ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, December 26, 2012

> -ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**အင်္ဂါဂြိုဟ် သို့အသွားအပြန်ပြေးဆွဲနိုင်သည့် ဒုံးပျံယာဉ်**
 (နာဆာ ဒီဇင်ဘာ ၂၅)
 အာကာသသိပ္ပံခရီးစဉ်တွင် ကြီးစွာသောပြောင်းလဲမှုတစ်ရပ်အဖြစ် ပြန်လည်
အသုံးပြုနိုင်သည့် အာကာသယာဉ်များလွှတ်တင်နိုင်ရေး
စီမံကိန်းကို အာကာသစူးစမ်းရေးနည်းပညာကော်ပိုရေးရှင်း စပေ့အိတ်ခ်ျကစွမ်းဆောင်လျက်ရှိရာ အောင်မြင်မှုခြေလှမ်းတစ်ရပ် စတင်နိုင်ခဲ့ပြီဖြစ်ကြောင်း အင်တာနက် သတင်းတွင်ဒီဇင်ဘာ ၂၄ ရက်က ဖော်ပြသည်။ စပေ့အိတ်ခ်ျကုမ္ပဏီက တီထွင်ထားသော ဂရတ်စ်ဟော့ပါဟု အမည်ပေးထားသည့် ပြန်လည်အသုံးပြုနိုင်သည့်ဒုံးပျံကို အောင်မြင်စွာပစ်လွှတ်ခဲ့ပြီး မြေပြင်ဒုံးပစ်စင်ပေါ်သို့
 ချောမွေ့စွာ ဆင်းသက်လာနိုင်ခဲ့သည့်ဗီဒီယို မှတ်တမ်းကို ဒီဇင်ဘာ ၂၄ ရက်က စပေ့အိတ်ခ်ျကုမ္ပဏီက ထုတ်လွှင့်ပြသခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဒုံးပျံယာဉ်စမ်းသပ်ပစ်လွှတ်မှုကို အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်အတွင်း ဒီဇင်ဘာ ၁၇ရက်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုမှ မှတ်တမ်းဗီဒီယိုကို ထုတ်လွှင့်ခြင်းဖြစ်သည်။ ဂရတ်စ်ဟော့ပါဒုံးပျံယာဉ်သည် အမြင့် ၁၃၁ ပေအထိထိုးတက်သွားခဲ့ပြီးနောက် ပျံဝဲနေစဉ်တွန်းကန်အား ကိုဖြတ်တောက်၍ လီဗာထိန်းချုပ်မှုဖြင့် ဒုံးလွှတ်စင်ပေါ်သို့ ချောချောမောမော ပြန်လည်ဆင်းသက်နိုင်ခဲ့ခြင်း ဖြစ်သည်။ စမ်းသပ်မှုတစ်ခုလုံး၏ ကြာချိန်မှာ ၂၉ စက္ကန့်သာကြာခဲ့သည်။ ဒုံးပျံယာဉ်များ လွှတ်တင်မှုကုန်ကျစရိတ်ကို လျှော့ချနိုင်ရေးအတွက် စပေ့အိတ်ခ်ျကုမ္ပဏီသည် မြေပြင်သို့ ရည်မှန်းရာ ပန်းတိုင်ကိုရောက်ဖို့ရန် အတော်အလှမ်းဝေးသေးသည်ဟု ဆိုသည်။ ယခုဒုံးပျံယာဉ်ကို တီထွင်ရခြင်းမှာ စပေ့အိတ်ခ်ျတည်ထောင်သူ အီလွန်မတ်ခ်ျ၏ အင်္ဂါဂြိုဟ်ပေါ်တွင် စိတ်ကူးမှာ အင်္ဂါဂြိုဟ်ပေါ်တွင် နေထိုင်မည့်သူများနှင့် ကမ္ဘာမြေသို့ပြန်လာမည့်သူများကို ဒုံးယာဉ်တစ်စင်း တည်းဖြင့် လွန်းပြန်သယ်ပို့နိုင်ရေးဖြစ်သည်။ ထိုသို့သော ဒုံးပျံယာဉ်များလွှတ်တင်မှုကို စပေ့အိတ်ခ်ျကုမ္ပဏီက ယခင်ကလည်း စမ်းသပ်ခဲ့သည်။ နိုဝင်ဘာလအတွင်းက စမ်းသပ်မှုတွင် ၁၇ ဒသမ ၇ ပေအမြင့်သို့ ဒုံးပျံယာဉ်ရောက်ရှိသည်။ အစောဆုံး စမ်းသပ်မှုဖြစ်သည့် စက်တင်ဘာလအတွင်းက ပစ်လွှတ်မှုတွင် ဒုံးပျံယာဉ်သည် ခြောက်ပေအမြင့်သာ ရောက်ရှိခဲ့သည်။ (အင်တာနက်)

**နီပေါနိုင်ငံ တွင်ဆင်ပွဲတော်ကျင်းပမည်.. ဆင်ဘောလုံးပွဲနှင့် ဆင်အပြေးပြိုင်ပွဲများပါဝင်**
 (ခတ္တမန္ဒူ ဒီဇင်ဘာ ၂၅)
နီပေါနိုင်ငံ၏ ခရီးသွားလုပ်ငန်း မဏ္ဍိုင်ဖြစ်သည့် ချစ်ဝမ်တွင် ဒီဇင်ဘာ ၂၆ရက်၌ စတင်မည့်နဝမအကြိမ်မြောက် နိုင်ငံတကာဆင်ပြိုင်ပွဲအတွက်နောက်ဆုံး ပြင်ဆင်မှုများပြီးစီးသွားပြီဖြစ်ကြောင်း ပြိုင်ပွဲစီစဉ်သူများက ပြောကြားသည်။ အဆိုပါဆင်ပြိုင်ပွဲကို ပိုမိုစိတ်ဝင် စားမှုရှိအောင်နှင့် ပိုမိုတိုးတက်ကောင်း မွန်အောင် မိမိတို့ ကြိုးစားလုပ်ဆောင် ထားပါကြောင်း ဒေသဆိုင်ရာ ဟိုတယ် အဖွဲ့ အထွေထွေအတွင်းရေးမှူးနှင့် ပြိုင်ပွဲစီစဉ်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆူမန်ဂီမီရီက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။ ကမ္ဘာလှည့်ခရီးသွား အများစုက ချစ်ဝမ်ဆင်ပွဲတော်ဟု အသိများသည့် သုံးရက်တာဆင်နွှဲမည့် ယင်းပွဲတော်တွင် ဆင်အပြေးပြိုင်ပွဲ၊ ဆင်ဘောလုံးကန် ပြိုင်ပွဲ၊ ဆင်အလှပြိုင်ပွဲနှင့် အခြားသော ယဉ်ကျေးမှုဆိုင်ရာပြပွဲများ ပါဝင်မည် ဖြစ်သည်။ အပြေးပြိုင်ပွဲတွင် ဆင်အကောင် ရေ ၂၄ ကောင်၊ ဘောလုံးပြိုင်ပွဲတွင် ဆင်အကောင်ရေ ရှစ်ကောင်နှင့်အလှ ပြိုင်ပွဲတွင် ဆင်အကောင်ရေ ငါးကောင် တို့ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဂီမီရီက ဆက်လက်ပြောကြားသည်။ အဆိုပါဆင်ပွဲတော်အတွက် ကမ္ဘာ လှည့်ခရီးသည်အများအပြားသည် ချစ် ဝမ်သို့ စုပြုံရောက်ရှိနေပြီဖြစ်သည်။ '' ဒီနိုင်ငံတကာ ဆင်ပြိုင်ပွဲကြီးက ပိုမိုကောင်းမွန်တဲ့ ပြိုင်ပွဲဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဆင်တွေဟာ ထူးခြားအံ့သြဖွယ်ကောင်းတဲ့ သတ္တဝါ တွေပါ'' ဟု သြစတြေးလျမှ နီဗလီ နေးလ်က ဆင်ဟွာသို့ ပြောကြား သည်။ (ဆင်ဟွာ)  

**ပါကစ္စတန်၌ ကျောက်မီးသွေးတွင်းပေါက်ကွဲ အလုပ်သမားရှစ်ဦးထက်မနည်း သေဆုံး**

 (အစ္စလာမ္မာဘတ် ဒီဇင်ဘာ ၂၅) 
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျောက်မီးသွေးတွင်းတစ်တွင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အလုပ်သမားရှစ်ဦး ထက်မနည်းသေဆုံးပြီး ၅ဝ ခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ဒီဇင်ဘာ ၂၅ ရက်တွင် သတင်း ထုတ်ပြန်သည်။ ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းရှိ တိုင်းရင်းသားလူမျိုးစုများနေထိုင်ရာ အိုရက်ဇိုင်းခရိုင် ဒိုလီဒေသရှိ ကျောက်မီး သွေးတွင်းတွင် ဒီဇင်ဘာ ၂၄ ရက် နံနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ မတော်တဆမှုဖြစ်ပွားချိန်တွင် ကျောက်မီးသွေးတွင်း၌ အလုပ်သမား ၆ဝ ခန့် အလုပ်လုပ်နေခဲ့ကြောင်း၊ ပေါက်ကွဲမှု မဖြစ်ပွားမီ မိနစ်အနည်းငယ်အလိုတွင် အလုပ်သမား ၂ဝ ကျော်ခန့်မှာ နံနက်စာစားသုံးရန် မိုင်းတွင်းအပြင်ဘက်သို့ ထွက်ခွာလာ ခဲ့ကြသဖြင့် ¤င်းတို့မှာ ဘေးဥပဒ်မှလွတ်မြောက်ခဲ့ကြရကြောင်း တာဝန်ရှိသူများက ပြောကြားကြသည်။ ယင်းကျောက်မီးသွေးတွင်း၌ လေဝင်လေထွက်မကောင်းသဖြင့် ဓာတ်ငွေ့စုဝေးရာမှ ပေါက်ကွဲမှုဖြစ်ပွားရသည်ဟု ယူဆ ရကြောင်း ပဏာမစုံစမ်းစစ်ဆေးမှုအရသိရသည်။ အလုပ်သမားခုနစ်ဦးထက်မနည်းပွဲချင်းပြီးသေဆုံးခဲ့ရပြီး အလုပ်သမားအချို့ထိခိုက်ဒဏ်ရာရခြင်းနှင့် သတိလစ်မေ့မြော ခြင်းတို့ဖြစ်ခဲ့ရကြောင်း၊ အလုပ်သမားတစ်ဦးမှာ ဆေးရုံသို့တင်ပို့စဉ်လမ်းခုလတ်မှာပင် သေဆုံးခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

(ဆင်ဟွာ)

**ဂျပန် အနိုင်ရ ပါတီ၂ခုညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် သဘောတူညီ**
 (တိုကျို ဒီဇင်ဘာ ၂၅) 
အနိုင်ရ ဂျပန်လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (အယ်လ်ဒီပီ)နှင့် ၄င်း၏ အဓိက မဟာမိတ်ပါတီဖြစ်သည့် နယူးကိုမိတိုပါတီတို့သည် ဒီဇင်ဘာ ၂၅ ရက် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် သဘောတူညီလိုက်ပြီဖြစ်ကြောင်း ဂျပန်ကျိုဒိုသတင်း အေဂျင်စီက သတင်းဖော်ပြသည်။ အဆိုပါ သဘောတူညီချက်ကို အယ်လ်ဒီပီပါတီခေါင်းဆောင် ရှင်ဇိုအာဘေးနှင့် နယူးကိုမိတိုပါတီခေါင်းဆောင် နာဆူအိုယာမာကူချီတို့က ထို့နေ့ မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးအပြီး သဘောတူလက်မှတ်ရေးထိုးလိုက်ကြသည်။ ရှင်ဇိုအာဘေးသည် ဒီဇင်ဘာ ၂၆ ရက်တွင် ကျင်းပမည့် ဒိုင်းယက်လွှတ်တော်တွင် ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်သစ်ဖြစ်လာမည်ဟု မျှော်လင့်ရပြီး ၄င်းအနေဖြင့် အစိုးရအဖွဲ့ ကိုလည်း ချက်ချင်းဖွဲ့စည်းလိမ့်မည်ဟု ဆိုသည်။ (ဆင်ဟွာ) 

**ကွန်ဂိုတွင်ြပည်တွင်းစစ် ဖြစ်ပွားခဲ့ပြီးနောက် ကလေးရာ ပေါင်းများစွာမိဘများနှင့်ကွဲကွာလျက်ရှိ**
 (ကွန်ဂို ဒီဇင်ဘာ ၂၅) 
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ၏အရှေ့ပိုင်းတွင် မကြာမီက ဖြစ်ပွားခဲ့ သောတိုက်ပွဲများကြောင့် လူတစ်သန်း နီးပါးကွဲကွာခဲ့ရပြီးနောက် ကလေးရာ ပေါင်းများစွာ ယင်းတို့၏မိဘများနှင့် ကွဲကွာလျက်ရှိကြောင်း ကုလသမဂ္ဂ အေဂျင်စီိက ဒီဇင်ဘာ ၂၅ ရက်တွင်ပြော ကြားသည်။ ကွန်ဂိုအစိုးရတပ်များနှင့် အမ်-၂၃ သူပုန်အဖွဲ့တို့သည် ဂိုမာမြို့အရှေ့ပိုင်း ၌တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လူတစ်သန်း နီးပါးနေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြ ရသည်။ယင်းတို့အထဲတွင် ကလေးများ လည်းပါဝင်သည်။ ယင်းတို့၏ မိဘများ နှင့်ခွဲ၍ ခြေဦးတည့်ရာ ထွက်ပြေးခဲ့ကြရ သည်။ ယခုအခါ အသက်ခြောက်လမှ ၁၄ နှစ်အတွင်းရှိ ကလေး ၇၇၆ ဦး မိဘများနှင့် ကွဲကွာလျက်ရှိကြောင်း၊ ယင်းတို့တွင် မိန်းကလေး ၄၂၉ ဦးပါ ဝင်ကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်)က ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြားသည်။ ကုလသမဂ္ဂအေဂျင်စီအနေဖြင့် ဂို မာမြို့ဝန်းကျင်ရှိ ပြန်လည်နေရာချထား ရေးစခန်းများ၌ ကလေးငယ်များ၏ ဓာတ်ပုံများ လှည့်လည်ပြသပေးခြင်းဖြင့် ကလေးနှင့်မိဘ ပေါင်းစည်းရေးဆောင် ရွက်ပေးနေကြောင်း ကွန်ဂိုအရှေ့ပိုင်း ယူနီဆက်ညှိနှိုင်းရေးမှူး ဂျင်းမီတင်းနီး ယားက ပြောကြားခဲ့သည်။ (ပရက်စ်တီဗွီ) 

 ** အာဖရိကရှိနိုင်ငံ ၃၅ နိုင်ငံသို့ အမေရိကန်တပ်ဖွဲ့ဝင်များ စေလွှတ်မည်** 

(ဝါရှင်တန် ဒီဇင်ဘာ ၂၅) 
အာဖရိကနိုင်ငံများတွင် လာမည့်နှစ်၌ တပ်ဖွဲ့ဝင်ဒါဇင်ပေါင်းများစွာ စေလွှတ်တပ်ချထားရန် အမေရိကန်စစ်တပ်ကပြင်ဆင်လျက်ရှိကြောင်း ပရက်စ်တီဗွီသတင်းတွင် ဒီဇင်ဘာ ၂၄ ရက်က ဖော်ပြသည်။ အမေရိကန်တပ်ဖွဲ့ဝင်များ စေလွှတ်မည့် အာဖရိကနိုင်ငံများတွင် လစ်ဗျား၊ ဆူဒန်၊ အယ်ဂျီးရီးယားနှင့် နိုင်ဂျာစသည့်နိုင်ငံများ ပါဝင်ကြောင်း သိရသည်။ ထိုအာဖရိကနိုင်ငံများရှိ အစွန်းရောက်တပ်ဖွဲ့များကို ချေမှုန်းတိုက်ခိုက်နိုင်ရန် လေ့ကျင့်သင်တန်းပေးရေး အတွက် ယခုကဲ့သို့ တပ်ဖွဲ့ဝင်များ စေလွှတ်ရခြင်းဖြစ်ကြောင်း ပင်တဂွန်က ပြောကြားသည်။ ယခုအစီအစဉ်တွင် အာဖရိကရှိနိုင်ငံ ၃၅ နိုင်ငံသို့ တပ်ဖွဲ့ငယ်များစေလွှတ်မည်ဖြစ်သည်။ ယင်းအမေရိကန် တပ်ဖွဲ့ဝင်များသည် အာဖရိကတစ်ဝန်းတွင် လေ့ကျင့်ရေးအစီအစဉ်တစ်ရာနီးပါးကို လေ့ကျင့်သင်တန်းပေးမည်ဖြစ်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြသည်။ (ပရက်စ်တီဗွီ) 

 စုစည်းဘာသာပြန် - မြင့်မောင်စိုး

-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)