ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, December 29, 2012

> -လူထုကျန်းမာရေး (ကိုယ်လက်လှုပ်ရှားမှုလေ့ ကျင့်  ခန်းအတွက် လမ်းလျှောက်ခြင်းဖြင့်  စတင်ပါ)-
**Public Health**
-ကျွန်ုပ်တို့သည် သင့်တင့်မျှတသော ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ရန်
လိုအပ် သည့်အချိန်အခါသို့
 ရောက်ရှိနေပြီဖြစ်ပါသည်။
ယခုအခါတွင် ကျွန်ုပ်တို့သည်
ကွင်းပြင်များတွင် အလုပ်ကို
ကြာရှည်ပင်ပန်းစွာ မလုပ်ကြ
ရတော့ပါ။ သို့ဖြစ်၍ ကျွန်ုပ် တို့သည် ကိုယ်ကာယအရွယ်အစားကို ထိန်းသိမ်းရန်
 ရရှိသည့် အခွင့်အလမ်းများဖြစ်သည့်
ဓာတ်လှေကား၊ စက်လှေကားများ
အသုံးပြုခြင်းထက် ရိုးရိုးလှေကားကို
သုံး၍ အတက် အဆင်းပြုလုပ်ခြင်းကို
လက်ဝယ်ပိုင်ပိုင် ရယူသင့်လှပေသည်။ လမ်းလျှောက်ခြင်းသည် မည်သူမဆို အလွယ်တကူ တတ်မြောက်သော လေ့ကျင့် ခန်းတစ်ခုဖြစ်သည်။ လမ်းလျှောက်ခြင်းသည် ကောင်းသော ကိုယ်လက်လှုပ်ရှားမှုကို ရရှိစေပြီး စိတ်ဖိစီးမှုသောကဗျာပါဒကို ထိန်းချုပ်ပေးပါသည်။ ခြေတစ်လှမ်းကို လှမ်းတိုင်း ဝမ်းဗိုက်လှုပ်ရှားမှုဖြင့် အသက်ပြင်းပြင်းရှူသည့် ထိရောက်သော လေ့ကျင့်မှု ကို ပြုလုပ်ခဲ့လျှင် ပို၍ကောင်းသော အကျိုးအာနိသင်ကို ရရှိခံစားရပေမည်။ ဤဆောင်းပါးသည် လမ်းလျှောက် လေ့ကျင့်မှုအစီအစဉ်အား မည်သို့စတင်ပြုလုပ်ရမည် ကို ရေးသားဖော်ပြထားပါသည်။ အဆင့်များ ၁။ သင်၏မျှော်လင့်ချက်များကို သင့်တင့်မျှတစွာ သတ်မှတ်ပါ။ သင်သည် အချိန်ကာလကြာမြင့်စွာ ထိုင်၍ အလုပ်လုပ်ရသောသူဖြစ်ခဲ့လျှင် တိုတောင်းသော အကွာအဝေးရှိသည့် နေရာတစ်ခုသို့ လမ်းလျှောက်ထွက်ခြင်းကို ပြုလုပ်ရန် လိုအပ်ပေလိမ့်မည်။ ရက်သတ္တတစ်ပတ်တွင် သုံးကြိမ်ထက်မနည်း လမ်းလျှောက်ထွက်ရန် ကြိုးစားကြည့်ပါ။ ရက်သတ္တတစ်ပတ်လျှင် ခုနစ်ရက်စလုံး မိုင် အနည်းငယ်ထက်ပို၍ လမ်းလျှောက်ခြင်းသည် များလွန်းပါသည်။

 ၂။ လမ်းလျှောက်ရန် ကောင်းသောနေရာတစ်ခုကို ရှာဖွေပါ။ သင်၏ အိမ်ဝန်းကျင်ပတ်လည်ကို အကြိမ်များစွာ လမ်းလျှောက်မှုပြုလုပ် နိုင်ပါသည်။ သို့သော် မြေပြင်သည် မတ်စောက်လွန်းခြင်း၊ ကွေ့ကောက်ခြင်း၊ သို့မဟုတ် သင်ရှာဖွေသည့် မြေအနေအထားမဟုတ်လျှင် သင်ဘာလုပ်မည်နည်း။ လွယ်ကူသော အဖြေအချို့ရှိပါသည်။ သင့်အနေဖြင့် အနီးဆုံးတွင်ရှိသည့် ပန်းခြံတစ်ခု၊ အပန်းဖြေနိုင် သည့်နေရာတစ်နေရာ သို့မဟုတ် တက္ကသိုလ်၊ ကောလိပ်ကျောင်းဝင်းအတွင်းသွား၍ ဆောင်ရွက်နိုင်ပါသည်။

 ၃။ ပထမအကြိမ်လမ်းလျှောက်ရန်အတွက် လွယ်ကူသော နေရာတစ်ခုကိုရွေးချယ်ပါ။ သင် စတင်လမ်းလျှောက်မည့်နေရာမှ မည်မျှကွာဝေး၍ သင်ထိုနေရာသို့ အလွယ်တကူလမ်းလျှောက်ပြန်နိုင်မည့် နေရာမျိုးဖြစ်ပါစေ။ ဘဲဥပုံလမ်းကြောင်းတစ်ခု ပေါ်တွင် လမ်းလျှောက်ခြင်းကို ကီလိုမီတာတစ်ဝက်အကွာအဝေးထက် မပိုဘဲ ပြုလုပ် လျှင် ပြည့်စုံပါသည်။

 ၄။ သင်မည်မျှ အကွာအဝေးထိ လမ်းလျှောက်သည်ကို အာရုံမစိုက်ပါနှင့်။ သင်အချိန်မည်မျှကြာအောင် လမ်းလျှောက်သည်ဆိုသည့်အချက်သည် အဓိက ကျပါသည်။ လျင်မြန်စွာနှင့် အချိန်ကြာမြင့်စွာ လမ်းလျှောက်နိုင်ခြင်းကို နောင်တွင် သင်ရရှိလာမည်ဖြစ်ပေသည်။
လမ်းလျှောက်သည့်အခါ သင်၏လက်များကိုလွှဲ၍ လမ်းလျှောက်ပါ။ ကောင်းသော ကိုယ်နေဟန်ထားဖြင့် လမ်းလျှောက်ပါ။ ကိုယ်ကို လုံးဝမတ်မတ်ထားပါ။ သင်၏ ပခုံးများကို နောက်သို့ပစ်ထားပါ(ခါးမတ်၍ ရင်ဖွင့်သည့် အနေအထား)။ ခြေလှမ်းကို ကျဲကျဲလှမ်းပါ။
 ၅။ အချိန်တစ်ခု သတ်မှတ်ထားပါ။ သင်ပထမဆုံးအကြိမ် လမ်းလျှောက်သည့်အခါ မိနစ်မည်မျှကြာအောင် လမ်း လျှောက်မည်ဟု ဆုံးဖြတ်ထားပါ။ သင်လုပ်ဆောင်နိုင်မည့်အချိန်အပိုင်းအခြားတစ်ခု ကို သတ်မှတ်ရွေးချယ်ပါ။ ထိုအချိန်သည် မည်မျှတိုတောင်းပါစေ၊ စိတ်မပူပါနှင့်။ သင် သတ်မှတ်သည့်အကွာအဝေးအတိုင်း ရောက်သည်အထိသာ မရောက်ရောက်အောင် လမ်းလျှောက်ပါ။ တစ်နေ့တွင် ငါးမိနစ်လမ်းလျှောက်နိုင်လျှင်ပင် သင့်အတွက် အစ ကောင်းသည်ဟု ဆိုနိုင်ပါသည်။ ထိုနှုန်းထားသည် ရက်သတ္တ တစ်ပတ်ပြီး တစ်ပတ် တိုးတက်သွားမည်ဖြစ်ပေသည်။ 

၆။ သင်၏သတ်မှတ်ချိန်ကို တိုးမြှင့်ပါ။ လမ်းတစ်ကြိမ်လျှောက်တိုင်း ၁ဝ မိနစ်ရရှိအောင် သင်၏ လမ်းလျှောက်ချိန်ကို တိုးမြှင့်ပါ။ တစ်ဖန် နောက်တစ်ကြိမ်တွင် ယခင်ထက်ပို၍ မလျှောက်နိုင်မည်ကိုလည်း မစိုးရိမ်ပါနှင့်။ သတ်မှတ်သည့် ရည်မှန်းချက်ထားရှိပြီး ထိုရည်မှန်းချက်ကို ထိန်းသိမ်းပါ။ ထိုအခါ သင်ထင်ထားသည်ထက်ပို၍ ခရီးရောက်လာပေလိမ့်မည်။ သင်၏ စံချိန်ကို ရက်သတ္တတစ်ပတ်လျှင် ငါးမိနစ်စီတိုးမြှင့်ဆောင်ရွက်ပါ။ ၇။ အမြန်နှုန်းနှင့် အခက်အခဲကို စွမ်းဆောင်ပါ။ သင် တစ်ရက်လျှင် ၄၅ မိနစ်လမ်းလျှောက်လာနိုင်သည့်အခါ သင့်အနေဖြင့် အခက်အခဲနှင့် အမြန်နှုန်းကို စွမ်းဆောင်လာနိုင်ပြီဖြစ်ပါသည်။ မြို့လမ်းမများပေါ်သို့ ဘဲဥပုံလမ်းကြောင်းအတိုင်း လမ်းလျှောက်ခြင်းကို စမ်းသပ်ကြည့်ပါ။ သင့်အနေဖြင့် အတက်အဆင်း၊ အနိမ့်အမြင့်များကို ရင်ဆိုင်ဖြတ်သန်း၍ သင်၏လမ်းလျှောက်စွမ်းရည် သည် အခက်အခဲများကို ကျော်လွှားကာ တိုးတက်မှုရှိလာပေမည်။ ၈။ ကြားကာလ လေ့ကျင့်မှုကို စမ်းသပ်ဆောင်ရွက်ပါ။ သင်၏မူလစံနှုန်းမှ တစ်မိနစ်၊ နှစ်မိနစ်တိုး၍ လမ်းလျှောက်ကြည့်ပါ။ ထို့နောက် သင်၏ မူလစံနှုန်းအတိုင်း နှစ်မိနစ်ပြန်လျှော့၍ လျှောက်ပါ။ နေ့စဉ် သင်လိုအပ်သည့် အချိန်အတိုင်းရောက်သည့်တိုင်အောင် နားနေချိန်များကိုပါ ပေါင်းထည့်ပါ။ သင့်အနေ ဖြင့် ကိုယ်ကာယပိုင်း ပို၍ ကျန်းမာသန်စွမ်းလာသောကြောင့် သင်၏အနားယူချိန်များကါ တစ်မိနစ် သို့မဟုတ် ထိုထက်နည်းအောင် လျှော့ပစ်ပါ။ 

**ဆရာဝန်နှစ်ယောက်** 

 􀁎􀀃 နေ့စဉ် ငါ့မှာ၊ လမ်းလျှောက်ပါ၍ 
ကျန်းမာသက်ရှည်၊ ခန္ဓာတည်သည် 
 ရွှင်ကြည်မြဲခိုင်၊ အလုပ်လုပ်နိုင်၏။

 􀁎􀀃 ဆရာဝန်နှစ်ယောက်၊ မြဲစောင့်ရှောက်သို့

 ခြေထောက်နှစ်ဖြာ၊ ကျိုးပြုပါသည် 

မဟာကျေးဇူးရှင်တို့တကား။ (မင်းယုဝေ) 

**ဖိုးရန်နိုင်(ကျောက်ကြီး)**

-လူထုကျန်းမာရေး (ကိုယ်လက်လှုပ်ရှားမှုလေ့ ကျင့်  ခန်းအတွက် လမ်းလျှောက်ခြင်းဖြင့်  စတင်ပါ)-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)