ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, December 31, 2012

> -ယခုလအတွင်း ထိုင်းနှင့်မလေးရှားနိုင်ငံတ၀ှမ်းသတင်းအတိုအထွာများ-
(ဒီဇင်ဘာ ၃၁ရက်၊ ၂၀၁၂)
 မြ၀တီ - ရန်ကုန် လမ်းကြောင်းပေါ်ရှိ မှောင်ခို ရှာဖွေ တားဆီးရေးအဖွဲ့ Mobile Team သည် ဇန်န၀ါရီလ ၂၀ရက် ရောက်မှသာ အမှန်တကယ် ဖမ်းဆီးမှု ပြုလုပ်မည်ဖြစ်ပြီး... ယခုအချိန်တွင် တားဆီး ပညာပေး မှုများကိုသာ လုပ်ဆောင်နေ သည်ဟု တာဝန်ခံ ဦးသိန်းဝင်း ကပြောသည်။ (Popular Myanmar news)

 (ဒီဇင်ဘာ ၃၀ရက်၊ ၂၀၁၂)

 နေ့သစ်အလကကျောင်း၏ (၇) နှစ်မြောက် ဖြတ်သန်းမှုနှင့် ကံစမ်းမဲဖွင့်ပွဲ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ယနေ့ကျင်းပသည်။
နေ့သစ်အလက ကျောင်းကို မြန်မာရွှေ့ပြောင်းအလုပ်သမားတို့၏
 ရှေ့ဆောင်လမ်းပြဖြစ်သော မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) မှ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ရက် နေ့၌ ကြီးမှူးတည်ထောင်ခဲ့ပြီး စတင်တည်ထောင်စဉ်ကသောင်ရင်းမြစ်ကမ်းနဖူးဒေသ မယ်တော်ကျေးရွာအုပ်စု၊ လောစုရပ်ကွက်တွင် ကျောင်းသား ၂၅ ဦးဖြင့် မူကြိုအဆင့်၊ ထိုမှ ၂၀၀၆ ခုနှစ်တွင် ကျောင်းသား ၇၀ ခန့်ဖြင့် မူလတန်းကျောင်းအဆင့်၊ ထိုမှ ၂၀၀၈ ခုနှစ်တွင် ကျောင်းသား ၃၀၀ ခန့်ဖြင့် အကြိုအလယ်တန်းကျောင်းအဆင့် ထိုမှ ၂၀၀၉ ခုနှစ်တွင် ကျောင်းသား ၄၀၀ ခန့်ဖြင့် အလယ်တန်းကျောင်းအဆင့်၊ ထိုမှ ၂၀၁၀ ခုနှစ် ပညာသင်နှစ်တွင် ကျောင်းသား ဦးရေ ၅၀၀ ကျော်သွားကာ အလှူရှင်အဖွဲ့အစည်း၏ အကန့်အသတ်တစ်ခုကြောင့် ကျောင်းသား ၅၀၀ ခန့်သာ ကျောင်းအပ်လက်ခံခဲ့ရပါသည်။(မြန်မာပြည်သားသတင်းစဉ်)

 (ဒီဇင်ဘာ ၂၈ရက်၊ ၂၀၁၂)

 ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ်က ထိုင်းနိုင်ငံထဲကို ခိုးသွင်းလာတဲ့ မြန်မာနိုင်ငံ သားတွေ သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး ထိုင်းလူမျိုး ၄ ယောက်ကို သူတို့နိုင်ငံတရားရုံးက ဒီကနေ့ ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါ အဲဒီ လူမှောင်ခိုကုန်ကူးသူ ထိုင်းနိုင်ငံသား ၄ ဦး က တရားမဝင် မြန်မာနိုင်ငံသား ၁၂၁ ယောက်ကို ထိုင်းနိုင်ငံတောင်ပိုင်း Phuket ဒေသကို အလုံပိတ်ပစ္စည်းတင် ကွန်တိန်နာကားထဲမှာ အပြည့်အကြပ်တင်ပြီး သွားပို့ခဲ့တုန်းမှာ လေပေးစက်ပျက်ပြီး အဲဒီအထဲက လူတဝက်နီးပါးလောက် အသက်ရှု မွန်းကြပ်ပြီး သေဆုံးခဲ့ပါတယ်။အဲဒီ ထိုင်းလူမျိုး ၄ ယောက်ကို လူမှောင်ခိုကူးမှု၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှု ၊ လူသေမှုတွေနဲ့ တရားရုံးတင်စစ်ဆေးပြီးနောက် ကွန်တိန်နာကားပိုင်ရှင်ကို ထောင်ဒဏ်၁ဝ နှစ်၊ သူနဲ့ပူးတွဲကြံစည်သူကို ထောင်ဒဏ် ၉ နှစ် နောက်ထပ်အကူအညီပေးသူတဦးကို ၆ နှစ် ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။ သူတို့ ၄ ဦးထဲမှာပါဝင်တဲ့ ထိုင်းအမျိုးသမီးကိုတော့ ဖြစ်စဉ်အားလုံး ဖြောင့်ချက်ပေးတဲ့အတွက် သက်ညှာတဲ့အနေနဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။(RFA) 

 (ဒီဇင်ဘာ ၂၆ရက်၊ ၂၀၁၂) 

မလေးရှားနိုင်ငံတွင် မုတ်သုံမိုး သည်းထန်စွာရွာသွန်းပြီးနောက် ရေလွှမ်း မိုးမှုများ ဖြစ်ပေါ်သဖြင့် ပြည်သူ ၁၄ဝဝဝ နီးပါးခန့် နေအိမ်များကိုစွန့်ခွာကာ ကယ် ဆယ်ရေးစခန်းများ၌ နေထိုင်ကြရကြောင်း နိုင်ငံပိုင် ဘာနာမားသတင်းဌာနက ရေးသားသည်။ မလေးရှားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ တီရန်ဂါနု၊ပါဟန်းနှင့် ကီလန်တန်ပြည်နယ် များမှ လူဦးရေ ၁၃၇၄၆၏ လူနေအိမ်များ ရေလွှမ်းမိုးခံရကြောင်း၊ ¤င်းတို့အားလုံး ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ကြရ ကြောင်း သတင်းတွင် ပါရှိသည်။ ရေလွှမ်းမိုးမှုအခြေအနေ ပို၍ဆိုးရွား လာသဖြင့် ပါဟန်းပြည်နယ်ရှိ အဓိက အသုံးများသောလမ်းများကို ပိတ်ထား လိုက်ရကြောင်း၊ မြစ်များနှင့် မြစ်ကမ်းပါး များ ရေလွှမ်းမိုး၍ မြစ်ရေလျှံမှုဖြစ်ပွားခြင်း ကြောင့်ဖြစ်ကြောင်း သတင်းတွင်ရေးသား သည်။ တီရန်ဂါနုပြည်နယ်၊ ပါဟန်းနှင့် မလေး ရှားနိုင်ငံတောင်ပိုင်းရှိ ဂျိုဟာပြည်နယ် တို့တွင် နောက်ရက်အနည်းငယ်ကြာသည့် တိုင် မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနမှ မိုးလေဝသခန့်မှန်းမှု ညွှန်ကြားရေးမှူး မူဟမ်မက်အယ်လ်မီ အဗ္ဗဒူလာခ်ျက ပြောကြားသည်။ (ရိုက်တာ)

 (ဒီဇင်ဘာလ ၂၅ရက်၊ ၂၀၁၂) 

 ဒေါ်လာ အတု တရာတန် အရွက် ၄၅၀၀ နဲ့ ကားနှစ်စီးကို ထိုင်း ရဲက သိမ်းဆည်း လိုက် ထိုင်းနိုင်ငံသား တွေနဲ့ မြန်မာ နိုင်ငံသားတွေပါ ပါတဲ့၊ အမေရိကန် ဒေါ်လာ အတုဂိုဏ်း တဂိုဏ်းကို မဲဆောက် မြို့မှာ ဖမ်းဆီး မိလိုက် ပါတယ်။ အဖမ်း ခံရတဲ့ သူတွေဟာ မြန်မာ နိုင်ငံသား ကိုမောင်ဦးလှိုင်နဲ့ ထိုင်း အမျိုးသမီး ဖွိုင်ဖောင်ဖန် ဖန်ထဆီရီ ဆိုတဲ့သူ နှစ်ယောက် ဖြစ်ပါတယ်။ နှစ်ယောက် စလုံးဟာ အသက် ၄၅ နှစ် အရွယ်တွေ ဖြစ်ကြပြီး၊ သူတို့ဆီ ကနေ အမေရိကန် ဒေါ်လာ အတု တရာတန် အရွက် ၄၅၀၀ နဲ့ ကားနှစ်စီးကို ထိုင်း ရဲက သိမ်းဆည်း လိုက်နိုင်ပါတယ်။ သူတို့ရဲ့ ကားတွေဟာ ထိုင်း လိုင်စင် အတုနဲ့ ဂျပန်ကျ တပတ်ရစ် ကားတွေ ဖြစ်နေ တာကို သောင်ရင်းမြစ် အနားက ကားဈေးကွက်မှာ စစ်ဆေး တွေ့ရှိတဲ့ အတွက် သူတို့ကို ရဲက ဖမ်းဆီး လိုက်တာပါ။ အဲဒီကား နှစ်စီး စလုံးကို အသေ အချာ ရှာဖွေ မှုတွေ လုပ်ခဲ့ရာ မှာတော့၊ အမေရိကန် ဒေါ်လာ ငွေစက္ကူ အသစ်တွေကို အများ အပြား တွေ့ခဲ့ ရတာ ကြောင့် ဒေါ်လာ ကျွမ်းကျင် သူနဲ့ စစ်ဆေး ကြည့်တဲ့ အခါမှာ အတုတွေ ဖြစ်နေတာ တွေ့ရ တယ်လို့ မဲဆောက် မြို့နယ် ရဲမှူးကြီးက ပြောပါတယ်။(BBC) 

(ဒီဇင်ဘာလ ၂၄ရက်၊ ၂၀၁၂) 

 ထိုင်းနိုင်ငံ ဗန်ကောက်မြို့အပြင်ရှိ တိုယိုတာကားစက်ရုံတစ်ရုံတွင် ဒီဇင် ဘာ ၂၄ ရက်ညက လောင်စာဆီ သိုလှောင်ကန်ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာမီဒီ ယာများက သတင်းထုတ်ပြန်သည်။ အဆိုပါလောင်စာဆီသိုလှောင်ကန် မီးလောင်မှုကြောင့် တိုယိုတာကား ယင်းမီးလောင်မှုကို ည ၁၂ နာရီ မတိုင်မီအချိန်တွင် မီးသတ်တပ်ဖွဲ့က ထိန်းချုပ်ငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီး လောင်မှုဖြစ်ပွားသည့်နေရာသို့ မီးသတ် ကားတစ်ဒါဇင်ကို စေလွှတ်ပေးပို့ခဲ့ ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ပြော ကြားသည်။

 (ဒီဇင်ဘာလ ၂၂ရက်၊ ၂၀၁၂) 

မလေးရှားနိုင်ငံ၊ Johor ဂျိုဟိုးပြည်နယ်၊ ပါကန်းနာနတ်စ်မြို့က လဝကထိန်းသိမ်းရေးစခန်းမှာ အကြောင်းအမျိုးမျိုးကြောင့် အဖမ်းဆီးခံထားရတဲ့ မြန်မာပြည်သားတွေဟာ စခန်းတာဝန်ကျ အရာရှိတွေရဲ့ မတရားခိုင်းစေမှုတွေ ရင်ဆိုင်နေရပြီး အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ သိရပါတယ်။ ရက် ၂ဝ ကျော်ထောင်ကျခံခဲ့ရပြီး ခေါင်းကိုက်ဝေဒနာကြောင့် ဆရာဝန်အကြံပြုချက်နဲ့ မကြာသေးခင်ကမှ ပြန်လည်လွတ်မြောက်လာတဲ့ ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသူ မမာလာ က ထောင်မှာစားရတဲ့ထမင်းက ကျောက်ခဲလိုမာတောင့်နေတယ်လို့ ဆိုပါတယ်။ ကျွေးမွေးတဲ့ ဟင်းကလည်း ပဲပြားဆိုရင် တော်တော်ကိုသေးပြီး၊ ခရမ်းသီးဗူးသီး ဟင်းအရည်ဆိုရင် ဆားမပါဘဲ ဒီအတိုင်းကျွေးတာကြောင့် ဘယ်သူမှစားမဝင်ဘူးလို့ ပြောပါတယ်။ ဆေးကုသခွင့်နဲ့ ပြင်ပဆက်သွယ်ခွင့် စတဲ့ အကျဉ်းသားအခွင့်အရေးတွေလည်း ပိတ်ပင်ခံနေရကြောင်းကိုလည်း အခုလိုပြောပါတယ်။(RFA Burmese) 

(ဒီဇင်ဘာ ၁၉ ၂၀၁၂) 

မလေးရှားနိုင်ငံတွင် အသက် ၁၆ နှစ်မပြည့်သေးသူများကို အရက်သောက်ခွင့်၊ ကားမောင်းခွင့်များ ပိတ်ပင် ထားသည်။ သို့သော် လက်ထပ်ထိမ်းမြားခွင့်မှာ မရေရာလှကြောင်း သိရသည်။ အစ္စလမ်ခုံရုံးက မိဘများ သဘောတူလျှင် အသက် ၁၆ နှစ်အရွယ်ကို လက်ထပ် ထိမ်းမြားခွင့်ပြုထားသဖြင့် အချို့သောပြည်နယ်များတွင် ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျသည့်ဦးရေများလာပြီဟုဆိုသည်။ ဖာဇီရာ ဆတ်ဆိုသည် မိန်းကလေးသည် လက်ရှိ အသက် ၁၂ သာရှိသေးပြီး၊ ဂျိုဟာမြို့မှ မိန်းကလေး တစ်ယောက်ဖြစ်သည်။ သူ့ကို မိဘများက အသက် ၁၉ နှစ်အရွယ် ရည်းစားဖြစ်သူ ဖာမီ အလီဆိုသူနှင့် ညအချိန် အိမ်တွင်ချိန်းတွေ့ရာမှာ မိသွားသဖြင့် လက်ထပ်ပေးစားလိုက်ကြသည်။ မိဘများက ထိုသို့ လက်ထပ်ပေးလိုက်ခြင်းသည် မဖြစ်သင့် မဖြစ်ထိုက်သည်ကို ကာကွယ်ခြင်းဟု အကြောင်းပြကြသည်။ သူတို့ကလေးနှစ်ယောက်သည် နိုဝင်ဘာ ၁၇ ရက်နေ့က မူဆလင်ထုံးစံနှင့် အညီလက်ထပ်ခဲ့ကြကြောင်း မလေးရှားသတင်းစာများတွင် ဖော်ပြခဲ့ကြသည်။ သို့သော် ပညာရေးလှုပ်ရှားသူများက အမျိုးသမီးငယ်များကို စောစီးစွာ လက်ထပ်ပေးခြင်းသည် အမျိုးသမီးများ ပညာဆက်လက်သင်ကြားခွင့်ကို ချိုးဖျက်ရာရောက်သည် ဆိုပြီး ကန့်ကွက်နေကြသည်။ စောစီးစွာ လက်ထပ်ပေးခြင်းက အမျိုးသမီးတစ်ဦး၏ စိတ်ကိုသာမက ကိုယ်ကာယကိုပါ ကျန်းမားရေးအရ ဖျက်ဆီးခြင်းဖြစ်သည်ဟု ဆိုကြသည်။ (မောက္ခနိုင်ငံတကာသတင်း)

 (ဒီဇင်ဘာလ ၂၀ရက်၊ ၂၀၁၂)

 ဖြစ်ရပ် ၁။ ။ဘင်္ဂလား ပင်လယ် အော်ထဲမှာ လှေမှောက်လို့ ဒုက္ခရောက် နေတဲ့ မြန်မာ ပြည်ဘက်က လှေစီးပြေး ဒုက္ခသည်တွေ ကို မလေးရှားနိုင်ငံက လက်ခံ လိုက်တာဟာ မလေးရှား အာဏာပိုင်တွေ အနေနဲ့ လူသားချင်း စာနာ ကူညီမှု ရှိတယ်ဆိုတာ ပြလိုက်တာ ဖြစ်တယ်လို့ UNHCR က ချီးကျူး ပြောဆို ပါတယ်။ ---

 ဖြစ်ရပ် ၂။ ။မလေးရှားနိုင်ငံ၊ ဆီလန်ဂေါ ပြည်နယ်၊ ဆူဘန်ရာရမြို့ရှိ လွန်သွား အစရှိသော စက်အပို ပစ္စည်း ထုတ်လုပ်သည့် သံမဏိ စက်ရုံ တစ်ရုံတွင် သွားရောက် အလုပ် လုပ်ကိုင်နေသည့် နိုင်ငံသား တစ်ဦး မြန်မာနိုင်ငံသို့ ပြန်မလာမီ ရက်ပိုင်း အလိုတွင် နေထိုင်ရာ စက်ရုံ အိမ်ယာဝင်း အတွင်း၌ ရုပ်ရှင်ဆန်ဆန် လုယက် တိုက်ခိုက် ခံရကြောင်း သိရသည်။ 

(ဒီဇင်ဘာလ ၁၈ရက်၊ ၂၀၁၂)

 စပိန်ဂေါက်သီးကစားသမား ဂါစီယာသည် မလေးရှားနိုင်ငံ၌ကျင်းပသော ၂ဝ၁၂ ခုနှစ်အတွင်း ဂါစီယာ၏ ဒုတိယမြောက်ဖလားဖြစ်သည်။ ဂါစီယာသည် စုစုပေါင်းသတ်မှတ် ရိုက်ချက်ထက် ၁၈ ချက် လျှော့ရိုက်ပြီး ဖလားဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ အမေရိကန်မှ ဂျိုနသန်မိုးရီသည် ယင်းပြိုင်ပွဲတွင် ဒုတိယရပြီး ထိုင်းမှတောင်ချိုင်းဂျိုက်ဒီးသာက ၁၄ ချက်လျှော့ရိုက်ပြီး တတိယရရှိ ခဲ့သည်။ ဂါစီယာသည် နောက်ဆုံးနေ့က ၆၁ ချက်သာရိုက်ခဲ့သည်။ အာရှတိုး ပြိုင်ပွဲနောက်ဆုံးနေ့တွင် လျှော့ရိုက်ချက်အများဆုံး ဂေါက်သီးကစားသမားဖြစ်လာ သည်။ (ရိုက်တာ) 

 (ဒီဇင်ဘာလ ၁၇ရက်၊ ၂၀၁၂) 

ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့၌ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ဒဏ်ရာများနှင့် သေဆုံး နေသူတဦးကို တွေ့ရှိရ သည်ဟု ဒေသခံများ ပြောပြ ချက်အရ သိရသည်။ ဘုရား သုံးဆူမြို့ အမှတ် ၄ ရပ်ကွက် ရွှေဥဒေါင်ကန် ရေလယ် ကျွန်းတွင် အသတ် ခံခဲ့ရပြီး၊ သေဆုံးသူမှာ အသက် ၂၈ နှစ် အရွယ်ရှိ ကိုလွင်နောင်နောင် ဖြစ်သည် ဟု မြို့ခံတစ်ဦးက ပြောသည်။ 

 (ဒီဇင်ဘာလ ၁၁ရက်၊ ၂၀၁၂)

 ဖြစ်ရပ် ၁။ ။လက်ပံတောင်း ကြေးနီ စီမံကိန်း ဆန္ဒပြမှု သပိတ်စခန်းတွေမှာ မီးလောင် ဒဏ်ရာ ရသွားကြတဲ့ ရဟန်းတော်များ ဆေးဝါးကုသဖို့အတွက် အထူးတရားပွဲ တခုကို ချင်းမိုင်မြို့ စေတနာ နာရေး ကူညီမ အသင်းက စီမံရာမှာရွှေည၀ါ ဆရာတော်က တရားဟောကြားမှာဖြစ်ပါတယ်။ စေတနာ နာရေးကူညီအသင်း( ချင်းမိုင်မြို့ )” မှ ဓမ္မဒါနပြုကာ ချင်းမိုင်မြို့  ဝပ်ဆိုင်းမွန်း မြန်မာကျောင်း တိုက်တွင် ရွှေညဝါ ဆရာတော် အရှင်ပညာသီဟမှ အမျိုးသားရေး တရားတော်များကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၇ နာရီခွဲမှ ၉ နာရီခွဲအထိ ဟောကြား ချီးမြှင့်မည်ဖြစ်တယ်လို့ သိရပါတယ်။ ( Irrawaddy's Blog )

 ဖြစ်ရပ် ၂။ ။ထိုင်းအလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့ ကိုယ်တိုင်တက်ရောက်ရှင်း လင်းခဲ့သည့် ထိုင်းနိုင်ငံ လူကုန်ကူးမှုနှင့် ကလေးအလုပ်သမား ခိုင်းစေခြင်းပြဿနာကာကွယ်ရေး လှုံ့ဆော်မှုစီမံကိန်းရှင်းလင်းပွဲတရပ်ကို ယနေ့နံနက်ပိုင်း ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ကျင်းပခဲ့သည်။ ထိုင်းအလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီး နိုင်းအနုစောင်န်ကရိုင်းဝပ်တ်နုစောန် က “ ထိုင်းနိုင်ငံအတွင်း လူကုန်ကူးမှု ဆိုင်ရာနိုင်ငံတကာရည်ညွှန်းဖော်ပြချက်အခြေအနေအဆင့်မှာ အုပ်စု ၂ စောင့်ကြည့်ခြင်းခံရတဲ့ Tier 2 watch list အုပ်စုမှာ ပါဝင်လျက်ရှိတာဟာ အခုချိန်အထိ ၃ နှစ် ဆက်တိုက်ပါဝင်နေပါတယ်။ ထိုင်းအလုပ်သမားဝန်ကြီးဌာန အလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံ ရေး ဌာနကနေပြီးတော့ ဒီကလေးအလုပ်သမားခိုင်းစေနေမှုပြဿနာကို စစ်ဆေးကြည့်ရှုဖို့ တာဝန်ရှိပါတယ်။ အထူးသဖြင့် အဓမ္မခိုင်းစေနေတာတွေကို ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်ကလေးတွေကြားမှာ အသိပညာပေးပြီးတော့ နားလည်သဘောပေါက်မှု တည်ဆောက် တာကို အမြန်ဆုံးတည်ဆောက်ရပါမယ်။ ဒါကြောင့် စနစ်အတွင်း စနစ်ပြင်ပ အလုပ်သမားတွေအတွက် မှန်မှန်ကန်ကန်ဆောင်ရွက်နိုင်ဖို့အတွက် အခုလို လှုံ့ဆော်စီမံကိန်း ရှင်းလင်းပွဲကို ကျင်းပရတာဖြစ်ပါ တယ်။ နောက်နှစ်တွေမှာ အခုရှိနေတဲ့ အုပ်စု ၂ ကနေ အုပ်စု ၃ အထိ လျော့ကျသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟူ၍ ပြောကြားသွားသည်။ ထို့အပြင် အမေရိကန်ပြည်ထောင်စု နိင်ငံခြားရေးဝန်ကြီးဌာနမှ လူကုန်ကူးမှုအခြေအနေနှင့် ပတ်သက်သော အစီရင်ခံစာတွင် ထိုင်းနိုင်ငံအား စောင့်ကြည်ရန် အဆင့်၂ သတ်မှတ်ခံရခြင်းကြောင့် ထိုင်းနိုင်ငံအနေဖြင့် များစွာ နစ်နာရကြောင်း၊ ယခုလှုံ့ဆော်မှု စီမံကိန်းတွင် ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြခြင်းဖြင့် လာမည့် နှစ်များတွင် အဆင့် ၃ အထိ လျော့ကျသွားရန်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားသွားသည်။(မြန်မာပြည်သားဘလော့:) 

 (ဒီဇင်ဘာလ ၁၀ရက်၊ ၂၀၁၂)

 စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ရဟန်းတော်များကို မြန်မာ အစိုးရမှ အကြမ်းဖက်ဖြိုခွဲမူ အပေါ် ကန့်ကွက် ရှုတ်ချသော အခမ်းအနား တစ်ရပ်ကို မလေးရှားတွင် ပြုလုပ်ခဲ့ကြသည်။ကန့်ကွက် ရှုတ်ချပွဲ အခမ်းအနားကို မလေးရှားနိုင်ငံ ကွာလာလာမ်ပူရ် ဘာလပ်ဂေါင်းရှိ သာသနာ့ အောင်မြေ ကျောင်းတိုက်တွင် ဒီဇင်္ဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။အခမ်းအနားသို့ တက်ရောက်လာသူများမှ အကြမ်းဖက် နှိမ်နှင်းမူကြောင့် ဒဏ်ရာရရှိခဲ့ကြသော ရဟန်းသံဃာများနှုင် ကျောင်းသူကျောင်းသား ပြည် သူများ အတွက် အလှူငွေများ ထည့်ဝင် လှူဒါန်းကြရာ မလေး ရစ်ဂစ်( ၄၇၀၀)နှင့် မြန်မာကျပ်ငွေ ၁၃သိန်း ရရှိခဲ့ဟု သိရသည်။အဆိုပါ အလှူငွေ ရင်းဂစ် ၄၇၀၀နှင့် မြန်မာကျပ်ငွေ ၁၃ သိန်းကို မန္တလေး မစိုးရိမ် တိုက်သစ် ဆရာတော် ဦးဝီရသူ ထံသို့ လွဲ အပ် ပေးပို့သွားမည် ဖြစ်ကြောင်း မလေးရှားနှိုင်ငံ ကွာလာလာမ်ပူရ် မြို့ သာသနာ့ အောင်မြေ ကျောင်းတိုက် ဆရာတော် ဦးသြဘာသမှ မိန့်ကြားသည်။အခမ်းအနားကို မလေးရှာနှိုင်ငံရောက် ၈၈မျိုးဆက် ကျောင်းသားများ၊ သံဃာ သမဂ္ဂများနှုင့် အထွေထွေ သပိတ်ကော်မတီ (GSC) နှုင့် NLD (LA) မှ စုပေါင်း ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ (နိရဉ္စရာ) 

 (ဒီဇင်ဘာလ ၉ရက်၊ ၂၀၁၂) 
မန္တလေးမှာ ဆေးဝါးကုသမူ ခံယူနေကြတဲ့ လက်ပံတောင်းတောင် ဆန္ဒပြပွဲမှာ မီးလောင်ဒဏ်ရာရခဲ့ရှိတဲ့ သံဃာတော် ၅ ပါးကို ထိုင်းနိုင်ငံကို ပို့ဆောင်ပြီးဆေးဝါးကုသမူခံယူဘို့ ဆောင်ရွက်နေပါတယ်။ ထိုင်းနိုင်ငံကိုပို့ဆောင်မယ့် သံဃာတော်တွေအနက် ဒီကနေ့ ညနေပိုင်းမှာ ဒဏ်ရာပြင်းထန်တဲ့ ဆရာတော် ဦးသိက္ခဥာဏကို ပထမဆုံးရန်ကုန်ကို ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး သံဃာတော်တွေ ဆေးဝါးကုသမူအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့က ဦဇန္ဒက အခုလိုမိန့်ပါတယ်။သံဃာတော်များ ထိုင်းနိုင်ငံမှာ ဆေးဝါကုသမှုနဲ့ စားရိတ်တွေကို ထိုင်းနိုင်ငံမှာ ခေတ္တသီတင်းသုံးနေတဲ့ ရွှေညဝါ ဆရာတော်က တာဝန်ယူမှာဖြစ်တယ်လို့ သိရပါတယ်။(RFA)

 (ဒီဇင်ဘာလ ၇ရက်၊ ၂၀၁၂) 
ထိုင်းနိုင်ငံတောင်ပိုင်း၊ လတ်ဘူရီခရိုင်၊ ပဝိုင်မြို့နယ်၊ ကီလိုကောက်ဒေသမှာရှိတဲ့ V&K နာနတ်သီး ဖျော်ရည်သွပ်စက်ရုံက တရားဝင်နိုင်ငံကူးလက်မှတ်နဲ့ လာရောက်အလုပ်လုပ်နေသူ မြန်မာအလုပ်သမား ၁ဝ၂ ဦးဟာ နှစ်နိုင်ငံ သဘောတူစာချုပ် MOU မှာပါရှိတဲ့ အခွင့်အရေးအတိုင်း တောင်းဆိုတာကို စက်ရုံငြင်းပယ်လိုက်ပြီး၊ နိုင်ငံကူးလက်မှတ်တွေ အလုပ်ကနေ ထုတ်ပစ်လိုက်တယ်လို့ သိရပါတယ်။ ဒီစက်ရုံမှာ အလုပ်သမားပေါင်း ၁၅ဝဝခန့်ရှိပြီး၊ ဒီအထဲမှာ မြန်မာပြည်သား ၁ဝဝဝ ခန့်ပါဝင်ပါတယ်၊ အခုပြဿနာတက်တဲ့ အလုပ်သမား ၁ဝ၂ ဦးကတော့ ပထမဦးဆုံးအကြိမ် MOUနဲ့ လာရောက်ကြတာဖြစ်ပြီး အခုချိန်အထိ အလုပ်သမားတွေရဲ့ ပတ်စပို့စ်ကို စက်ရုံကသိမ်းဆည်းထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ (RFA) 

 (ဒီဇင်ဘာလ ၆ရက်၊ ၂၀၁၂)

 ဖြစ်ရပ် ၁။ ။ ထိုင်းဝန်ကြီးချုပ်ဟောင်း လက်ရှိ ထိုင်းအစိုးရ အတိုက်အခံ ဒီမိုကရက်ပါတီရဲ့ ခေါင်းဆောင် လည်းဖြစ်တဲ့ အဘီဆစ် ဝိချာချီဝ (Abhisit) နဲ့ အဖွဲ့ဟာ ဒီကနေ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသတွင်းက မြန်မာရွှေ့ ပြောင်း ကလေးငယ်တွေ ပညာရေးနဲ့ ကျန်းမာရေး ကိစ္စတွေဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို လာရောက်လေ့လာခဲ့ပါတယ်။(RFA) 

 ဖြစ်ရပ် ၂။ ။ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ရွှေ့ပြောင်းမြန်မာနိုင်ငံ သားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှု ရေးများကို ကြိုးပမ်းလုပ်ဆောင်ပေးနေ သည့် ဒေါက်တာစင်သီ ယာမောင်၏ အသက် ၅၃နှစ်ပြည့်မွေး နေ့ပွဲအခမ်း အနားသို့ လူထုပရိဿတ် တစ်ထောင်ကျော် တက်ရောက်ခဲ့ ကြသည်။(kic) 

 (ဒီဇင်ဘာလ ၄ရက်၊ ၂၀၁၂)

 ဖြစ်ရပ် ၁။ ။ ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့နယ်မှာ ပွဲစားခ ဘတ်ငွေ ငါးထောင်ကနေ ရှစ်ထောင် အထိ အကုန်အကျခံပြီးတော့ ရောက်ရှိလာကြတဲ့ မြန်မာပြည်သား ၅၆ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဒီကနေ့ ဖမ်းမိတယ်လို့ ထိုင်းသတင်းတွေမှာ ရေးထားပါတယ်။(ဧရာဝတီ ဘလော့ဂ်) 

 ဖြစ်ရပ် ၂။ ။ လက်ပန်းတောင်း သပိတ်စခန်း ဖြိုခွင်းခံရစဉ်က ဒဏ်ရာ ရရှိခဲ့သော ကိုယ်တော်များဆေးဝါး ကုသနိုင်ရန်အတွက် ထိုင်းနိုင်ငံတွင်း တရားပွဲများ လှည့်လည် ဟောပြောခြင်းဖြင့် ကုသိုလ်ပြုရန် ရွှေညဝါ ဆရာတော် က စီစဉ်ထားသည်။မြန်မာပြည်တွင်း တရားဟောပွဲ အပိတ်ပင် ခံထားရ၍ ထိုင်းနိုင်ငံ၌ အင်္ဂါနေ့မှ စတင်ကာ ဒီဇင်္ဘာလ ၁၆ ရက်နေ့ထိ တရားပွဲ ပြုလုပ်မည်ဟု ရွှေညဝါ ဆရာတော် ဦးပညာသီဟ က မိန့်ဆိုသည်။(မဇ္ဈိမ)

 (ဒီဇင်ဘာလ ၃ရက်၊ ၂၀၁၂) 

ထိုင်းရောက် မြန်မာ အလုပ်သမားများ၏ ကလေးများကို မြန်မာ နိုင်ငံမှ သွားရောက် ပညာ သင်ကြားပေးရန် နှစ်နိုင်ငံ သဘော တူညီမှု ရရှိခဲ့ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီး ဌာနမှ သတင်းရရှိသည်။ ထိုင်းနိုင်ငံရှိ မြန်မာ ဘုန်းကြီးကျောင်းများတွင် မြန်မာနိုင်ငံမှ စေတနာ့ ဝန်ထမ်းများ သွားရောက်ကာ ပညာသင်ကြားမည့် အစီအစဉ်ကို ထိုင်း နိုင်ငံဘက်မှ လက်ခံလိုက်ပြီဖြစ်ပြီး အသေးစိတ်ကို နှစ်နိုင်ငံ ပညာရေး ဝန်ကြီး ဌာနမှ ထပ်မံ ပူးပေါင်း ဆောင်ရွက်မည်ဟု သိရသည်။(www.popularmyanmar.com) 

 (ဒီဇင်ဘာလ ၁ရက်၊ ၂၀၁၂) 
 “Getting to Zero” ဟူသော ဆောင်ပုဒ်ထားရှိကာ စုပေါင်းလမ်းလျှောက်ချီတက်ပွဲ တစ်ရပ်ကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ ကျန်းမာရေးဆိုင်ရာ အန်န်ဂျီအိုများနှင့် လူထုအခြေပြု အဖွဲ့အစည်းအချို့ ပူးပေါင်းကာ ဒေသတွင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ယင်းတို့ ၏ မိသားစုဝင်ရင်သွေးငယ်များပါဝင်လျက် ကျင်းပကြသည်။ မဲဆောက်မြို့ ရဲစခန်းမှနေ၍ မယ်တော်ဆေးခန်းအထိ လမ်းလျှောက်ချီတက်ကြရာတွင် လူ ၆၀၀ ခန့် ပါဝင်ကြပြီး ခုခံအားကျဆင်းမှုနှင့် သက်ဆိုင်သော လက်ကိုင်ပိုစတာများ၊ ဦးထုပ်ဒီ ဇိုင်းများ၊ ဝေါရှိများကို ကိုင်ဆောင်ကာချီတက်ကြခြင်းဖြစ်သည်။ (မြန်မာပြည်သားဘလော့:)

-ယခုလအတွင်း ထိုင်းနှင့်မလေးရှားနိုင်ငံတ၀ှမ်းသတင်းအတိုအထွာများ-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)