ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, December 29, 2012

> -အောင်မြင်ပျော်ရွှင်ဖို့ ၂၀၁၃- 

၂၀၁၂ မှာ ကမ္ဘာမပျက်ခဲ့ပါ။ သင် ဆက်လက် အသက်ရှင်နေပါတယ်။ သင့်ရဲ့ ရည်မှန်းချက်တွေ၊ စိတ်ကူးအိပ်မက်တွေဟာလည်း ရှင်သန်နေဆဲပါပဲ။ ၂၀၁၃ ဟာ အဲဒီ့ အိပ်မက်တွေကို အကောင်အထည် ဖော်ရမယ့်
 နှစ်တစ်နှစ်ပဲ ဖြစ်ပါတယ်။ ဒီစာဟာ သင့်ရဲ့ စိတ်ကူးထဲက ဘ၀တစ်ခုကို ၂၀၁၃ မှာ လက်တွေ့တည်ဆောက်နိုင်ဖို့ နည်းလမ်းတစ်ချို့နဲ့ စိတ်ဓာတ်ခွန်အားကို ပေးပါလိမ့်မယ်။ လူနှစ်မျိုးနှစ်စားရှိပါတယ်။ တစ်မျိုးက – အခြေအနေတွေကို ဖြစ်လာမှ တုံ့ပြန်တဲ့သူ၊ နောက်တစ်မျိုးက – ကိုယ်လိုချင်တဲ့ အခြေအနေကို ဖြစ်အောင်ဖန်တီးတဲ့သူတို့ပဲ ဖြစ်ပါတယ်။ ၂၀၁၃ ကရော သင့်အတွက် ဘယ်လို အဓိပ္ပါယ်သက်ရောက်မှု ရှိပါသလဲ။ ဖြစ်လာမှ တုံ့ပြန်မှာလား။ ဒါမှမဟုတ် သင် လိုချင်တဲ့ အခြေအနေတစ်ခုဖြစ်အောင် ဖန်တီးမလား။ သင်လိုချင်တဲ့ အခြေအနေတစ်ခုဖြစ်အောင် ဖန်တီးမယ်ဆိုရင်တော့ ၂၀၁၃ အတွက် ပြင်ဆင်နိုင်ဖို့ အညွှန်းတချို့ကို ပေးလိုက်ချင်ပါတယ်။

 ၁။ အတိတ်ထဲမှာ ခဏနေပါ

တကယ်တော့ အချိန်ဆိုတာ ပစ္စုပ္ပန်အချိန်ပဲ တန်ဖိုးရှိတာမဟုတ်ပါဘူး။ ယူတတ်မယ်ဆိုရင် အတိတ်ဟာလည်း အလွန်တန်ဖိုးရှိလှပါတယ်။ ၂၀၁၂ မှာ သင်ဘာတွေ လုပ်ခဲ့ပါသလဲ။ သင့်ရဲ့ ရည်မှန်းချက်တွေ ဘယ်လောက်ပြီးမြောက်ခဲ့ပါသလဲ။ သင့်ကိုယ်သင် ကျေနပ်ပျော်ရွှင်မှု ရှိခဲ့ပါသလား။ သင်လုပ်ခဲ့တဲ့ အမှားအမှန်၊ အကောင်းအဆိုးတွေကို ပြန်စဉ်းစားကြည့်ဖို့ ခဏလောက် အချိန်ယူလိုက်ပါ။

 ၂။ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ပါ

အကယ်၍ ၂၀၁၂ မှာ သင် လုပ်သင့်တာတွေ မလုပ်ခဲ့မိဘူးဆိုရင်လည်း သင့်ကိုယ်သင် ခွင့်လွှတ်ပါ။ ပြီးခဲ့တာတွေကို စိတ်တိုနေလို့ သင့်အတွက် အကျိုးမရှိပါဘူး။ အားသစ်မွေးပါ။ နှစ်သစ်က ရှေ့မှာ စောင့်ကြိုနေပါတယ်။ သင့်ကိုယ်သင် နောက်ထပ်အခွင့်အရေးတစ်ခု ပေးလိုက်ပါ။ အတိတ်မှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့၊ အခုအချိန်မှာ သင်ဖြစ်ချင်တဲ့အတိုင်း သင့်ကိုယ်သင် ဖန်တီးနိုင်ပါတယ်။
၃။ ရည်မှန်းချက်များ ချမှတ်ပါ

အခြေအနေတစ်ခုကို ကိုယ့်စိတ်ကြိုက်ဖြစ်အောင် ဖန်တီးယူဖို့ဆိုတာ ကျနော်တို့မှာ ရည်မှန်းချက်တွေရှိဖို့ လိုပါတယ်။ ၂၀၁၃ မှာ သင် ဘာဖြစ်ချင်သလဲ။ ဘာလုပ်ချင်သလဲ။ ဘ၀ကို ဘယ်လို Lifestyle မျိုးနဲ့ နေထိုင်မလဲ။ ရည်မှန်းချက်တွေ ချမှတ်လိုက်ပါ။

 ၄။ အစီအစဉ်တွေ ရေးဆွဲပါ

သင့်ရဲ့ ပန်းတိုင်ကို ရောက်ရှိဖို့အတွက် လုပ်စရာရှိတာတွေကို အစီအစဉ်ရေးဆွဲပါ။ တစ်နေ့တာကို ဘယ်လိုအသုံးချမယ်၊ ဘယ်နေ့၊ ဘယ်ရက်တွေမှာ ဘာတွေလုပ်မယ်။ ဘယ်လမှာ ဘာလုပ်မယ်၊ ဒါမှမဟုတ်- ဘယ်အကျင့်တွေကို စွန့်လွှတ်မယ်၊ ဘယ်အကျင့်တွေကို မွေးမြူမယ် စသဖြင့် အစီအစဉ်တွေ ရေးဆွဲပါ။

 ၅။ သင့်ကိုယ်သင် ယုံကြည်ပါ

သင်ချမှတ်ထားတဲ့ ရည်မှန်းချက်ကို အောင်မြင်အောင်လုပ်နိုင်တယ်လို့ သင့်ကိုယ်သင်ယုံကြည်ပါ။ ဒါဟာ အောင်မြင်မှုရဲ့ သော့ချက်ပါပဲ။ သင် ဘာကိုပဲလုပ်ချင်လုပ်ချင်၊ ပထမဆုံးအနေနဲ့ – အဲဒါကို သင်လုပ်နိုင်တယ်လို့ သင့်ကိုယ်သင် ယုံကြည်မှု ရှိရပါမယ်။

 ၆။ နေ့ရက်တိုင်းဟာ အဖိုးတန်

သင့်ရဲ့ ရည်မှန်းချက်တွေပြည့်မြောက်ဖို့အတွက် အခုပဲ စလုပ်လိုက်ပါ။ နေ့ရက်တိုင်းဟာ အဖိုးတန်လှပါတယ်။
၂၀၁၃ကို စိတ်တိုင်းကျ တည်ဆောက်နိုင်ကြပါစေ။

 **Hlyan Htet Oo**

-အောင်မြင်ပျော်ရွှင်ဖို့ ၂၀၁၃- 

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)