ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 27, 2012

> -ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
** လီဗာပူးဝါရင့်ကစားသမား စတီဗင်ဂျရတ်အားစာချုပ်သစ် ထပ်မံချုပ် ဆိုသွားလို**
 (လန်ဒန် ဒီဇင်ဘာ ၂၆)
လီဗာပူးဝါရင့်ကစားသမား စတီဗင်ဂျရတ်အား စာချုပ်သစ် ထပ်မံချုပ် ဆိုသွားလိုကြောင်း နည်းပြဘရီဒန်းရော်ဂျာက ထုတ်ဖော်ပြောကြားလိုက်သည်။ အသက် ၃၂ နှစ်ရှိ ကွင်းလယ်ကစားသမား စတီဗင်ဂျရတ်သည် လက်ရှိစာချုပ်အရ ၁၈ လကြာကစားပြီးလျှင် လီဗာပူးမှထွက်ခွာရတော့မည်ဖြစ်သည်။ ၄င်းသည် လီဗာပူးတွင် ခြေစွမ်းပြနေဆဲဖြစ်သည်။ နည်းပြရော်ဂျာသည် ဒဲလ်ဂလစ်ထံမှ အသင်းကို လွှဲပြောင်းရယူပြီးကတည်းက ဂျရတ်အား အဓိကကစားသမားအဖြစ် ဆက်လက်အသုံးပြုနေဆဲဖြစ်သည်။ စတီဗင်ဂျရတ်သည် ၂ဝဝ၄-၂ဝဝ၅ ဘောလုံးရာသီက လီဗာပူးအသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ပြီးနောက် ပရီမီယာလိဂ်ထိပ်တန်းကလပ်များဖြစ်ကြ သည့် မန်ယူနှင့်ချယ်လ်ဆီးတို့က ခေါ်ယူရန် အဓိကပစ်မှတ်ထားခြင်းခံခဲ့ရသည်။ မိမိအနေဖြင့် စတီဗင်ဂျရတ် အား စာချုပ်သစ်ထပ်မံချုပ်ဆိုသွားရန် လိုလားကြောင်း နည်းပြရော်ဂျာက ပြောကြားသည်။ (ရိုက်တာ)

** စပိန်လက်ရွေးစင် အသင်း၌ ပါဝင်ကစားရန် မီချူးလက်ခံ**

 ပရီမီယာလိဂ်ကလပ်ဆွမ်ဆီးအသင်းမှ စပိန်ကြယ်ပွင့် မီချူးသည် စပိန်လက်ရွေးစင် အသင်း၌ ပါဝင်ကစားရန် ကမ်းလှမ်းထားသည့် စပိန်အသင်းနည်းပြ ဒယ်ဘို စကေး၏ အစီအစဉ်ကို လက်ခံလိုက်ကြောင်း သိရသည်။ အသက်(၂၆)နှစ်အရွယ်ရှိ ဆွမ်ဆီးတိုက်စစ်မှူး မီချူးသည် ပြီးခဲ့သည့်ဇူလိုင်လ အတွင်းက ဗယ်လက်ကာနိုအသင်းမှ ဆွမ်ဆီးအသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဆွမ်ဆီးအသင်းသို့ ရောက်ရှိလာသည့်နှစ်မှာပင် လက်ရှိ ပရီမီယာလိဂ်ပွဲစဉ်(၁၈)ပွဲ ကစားအပြီးတွင် သွင်းဂိုး ၁၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ပရီမီယာလိဂ်၏ ပွဲစဉ်(၁၈) အပြီးတွင် သွင်းဂိုးအများဆုံးကစားသမားအဖြစ်လည်း ရပ်တည်နိုင်ခဲ့သည်။ ထိုကြောင့် စပိန်အသင်းနည်းပြကြီး ဒယ်ဘိုစကေးက တိုက်စစ်ပိုင်းတွင် ဂိုးသွင်း သေချာသည့် ဆွမ်ဆီးတိုက်စစ်မှူး မီချူးအား စပိန်အသင်း၏ အဓိကကစားသမား တစ်ဦးအဖြစ် ထည့်သွင်းကစားစေရန် ပြင်ဆင်သွားမည်ဟု ဆိုသည်။ ဒယ်ဘိုစကေးသည် မီချူးအပြင် ဆဲလ်တစ်အသင်းမှ တိုက်စစ်မှူးလာဂိုအက်စ်ပက် ကိုလည်း စပိန်အသင်းအတွက် ခေါ်ယူမည်ဟု ဆိုသည်။ မီချူးနှင့် လာဂိုအက်စ်ပက် တို့နှစ်ဦးကို လာမည့်ဖေဖော်ဝါရီ ၆ ရက်တွင် ဒိုဟာ၌ ယှဉ်ပြိုင်ကစားမည့် စပိန် အသင်းနှင့် ဥရုဂွေးအသင်းတို့၏ ချစ်ကြည်ရေးခြေစမ်းပွဲတွင် ထည့်သွင်းအသုံးချသွား မည်ဖြစ်ကြောင်း စပိန်အသင်းအတွက်ကမ္ဘာ့ဖလားကိုရယူပေးနိုင်ခဲ့သည့် စပိန်နည်းပြကြီး ဒယ်ဘိုစကေးက စပိန်ရုပ်မြင်သံကြားဌာနသို့ ပြောကြားခဲ့သည်။

 ** အင်္ဂလန်အသင်းအနေနဲ့ ကမ္ဘာ့ဖလားမရ ဟုမဆိုနိုင်** 
(လန်ဒန် ဒီဇင်ဘာ ၂၆) 
လန်ဒန် ဘောလုံးအသင်းသည် ၂ဝ၁၄ ခုနှစ်တွင် ဘရာဇီးနိုင်ငံ၌ လာမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ တွင် ဖလားမရနိုင်စရာအကြောင်းမရှိ ကြောင်း နည်းပြရွိုင်ဟော့ဆင်က ပြော ကြားလိုက်သည်။''ကျွန်တော် အင်္ဂလန် အသင်းအနေနဲ့ ကမ္ဘာ့ဖလားရဖို့ဆိုတာ ဝေးပါတယ်။ ဒါပေမယ့် တကယ်ကြိုး စားမယ်ဆိုရင် မဖြစ်နိုင်စရာမရှိပါဘူး'' ဟု ရွိုင်ဟော့ဆင်က ဘီဘီစီသို့ပြောကြား သည်။􀀃􀁼င်းသည် လွန်ခဲ့သည့် မေလက အင်္ဂလန်နည်းပြ ဖြစ်လာခဲ့ပြီး လေးနှစ် စာချုပ်တစ်ရပ် ချုပ်ဆိုထားသည်။ ချယ်လ်ဆီးအသင်းသည် ပြီးခဲ့ သည့်နှစ်က ဥရောပချန်ပီယံဖြစ်မည်ဟု ထင်မထားသော်လည်း ချန်ပီယံ ဖြစ်လာခဲ့ကြောင်း၊ ယင်းအချက်ကို ကြည့်ခြင်းအားဖြင့် အင်္ဂလန်အသင်း သည်လည်း ကမ္ဘာ့ဖလားမဆွတ်ခူး နိုင်ဟု မဆိုနိုင်ကြောင်း ရွိုင်ဟော့ဆင်က ပြောကြားသည်။ (ရိုက်တာ) 

 **ဒေးဗစ်ဗီလာ အား အာဆင်နယ်/ လီဗာပူး/ချယ်လ်ဆီးခေါ်ယူရန် ပစ်မှတ်ထား**

 ဘာစီလိုနာအသင်း၏ အားထားရသည့် ကစားသမားတစ်ဦးဖြစ်သည့် ဒေးဗစ် ဗီလာသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ကြေးပေါင် ၁၂ သန်းရရှိပါက နူးကမ့်မှ ထွက်ခွာမည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အာဆင် နယ်အသင်းနှင့် လီဗာပူးအသင်းတို့က ခေါ်ယူလိုကြောင်း ပြောကြားလာသည့် အပြင် ယာယီနည်းပြ ဘင်နီတက်ဇ်ကိုင်တွယ်လျက်ရှိသည့် ချယ်လ်ဆီးအသင်းကလည်း ဒေးဗစ် ဗီလာအား လန်ဒန်မြေအရောက်ခေါ်ယူရန် ပစ်မှတ်ထားလျက်ရှိကြောင်းသိရသည်။ ချယ်လ်ဆီးအသင်းသည် အသင်းမှ လက်ရှိစပိန်ကြယ်ပွင့် ဖာနန်ဒိုတောရက်စ်၏ နေရာတွင် အစားထိုးကစားသမားအဖြစ် ဒေးဗစ်ဗီလာကို ခေါ်ယူရန် စီစဉ်ထားသည်ဟု လည်း ဆိုသည်။ ဒေးဗစ်ဗီလာသည် ပြီးခဲ့သည့်နှစ် ဘောလုံးရာသီက ခြေထောက်ကျိုးဒဏ်ရာရရှိခဲ့ သဖြင့် ဘာစီလိုနာအသင်း၏ ပြိုင်ပွဲအတော်များများနှင့် လွဲချော်ကာ အရန်ခုံတွင်သာ ကျေနပ်ခဲ့ရပြီး လက်ရှိတွင်ဘာစီလိုနာအတွက် ပြန်လည်ပါဝင်ကစားနိုင်ခဲ့ပြီဖြစ်သည်။ ချယ်လ်ဆီးအသင်းနည်းပြ ရာဖေးဘင်နီတက်ဇ်သည် တိုက်စစ်မှူးဖာနန်ဒို တောရက်စ်အား ၂ဝ၁၂-၂ဝ၁၃ ဘောလုံးရာသီ၏ ဒုတိယအကျော့ မယှဉ်ပြိုင်မီအသင်းမှ ထွက်ခွာခွင့်ပြုရန် ပြင်ဆင်ထားပြီး ဒေးဗစ်ဗီလာအား ပေါင် ၁၂ သန်းဖြင့် ခေါ်ယူရန် လည်း စီစဉ်ထားသည်ဟု ဆိုသည်။ ဒေးဗစ်ဗီလာအား ချယ်လ်ဆီး၊ အာဆင်နယ်နှင့် လီဗာပူးအသင်းတို့က ခေါ်ယူရန် ပစ်မှတ်ထားနေသော်လည်း ဘာစီလိုနာအားကစားဒါရိုက်တာ အန်ဒိုနီဇူဘီဇာရတ်တာကမူ ဒေးဗစ်ဗီလာအား နူးကမ့်တွင် ဆက်လက်ထိန်းထားမည်ဟု ဆိုသည်။ သို့ရာတွင် ဒေးဗစ်ဗီလာအား အပြိုင်ခေါ်ယူရန် ကြိုးပမ်းနေသည့် ချယ်လ်ဆီး အသင်း၊ အာဆင်နယ်အသင်းနှင့် လီဗာပူးအသင်းတို့ကမူ ထိုက်တန်သည့် ပြောင်းရွှေ့ သည်ဟုလည်း ဆိုသည်။ 

**နိုင်လင်းကြည်**

-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)