-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**ဘုရင်မကြီး အဲလိဇဘတ်၏ ခရစ္စမတ်နေ့မိန့်ခွန်းကို ပထမ ဆုံးအကြိမ် သရီးဒီ
နည်းပညာဖြင့် ထုတ်လွှင့်မည်**
ခရစ္စမတ်နေ့မိန့်ခွန်း ဘုရင်မကြီး အဲလိဇဘတ်၏ ခရစ္စမတ်နေ့မိန့်ခွန်းကို ၁၉၅၇ ခုနှစ်က တီဗွီရုပ်သံလိုင်းမှ ထုတ်လွှင့်ဖော်ပြခဲ့ပြီး
ယခုအခါ သူမ၏ မိန့်ခွန်းကို ပထမ ဆုံး
အကြိမ် သရီးဒီနည်းပညာဖြင့် အသံသွင်းပြီး ဗြိတိန်နိုင်ငံနှင့် အခြားသော ဓနသဟာယနိုင်ငံ
များသို့ ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ထုတ်လွှင့်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို မသိရသေးသော်လည်း ဘုရင်မကြီး၏ စိန်ရတုနှစ်ပတ်လည် အခမ်းအနားနှင့် လန်ဒန်အိုလံပစ် အားကစားပြိုင်ပွဲများကဲ့သို့ အမှတ်တရ မှတ်တမ်းရုပ်ရှင်အဖြစ် ထားရှိသွားဖွယ်ရှိ ကြောင်း၊ အဆိုပါ သရီးဒီဖြင့် ရိုက်ကူးထား သော မိန့်ခွန်းအာှးုပ နြတျ ရုပ်သံ လိုင်းမှ ထုတ်လွှင့်ပြသခဲ့သည်ကို ကြည့်ရှု ပြီးနောက် ဘုရင်မကြီးက ကျေနပ်မှုရှိ သည်ဟု ပြောကြားခဲ့ကြောင်း ပြောရေး ဆိုခွင့်ရှိသူများက ဆိုသည်။
** အဘွားဖြစ်သူအား ရည်စူး၍ ငွေ လှူဒါန်းခဲ့သောရီဟားနား**
ပေါ့ပ်အဆိုတော် ရီဟားနားက ကာရေဘီယန်ကျွန်းစုနိုင်ငံ ဘာဘဒိုးစ်ရှိ ဆေးရုံတစ်ရုံသို့ ပြီးခဲ့သည့် ဇွန်လက ကွယ်လွန်ခဲ့သည့် အဘွားဖြစ်သူအား ရည်စူး၍ အမေရိကန် ဒေါ်လာ ၁ ဒသမ ၇၅သန်း လှူဒါန်းခဲ့ကြောင်း သိရ သည်။ အသက် (၂၄)နှစ်အရွယ်ရှိ ပေါ့ပ်ကြယ်ပွင့် ရီဟားနားက ယင်းဆေးရုံသို့ ဆေးပညာဆိုင်ရာအသုံးအဆောင်ပစ္စည်းသုံးမျိုး ပေးအပ်လှူဒါန်းခဲ့ပြီး '' ဒီလှူဒါန်းမှုတွေက ဒီဆေးရုံမှာ ကုသ နေကြတဲ့ လူနာတွေအပေါ် အကျိုးသက်ရောက်မှု အများအပြား ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီပစ္စည်းကိရိယာတွေနဲ့ လူတွေ ရဲ့အသက်ကို ကယ်တင်ခြင်း (သို့မဟုတ်) သူတို့ရဲ့ သက်တမ်းကို ဆွဲဆန့်ထားနိုင်လိမ့်မယ်လို့ ထင်ပါတယ်'' ဟု ရီဟားနားက ပြောကြားခဲ့သည်။ ရီဟားနား၏ အဘွားဖြစ်သူ ကလာရာဒေါ်လီဘရိသ်ဝိတ် သည် ကာလရှည်ကြာစွာ ကင်ဆာရောဂါ ခံစားခဲ့ရပြီး ဇွန် ၃ဝ ရက်က ယင်းဆေးရုံ၌ ကွယ်လွန်ခဲ့သည်။ ယခုအခါ အဆိုပါ ဆေးရုံ၏ ဓာတ်ရောင်ခြည်ဖြင့်ရောဂါကုသဆောင်ကို ကလာရာ ဘရိသ်ဝိတ်စင်တာဟု အမည်ပြောင်းလဲမှည့်ခေါ်ထားကြောင်း သိရသည်။ ရီဟားနားက သူမ၏ ဥရောပဂီတခရီးစဉ်အပြီး အဘွား ဖြစ်သူ၏ နောက်ဆုံးအချိန်အနည်းငယ်ကို အတူနေပေးခွင့်ရခဲ့ ကြောင်း၊ အဘွားဖြစ်သူ ကွယ်လွန်ခဲ့သည့်နေ့က သူမ၏ တွစ်တာ စာမျက်နှာတွင် ¤င်းတို့နှစ်ဦး၏ ဓာတ်ပုံများ တင်ထားခဲ့ပြီး '' ကျွန်မရဲ့ နှလုံးသားထဲမှာ အပြုံးတွေနဲ့ ပူဆွေးမှုတွေ တစ်ပြိုင် တည်း ဖြစ်ပေါ်နေပါတယ်'' ဟု ရေးသားဖော်ပြသွားခဲ့သည်။ ဘာဘဒိုးစ်၌ မွေးဖွားကြီးပြင်းလာခဲ့ရသည့် ရီဟားနား သည် ယခုအခါ ကမ္ဘာ့ဂီတလောကတွင် အအောင်မြင်ဆုံး အမျိုး သမီးဂီတကြယ်ပွင့်များအနက် တစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ရက်သတ္တ ပတ်က ဖော်ပြခဲ့သည့် ၂ဝ၁၂ ခုနှစ်အတွင်း ကမ္ဘာ့ဂီတလောက၏ ဝင်ငွေအများဆုံးရရှိလျက်ရှိသည့် အမျိုးသမီး ၁ဝ ဦးစာရင်းတွင် တတိယနေရာ၌ ရပ်တည်နေသည်။ မကြာခင်က ထွက်ရှိခဲ့သည့် ရီဟားနား၏\Unapologetic အယ်လ်ဘမ်သည် အမေရိကန်နိုင်ငံ၌ နံပါတ်တစ်စာရင်းဝင်ဖြစ် ခဲ့ပြီး ယခုနောက်ထပ်ထွက်ရှိခဲ့သည့် တစ်ကိုယ်တော်အယ်လ်ဘမ် Diamonds မှာလည်း တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် အောင်မြင်မှုများစွာ ရရှိလျက်ရှိနေကြောင်း သိရသည်။
** ဘရာဇီးကွင်းလယ်ကစားသမား ပေါလင်ဟိုအား မန်စီးတီးက ခေါ်ယူရန် ကမ်းလှမ်း**
ဘရာဇီးကွင်းလယ်ကစားသမား ပေါလင်ဟိုအား ပရီမီယာလိဂ်ချန်ပီယံ မန်စီးတီးက စာချုပ်ရန် ဆွေးနွေးနေပြီ ဖြစ်သည်။ ကွင်းလယ်ကစားသမား ပေါ လင်ဟိုသည် ဘရာဇီးချန်ပီယံ ကိုရင်သီ ယန်ကလပ်တွင် ကစားလျက်ရှိသည်။ ၄င်းအား မန်စီးတီအသင်းက ဒေါ်လာ ၁၈ သန်းဖြင့် ခေါ်ယူရန် ကမ်းလှမ်း ထားသည်ဟု ဆိုသည်။ ကိုရင်သီယန်အ သင်းသည် လွန်ခဲ့သည့် သီတင်းပတ်က ဂျပန်နိုင်ငံ၌ ဥရောပချန်ပီယံချယ်လ်ဆီး အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် နိုင်ပြီး ကမ္ဘာ့ကလပ်ချန်ပီယံဆုဖလား ဆွတ်ခူး ခဲ့သည်။ ယင်းပြိုင်ပွဲတွင် ကွင်းလယ် ကစားသမား ပေါလင်ဟိုလည်း ခြေစွမ်း ပြပါဝင်ကစားခဲ့သည်။ မန်စီးတီးအသင်း မှ ယာယာတိုရေးသည် အာဖရိကနိုင်ငံ များဖလားတွင် ပါဝင်ကစားရမည်ဖြစ် ၍ ဇန်နဝါရီပြိုင်ပွဲများနှင့် လွဲချော်နိုင် သည်။ ၄င်းနေရာတွင် ပေါလင်ဟိုအနေ ဖြင့် ပါဝင်ကစားရဖွယ်ရှိသည်။ (ဆင်ဟွာ)
(လူဘန်ဂို ဒီဇင်ဘာ ၂၅)
အာဖရိကနိုင်ငံများဖလားဘောလုံးပြိုင်ပွဲကို လာမည့် ဇန်နဝါရီလထဲတွင် ကျင်းပမည်ဖြစ်ရာ နိုင်ဂျီးရီးယားအသင်းအတွက် အားကစားသမား ၃၂ ဦးကို ရွေးချယ်ထားသည်။ နိုင်ဂျီးရီးယားအသင်းသည် အုပ်စု (ဃ) တွင်ပါဝင်ပြီး လက်ရှိချန်ပီယံဇမ်ဘီယာ၊ ဘာကီနာဖာဆိုနှင့် အီသီယိုးပီးယားအသင်းတို့နှင့် ကစားရမည်ဖြည်သည်။ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ဇန်နဝါရီ ၁၉ ရက်တွင် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ (ရိုက်တာ)
**အားကစားသတင်းအတိုအထွာများ**
မန်စီးတီးအသင်းမှ အားကစားဒါရိုက်တာတစ်ဦးဖြစ်သူ ဘီဂီရစ် စတိန်းသည် အာဆင်နယ်တိုက်စစ်မှူး ဝေါကော့သ်အား ခေါ်ယူနိုင်ရေး ဆွေးနွေး လျက်ရှိသည်။
တူရကီဂိုးသမား အသက် ၂၄ နှစ်အရွယ်ရှိ ဆီနန်ဘိုလက်အား ပြောင်းရွှေ့ကြေး ပေါင် ၈ဝဝဝဝဝ ဖြင့် ခေါ်ယူရန် ဖူလ်ဟမ်က စီစဉ်လျက်ရှိသည်။
ဘရစ်တန်အသင်းမှ တောင်ပံကစားသမား ဝီလ်ဘက်လေအား ဆောက်သမ်ပတန်အသင်းနည်းပြ နီရယ်အက်ကင်စ်က လာမည့်ဇန်နဝါရီ အပြောင်း အရွှေ့၌ ခေါ်ယူရန် ကြိုးစားလျက်ရှိသည်။
ချယ်လ်ဆီးမှ ဝက်စ်ဘရွန်းအသင်းသို့ အငှားချထားသော အသက် ၁၉ နှစ်အရွယ်တိုက်စစ်မှူး လူကာဘူက ရာသီကုန်သည်အထိ ဝက်စ်ဘရွန်း၌သာ ကစားလိုကြောင်း ထုတ်ဖော်ပြောကြားသည်။
ဝေလတိုက်စစ်မှူး အသက် ၂၉ နှစ် အရွယ်ရှိ စတိဗ်မောရစ်ဆင်အား ဗီလာအသင်းက ခေါ်ယူစာချုပ်ရန် ပြင်ဆင်လျက်ရှိသည်။
မန်စီးတီးတောင်ပံကစားသမား အသက် ၂၃ နှစ်အရွယ်ရှိ ဆင်က လဲယားအား အဲဗာတန်က အငှားစာချုပ်ဖြင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလ၌ ခေါ်ယူမည်ဖြစ်သည်။
အမေရိကန်ဂိုးသမား အသက် ၄၁ နှစ်အရွယ်ရှိ ဘရက်ဖရစ်ဒယ်အား စပါးအသင်းက ခေါ်ယူမည်ဖြစ်သည်။
ကီလ်မာနော့ခ်အသင်းမှ အသက် ၂၂ နှစ်အရွယ်ကွင်းလယ်ကစား သမားလိန်ကီလီအား ဝက်စ်ဟမ်းနှင့် နော့ဝှစ်အသင်းတို့ကခေါ်ယူရန် အပြိုင် ကြိုးစားလျက်ရှိသည်။
ရှော်လ်ကေးအသင်းတိုက်စစ်မှူး ဟန်တေလာအား စာချုပ်သစ်ချုပ် ဆိုလိုက်ပြီးဖြစ်ရာ အာဆင်နယ်အသင်းက ခေါ်ယူရေးကြိုးစားမှုမှာ ပျက်ပြယ် သွားပြီဖြစ်သည်။
ရက်ဒင်းမှရုရှားတိုက်စစ်မှူး ပေါလ်ပိုဂရီဘက်အား စာချုပ်သစ်ချုပ် ဆိုရေးအတွက် အသင်းပိုင်ရှင်နှင့်တာဝန်ရှိသူများ ဆွေးနွေးလျက်ရှိသည်။
ဗီလာကို နှစ်ဂိုးပြတ်အနိုင်ယူခဲ့သည့် ချယ်လ်ဆီးမှ နောက်ခံလူ ကာ တေးလ်က မိမိတို့သည် ပရီမီယာလိဂ်ဖလားရယူရေး လမ်းကြောင်းပေါ်မှ သွေဖည်မှု မရှိသေးကြောင်း ထုတ်ဖော်ပြောကြားသည်။
လီဗာပူးအသင်းနည်းပြ ရော့စ်ဂျားစ်က အသင်းခေါင်းဆောင် ဂျရတ် အား စာချုပ်သစ်ထပ်မံချုပ်ဆိုရန် ကမ်းလှမ်းထားသည်။
လီဗာပူးနောက်ခံကစားသမားဟောင်း စတိဗ်နီကိုလ်က တိုက်စစ်မှူး ဒေါင်းနင်းသည် အရည်အချင်းပြည့်ဝသော တိုက်စစ်မှူးမဟုတ်ကြောင်း ပြစ်တင် ဝေဖန်လိုက်သည်။
မန်ယူနည်းပြ ဖာဂူဆန်က ဆွမ်ဆီးတိုက်စစ်မှူး အသက် ၂၆ နှစ် အရွယ်ရှိ မီချူအား ခေါ်ယူရန် ကြိုးစားသွားမည်ဟု ထုတ်ဖော်ပြောကြားသည်။
စုစည်းဘာသာပြန် - မောင်ချစ်ကြည်