**Public Health**
(ဟန်နိုဗာ ဒီဇင်ဘာ ၂၆)
ပင့်ကူအိမ်များရှိ အမျှင်သည် လူတို့၏ အာရုံကြောသစ်များနှင့်သွေး ပြန်ကြောတို့ကို
ဆက်သွယ်ရာတွင် အထောက်အကူပြုရန်
ဟန်နိုဗာဆေး ဘက်ဆိုင်ရာသုတေသီများက သုတေသန ပြုလျက်ရှိကြောင်း ဒီဒဗလျူသိပ္ပံသုတေ သနသတင်းတစ်ရပ်၌ ဖော်ပြသည်။ ပင့်ကူမျှင်သည် ခွဲစိတ်ဆရာဝန် များက ဒဏ်ရာများကုသရာတွင် ပြောင်း လဲပေးနိုင်သည်ဟု ဆိုသည်။ အရပ်နိုဖိုဘီးယားခေါ် ပင့်ကူ ကြောက်စိတ် ဝေဒနာတစ်မျိုးသည် ကမ္ဘာပေါ်တွင် အတွေ့အများဆုံးသော အကြောက်လွန်စိတ်ရောဂါအမျိုးအစား တစ်မျိုးဖြစ်သော်လည်း ခွဲစိတ်ကုသ ရာတွင် ပင့်ကူများအား ထိတ်လန့် ကြောက်ရွံ့စရာ အကြောင်းမရှိကြောင်း အဆိုပါ သိပ္ပံပညာရှင်အုပ်စုတစ်စုက ယုံကြည်လျက်ရှိသည်ဟု ဆို သည်။ ပင့်ကူအိမ်သည် ခွဲစိတ်မှုကဲ့သို့ သော ကြီးမားသည့်သွေးထွက် သံယို ဒဏ်ရာများကို ကုသရာတွင် အသုံးပြု နိုင်ကြောင်း တောင်အမေရိက သုတေ သီများက လက်တွေ့စမ်းသပ်ပြသနိုင်ခဲ့ သည်။ ထို့အပြင် ယင်းကုသခံသော ဒဏ်ရာသည် ပုံမှန်အားဖြင့် ရက်ပိုင်း အတွင်း၌ ပျောက်ကင်းသွားနိုင်သည်ဟု ဆိုသည်။ ယခုအခါ ဟန်နိုဗာဆေးတက္ကသိုလ် မှ ဆေးဘက်ဆိုင်ရာ သုတေသနပညာ ရှင်အဖွဲ့က ဦးစီးဦးရွက်ပြုကာ တောင် အမေရိကရှိ ပင့်ကူမျိုးစိတ်များဖြစ်သည့် နီဖီလာပင့်ကူများ၏ အမျှင်များကို ဒဏ်ရာများနှင့် လူသားတို့၏ အာရုံ ကြောများ ပျက်စီးမှုတွင် ကုသရန် မည်သို့ အသုံးပြုနိုင်မည်ဆိုသည့် အချက်ကို ဓာတ်ခွဲခန်းတစ်ခုအတွင်း သုတေသနပြု စမ်းသပ်ရှာဖွေလျက်ရှိသည်။
(ဒီဒဗလျူ)
-လူထုကျန်းမာရေး(ပင့်ကူမျှင်သည် ဒဏ်ရာများနှင့် လူသားတို့၏ အာရုံ
ကြောများ ပျက်စီးမှုတွင် ကုသရန် စမ်းသပ်)-

No comments:
Post a Comment