**မြန်မာ-ထိုင်း အလုပ်သမားရေးရာ
ညှိနှိုင်းအစည်းအဝေး
ထိုင်းနိုင်ငံ၌ ကျင်းပမည်**
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်း
ထုတ်ပြန်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက် (၃/၂ဝ၁၂)
၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ဝ ရက်
(၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်)
၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့
ပူးပေါင်းပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားများ
အတွက် အစည်းအဝေးများ ကျင်းပ၍ ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိရာ ယခုအခါ
(၁၂) ကြိမ်မြောက် မြန်မာ-ထိုင်း အလုပ်သမားရေးရာ
ညှိနှိုင်း အစည်းအဝေးကို ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ကျင်းပသွားမည် ဖြစ်ပါသည်။.............. http://waymin007.blogspot.com/
ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမားတွေဟာ မြန်မာ-ထိုင်း အလုပ်သမားရေးရာ ညှိနှိုင်းအစည်းအဝေး တွေလုပ်နေပါစေ မြန်မာအလုပ်သားတွေကိုတော့ အလုပ်သမားအခွင့်အရေးလေူ့အခွင့်အရေးတွေခီူးဖောက်နေဆဲဆိုတာကို တင်ပြလိုက်ပါသည် ။အောက်ပါဓာတ်ပုံသည်။ထိုင်းနိုင်ငံတောင်ပိုင်း စူပါချိပ်ကုမ္ပဏီမှအလုပ်သမားတစ်ယောက်ကို
၈-၁၂-၂၀၁၂ ရက်နေတွင် အကြောင်းမဲ့အလုပ်မှထုပ်ခြင်းခံရပါသည်။မည်သည့်အ ကြောင်းကြောင့်အလုပ်မှထုပ်ခြင်းခံရသလဲဆိုရင်။
တစ်နေကုန်အလုပ်လုပ်နေပါတယ်။အဲဒါကို နောက်ထပ်အလုပ်တစ်ခုထပ်ခိုင်းတော့ မလုပ်နိုင်ဘူး ဒီနေ့အလုပ်နားမယ်လို့ဆိုပြီး အခန်းကိုပြန်လာခဲသည်တဲ့။မနက်ဖြန်အလုပ်ပြန်ဆင်းတော့ သူဌေးကအလုပ်မှထုပ်လိုက်ပြီလို့ဆိုသည်တဲ့။ သူတစ်ယောက်ထဲမဟုတ်ဘူး။သူအမီူးသမီးပါအလုပ်မှထုပ်ခြင်းခံရပါတယ်။ စူပါချိပ်ကုမ္ပဏီမှဒီလို့မီူးအလုပ်သမားတွေကိုမကြာခဏအလုပ်မှ ထုပ်လေရှိပါတယ်။ဒီလို့မီူးအလုပ်သမားတွေကိုအခွင့်ရေးတွေခီူးဖောက်ခံနေရသည်ဆိုတာကို
မြန်မာအစိုးရတွေလဲသီစေချင်ပါတယ်။ကျွန်တော်တင်ပြလိုက်သည်မှာ စူပါချိပ်ကုမ္ပဏီတစ်ခုတည်ပါ။တစ်ခြားနေရတွေမှာလဲရှိနေတယ်ဆိုတာအသေချာပါ။ ထိုင်းအလုပ်မားတွေနဲ့ မြန်မာအလုပ်သမားတွေ ဘယ်လောက်ထိခွဲခြားဆက်ဆံခံရ သည်လဲဆိုရင် ကျွန်တော် ဟိုတယ်တစ်ခုတွင်အလုပ်သွားလျှောက်ပါသည်။အလုပ်သမားတွေကို ဧသည်တွေကပိုက်ဆံတွေပေးခဲ့ပါတယ်။ အဲဒီပိုက်ဆံကို အလုပ်သမားတွေရှိသလောက်ဝေမျှရပါတယ်။ထိုင်းအလုပ်သမားတွေက ၁၀ပုံ မြန်မာအလုပ်သမားတွေက ၁ ပုံဘဲရတယ်လို့သိရပါတယ်။ လွန်ခဲ့သောတစ်လလောက်ခန့်က မြန်မာတစ်ယောက် ရနောင်းမြို့က ပူကစ်ကိုလာပါတယ်။ကားလက်မှတ်တွေလဲရှိပါတယ်။ရနောင်းအထွက်မှာ ထိုင်းစစ်သားတွေ ကားပေါ်မှာတက် စစ်ဆေးပါတယ်။ထိုင်းလူမီူးနှစ်ယောက် မက်တက်ရပ်နေတာတွေတော့ မြန်မာနှစ်ယေက်ကို ရပ်ခိုင်းပြီး ထိုင်းနှစ်ယောက်ထိုင်ခိုင်း လိုက်တယ်လို့ဆိုပါတယ်။ တစ်ခါတုန်းက စူပါချိပ်ကုမ္ပဏီမှ မြန်မာတွေရနောင်းမြို့သို့ passport သွားလုပ်ပါတယ်။ ကားပေါ်ကမြန်မာတစ်ယောက်ကို နာမည်ခေါ်တာမကြားလို့ဆိုပြီး ထိုင်းစစ်သားတွေ ပုံစံပေးတယ်လို့လဲဆိုတယ်။ထိုင်းတွေ အနိုင်ကျင့်တဲအကြောင်းကိုရေးမယ်ဆိုရင်တော့ ရေးလို့ကုန်မှာမဟုတ်ပါဘူး။ မြန်မာ အစိုးရနှင့်ထိုင်း အစိုးရတို့ ပူပေါင်းညှိနှိုင်းဆောင် ရွက်နေသည်လဲ ဘဲ မြန်မာနိုင်ငံသားတွေကိုတော့ ထိုင်းနိုင်ငံတွင်နေသရွေ့တော့ အနိုင်ကျင်ခံနေရမယ်ဆိုတာတင်ပြရင်း မြန်မာအစိုးရလဲသိစေရန်ဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင်ရှိသော မြန်မာနိုင်ငံသားတွေ ထိုင်းလူမီူးတို့၏ အနိုင်ကျင့်ခြင်းမှကင်းဝေးကြပါစေ။
**ဟန်ဝင်း**
-မြန်မာအလုပ်သမားတွေခံနေရပုံ-

No comments:
Post a Comment