ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, December 29, 2012

> -ထွန်းသစ်စတောင်ဆူဒန်နိုင်ငံ-
ကမ္ဘာ့ထွန်းသစ်စ သက်တမ်းအနုဆုံးနိုင်ငံ
ကို ပြပါဆိုလျှင်အာဖရိကတိုက်မှ
 တောင်ဆူဒန်နိုင်ငံကိုသာ ထိုးပြရမည်ဖြစ် သည်။ သက်တမ်းနုနယ်သေးသော်လည်း တောင်ဆူဒန်နိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုခရီးကြမ်းမှာ ရှည်လျားသည်။ ဆူဒန် အစိုးရနှင့် တောင်ပိုင်းသားတို့၏ လက်နက်ကိုင်ပဋိပက္ခမှာ အာဖရိကတိုက်တွင် အရှည်ကြာဆုံးပြည်တွင်းစစ်ဖြစ်သည်။ ၂ဝဝ၅ ခုနှစ်တွင် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုပြီးမှ ပြည်တွင်းစစ်မှာ အဆုံးသတ်သွားသည်ဟု ဆိုနိုင်သော်လည်း တကယ်တွင် တောင်ဆူဒန်နိုင်ငံသည် ၂ဝ၁၁ ခုနှစ်
 ဇူလိုင် ၉ ရက်တွင် ဆူဒန် နိုင်ငံမှ ခွဲထွက်ကာ လွတ်လပ်ရေးရရှိခြင်းဖြစ်သည်။ ထွန်းသစ်စ တောင်ဆူဒန်နိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ကြီး၏ ၁၉၃ နိုင်ငံမြောက်နောက်ဆုံးအဖွဲ့ဝင်နိုင်ငံဖြစ်သည်။ နှစ်နိုင်ငံ ကြားပြဿနာများ ဖြေရှင်း၍ မပြီးဆုံးနိုင်သေးသော ဆူဒန်နှင့် တောင်ဆူဒန်နိုင်ငံတို့သည် အီသီယိုးပီးယားနိုင်ငံ အဒစ်အဘာဘာမြို့၌ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလက ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို လက်မှတ်ထိုးခဲ့ပြီး ထိုစာချုပ် အကောင်အထည်ဖော်ရန် ယခုလဆန်းပိုင်းက ထပ်မံအာမခံပြော ကြားကြသည်ကို တွေ့ရသည်။
စက်တင်ဘာ ၂၇ ရက် အဒစ် အဘာဘာက ထိပ်သီးအစည်းအဝေးတွင် ဆူဒန်နှင့် တောင်ဆူဒန် နိုင်ငံတို့သည် သဘောတူစာချုပ်အများအပြားကို လက်မှတ်ထိုးခဲ့ကြ ပြီးဖြစ်သည်။ ထိုစာချုပ်များအကောင်အထည်ဖော်ရေးနှင့် နှစ်နိုင်ငံ သဘောထားကွဲလွဲချက်များကို နှစ်နိုင်ငံပူးတွဲနိုင်ရေးနှင့် လုံခြုံရေး ကော်မတီကတွေ့ဆုံဆွေးနွေးကြသည်။ ဤအတောအတွင်းတောင် ဆူဒန်နိုင်ငံ၌ ကုလသမဂ္ဂတောင်ဆူဒန်ဆိုင်ရာငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့ (ယူအင်န်အမ်အိုင်အက်စ်အက်စ်)ပိုင် ရဟတ် ယာဉ်တစ်စင်းကို ဆူဒန်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (အက်စ်ပီအယ်အေ)က ပစ်ချသဖြင့် ရဟတ်ယာဉ်ပေါ်ပါ ရုရှား လေးဦးသေဆုံးမှုဖြစ်သည်။ တောင်ဆူဒန်နိုင်ငံမှာ ပြည်တွင်းစစ်အဆုံးသတ်စေသည့် ငြိမ်းချမ်းရေး သဘောတူစာချုပ်ချုပ်ဆိုပြီး ခြောက်နှစ်အကြာ ပြီးခဲ့ သည့်နှစ်ဇူလိုင်လအတွင်းက လွတ်လပ်ရေးရရှိသည်။ ထိုလ အတွင်းမှာပင်ငြိမ်းချမ်းရေးနှင့် လုံခြုံရေးခိုင်မာစေရန်၊ ဖွံ့ဖြိုး တိုး တက်ရေးအခြေအနေများထူထောင်ရန် ရည်ရွယ်ချက်ဖြင့် ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ(ယူအင်န်အက်စ်စီ) က ကုလသမဂ္ဂတောင် ဆူဒန်ဆိုင်ရာ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့(ယူအင်န်အမ် အိုင်အက်စ်အက်စ်)ကို ဖွဲ့စည်းစေလွှတ်ကူညီခြင်းဖြစ်သည်။ ကူညီဆောင်ရွက်ပေးနေသော ယူအင်န်အမ်အိုင်အက်စ် အက်စ်ပိုင် ရဟတ်ယာဉ်တစ်စင်းကို တောင်ဆူဒန်နိုင်ငံ ဂျွန်ဂလီ ပြည်နယ်လီဆွမ်ဂိုးလ်မြို့အနီးတွင် အက်စ်ပီအယ်လ်အေတပ်က ပစ်ချလိုက်သောအခါ လေယာဉ်ပေါ်ပါသူလေးဦးစလုံး အသက် ဆုံးရှုံးရသည့်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချလိုက်ပြီး တောင်ဆူဒန်အစိုးရ အနေဖြင့် ချက်ချင်းစုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူများကို အရေး ယူရန် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။ နောက်နောင်တွင် အလား တူဖြစ်ရပ်မျိုးထပ်မံမဖြစ်စေရန်လည်း ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်က သတိပေးလိုက်သည်။ ကုလသမဂ္ဂ တောင်ဆူဒန်ဆိုင်ရာ ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့ (ယူအင်န်အမ်အိုင်အက်စ်အက်စ်)သည် တောင်ဆူဒန်နိုင်ငံ အနောက်မြောက်ပိုင်း ဝက်စတင်းအယ်ဂါဇယ်ပြည်နယ် မြို့တော် ဝေါတွင် စခန်းဖွင့်ထားသည်။ ဝေါမြို့နှင့် အနီးတစ်ဝိုက်ကို ကင်း လှည့်ကာ အခြေအနေတည်ငြိမ်အောင် ထိန်းထားသည်။ အကြမ်း ဖက်မှုများကို ရှောင်တိမ်းထွက်ပြေးလာသည့် ထောင်ပေါင်းမျာစွာ သော အရပ်သားများကို ထိုစခန်းက လက်ခံအကာအကွယ်ပေး ထားခြင်းလည်း ဖြစ်သည်။
ဒုက္ခသည်အမျိုးသားများက စွန့်ခွာထွက်ပြေးလာသည့် ကိုယ့်အိမ်ကိုယ့်ရာကို ပြန်လှည့်သူများရှိသော်လည်း 
စခန်းတွင်း ဝယ် အများအားဖြင့် အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုထောင်ပေါင်းများစွာ ကျန်ရစ်သည်ကိုလည်း တွေ့နိုင်သည်ဆို၏။ ထို့ကြောင့်ပင် တောင်ဆူဒန်အာဏာပိုင် များနှင့် ဆန့်ကျင်သူလူမျိုးစု ခေါင်းဆောင်များအနေဖြင့်
 နိုင်ငံ တော် အေးချမ်းလုံခြုံရေး ပိုမိုဆိုးရွားမသွားစေရန် ထိန်းသိမ်း ချုပ်တည်းကြဖို့ ယူအင်အမ် အိုင်အက်စ်အက်စ်က တိုက်တွန်းလိုက် သည်။ ဤအတောအတွင်း ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ (ဒီအာရ်စီ)မှ ဒုက္ခသည်
 ၄ဝဝဝ ခန့်သည် တောင်ဆူဒန်နိုင်ငံအလယ် ပိုင်း အီကွေတိုရယ်ပြည်နယ်သို့မကြာမီရက်သတ္တပတ်အနည်း ငယ်အတွင်းက ဝင်ရောက်ခိုလှုံလာကြောင်း ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ အေဂျင်စီက ကြေညာသည်။ ထွန်းသစ်စတောင်ဆူဒန်နိုင်ငံမှာ လွတ်လပ်သောနိုင်ငံအဖြစ် တစ်နှစ်ကျော်ကာလအတွင်းတွင် ဆူဒန်နိုင်ငံနှင့် နယ်နိမိတ် အငြင်းပွားမှု၊ ရေနံကိစ္စ၊ ပြည်တွင်းသောင်းကျန်းမှု၊ နိုင်ငံသစ်အနေ ဖြင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစပျိုးရမည့် လုပ်ငန်းစဉ်အဖုံဖုံတို့တွင် အကျပ်အတည်းဖြင့် ရင်ဆိုင်ကာ ရုန်းကန်နေရကြောင်း မျက်မှောက်အခြေအနေများက ပြသလျက်ရှိသည်။ 

 **တိုး**

-ထွန်းသစ်စတောင်ဆူဒန်နိုင်ငံ-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)