ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, December 31, 2012

> -ညဉ့်ငှက်ကချေသည့်တို့ရဲ့ လွန်ဆွဲပွဲ-
“ကျွန်မတို့က မြေစာပင်တွေပါ" ခန္ဓာကိုယ်ဖြင့် ရင်းတည်ကာ အသက်မွေးဝမ်းကျောင်းပြုနေရသည့် လိင်အလုပ်သမဖြစ်သူ အသက် ၃၃ နှစ်အရွယ် မနဒီ(အမည်လွှဲ)က ငိုသံဖြင့် မျက်ရည်ဝဲကာ ပြောပြသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ရန်ကုန်မြို့တော်၏ လူစည်ကားသည့် တစ်နေရာတွင် ပြည့်တန်ဆာ ကျော်ဇောမှု ၃(ဃ)ဖြင့် ဖမ်းဆီး ခံလိုက်ရသည့် လုပ်ဖော်ကိုင်ဖက်များနှင့် ပတ်သက်၍ သူမက အထက်ပါအတိုင်း ပြောပြခြင်းဖြစ်သည်။ ရန်ကုန်မြို့ပြ၏ ဝါကြန့်ကြန့် မီးရောင်နှင့် ဝေးရာ တစ်နေရာ။ အမှောင်ထုကို အကာအကွယ် ပြုကာ ရပ်နေသည့် ဆံပင် ကျောလယ်လောက်ရှိ သည့် ယွန်းအိမ်စည် (အမည်လွှဲ) တစ်ယောက် တစ်စုံတစ်ရာကို စောင့်မျှော် နေသည်။ လူတစ်ယောက် သူမအနီးသို့ ကပ်လာသည်။ တိုးတိုး ပြောသည်။ မရှေးမနှောင်းပင် တက္ကစီတစ်စီး ဆိုက်လာသည်။ ထိုလူနှင့် သူမကားပေါ် တက်လိုက် သည်နှင့် ကားထွက်ခွာ သွားသည်။ နံနက် နေရောင်ခြည်သည် အားကောင်းနေ သော်လည်း နဒီအဖို့ အားအင် ကုန်ဆုံးနေသည်။ ထိုမနက်ခင်းတွင် အင်္ဂလိပ် သီချင်းသံ ဖုန်းသံလေး မြည်လာသည်။ ဟဲလို ထူးလိုက်ပြီးနောက် သူမတုန် လှုပ်သွားသည်။ မနေ့ညက ယွန်းအိမ်စည် အဖမ်းခံ လိုက်ရပြီဆိုသော သတင်းကို ကြားသိ လိုက်ရသည့် အတွက် သူတုန်လှုပ်သွားသည်။ နောက်နေ့ ပြန်သိလိုက်ရသည်မှာ ယွန်းအိမ် စည်၏ ခန္ဓာ တစ်ညတာ နေ့တွက်ကြေးဖြင့် ယစ်မူးရန် ငှားရမ်းခဲ့သူမှာ ရဲဖြစ်နေပြီး တည်းခိုခန်း ရောက်သည့် အချိန်တွင် ဖုန်းဆက်လိုက်ပြီးနောက် ဖမ်းဆီး ရဲတပ်ဖွဲ့များ ရောက်လာပြီး ဖမ်းဆီးသွားခြင်းဖြစ် ကြောင်း နဒီ ပြန်သိလိုက်ရသည်။ သို့သော် အခြား အခန်းတွင် ညဥ့်ငှက် ကချေသည် လေးများ ယိမ်းထိုး နေသော်လည်း သူတို့ကို မဖမ်းသွားဟု သိလိုက်ရ သည့်အခါ နဒီသည် ဒေါသများ တရိပ်ရိပ် တက်လာသည်။ "ခုဟာက ပြည့်တန်ဆာကို နှိပ်ကွပ်တဲ့ ဥပဒေပဲ ရှိတယ်။ ကာကွယ်ပေးတဲ့ ဥပဒေ မရှိဘူး။ ဖမ်းချင် သလို ဖမ်းနေတာတွေက မင်းမဲ့ စရိုက်ဆန်တယ်"ဟု နဒီက ဆိုသည်။ လတ်တလော အခြေအနေတွင် ရန်ကုန်မြို့ တော်ကြီးတွင်သာမက နယ်မြို့များတွင်လည်း ခန္ဓာကိုယ်ကို အရင်းတည်ကာ အသက်မွေး ဝမ်းကျောင်း ပြုနေသော လိင်အလုပ်သမတို့ကို နှိမ်နင်း ဖမ်းဆီးမှု များ ပြုလုပ်လျက် ရှိသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ပခုက္ကူမြို့စွန်ရှိ ပြည့်တန်ဆာ လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်း ပြုနေသော ကျေးရွာ တစ်ရွာကို ရဲတပ်ဖွဲ့အင်အား ၂၀ ကျော်ဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့သည်။ "ဂျာနယ်မှာ အဲဒီရွာ အကြောင်း ပါလာတော့ နောက်နေ့ အဲဒီရွာကို ဝင်ဖမ်းတယ်။ ငါးယောက်ပါ သွားတယ်။ ထောင်တစ်နှစ် ချလိုက်တယ်" ဟု ပခုက္ကူဒေသခံတစ်ဦးကဆိုသည်။ ယင်းကဲ့သို့ ပြည့်တန်ဆာများကို ဖမ်းဆီး နှိမ်နင်းခြင်းဖြင့် အမှန်တကယ် ပြည့်တန်ဆာလုပ် နေသူတို့ ပျောက်ကွယ် သွားနိုင်မည်လော။ သို့ တည်းမဟုတ် ထိုသို့ နှိမ်နင်းခြင်းကြောင့် လိင်လုပ် သမအဖြစ် လုပ်နေသူတို့၏ မိသားစုများထဲမှ ကျန်ရှိ သမီးပျိုတို့ ခန္ဓာရင်းရသည့် ဘဝသို့ လက်ယပ်ဆွဲ ခေါ်လိုက်ခြင်းပေလော။ ရန်ကုန်တိုင်း ဒေသကြီး လေးခရိုင်အတွင်း ညပိုင်းတွင် လှည့်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်းများနှင့် ဧည့်စာရင်းများ စစ်ဆေးခြင်းများကို ရဲတပ်ဖွဲ့ဝင် များသည် အရန်ရဲ၊ စွမ်းအားရှင်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာတွင် ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်နေ့အထိ ပြည့်တန်ဆာ အမှုပေါင်း ၅၉ မှု ဖမ်းဆီးခဲ့ကြောင်း ရဲအရာရှိကြီးများ ဦးစီး ထုတ်ဝေ သော မှုခင်းဂျာနယ်တွင် ဖော်ပြထားသည်။ လိင်အလုပ်သမလေး နဒီက "ဒီအလုပ်မှာ လုပ်နေတဲ့သူတွေက အိမ်ရဲ့ စားဝတ်နေရေးကို တာဝန် ယူထားရတဲ့ သူတွေ များတယ်။ သူတို့ကို ဖမ်းသွားရင် ညီမတွေ၊ အစ်မတွေ ဒီအလုပ်ထဲ ဝင်လုပ်ရမှာပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီအလုပ်လုပ်မှ ကျွန်မတို့ တွေရဲ့ မိသားစု ပြေလည်မှာ"ဟု ရှင်းပြသည်။ နဒီတို့ နေထိုင်သော ရပ်ကွက်တွင်းရှိ မိန်းကလေး အချို့တို့ လုပ်ကိုင်နေသည်မှာ အထည်ချုပ် စက်ရုံ များတွင်ဖြစ်ပြီး ရရှိသည့် လခမှာ ခြောက်သောင်း နီးပါးပင်ဖြစ်သည်။ ယခင်က ဆိုလျှင် သုံးသောင်း ဝန်းကျင်သာ ရရှိခဲ့သည်။ ထိုဝင်ငွေနှင့် မိသားစုဘဝ စားဝတ်နေရေး မလုံလောက် နိုင်သည့်အတွက် မြို့စွန် အထည်ချုပ် စက်ရုံများမှ အလုပ်သမများသည် တစ်ရက်တွင် သောင်းချီငွေဝင်သော လိင်အလုပ်သမ လိုင်းသို့ ကူးပြောင်းလာသူများပြားကြောင်း ယင်းအသိုင်း အဝိုင်းအတွင်းမှ စုံစမ်း သိရှိရသည်။ လွန်ခဲ့သည့် တစ်လကျော် ဝန်းကျင်ကပင် အသက် ၁၄ နှစ်သာရှိသေးသည့် အပျိုစင် စစ်စစ် မိန်းကလေးတစ်ဦးကို မိခင်ဖြစ်သူကိုယ်တိုင် လိင် အလုပ်သမအဖြစ် သွတ်သွင်းရန် အတွက် ဈေးညှိ နှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အန်ဂျီအိုအဖွဲ့ အစည်း တစ်ခုက သိရှိပြီး ထိုမိခင်အား ယင်းကဲ့သို့ လုပ်ဆောင်ခြင်းတွင် သမီးသည် အသက်မပြည့် သေးသည့်အတွက် မိခင်ကို သာမက ငွေကြေးပေး ခေါ်ယူသည့် လိင်ယစ်မူးသူ ကိုပါ အရေးယူနိုင် ကြောင်းတို့ကို ရှင်းပြခဲ့ရသည့် ဖြစ်ရပ် တစ်ခုဖြစ်ပွား ခဲ့သည်။ ထိုအန်ဂျီအို အဖွဲ့အစည်းမှ အမျိုးသမီးက မှတ်ချက်ပေးသည်မှာ "ရှင်းပြလိုက်လို့ ပြန်သွား ပေမယ့် ကျွန်မတို့ မမြင်နိုင်တော့တဲ့ အခြေအနေမှာ ပြန်ဖြစ် သွားနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့ အရေးတကြီး လိုနေတာက ငွေပဲ" ဟုဖြစ်သည်။ ကုလသမဂ္ဂ၏ ထောင်စုနှစ် ပန်းတိုင် ရည်မှန်းချက်အရ ၂၀၁၅ တွင် ဆင်းရဲနွမ်းပါးမှု ထက်ဝက် လျှော့ချရမည် ဖြစ်သည်။ ထို့အတွက် မြန်မာနိုင်ငံ အစိုးရသည် ဆင်းရဲမှုနှုန်းကို ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်း လျှော့ချရမည် ဖြစ်ရာ ယင်းလုပ်ငန်း ဆောင်ရွက်ချက်များ ထိထိ ရောက်ရောက် လုပ်ဆောင်ရာတွင်လည်း စားဝတ် နေရေး မပြေလည်၍ လိင်အလုပ်သမ ဖြစ်သွားရ သည့် လူမှုဘဝများကိုပါ ထည့်သွင်း ရလိမ့်မည်။ လတ်တလောတွင် လိင်အလုပ်သမများကို တရားဝင် လိုင်စင်ပေးရေး၊ မပေးရေးသည် လူထု အကြားငြင်းခုံမှု ကျယ်ကျယ်လောင်လောင် ထွက်လာသည်။ "ပြည့်တန်ဆာတွေကို လိုင်စင် ထုတ်ပေးပြီး တော့ စနစ်တကျနဲ့ လုပ်ဆောင် စေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လိုင်စင် ထုတ်ပေးရင် စနစ် တကျနဲ့ အခွန်ကောက်လို့ရပါတယ်။ စနစ်တကျ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ပေးလို့ ရတယ်" ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်စန္ဒာမင်း၏ ပြောဆိုထား ချက်ကို ပြည်တွင်းထုတ် ဂျာနယ် တစ်စောင်တွင် ဖော်ပြထားသည်။ အသက် ၃၀ ကျော်အရွယ် အလွတ်တန်း သတင်းထောက် တစ်ဦးကမူ "ပြည့်တန်ဆာတွေ ကို ခုချိန်မှာ တရားဝင် လိုင်စင် မပေးသင့်ဘူး။ Rule and Regulation မရှိဘဲနဲ့ သူ့တို့ကို လိုင်စင် ပေးလိုက်လို့ မဖြစ်ဘူး" ဟု မှတ်ချက် ပေးသည်။ စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင်မူ ပြောင်းလဲလာသော ခေတ်ရေစီးကြောင်း အရ ညအချိန် လမ်းပေါ်ထွက်သည့် ညဥ့်ငှက်လို ထွက်လည်နေခြင်းမျိုး သာမက အင်တာနက်၊ ဖုန်းများ ဖြင့် ချိတ်ဆက် ခေါ်ယူနေသည့် ပြည့်တန်ဆာမယ် များလည်း ထွက်ပေါ်နေပြီဖြစ်သည်။ လိင်အလုပ်သမလေး နဒီကမူ "စီးပွားဖြစ် လုပ်နေတာ မဟုတ်ဘူး။ ဝမ်းစာ အတွက် လုပ်နေ တာ။ ဝမ်းစာ အတွက်လောက်တော့ တရားဝင်ရတဲ့ အခြေအနေ ဖြစ်ချင်တယ်"ဟု ရင်ဖွင့် ပြောဆိုသည်။ နိုင်ငံတကာတွင် ပြည့်တန်ဆာလုပ်ငန်းကို မုဒိန်းမှု ကဲ့သို့သော ရာဇဝတ်မှုများ လျော့နည်းစေ ရန်အတွက် တရားဝင် လိုင်စင်များ ချပေးသည်။ သို့သော် မြန်မာနိုင်ငံတွင်မူ တရားဝင် လိုင်စင် ချထားရန် စဉ်းစား ဆွေးနွေးသည့် အဆင့်တွင်ပင် မရောက်သေးပေ။ မြန်မာ့ယဉ်ကျေးမှုနှင့် သွေဖည် သည့် လုပ်ငန်းဖြစ်နေခြင်းဟူသော အကြောင်း ပြချက်ဖြင့် ဖမ်းဆီး အရေးယူနေခြင်း ဖြစ်သည်။ ပြည့်တန်ဆာ လုပ်ကိုင်သူများကို ဖမ်းဆီး အရေးယူသည့်အတွက် ခိုးလုပ်ကြသည်။ အဖမ်းခံ ရမည်ကို စိုးရိမ်ပြီး ကျန်းမာရေး ဆေးစစ်ရန်ပင် မသွားရဲကြ။ အမည်မဖော်လိုတော့ ဒုရဲအုပ် တစ်ဦးကမူ "ကျွန်တော်တို့လည်း မဖမ်းချင်ပါဘူး။ အထက်က ဘယ်နေရာ စီမံချက်လုပ်ဆို ဝင်ဖမ်းရတာပဲ" ဟု မှတ်ချက်ပေးသည်။ ပြည်လမ်းမကြီးသည် ညမီးရောင်များဖြင့် ဝါကြန့်ကြန့် ဖြစ်နေသည်။ အလွှာစုံ ဖြူနီဝါ လိမ်း ခြယ်ထားသည့် တိုတိုရှည်ရှည် ဝတ်ဆင်ထားသော လှပျိုဖြူများ၊ ချစ်သူ ရည်းစားလက်ကို ချိတ်ကာ ဟန်ပါပါ လျှောက်နေသည့် စုံတွဲများ ဥဒဟိုသွား လာနေကြသည်မှာ ည ၈ နာရီ အချိန် ဖြစ်သည်။ နဒီတစ်ယောက်လည်း သာမန် အမျိုးသမီး ကဲ့သို့ပင် စကတ်တိုတို မိတ်ကပ် လိမ်းခြယ်ကာ ကော့ကော့ရွရွ ထွက်လာခဲ့သည်။ တစ်နေရာတည်း တွင် ကြာကြာ ရပ်မနေရဲ။ လမ်းလျှောက်ရင်းနှင့်ပင် သူ၏ ခန္ဓာကိုယ်အပေါ် ယစ်မူး လိုသူများကို ရှာဖွေကာ သွားလာနေရသည်။ ဤသည်မှာ လက်ရှိညဥ့်ငှက် တို့၏ ကြောက်ရွံ့မှုနှင့် ဝမ်းရေးကြားက ရုန်းကန် နေရသည့် ဘဝပင်ဖြစ်သည်။ နဒီက အဝေးကို ကြည့်ရင်းးးးးးး.
............................................................................................................................ 

မူရင်းမှာ http://thevoicemyanmar.com/2/index.php/society/item/3281-%E1%80%8A%E1%80%A5%E1%80%B9%E1%82%95%E1%80%84%E1%80%BD%E1%80%80%E1%80%B9%E1%80%80%E1%80%B1%E1%80%81%E1%80%BA%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7%E1%80%90%E1%80%AD%E1%80%AF%E1%82%94%E1%80%9B%E1%80%B2%E1%82%95-%E1%80%9C%E1%80%BC%E1%80%94%E1%80%B9%E1%80%86%E1%80%B2%E1%80%BC%E1%80%95%E1%80%BC%E1%80%B2.html 

 by ဘဘကြီး ဘဘလတ် 

Written by မင်းထက်စံ၊ ဉာဏ်မျိုးအောင် --

 Posted By Blogger လူဗိုလ်

-ညဉ့်ငှက်ကချေသည့်တို့ရဲ့ လွန်ဆွဲပွဲ-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)