**စာမတတ် လမ်းမှာဖတ်**
ဇနီးမောင်နှံနှစ်ဦးလမ်းထွက်ပြီး အိမ်သို့ပြန်လည်ရောက် ရှိကြပြီးနောက်...
''ရှင် လမ်းမှာ ဂျင်းဘောင်းဘီဝတ်ထားတဲ့
ကောင်မလေးကို စူးစိုက်ကြည့်နေလိုက်တာ၊ မျက်စိကျွတ်မတတ်ပါပဲ''
''ငါ သူဝတ်ထားတဲ့ တီရှပ်ကို ကြည့်တာပါကွာ''
''ရှင်က သူ့ရဲ့တီရှပ်ကို ဘာဖြစ်လို့ ကြည့်တာလဲ''
''ငါကြည့်တာက သူဝတ်ထားတဲ့ တီရှပ်အပေါ်မှာ ဖော်ပြ ထားတဲ့ အင်္ဂလိပ်စာကိုပါကွာ၊ အဲဒါကို ငါက စာလုံးပေါင်းပြီး ဖတ်ကြည့်တာပါ''
''ရှင့်နှယ်ရှင်၊ ဒီလောက်တောင်ပဲ ဖတ်စရာ ရှားလွန်း လို့...''
''ဟ... မင်းပဲ ပြောလေ့ရှိတယ်လေကွာ၊ စာမတတ် လမ်းမှာဖတ်ဆိုလား''
**မောင်မဟာ**
-ဘ၀အမောပြေ-

No comments:
Post a Comment