(နေပြည်တော် ဒီဇင်ဘာ ၂၅)
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ အလုပ် သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး၏ ဖိတ်ခေါ်မှုအရ ဒီဇင်ဘာ ၂၂ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ရောက်ရှိပြီး ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနဝန်ကြီး Mr. Phadermchai Sasomsub ဦးဆောင်သော ထိုင်းကိုယ်စားလှယ်အဖွဲ့နှင့် ဗန်ကောက်မြို့ရှိ Millinium Hilton Hotel၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများအားလုံးအတွက် လက်ရှိဆောင်ရွက်နေသော ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးခြင်း၊ ယာယီနိုင်ငံကူးလက်မှတ်သက်တမ်းတိုးပေးခြင်း၊ယာယီ နိုင်ငံကူးလက်မှတ်ပျောက်ဆုံးပျက်စီး၍
ပြန်လည်ထုတ်ပေးခြင်းလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ထိုင်းနိုင်ငံ အတွင်းရှိ လက်ရှိစခန်း ငါးခုကို သုံးလထပ်မံသက်တမ်းတိုးမြှင့်ဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်ရန် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးနှင့် ဆွေးနွေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၂၄ ရက်တွင် ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်Mr. Chalern Yoobanrung နှင့် တွေ့ဆုံ၍ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများနှင့်ပတ်သက်သည့်ကိစ္စရပ်များအား ဆွေးနွေးညှိနှိုင်းခဲ့ပြီး ယင်းနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြောင်း သတင်းရရှိ သည်။ (သတင်းစဉ်)
- ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍
ထိုင်းနိုင်ငံ သို့သွားရောက် ဆွေးနွေး-

No comments:
Post a Comment