲ။ သူတို့ သန့် ရှင်းရေး လုပ်ခိုင်းတယ်။ သူတို့ ခြင်ထောင် ထောင်ပေးရတယ်။ ကျုပ်က သားတွေချည်းဘဲ ပါတာ။ သမီးတစ်ယောက်မှ မပါဘူး။ အဲဒါမျိုးဆိုရင် လုံးဝ လက်မခံဘူး။ အခု သူတို့ အတွက်တောင် ရင်နာလို့ မဆုံးဘူး။ အောင်မလေး၊ သူတို့ ကို ခြင်ထောင်ချပေးရတာ၊ အိပ်ယာ ခင်းပေးရတာ၊ တရုတ်တွေကို။ သူတို့ အ၀တ်အစားတွေကို လျော်ရတယ်၊ မဟုတ်တဲ့ အမွှေးတွေကအစ ကောက်ရတာ။ ၀က်ကျွေးရတယ်၊ ၀တ်ချေး ကျုံးရတယ်။ ကျုပ်တို့ ဘ၀တွေများ ဘယ်လောက်နစ်နာစရာ ကောင်းသလဲ။ ရွာရွှေ့ တဲ့သူတွေကျ အဲသလိုခိုင်းတာ။ ဒီမှာ လာပြောတဲ့အခါကျ သွေးခွဲရုံ သက်သက်ဘဲ။ သူတို့ က အလုပ်ပေးမယ်ဆိုတော့ ကလေးတွေက ငွေတွေ အကုန်ကျခံလုပ်ကြပေါ့။ တစ်ယောက် ၂ သောင်းလောက် အကုန်ခံပြီး မှတ်ပုံတင်လုပ်ကြပေါ့။ သူတို့  နစ်နာတဲ့ မြေသိမ်းခံရသူကို ပေးမှာ။ ဒါပေမယ့် စာရင်းကောက်သွားတဲ့အခါ မြေမရှိတဲ့သူတွေ။ မြေမရှိတဲ့အိမ် ဆိုရင်တောင် ဒွေးလေးအိမ်တော်ရင် မြေကိုစွန့် လွှတ်ကြောင်း လက်မှတ်ထိုး ခိုင်းတာ။ မသိတဲ့သူတွေကို ကြားကလူတွေက အချောင်ရိုက်ပြီး လက်မှတ်ထိုး ခိုင်းတာ။ ပိုင်ရှင်မဟုတ်ဘဲနဲ့ ။ အဲဒီလိုလူတွေ ဒီရွာထဲ ရှိတယ်။ ဒါက နယ်ခံတွေလေ။ အုပ်ချုပ်ရေးမှူးတွေလေ။ သူတို့ လုပ်သွားတာပေါ့။ သူတို့ ရဲ့ ထောက်ခံမှုကြောင့်ပေါ့။ လာရွေးတာ မဟုတ်ဘူး။ လျှောက်ကြတာ။ မြေပိုင်မရှိရင်လည်း သူတို့ ရဲ့ ထောက်ခံမှုကြောင့်။ ဒီက အုပ်ချုပ်ရေးမှူးတွေက ထောက်ခံပေးတာ။ ကျုပ်တို့ ရွာက မြေရှိတာလည်း မယူဘူး၊ မြေမရှိတာလည်း မယူဘူး၊ သူတို့ ထောက်ပံ့ကြေးကို တစ်ပြားမှ မယူဘူး။ ဦးပိုင်နဲ့ ကုမ္မဏီက ဒီကို မလာဘူး။ အုပ်ချုပ်ရေးမှူးတွေဆီကတစ်ဆင့် ဆရာမတွေကို ခိုင်းတာ။ သူတို့ က မလာဘူး။ ကြားက ဌာနတွေကဘဲ တစ်ဆင့်ခံပြီး လာကြတာ။ ဒီမြေမရှိရင် ဘာမှလုပ်စားလို့ မရဘူး။ ကားဖြတ်မောင်းရုံတင်ပါ ဆိုပြီး သီးနှံလျော်ကြေးပေးတာလေ။ နောက်ပိုင်းကျမှသာ သူတို့ က သံဆူးကြိုး ခတ်မယ်ပြောမှ ကျုပ်တို့ က အခတ်မခံနိုင်တာ။ ကျုပ်တို့ စပါးခင်းမယ် စက်ကြီးစမ်းတာလေ၊ ခင်ဗျား နားလည်ချင်မှလည်မယ်။ နွားတွေဖွဲ တစ်ခွဲစာ လောက် ပျက်စီးတယ်၊ ကျုပ် လုံးဝ သွားမပြောဘူး။ စပါးတွေ စိုက်ပြီးခါစလေ။ ကျုပ်လယ်ကွက်ထဲ သူတို့  စမ်းထားတဲ့အရာကြီး အခုထိရှိသေးတယ်။ သီးနှံလျော်ကြေး ပေးထားတယ်ဆိုတော့ ပထမ ကျုပ်တို့ က ဘာမှ မပြောဘူး။ နောက်တော့မှ သံဆူးကြိုးခတ်မှာ၊ အိမ်တွေလည်းဆောက်မှာဆိုတော့မှ ကျုပ်တို့ က အိမ်လည်း အဆောက်မခံနိုင်ဘူး။ သူ့ အကွက်ထဲ လာပြီးတော့ ဘူဒိုဇာတွေ ထိုးတယ်။ ကျုပ်တို့  သွားတားတော့တာ။ အိမ်လေး ခဏ ဆောက်တာပါတဲ့။ ယာယီလည်း အဆောက်မခံနိုင်ဘူး ကျုပ်တို့ က။ ဘာဖြစ်လို့ တုန်းဆိုတော့ ခင်ဗျားတို့ ပေးတုန်းက သီးနှံလျော်ကြေး။ မြေ၀ယ်တာ မဟုတ်ဘူး၊ မြေ၀ယ်တာဆိုရင် ဘယ်မှာတုန်း စာချုပ်ပြ ဆိုတော့ သူတို့ စာချုပ် မပြနိုင်ဘူး။ ကျုပ်တို့  တောသူတောင်သားတွေဆိုတာ ပြောရရင် အရိုးအ အ တွေပါ။ အခုတောင် သူတို့ သင်လို့  ဒီလောက်လေး ပြောတတ် နေတာ။ နဂိုတုန်းကဆို ဘာမှတောင် မပြောတတ်ဘူး။ သူတို့ က ကျုပ်တို့ ကို လာသင်တာလေ။ သင်လိုက်တော့ သူတို့ ကို ကျုပ်တို့ က ပြောတတ်သွားပြီ။ ကျုပ်တို့ က ဒီမြေလေး ရောင်းမစားနိုင်ဘူး။ ကျုပ်တို့  ဘိုးစဉ်ဘောင်ဆက်က ထားခဲ့တဲ့မြေ၊ ဓားမဦးချမြေတွေ။ ကိုယ့်သားသမီး မျိုးဆက်သာ ပေးချင်တာ။ ကျုပ်တို့ မြေတွေ ရောင်းမစားနိုင်ဘူး။ လွှတ်တော်ထဲက ၂၀၁၂၊ ၅ လ ပိုင်း၊ ၆ ရက်နေ့ ကလား၊ ၇ ရက်နေ့ ကလား ရက်တောင် မမှတ်မိဘူး။ အဲဒီနေ့ က လွှတ်တော်က ကြေညာပြီးပြီလေ။ ကျုပ်တို့ ဆီမှာရှိတယ်။ မြေယာသုံးစွဲခြင်းကဏ္ဍမှာ ဒီလို လုပ်စားတဲ့မြေကို လုံးဝမလုပ်ရဘူး။ မြေလွတ်မြေရိုင်းတောင်မှ လမ်းတံတား ဖောက်ဖို့ ရာဘဲ အသုံးချရမှာလို့  ပါပြီးသား လွှတ်တော်က။ ကြေညာစာတမ်း ကျုပ်အိမ်မှာ ရှိတယ်၊ ကျုပ်သွားယူလိုက်ရမလား။ အဲဒီကြေညာစာတမ်းရှိလို့  ကျုပ်က လုံးဝမကြောက်ဘူး။ လွှတ်တော်ရဲ့ ကြေညာစာတမ်းကို ကျုပ်တို့ က ဗီနိုင်း ဆွဲထားလိုက်တာလေ။ ခင်ဗျားတို့ လာရင် ပြရအောင်။ ကိုယ့်မြေသိမ်းမှ ဒီလို ကြေညာချက်တွေကို စိတ်ဝင်စားတာ။ အရင်တုန်းကဆို ဘာသိမှာလဲ။ ခုမှ ကိုယ့်ထိပ်ချမှန်းသိလို့  ဓားပြမှန်းသိလို့  ဓားပြတွန်းလှန်နေရတာ။ ဒါ ဓားပြဘဲ ခင်ဗျ။ တိုတိုပြောရင် အဲဒါ ဓားပြဘဲ။ ပြောပြီးပြီကော။ သူတို့ သင်မှ တတ်တယ် ဆိုတာ။ ကျုပ်တို့  ဗီနိုင်းဆွဲထားတာကြီးကို ရဲတွေကို သွားပြလိုက်တာ။ သူတို့ က ပြန်သွားရော။ လွှတ်တော်ထက် သေချာတာ ဘာရှိသေးလို့ လဲ။ ကျုပ်တို့ ပါးစပ်ပြောထက်။ ဦးသိန်းစိန် တက်လာပြီးမှ ဖြစ်ကြတာ။ မြေလျော်တာက ဦးသိန်းစိန် တက်မလာခင်လေး ကျုပ်တို့ ကို ကပ်ပြီး ပွတ်ချလိုက်တာ။ ပွတ်ဆွဲ ဆွဲသွားတာ။ တကယ်ဆိုရင် လာလေ၊ ပွင့်ပွင့်လင်းလင်းတော့ ပြောလေ။ မြေရှင်ရော နှစ်ဘက် အကျိုးခံစားခွင့်ရှိတယ် ဆိုတာတောင် တောင်ကြီးတော့ အဖြိုမခံနိုင် ဘူး။ တောင်ကြီးပြိုသွားရင် သဘာဝထိခိုက်လာမယ်၊ ကျုပ်တို့ ဒုက္ခရောက်မယ်။ အသေဆိုးနဲ့ သေကုန်ရင် ဘယ်နှယ့်လုပ်မလဲ။ သူများတကာတွေ ငလျင်လှုပ် ရတာနဲ့ ၊ မုန်တိုင်းဝင်တာနဲ့ ။ မုန်တိုင်းကလည်း ရိုက်ခွဲတာဘဲ ဒီတောင်တွေကို။ တောတောင်သဘာဝရေမြေကို ကျုပ်တို့ က အပျက်စီးမခံနိုင်ဘူး။ သဘာဝပတ်ဝန်းကျင်နဲ့ ပက်သက်ပြီး ဘယ်သူက လာပြောရမလဲ။ ဒီလိုဘဲ သိတာပေါ့။ ကျုပ်တို့ က ရေဒီယိုနားထောင်ပြီး ရုပ်ရှင်ကြည့်တာဆိုတော့ သိတာပေါ့။ အခု စစ်ကိုင်းတိုင်းထဲမှာတောင် ငလျင်လှုပ်သွားတာဗျာ။ ကျုပ်တို့ က ရေဒီယိုအမြဲနားထောင်နေတော့ သိတာပေါ့။ နောက်ဆုံး ဘာပြောချင်သလဲဆိုတော့ တောင်ကြီးလည်း အပျက်မခံနိုင်ဘူး၊ မြေတွေလည်း အပေးမခံနိုင်ဘူး၊ ဒါဘဲ။ တောင်ကြီးမှာ ဘုရားတွေရှိတယ်။ ရက်စက်တာ အသည်းနာလို့ မဆုံးဘူး။ ဘုရားမှ ဟောဒီလိုလေး ကျန်တော့တယ်။ အကုန် လှိုက်ကုပ်ထားတာ။ သူတို့ မဖျက်သလို မလုပ်သလို။ အဲဒါ လယ်တီ ဆရာတော် အမြဲတရားထိုင်တဲ့နေရာ။ ဟိုဘက်က ရွှေမြင်တင်ဘုရားက ကျောင်းဘဲ ကျန်တော့တယ်။ အဲဒါက ဘယ်လို ကုပ်ထားသလဲဆိုတော့၊ ဟောဒီလို ဟောဒီလို ပတ်ကုပ်ထားတာ။ နောက်ကနေကြည့်ရင် မကောင်းဘူး။ ရှေ့ က ကြည့်ရင်တော့ အကောင်း။ ရင်နာလိုက်တာ။ ဘာ့ကြောင့် ရင်နာရတာတုန်းဆိုတော့ ကိုယ်မွေးတဲ့ ဗုဒ္ဓဘာသာလေ။ ရင်နာတယ်။ ခွင့်မပြုဘဲ ဘာမှ မသုံးရဘူး။ 
**ဒေါ်အေး**
 (လက်ပံတောင်းတောင်ဒေသခံ ရွှေလီရွာသူ) 
 -- Posted By Blogger လူဗိုလ်
-ဒါ ဓားပြဘဲခင်ဗျ.. တိုတိုပြောရင် ဓားပြဘဲ” (ဒေါ်အေး)--
No comments:
Total Pageviews
Labels
ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)