ကမ္ဘာ့စွမ်းအင်သုံးစွဲမှု မြင့်မားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အမေရိကန်ဟာ ဇီဝ ရုပ်ကြွင်းလောင်စာ စွမ်းအင်သုံးစွဲမှုကို လျှော့ချပြီး ပြန်လည်ပြည့်ဖြိုးမြဲ
စွမ်းအင် သုံးစွဲမှုကို တိုးတက်ဆောင်ရွက်ဖို့ အစီ အစဉ်တွေ ချမှတ်ဆောင်ရွက်နေပြီဖြစ်ပါ တယ်။ ဒါကြောင့်မို့
လာမယ့် ၂ဝ၁၃ ခုနှစ် အတွင်းမှာ လေစွမ်းအင်
တိုးမြှင့်ထုတ်လုပ် မှုတွေစတင်ဖို့ တွန်းအားပေးနေပါ တယ်။ အမေရိကန်နိုင်ငံရဲ့ စွမ်းအင်ကုမ္ပဏီ တွေကလည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တွေအနက် လေစွမ်းအင်ရယူသုံးစွဲနိုင်ဖို့ အတွက် ကမ်းလွန်ရေပြင်နဲ့ လေစွမ်းအင် ကောင်းကောင်းရနိုင်တဲ့ လွင်တီးခေါင် အရပ်တွေမှာ လေတာဘိုင်တွေတပ်ဆင်ပြီး စွမ်းအင်ထုတ်ယူ သုံးစွဲနိုင်ဖို့အရေးတကြီး ဆောင်ရွက်မှုတွေ ပြုလုပ်နေပြီဖြစ်ပါ တယ်။ အမေရိကန်နိုင်ငံဟာ လေစွမ်းအင် ကို ၁၉၉၂ ခုနှစ်ကတည်းက စတင်သုံးစွဲ ခဲ့တဲ့နိုင်ငံဖြစ်ပြီး လာမယ့် ၂ဝ၁၃ ခုနှစ် မှာတော့ တစ်နိုင်ငံလုံးအတွက် လေစွမ်း အင်ကနေပြီး ဓာတ်အား ၁ ဒသမ ၅ ဂီဂါဝပ်ထုတ်ယူသုံးစွဲနိုင်ဖို့ ဆောင်ရွက်သွား မှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဟာ မကြာမီနှစ်တွေမှာ လေစွမ်းအင်ကနေပြီး ဓာတ်အား ၁၂ မီဂါဝပ်အထိ ရယူသုံးစွဲ နိုင်ဖို့အတွက် လိုအပ်တဲ့တည်ဆောက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ ဒါကြောင့် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ လေတာဘိုင်အသစ် တပ်ဆင်မှုတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ အမေရိကန်နိုင်ငံဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကာလအတွင်းမှာ လေစွမ်းအင် ကနေပြီး တစ်နိုင်ငံလုံး ဓာတ်အားသုံးစွဲမှု ရဲ့ ၂ ဒသမ ၂ ရာခိုင်နှုန်းခန့်ကို ရယူ ထုတ်လုပ်ပေးနိုင်ဖို့ ကြိုးစားလုပ်ကိုင်ခဲ့ တာ အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ ဆက်လက်ပြီး လေစွမ်းအင်ကနေ ဓာတ် အားတိုးမြှင့်ထုတ်လုပ်ဖို့အတွက် ကြီးမား တဲ့လေတာဘိုင်အသစ်တွေ ထပ်မံတပ်ဆင် ဖို့ လိုအပ်တာမို့ စီစဉ်ဆောင်ရွက်လျက်ရှိ ပါတယ်။ မိမိတို့သည် လေစွမ်းအင်မှ နေပြီး ဓာတ်အားပိုမိုထုတ်လုပ်နိုင်ရန် အတွက် စီမံကိန်းအသစ်များ၊ တာဘိုင် တပ်ဆင်မှုအသစ်များကို တိုးချဲ့ပြုလုပ် နေကြောင်း အမေရိကန်လေစွမ်းအင် ထုတ်လုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရို့ဘ် ဂရမ်လစ်က ပြောကြားပါတယ်။ လောလောဆယ်မှာတော့ အမေရိ ကန်နိုင်ငံ မက်ဆာချူးဆက်နဲ့ နယူးဟမ်း ရှိုင်းယားပြည်နယ်တွေမှာ လေစွမ်းအင် ထုတ်ယူနိုင်ဖို့အတွက် လေတာဘိုင်အသစ် တပ်ဆင်မှုတွေ စတင်ပြုလုပ်နေပြီဖြစ်ပါ တယ်။ ၂ဝ၁၃ ခုနှစ်အတွင်း လေစွမ်းအင် ထုတ်ယူသုံးစွဲရေးအတွက် ပုဂ္ဂလိကကုမ္ပဏီ တွေက တိုးတက်ပြုလုပ်လာမှာမို့ အမေ ရိကန်ရဲ့ စွမ်းအင်ထုတ်ယူ သုံးစွဲရေးကဏ္ဍ ဟာ သိသိသာသာဖွံ့ဖြိုးမြင့်တက်လာမှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဟာ ဗြိတိန်နိုင်ငံရဲ့ လေစွမ်းအင်ထုတ်ယူသုံးစွဲရေးနဲ့ နှိုင်းယှဉ် ရင် ပိုမိုထုတ်ယူအသုံးပြုနိုင်တဲ့အနေ အထားဖြစ်ပေမယ့် ကဏ္ဍစွမ်းအင်သုံးစွဲမှု မှာ ဒုတိယအများဆုံးနိုင်ငံဖြစ်နေတာမို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်ယူသုံးစွဲ နိုင်မှုတွေကို ဦးစားပေးဆောင်ရွက်ဖို့ ဦးတည်နေခြင်းပဲဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ စွမ်းအင်ထုတ် ယူသုံးစွဲမှုကို နိုင်ငံတကာစွမ်းအင်အေဂျင် စီက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းအချက် အလက်တွေအရ ရေနံမှ ၂၅ ရာခိုင်နှုန်း၊ ကျောက်မီးသွေးမှ ၂၂ ရာခိုင်နှုန်း၊ နျူ ကလီးယားစွမ်းအင်မှ ၈ ဒသမ ၄ ရာခိုင် နှုန်းနဲ့ ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်က ၈ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားပါ တယ်။ ဒီလိုအချက်အလက်တွေအရ ရေနံနဲ့ ကျောက်မီးသွေးစွမ်းအင်တွေက ရယူသုံးစွဲမှုကို တဖြည်းဖြည်းလျှော့ချရင်း ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေက ရယူ သုံးစွဲမှုကိုတိုးမြှင့်ဖို့ ပုဂ္ဂလိကကုမ္ပဏီတွေ ကို တွန်းအားပေးနေတာပဲဖြစ်ပါတယ်။ အမေရိကန်ရဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်ယူသုံးစွဲမှု အနေအထားကိုကြည့်ရင် ရေစွမ်းအင်၊ လေစွမ်းအင်နဲ့ နေစွမ်းအင်တို့ က အဓိကအပြီး ထုတ်ယူသုံးစွဲနေတာဖြစ် ပါတယ်။ အမေရိကန်နိုင်ငံဟာ လက်ရှိအနေ အထားအတိုင်း ဆိုရင်လာမယ့်နှစ် ၅ဝ အတွင်းမှာ စွမ်းအင်သုံးစွဲမှု လက်ရှိထက် နှစ်ဆခန့်ကို တိုးတက်လာဖို့ ရှိနေတာမို့ အမေရိကန်သမ္မတအိုဘားမားက နယ်ပယ် သစ်တွေမှာ စွမ်းအင်ရယူထုတ်လုပ်ဖို့ ပိုမို ကြိုးစားကြဖို့ တိုက်တွန်းထားတာမို့ ပြန် လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေအနက် လေ စွမ်းအင်ကနေပြီးပိုမိုထုတ်ယူဖို့နယ်မြေ သစ်တွေရှာဖွေနေပြီဖြစ်ပါတယ်။
**တိုး**
-အမေရိကန် လေစွမ်းအင် ထုတ်ယူ သုံးစွဲမှု-

No comments:
Post a Comment