ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 27, 2012

> -ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
** တရုတ်နိုင်ငံတွင်ကလေးမှောင်ခိုဂိုဏ်း
ကိုးခုကို ဖြိုခွင်း.. ရဲတပ်ဖွဲ့က ကလေး ၈၉ ဦးအားကယ်တင်နိုင်ခဲ့**
 (ဖူကျို ဒီဇင်ဘာ ၂၆)
 တရုတ်နိုင်ငံတွင် ကလေးမှောင်ခိုဂိုဏ်းကိုးခုကို ဖြိုခွင်းခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ကလေး ၈၉ ဦးအားကယ်တင်နိုင်ခဲ့ပြီး သံသယရှိသူ ၃၅၅ ဦးအား ဖမ်းဆီးလိုက်ကြောင်း၊ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားသည်။တရုတ်နိုင်ငံ ဖူကျန်း၊ ယူနန်၊ စီချွမ်နှင့် ကွမ်တုံအပါအဝင် ပြည်နယ် ကိုးခုမှ ရဲအရာရှိများသည် ဒီဇင်ဘာ ၁၈ ရက်မှစပြီး ကလေးမှောင်ခိုဂိုဏ်းကွန် ရက်ကို ပူးပေါင်းဖြိုခွင်းခဲ့ကြကြောင်း၊ ပြည်သူ့လုံခြုံမှုဝန်ကြီးဌာနမှ စုံစမ်းစစ် ဆေးဖော်ထုတ်ရေးဌာန လူမှောင်ခို တိုက်ဖျက်ရေးရုံး ညွှန်ကြားရေးမှူးဆန်ရှိ ကျုက ပြောကြားသည်။ အဆိုပါကလေးများအား ဒေသ ဆိုင်ရာ ကလေးပြုစုစောင့်ရှောက်ရေးဌာန များ၌ ပြုစုစောင့်ရှောက်ထားပြီး ရဲတပ် ဖွဲ့က ယင်းတို့၏ မိဘများအား ရှာဖွေ ပေးလျက်ရှိသည်။ မိမိတို့အနေဖြင့် ကလေးများ၏ ဒီအင်န်အေစစ်ဆေးပြီး လူမှောင်ခိုတိုက် ဖျက်ရေးအတွက် ထူထောင်ထားသည့် အမျိုးသား ဒီအင်န်အေ အချက်အလက် ဌာနသို့ပေးပို့ကာ ကလေးတို့၏မိဘများ ကိုရှာဖွေပေးသွားမည်ဖြစ်ကြောင်း ချန်း ကပြောကြားသည်။ လူမှောင်ခိုကူးခြင်း သည် တရုတ်နိုင်ငံအတွင်း ဆိုးရွား စွာဖြစ်ပေါ်နေသော ပြဿနာတစ်ရပ် ဖြစ်လာသည်။ ကလေးများ လူမှောင်ခိုကူးခြင်း သည် ကလေးမမွေးသော ဇနီးမောင်နှံတို့ အားရောင်းချခြင်းဖြစ်သည်။ ယောက်ျား လေးတစ်ဦးလျှင်ယွမ် ၃ဝဝဝဝ (အမေရိ ကန် ဒေါ်လာ ၄၈၁ဝ) ဖြင့် အရောင်း အဝယ်ရှိသည်။ ယူနန်ရှိ မြို့ကြီးများ တွင် ယွမ် ၇ဝဝဝဝ မှ ၉ဝဝဝဝ အထိ ရောင်းချကြောင်း သိရသည်။ (ဆင်ဟွာ)

 **ဝန်ကြီးချုပ်သစ်အဖြစ် ရှင်ဇိုအာဘေးအား ဂျပန်အောက်လွှတ်တော်က ရွေးချယ်တင်မြှောက်**
(တိုကျို ဒီဇင်ဘာ ၂၆)
ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ရှင်ဇိုအာဘေးအား ပါလီမန်အောက် လွှတ်တော်က ဒီဇင်ဘာ ၂၆ ရက်တွင် တင်မြှောက်လိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာများက သတင်းထုတ်ပြန်သည်။ ၂ဝဝ၆ခုနှစ်မှ ၂ဝဝ၇ခုနှစ်အထိ ဝန်ကြီး ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အာဘေး(၅၈နှစ်)၏ လစ်ဘရယ် ဒီမို ကရက်တစ်ပါတီ (အယ်လ်ဒီပီ) သည် ဒီဇင်ဘာလအစောပိုင်းက ကျင်းပသော ရွေးကောက်ပွဲတွင် ဂျပန်ဒီမိုကရက်တစ် ပါတီ(ဒီပီဂျေ)အပေါ် အောင်ပွဲခံခဲ့သည်။ အာဘေးသည် ရွေးချယ်တင်မြှောက်ခံရ အပြီး နာရီပိုင်းအကြာမှာပင် ဝန်ကြီးအဖွဲ့ သစ်ကို ထုတ်ပြန်ကြေညာခဲ့သည်။ အာ ဘေးသည် ခုနစ်နှစ်ပင်မပြည့်သည့်ကာလ အတွင်း ဂျပန်နိုင်ငံ၏ သတ္တမမြောက် ဝန်ကြီးချုပ်ဖြစ်သည်။ အာဘေးသည် ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒ၏နေရာတွင် အစားထိုးနေရာယူမည်ဖြစ်သည်။ (ရိုက်တာ)  

**အီရန်စက်မှုလုပ်ငန်းများက အသုံးပြုနေသော ကွန်ပျူတာကွန်ရက်များ တိုက်ခိုက်ခံရ**
 (တီဟီရန် ဒီဇင်ဘာ ၂၆) 
အီရန်နိုင်ငံတောင်ပိုင်းရှိ စက်မှုလုပ်ငန်းများက အသုံးပြုနေသော ကွန်ပျူတာကွန်ရက်များ ပျက်ပြားစေရန် အင်တာနက်မှတစ်ဆင့် ကွန်ပျူတာဗိုင်းရပ်ဖြင့် တိုက်ခိုက်လျက်ရှိကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ ၂၆ရက်တွင် ပြောကြားသည်။ အီရန်နိုင်ငံအပေါ် လျှို့ဝှက်ကွန်ပျူတာ စစ်ပွဲဖြင့် ဆင်နွှဲတိုက်ခိုက်နေကြောင်းအီရန် ကာကွယ်ရေးအဖွဲ့ အကြီးအကဲ အလီ အက္ကဘာအက်ခါဗန်က ပြောကြားသည်။ အီရန်နိုင်ငံရှိ ယူရေနီယမ်သန့်စင်ရေး စက်ရုံရှိ ကွန်ပျူတာကွန်ရက်ကို ၂ဝ၁ဝ ခုနှစ်တွင် အင်တာနက်မှတစ်ဆင့် တိုက် ခိုက်ခဲ့ချိန်မှစ၍ အွန်လိုင်းလုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း၊ ကနဦးအနေ ဖြင့် အဖျက်အမှောင့်ပြုလုပ်သူများက မိမိတို့နိုင်ငံ၏ နျူကလီးယားစက်ရုံများကို ပစ်မှတ်ထားခဲ့ကြောင်း ¤င်းကပြောကြား သည်။ အီရန်နိုင်ငံရှိ ယူရေနီယမ်သန့်စင်ရေး စက်ရုံ၏ ကွန်ပျူတာများ ဗိုင်းရပ်စ်သင့် အောင် တိုက်ခိုက်ခဲ့သူများမှာ အစ္စရေးနှင့် အမေရိကန်တို့ဖြစ်ကြကြောင်း ¤င်းက စွပ်စွဲခဲ့သည်။ မကြာသေးမီလများအတွင်း ဟောမုဇ် ဂန်ပြည်နယ်ရှိ ကွန်ပျူတာစနစ်များ ပျက် ပြားစေရန် တိုက်ခိုက်ခံခဲ့ရသော်လည်း ယင်းဗိုင်းရပ်စ်ကို ချေမှုန်းသုတ်သင်နိုင်ခဲ့ သည်ဆို၏။ ဟောမုဇ်ဂန်ပြည်နယ်သည် အီရန်နိုင်ငံတောင်ပိုင်း ပင်လယ်ကမ်းရိုး တန်းဒေသ၌တည်ရှိပြီး ရေနံချက်စက်ရုံ တစ်ရုံနှင့်ကုန်သေတ္တာများ တင်ပို့သော ဆိပ်ကမ်းတို့ တည်ရှိရာဒေသဖြစ်သည်။ (ရိုက်တာ)

**ဆန့်ကျင်ဆန္ဒပြမှုအတွင်း ဒဏ်ရာရ ရှိခဲ့သည့် ရဲအရာရှိတစ်ဦး နယူး ဒေလီဆေးရုံ၌ သေဆုံးသွား** (နယူးဒေလီ ဒီဇင်ဘာ ၂၆) 

အိန္ဒိယနိုင်ငံတွင် မကြာသေးမီက ဘတ်စ်ကားပေါ်၌ အသက် ၂၃ နှစ် အရွယ် ကျောင်းသူလေးတစ်ဦးအား မုဒိမ်းကျင့်မှုကျူးလွန်သည့် လူမဆန်သော ဂိုဏ်းတစ်ဂိုဏ်းအပေါ် လူစုလူဝေးဖြင့် ဆန့်ကျင်ဆန္ဒပြမှုအတွင်း ဒဏ်ရာရ ရှိခဲ့သည့် ရဲအရာရှိတစ်ဦး နယူး ဒေလီဆေးရုံ၌ သေဆုံးသွားကြောင်း ဒီဇင်ဘာ ၂၆ ရက် ပရက်စ်တီဗွီသတင်း တစ်ရပ်တွင် ဖော်ပြသည်။ အသက် ၄၇ နှစ်အရွယ်ရှိ ရဲအရာ ရှိ ဆတ်ဘတ်ရှ်တိုမာသည် အိန္ဒိယဂိတ် သမိုင်းဝင်အဆောက်အအုံနေရာ၌ ဒီဇင် ဘာ ၂၃ ရက်က ဆန္ဒပြမှုတစ်ခုအား တာဝန်ထမ်းဆောင်ချိန် ဒေါသထွက်နေ သည့် ဆန့်ကျင်ဆန္ဒပြသူများ၏ ရိုက် နှက်မှုခံခဲ့ရခြင်းဖြစ်ကြောင်း နယူးဒေလီ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရာဂျန် ဘာဂတ်က ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ သေဆုံးသွားခဲ့ ဆန့်ကျင်ဆန္ဒပြသူများက ရဲအရာ ရှိတိုမာအား ကျောက်တုံးကျောက်ခဲ များဖြင့် ပစ်ပေါက်မှုကြောင့် ၄င်းရဲအရာ ရှိမှာ နှစ်ရက်အကြာ သတိလစ်မေ့ မျောနေရာမှ ဒီဇင်ဘာ ၂၅ ရက်တွင် သေဆုံးသွားခဲ့ကြောင်း ဘာဂတ်ကဆက် လက်ပြောကြားခဲ့သည်။ (ပရက်စ်တီဗွီ)

**မလေးရှားနိုင်ငံတွင် ရေလွှမ်းမိုးမှုဖြစ်ပွား လူထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ထွက်ပြေး**

(ကွာလာလမ်ပူ ဒီဇင်ဘာ ၂၆)
 မလေးရှားနိုင်ငံတွင် မုတ်သုံမိုး သည်းထန်စွာရွာသွန်းပြီးနောက် ရေလွှမ်း မိုးမှုများ ဖြစ်ပေါ်သဖြင့် ပြည်သူ ၁၄ဝဝဝ နီးပါးခန့် နေအိမ်များကိုစွန့်ခွာကာ ကယ် ဆယ်ရေးစခန်းများ၌ နေထိုင်ကြရကြောင်း နိုင်ငံပိုင် ဘာနာမားသတင်းဌာနက ရေးသားသည်။ မလေးရှားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ တီရန်ဂါနု၊ပါဟန်းနှင့် ကီလန်တန်ပြည်နယ် များမှ လူဦးရေ ၁၃၇၄၆၏ လူနေအိမ်များ ရေလွှမ်းမိုးခံရကြောင်း၊ ¤င်းတို့အားလုံး ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ကြရ ကြောင်း သတင်းတွင် ပါရှိသည်။ ရေလွှမ်းမိုးမှုအခြေအနေ ပို၍ဆိုးရွား လာသဖြင့် ပါဟန်းပြည်နယ်ရှိ အဓိက အသုံးများသောလမ်းများကို ပိတ်ထား လိုက်ရကြောင်း၊ မြစ်များနှင့် မြစ်ကမ်းပါး များ ရေလွှမ်းမိုး၍ မြစ်ရေလျှံမှုဖြစ်ပွားခြင်း ကြောင့်ဖြစ်ကြောင်း သတင်းတွင်ရေးသား သည်။ တီရန်ဂါနုပြည်နယ်၊ ပါဟန်းနှင့် မလေး ရှားနိုင်ငံတောင်ပိုင်းရှိ ဂျိုဟာပြည်နယ် တို့တွင် နောက်ရက်အနည်းငယ်ကြာသည့် တိုင် မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနမှ မိုးလေဝသခန့်မှန်းမှု ညွှန်ကြားရေးမှူး မူဟမ်မက်အယ်လ်မီ အဗ္ဗဒူလာခ်ျက ပြောကြားသည်။ (ရိုက်တာ)

တင်မောင်လွင်
-စုစည်းသည်။

-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)