**ကမ္ဘာကြီးစောင်းသွားမယ်**
''ကျွန်တော်တို့နိုင်ငံက လူတော်တော်များများ နိုင်ငံခြားကို သွားကြတယ်...ဘကြီး''
''နိုင်ငံခြားမှာ အလုပ်သွားလုပ်ကြတာပါကွာ''
''နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ ကျွန်တော်တို့နိုင်ငံကို ရောက်လာကြတော့မယ် ဘကြီး၊ နိုင်ငံခြားကို သွားစရာမလိုတော့ ဘူးပေါ့...ကျွန်တော်တို့နိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးပေါ်လာပြီပဲ'' '
'ဒါပေမယ့် နိုင်ငံခြားကို သွားကြဦးမှာပါ''
''ဘာဖြစ်လို့ သွားကြရတော့မှာလဲ ဘကြီး''
''ဟ...အရှေ့က လူက အနောက်၊ အနောက်ကလူက အရှေ့၊ တောင်ကလူက မြောက်၊ မြောက်က လူက တောင်သွားကြ ရမှာပေါ့ကွာ...နို့မို့ရင် တစ်နေရာတည်းမှာ စုနေရင် ကမ္ဘာကြီး တစ်ဖက်ကို စောင်းသွားတော့မှာပေါ့''
**မောင်မဟာ**
-ဘ၀အမောပြေ-

No comments:
Post a Comment