**Public Health**
အဆီဆူဖြိုးသောငါးဟင်းလျာကို သီတင်းတစ်ပတ်လျှင် နှစ်ကြိမ်ခန့် အနည်းဆုံးစားသုံးခြင်းဖြင့် လေဖြတ်ခြင်း
အန္တရာယ် ကို အမှန်တကယ်လျှော့ချစေနိုင်
မည်ဟု နိုင်ငံတကာသုတေသန ပညာရှင်တစ်စုက ပြောကြားသည်။ ပုံမှန်ငါးစားသုံးပေးခြင်းသည် ရောဂါသက်သာ
လျော့ပါး စေနိုင်သည့် သဘာဝဆေးတစ်လက်ဖြစ်ပြီး ငါးအဆီဖြင့် ထုတ်ယူ သည့် အထောက်အပံ့ဆေးဝါးများက ယင်းသို့အကျိုးကျေးဇူးမရှိ ကြောင်း ပညာရှင်များက အတိအကျဆိုသည်။ နိုင်ငံ ၁၅ နိုင်ငံအတွင်း လူ ၈ဝဝဝဝဝ နီးပါးဖြင့် သုတေသန ၃၈ ကြိမ်ပြုလုပ်ကာ ၄င်းတို့သုတေသနအဖွဲ့က သုံးသပ်တင်ပြ ခဲ့ခြင်းဖြစ်ပြီးတွေ့ရှိချက်ကို ဗြိတိန်ဆေးပညာဂျာနယ် ဝက်ဘ်ဆိုက် တွင် သုတေသနအဖွဲ့က ရေးသားတင်ပြခဲ့သည်။ သီတင်းတစ်ပတ်လျှင် နှစ်ကြိမ်မှ လေးကြိမ်အထိ ငါးစားသုံး ခြင်းသည် ပုံမှန်စားသုံးမှုဖြစ်သော်လည်း တစ်ပတ်တွင် တစ်ကြိမ် သို့မဟုတ် အနည်းငယ်သာစားသုံးသူများနှင့် နှိုင်းယှဉ်ပါက ရောဂါဆိုးကျိုး ခြောက်ရာခိုင်နှုန်းသက်သာသည်ကို တွေ့ရှိရ သည်ဟုဆိုသည်။ ထို့ထက်ပို၍ တစ်ပတ်တွင် ငါးကြိမ်နှင့်အထက် ငါးစားသုံး သူများတွင် ရောဂါဆိုးကျိုး ၁၂ ရာခိုင်နှုန်း နည်းပါးသည်ဟု အဆိုပါဂျာနယ်တွင် ရေးသားဖော်ပြထားသည်။ ရသည့် နေ့ထူးနေ့ မြတ်တစ်ခုဖြစ်ပြီး မိမိထောက်ခံမဲပေးသည့် အားလျော်စွာ အစစချောမွေ့အဆင်ပြေစေချင်ကြောင်း ထုတ်ဖော် ပြောဆိုသည်။
(ဒေါက်တာသာစိန်)
-လူထုကျန်းမာရေး (အဆီဆူဖြိုးသောငါးဟင်းလျာကို သီတင်းတစ်ပတ်လျှင်
နှစ်ကြိမ်ခန့် အနည်းဆုံးစားသုံးခြင်းဖြင့် လေဖြတ်ခြင်းအန္တရာယ်
ကို လျှော့ချစေနိုင်)-
အဆီဆူဖြိုးသောငါးဟင်းလျာကို သီတင်းတစ်ပတ်လျှင် နှစ်ကြိမ်ခန့် အနည်းဆုံးစားသုံးခြင်းဖြင့် လေဖြတ်ခြင်း
အန္တရာယ် ကို အမှန်တကယ်လျှော့ချစေနိုင်
မည်ဟု နိုင်ငံတကာသုတေသန ပညာရှင်တစ်စုက ပြောကြားသည်။ ပုံမှန်ငါးစားသုံးပေးခြင်းသည် ရောဂါသက်သာ
လျော့ပါး စေနိုင်သည့် သဘာဝဆေးတစ်လက်ဖြစ်ပြီး ငါးအဆီဖြင့် ထုတ်ယူ သည့် အထောက်အပံ့ဆေးဝါးများက ယင်းသို့အကျိုးကျေးဇူးမရှိ ကြောင်း ပညာရှင်များက အတိအကျဆိုသည်။ နိုင်ငံ ၁၅ နိုင်ငံအတွင်း လူ ၈ဝဝဝဝဝ နီးပါးဖြင့် သုတေသန ၃၈ ကြိမ်ပြုလုပ်ကာ ၄င်းတို့သုတေသနအဖွဲ့က သုံးသပ်တင်ပြ ခဲ့ခြင်းဖြစ်ပြီးတွေ့ရှိချက်ကို ဗြိတိန်ဆေးပညာဂျာနယ် ဝက်ဘ်ဆိုက် တွင် သုတေသနအဖွဲ့က ရေးသားတင်ပြခဲ့သည်။ သီတင်းတစ်ပတ်လျှင် နှစ်ကြိမ်မှ လေးကြိမ်အထိ ငါးစားသုံး ခြင်းသည် ပုံမှန်စားသုံးမှုဖြစ်သော်လည်း တစ်ပတ်တွင် တစ်ကြိမ် သို့မဟုတ် အနည်းငယ်သာစားသုံးသူများနှင့် နှိုင်းယှဉ်ပါက ရောဂါဆိုးကျိုး ခြောက်ရာခိုင်နှုန်းသက်သာသည်ကို တွေ့ရှိရ သည်ဟုဆိုသည်။ ထို့ထက်ပို၍ တစ်ပတ်တွင် ငါးကြိမ်နှင့်အထက် ငါးစားသုံး သူများတွင် ရောဂါဆိုးကျိုး ၁၂ ရာခိုင်နှုန်း နည်းပါးသည်ဟု အဆိုပါဂျာနယ်တွင် ရေးသားဖော်ပြထားသည်။ ရသည့် နေ့ထူးနေ့ မြတ်တစ်ခုဖြစ်ပြီး မိမိထောက်ခံမဲပေးသည့် အားလျော်စွာ အစစချောမွေ့အဆင်ပြေစေချင်ကြောင်း ထုတ်ဖော် ပြောဆိုသည်။
(ဒေါက်တာသာစိန်)

No comments:
Post a Comment