ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 27, 2012

> -ဒို့ဗမာတွေက ကိုယ်တိုင်ပဲ ဂိုးသွင်းချင်ကြတယ်-
ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်ခရိုင်၊
ကျွန်းစုမြို့နယ် မိန့်ခွန်းကောက်နုတ်ချက်
တွင်လည်း ကျမကို နိုင်ငံ့အာဏာလိုချင်လား တဲ့။
လိုချင်တယ်လို့ ကျမကပြောလိုက်တယ် ဒို့ဗမာတွေက ကိုယ်တိုင်ပဲ ဂိုးသွင်းချင်ကြတယ်... ဂိုးသွင်းနိုင်ခြေကို ဖန်တီးမပေးချင်ကြဘူး။ စာတွေဖတ်ပါများလာသောအခါ အတွေးက
 နောက်က ပါလာသည်။ ယခုတလော ဖတ်စရာတွေက အတော်လေးကို များပါသည်။ စာရေးဖို့ အလျင်မမီအောင်ကိုပင် ဖတ်စရာတွေကများသမို့ မနေနိုင် မထိုင်နိုင်ရေးသော စာတိုပေစလေးများကိုပင် မရေးနိုင်ခဲ့ပါ။ သတင်းဆောင်းပါးများကလည်း ဖတ်ရသည်မှာ အတော်ကိုများသည်။ စာပေလွတ်လပ်ခွင့်ရလာသောအခါ လွတ်လပ်ခြင်းအပေါ် အကြောင်းပြုပြီး တစ်ချိန်က ရေးသားဖော်ပြခွင့်မရခဲ့သည့်အရေးများကို ရေးသားခွင့်ရလာသဖြင့် ကျွန်မတို့ စာဖတ်သူများအတွက် ဖတ်စရာတွေက ပိုများလာပါသည်။ ၈၈ အရေးတော်ပုံနှင့် ပတ်သက်သမျှ တစ်စေ့တစ်စောင်း ဖတ်ရသောအခါ အရှေ့က နေ၀န်းထွက်သည့်ပမာ ကဲ့သို့သော စာအုပ်ကြီးမျိုးကို ဖတ်ချင်သည့် အာသာက မပြေနိုင်။ ရေးသားနိုင်သည့်သူများကို ရေးသားစေချင်သည်။ သို့သော် ခေတ်ကာလအရ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရပြီဟုဆိုတိုင်း တာဝန်မဲ့သော စကားများ၊ စာများ ပေါ်ထွက်လာမည်ကိုလည်း စိုးရိမ်မိပါသည်။ တာဝန်ကြီးများကို ထမ်းဆောင်နေကြသည့် ခေါင်းဆောင်များ၏ မိန့်ဆိုချက်များသည် ကမ္ဘာတည်သည့် စကားမျိုးတွေဖြစ်လာချေပြီ။ လူထုကြားထဲပဲပြောပြော၊ သတင်းစာရှင်းလင်းပွဲများမှာပဲ ဆိုဆို စာတင်လာကြပြီဖြစ်၍ စကားတွေလည်း ထိန်းထိန်းသိမ်းသိမ်း ပြောသင့်သည် ဟုအောက်မေ့မိပါသည်။ မိန့်ကြားချက်များကို ကောက်နုတ်ကာ ဂျာနယ်စာမျက်နှာထက်တွင် စာလုံးအနီကြီးများဖြင့် ဖော်ပြထား သည်ကိုဖတ်ရသောအခါ ၀ါကျအထားအသို ကျွမ်းကျင်မှုအားနည်းသောကြောင့်လား၊ သို့တည်းမဟုတ် ပြဋ္ဌာန်းသော စေတနာကပင် ပွဲဆူစေချင်သောစိတ်စေတနာကြောင့်လား မသိ၊ ပြောလိုသည့်အနက်အဓိပ္ပာယ်ကို မရောက်စေဘဲ ထင်ရောင်ထင်မှားဖြစ်စေသော သဘောသက်ရောက်နေသည်ကိုလည်း တွေ့ရသည့်အခါ စိတ်မကောင်းဖြစ်ဖွယ်ဖြစ်သကဲ့သို့ ညီည္ပွတ်ရေးအတွက်လည်း အနှောင့်အယှက်ပြုရာကျပါသည်။

စကားတစ်ခွန်း၏ အဓိပ္ပာယ်က တစ်ခါတစ်ခါ မည်မျှတာသွားနိုင်သည်ကိုလည်း စဉ်းစားတွေးချင့်သင့်ပါသည်။ အတွေးရဲသည်၊ အပြောရဲသည် ဆိုတိုင်း ကောင်းသည်မဟုတ်။ ရဲရဲဝံ့ဝံ့၊ ရဲရဲတောက် ဘာမထီတိုင်းလည်း ကောင်းသည်မဟုတ်။ ဇာတ်သမားစကားက ဇာတ်စင်နှင့် သင့်တော်သလို ဆရာ၊ ဆရာမစကားကလည်း စာသင်ခန်းနှင့် သင့်တော်ပါသည်။ ဇာတ်သမားပေးသည့် ဟာသကို ကျောင်းစာသင်ခန်းထဲ ကျောင်းသားကျောင်းသူတွေ အပျင်းရယ် ပြေပါစေတော့ဟု မပြောကောင်းသည်ကရှိသည်။ လူကြားသူကြား နိုင်ငံတကာအကြား ပြောသည့်စကားက တန်ဖိုးရှိရမည်။ အမေရိကန်သမတကြီးလာစဉ်က သမတကြီးဦးသိန်းစိန်နှင့် တွေ့စဉ် ပြောသည့်စကားကို သမတကြီးက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တိုင်းပြည် အမြတ်ထွက်အောင် တောင်းဆိုခဲ့သည် ဟု ဆိုလိုက်သောအခါ အမြတ်ထွက်အောင် ဆိုသောစကားထက် ကိုယ့်တိုင်းပြည်အကျိုးရှိအောင် ဟု သုံးလိုက်လျှင် မည်မျှကောင်းမည်နည်းဟု တွေးမိပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် မိန့်ခွန်းကောက်နုတ်ချက်တွင်လည်း ကျမကို နိုင်ငံ့အာဏာလိုချင်လား တဲ့။ လိုချင်တယ်လို့ ကျမကပြောလိုက်တယ် .......... စသဖြင့် ဖတ်လိုက်ရသောအခါ ရင်ထဲတွင် အမလေး တ လိုက်မိသည်က - ဂျာနယ်ပညာရှင်များက ဒီလောက်ကလေးကိုပဲ ကောက်နုတ်ကာ စာလုံးအနီကြီးများဖြင့် ထင်ထင်ရှားရှားဖော်ပြခဲ့လျှင် ပြောသူအတွက် မကောင်း။ ဖတ်ရသူကလည်း အကျယ်ကိုမဖတ် ခေါင်းစည်းလေးဖတ်ကာ ပြောချင်ရာတွေ လျှောက်ပြောပေတော့မည်။ အဲဒီ့နောက်ကလိုက်ပြီး ဂိုဏ်းဂဏတွေက ကွဲကြပြဲကြမှကို စိုးရိမ်မိပါသည်။ ဤအတွေးများဖြင့်သာ သမိုင်းအဆက်ဆက်က ကွဲကြပြဲကြသည်ကို စိတ်ရောက်၍ သခင်တင်မြ၏ ဘုံဘ၀မှာဖြင့်ကို ပြန်ဖတ်မိသည်။ ကျွန်မ.. သမီးကို ပြောလေ့ရှိသောစကားရှိပါသည်။ သမီးက ဘောလုံးပွဲကြိုက်သည်။ ဗမာဆိုလည်း နိုင်စေချင်သည်။ ထိုအခါ ကျွန်မက ပြောလိုက်မိသည် - ဒို့ဗမာတွေက ကိုယ်တိုင်ပဲ ဂိုးသွင်းချင်ကြတယ်... ဂိုးသွင်းနိုင်ခြေကို ဖန်တီးမပေးချင်ကြဘူး..ဟူ၍......။

 **ဘာရာဒွါဂျာ (မြန်မာပြည်)**

 by Myat Thi Ha --
 Posted By Blogger လူဗိုလ်

-ဒို့ဗမာတွေက ကိုယ်တိုင်ပဲ ဂိုးသွင်းချင်ကြတယ်-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)