**နတ်ဘုရားအိပ်မက်ပေးခဲ့သည်ဆိုသော အိန္ဒိယ
ပညာရှင်၏ သင်္ချာသီအိုရီ နှစ် ၁၀၀ နီးပါးကြာမှ မှန်ကန်ကြောင်းအတည်ပြု**
၁၉၂ဝ ခုနှစ်အတွင်းက အိန္ဒိယသင်္ချာပညာရှင်တစ်ဦး အသက်ငင်၍ မြောနေစဉ် နတ်ဘုရားတစ်ပါးကအိပ်မက်ပေးသွားခဲ့သည်ဆိုသော
သင်္ချာ သီအိုရီမှာ နှစ် ၁ဝဝ နီးပါးကြာခဲ့ပြီး ယနေ့
အချိန်ရောက်မှ မှန်ကန်မှုရှိသည်ဟု သက်သေပြနိုင်ခဲ့ကြောင်း ဒေးလီးမေး
သတင်းတွင် ဖော်ပြသည်။ အိန္ဒိယသင်္ချာပညာရှင် သီရင်နီဝါဆာရာမနုဂျန်သည် ၄င်း၏ ဘဝနောက် ဆုံးအချိန်တွင် သင်္ချာသီအိုရီတစ်ခုကို အိပ်မက်မက်သည်ဟုဆို၏။ ထိုသီအိုရီကိုသူ၏ ဆရာသမားဖြစ်သူ သင်္ချာပညာရှင်ဂျီအိတ်ဟာဒီထံသို့ စာရေးသားပေးပို့ခဲ့သည်။ ဘဝနေဝင်ချိန်မှာ ရလိုက်သည့်နားလည်နိုင်ရန်ခက်သော ယင်းသီအိုရီ ပုစ္ဆာပဟေဠိကို ပညာရှင်များက ယနေ့အချိန်ကျမှ ဖြေရှင်းနိုင်ခဲ့ပြီး မှန်ကန်မှုရှိ သည့် သီအိုရီဖြစ်ကြောင်း အတည်ပြုသည်။အဆိုပါ သင်္ချာသီအိုရီသည် အာကာသ တွင်းနက်ကြီးများ၏ လုပ်ဆောင်ပုံများကိုရှင်းလင်းရာတွင် အသုံးပြုနိုင်သည့် သီအိုရီဖြစ်သည်ဟု ဆိုသည်။''ပါရမီရှင် ရာမနုဂျန်နောက်ဆုံး ရေးသွားတဲ့ ဆန်းကြယ်သောစာထဲကပုစ္ဆာပြဿနာကို ကျွန်တော်တို့အဖြေထုတ် လိုက်နိုင်ပါပြီ''ဟု အမေရိကန်နိုင်ငံဂျော်ဂျီယာပြည်နယ်ရှိ အင်မိုရီတက္ကသိုလ်မှ သင်္ချာပညာရှင်ကမ်အွန်နိုကဆိုပြီး ''သင်္ချာနယ်ပယ်မှာ နှစ် ၉ဝ ကျော် မဖြေရှင်းနိုင် ခဲ့တဲ့ပြဿနာကို ကျွန်တော်တို့က မှန်ကန်မှုရှိကြောင်း ဖြေရှင်းနိုင်ခဲ့တာပါ'' ဟု ဆက်လက်ပြောကြားခဲ့သည်။ရာမနုဂျန်၏ နောက်ဆုံးစာတွင်ပါ သော သင်္ချာသီအိုရီတွင် ဖန်ရှင် (မှီကိန်း)သစ်တချို့ကို ဖော်ပြထားသည်။ Theta Function သို့မဟုတ် မော်ကျူးပုံစံများနှင့်ခြားနားသော ဖန်ရှင်အသစ်များဟုဆို သည်။ ဖန်ရှင်များသည် ဝင်ရိုးတစ်ခုတည်းပေါ်တွင် ဂရပ်မျဉ်းများရေးဆွဲနိုင်သော ညီမျှခြင်းများဖြစ်သည်။ဟိန္ဒူဘာသာ သက်ဝင်ယုံကြည်သူရာမနုဂျန်က ယင်းသင်္ချာပက်တန်များကို သူ့အိပ်မက်အတွင်း ဟိန္ဒူနတ်ဘုရား သီရိ နာမဂီရိမဟာလက်ခ်ျမီးမယ်တော် (Sri-Namagiri Mahalakshni) က ပေးသွားခဲ့ ခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။သို့သော် ရာမနုဂျန်၏တင်ပြချက် များကို ထိုစဉ်ကာလက နားလည်နိုင်သူတစ်ဦးမျှမရှိကြောင်း၊ ရာမနုဂျန်၏ သီအိုရီ မော်ကျူးပုံစံများ ထွက်ပေါ်လာချိန် ၁၉၂ဝခုနှစ်များအတွင်း အာကာသတွင်းနက်ကြီး များအကြောင်း မည်သူတစ်ဦးတစ်ယောက်ကမှ သိရှိခြင်းမရှိသေးကြောင်း၊ ထင်ထားသည်ထက် များစွာအရေးပါသည့်သီအိုရီတစ်ခုဖြစ်ကြောင်း အွန်နိုကပြောကြားသည်။ ယခုတွေ့ရှိချက်ကို ပြီးခဲ့သည့်လကပြုလုပ်သည့် ဖလော်ရီဒါတက္ကသိုလ် ရာမ နုဂျန် (၁၂၅)နှစ်မြောက်မွေးနေ့ နှစ်ပတ်လည်အခမ်းအနား ကျင်းပနိုင်ရေး အကြို အစည်းအဝေးတွင် တင်ပြခဲ့ခြင်းဖြစ်သည်။ပါရမီရှင် သီရင်နီဝါဆာရာမနုဂျန် ကို ၁၈၈၇ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင်အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်မြို့ငယ် လေးတစ်မြို့တွင် ရိုးသားအေးချမ်းသောမိသားစုတစ်စုမှ မွေးဖွားခဲ့သည်။ သူသည် ပညာရပ်ကို ကိုယ့်ဘာသာကိုယ် လေ့လာသင်ယူသူတစ်ဦးဖြစ်ပြီး အလုပ်လုပ်ကိုင် ရာတွင် တစ်ကိုယ်ရည်သီးခြားလုပ်ကိုင်တတ်ကာ အခြားပညာရှင်များနှင့်ပူးတွဲ ဆောင်ရွက်ခြင်း မရှိသလောက်နည်းပါးသည်။အိန္ဒိယတွင် ကောလိပ်တက်နေစဉ်က သင်္ချာအကြောင်းသာ အချိန်ပြည့်စဉ်းစားနေသဖြင့် နှစ်ကြိမ်တိုင်စာမေးပွဲကျ ဆုံးခဲ့ဖူးသည်။ ကမ်းဘလိတ်ခ်ျပညာတတ်အသိုင်းအဝိုင်းတွင် ဝင်ဆံ့နိုင်ရန်အတွက် ကိုယ့်အားကိုယ်ကိုးကာ ခက်ခက်ခဲခဲကြိုးစားခဲ့သော ပါရမီရှင်တစ်ဦးလည်းဖြစ် သည်။၁၉၅ဝ ခုနှစ် အသက် ၃၂ နှစ်အရွယ်ငယ်ရွယ်စဉ်မှာပင် တီဘီရောဂါ ဖြင့်အချိန်မတိုင်ခင်တိမ်းပါးသွားခဲ့သည်။နယ်ပယ်တွင် ဖော်မြူလာသီအိုရီများ ထားရစ်ကာ နှောင်းလူများအတွက် လမ်းခင်း ပေးခဲ့သည်။ (အင်တာနက်)
**နေတိုးပက်ထရော့ဒုံးခွင်းဒုံးများ အသုံးပြုရန် အစီအစဉ် အစ္စရေးအား ကာကွယ်ပေးရန်ရည်ရွယ်ဟု အီရန်ပြောကြား**
(အင်ကာရာ ဒီဇင်ဘာ ၃ဝ)
တူရကီနိုင်ငံအတွင်း နေတိုးပက်ထရော့ ဒုံးခွင်းဒုံးများ ဖြန့်ကြက်ချထားခြင်းသည် အစ္စရေးအစိုးရတို့ သိမ်းပိုက်နေရာယူခြင်းကိုကာကွယ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရာမင်မက်ရှ်မန်ပါရက်စ်၏ ပြောကြားချက်ကိုဒီဇင်ဘာ ၃ဝ ရက်က ပရက်စ်တီဗွီသတင်းတွင် ဖော်ပြသည်။ နေတိုးပက်ထရော့ဒုံးခွင်းဒုံးများ တူရကီနိုင်ငံတွင် ဖြန့်ကြက်ထားခြင်းသည် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့လျှင် အီရန်က အစ္စရေးသို့ ပြန်လည်တုံ့ပြန်တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် အတွက် ဖြစ်သည်ဟု အီရန်အစိုးရတပ်ဖွဲ့ အရာရှိများက ယုံကြည်ကြောင်း ယင်းပြောရေးဆိုခွင့်ရှိသူ မက်ရှ်မန်ပါရက်စ်က တူရကီနိုင်ငံမြို့တော် အင်ကာရာတွင် ဒီဇင်ဘာ ၂၉ ရက်က ပြောကြား ခဲ့ခြင်းဖြစ်သည်။ ရုရှား၊ ဆီးရီးယားနှင့်အီရန်တို့ အပြင်းအထန်ကန့်ကွက်နေသော်လည်း ဒီဇင်ဘာ ၄ ရက်က ဒုံးကျည်ဖြန့်ကြက်မှုစနစ်အတွက် တူရကီ၏ တောင်းဆိုမှုကို နေတိုးက သဘောတူထောက်ခံခဲ့သည်။ ဂျာမနီနိုင်ငံက ၄င်း၏ အမြောက်တပ်ခွဲများကို ခါရာမန်မာရက်စ်တွင် ဖြန့်ကြက်ချထားမည်ဖြစ်ကြောင်း၊ နယ်သာလန်ကလည်း၎င်း၏အမြောက်တပ်ခွဲများကို အဒါနာသို့ ဖြန့်ကြက်ထားမည်ဖြစ်ပြီး အမေရိကန် ကလည်း ၄င်း၏အမြောက်တပ်ခွဲများကို ဂါဇိုင်တက်တွင် ဖြန့်ကြက်ချထားမည်ဖြစ်ကြောင်း နေတိုးက ဒီဇင်ဘာ ၂၂ ရက် ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားသည်။နေတိုးထိန်းချုပ်မှုအောက်၌ ထားရှိမည့် ပက်ထရော့ ဒုံးခွင်းဒုံးတပ်ခွဲခြောက်ခုကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလကုန်တွင် တူရကီဆီးရီးယား နယ်စပ်အနီး ဖြန့်ကြက်လုပ်ဆောင်သွားရန် စီစဉ်ထားသည်ဟု ဆိုသည်။ (ပရက်စ်တီဗွီ)
**အာဂျင်တီးနားဘဏ္ဍာရေးဝန်ကြီးဟောင်း အလွဲသုံးစားမှုဖြင့် ထောင်လေးနှစ်ကျ**
(ဗြူးနို(စ်)အေရီ ဒီဇင်ဘာ ၃ဝ)
အာဂျင်တီးနားဘဏ္ဍာရေးဝန်ကြီးဟောင်း ဖီလီစာမီစီလီကို နိုင်ငံပိုင်ဘဏ္ဍာငွေ အလွဲသုံးစားပြုခဲ့သည့်အတွက် ထောင်ဒဏ် လေးနှစ် ကျခံစေခဲ့ကြောင်း ဘီဘီစီက ဒီဇင်ဘာ ၂၇ရက်တွင် ဖော်ပြသည်။ သူမသည် နိုင်ငံပိုင်ငွေများ တရားမဝင်သုံးစွဲခဲ့ခြင်းအား ဖုံးကွယ်ထားသည့်ပြစ်မှုနှင့် တရားသူကြီးအား အဟန့်အတား ပြုခဲ့သည့်အပြစ်များ ကျူးလွန်ခဲ့ခြင်းကို တရားရုံးက တွေ့ရှိခဲ့သည်။ မစ္စမီစီလီက သူမတွင် အပြစ်မရှိကြောင်း သက်သေပြ မည်ဟု ပြောကြားခဲ့သည်။ ၂ဝဝ၇ခုနှစ်တွင် သူမ၏ရုံး ရေချိုးခန်းအတွင်း၌ ဒေါ်လာ ၅၂ဝဝဝ တန်ဖိုးရှိ နိုင်ငံခြားသုံးငွေအမျိုးမျိုး ထည့်ထားသော အိတ်တစ်လုံးကို တွေ့ရှိခဲ့ပြီးနောက် သူမက ရာထူးမှနုတ်ထွက်ခဲ့ သည်။ ယင်းငွေများသည် အိမ်တစ်လုံးဝယ်ယူရန်အတွက် ယခု အခါ ကွယ်လွန်သွားပြီဖြစ်သည့် အစ်ကိုထံမှ ချေးယူခဲ့သောငွေများ ဖြစ်သည်ဟု သူမက ရှင်းလင်းသည်။သို့သော် ငွေရရှိရာအရင်းအမြစ်ကို လိမ်လည်ပြောကြား ခြင်းဖြစ်ကြောင်း၊ အမှုကို ပို၍ဆိုးရွားသွားစေသည်မှာ ထိုအချိန်က သူမသည် ဝန်ကြီးတစ်ဦးဖြစ်နေသည့်အတွက်ဖြစ်ကြောင်း တရား သူကြီးများက ပြောကြားခဲ့သည်။ထို့အပြင် ငွေအိတ်ကိုတွေ့ရှိရကြောင်း သတင်း တည်ဆောက်ထားသည့် ရဲတပ်ဖွဲ့၏ အမှုတွဲဖိုင်ပျောက်ဆုံးသွား ခြင်းတွင်လည်း သူမ၌ အပြစ်ရှိသည်ဟုဆိုသည်။အဆိုပါငွေအိတ်ကို သူမ၏ရုံး ရေချိုးခန်းအတွင်းရှိ ဗီရို တစ်လုံးအတွင်း၌ ဗုံးရှာဖွေရေးအရာရှိများက ပုံမှန် တာဝန်စစ်ဆေးနေစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ တွေ့ရှိစဉ်က မသင်္ကာဖွယ်ရာ အိတ်တစ်လုံးအဖြစ်သာ အရာရှိများက သတ်မှတ်ခဲ့သည်။ (ရိုက်တာ)
**ရုရှားခရီးသည်တင်လေယာဉ် ပြေးလမ်းချော် ..အနည်းဆုံးလူလေးဦးသေဆုံး**
(မော်စကို ဒီဇင်ဘာ ၃ဝ)
တူပိုလက် အမျိုးအစား ရုရှားခရီးသည်တင် လေယာဉ်တစ်စင်းသည်မော်စကိုမြို့ စီနူကိုဗိုလေဆိပ်တွင် ပြေးလမ်းချော်ပြီး မီးလောင်သွားသဖြင့်လေယာဉ်ပေါ်လိုက်ပါ ခရီးသည်များမှ လေးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ် အခြေအနေ ဝန်ကြီး ဌာနက ဒီဇင်ဘာ ၂၉ ရက်တွင် ပြောကြားသည်။ အဆိုပါ ခရီးသည်တင်လေယာဉ် သည် ချက်သမ္မတနိုင်ငံမှ လေယာဉ်အမှုထမ်းရှစ်ဦးနှင့်အတူ ပျံသန်းလာကြောင်း ၄င်းဝန်ကြီးဌာနက ပြောကြားသည်။ယင်းလေယာဉ်သည် ဒီဇင်ဘာ ၂၉ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၃၆မိနစ်၌ ထိုလေယာဉ်ကွင်း၌ အရေးပေါ်ဆင်းသက်မှု ပြုလုပ်စဉ် လမ်းချော်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့လမ်းချော်ပြီးနောက် မီးလောင်မှု မဖြစ်ပွားမီ လေယာဉ်မှာ သုံးပိုင်း ကျိုးသွားခဲ့ကြောင်း၊ ၄င်းလေယာဉ်၏ညာတောင်ပံ မှာ မြေပြင်နှင့် တိုက်မိရာ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက ပြောကြားသည်။ကနဦးထုတ်ပြန်ချက်အရ လေယာဉ် မတော်တဆဖြစ်မှုကြောင့် နှစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသော်လည်း နောက်ဆုံးရရှိ သည့် သတင်းများအရ သေဆုံးသူအရေအတွက် လေးဦးအထိ ရှိသွားပြီဟုဆိုသည်။ ဒဏ်ရာရသေဆုံးသူများမှာ လေယာဉ်မှူး၊အကူလေယာဉ်မှူး၊ အင်ဂျင်နီယာ တစ်ဦး နှင့် လေယာဉ်အမှုထမ်းတစ်ဦးတို့ဖြစ်ပြီးအခြားလေယာဉ်ဝန်ထမ်း လေးဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ လေယာဉ်မီးလောင်မှုဖြစ်ပွားပြီး နာရီဝက်အတွင်း မှာပင် မီးသတ်သမားများက မီးကိုထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၆ နာရီ ခွဲတွင် လေဆိပ် ယာယီပိတ်ထားမှုကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း လေဆိပ် ဝန်ထမ်းများက ဒေသဆိုင်ရာမီဒီယာသို့ပြောကြားခဲ့သည်။ အဆိုပါ လေယာဉ်မတော်တဆဖြစ်မှု အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ဖွဲ့ကိုရုရှားဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒက်က ထုတ်ပြန်ကြေညာခဲ့သည်။ (ဆင်ဟွာ)
**အိန္ဒိယနိုင်ငံ၌ ပြည်နယ်တစ်ခုထပ်မံတိုးလာမည်**
(အင်ဒရာပရာဒေ့ရှ် ဒီဇင်ဘာ ၃ဝ)
အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ် ပြည်နယ်တောင်ပိုင်း တေလန်ဂန္နာဒေသသည် တစ်လအတွင်း ပြည်နယ်သစ်အဖြစ်ဆုံးဖြတ်ချက်ချမှတ်လိမ့်မည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက ပြောကြားသည်။ အဆိုပါ ပြည်နယ်သည် လူပေါင်း သန်း ၄ဝ နေထိုင်လျက်ရှိပြီး အင်ဒရာပရာဒေ့ရှ်ပြည်နယ် ၂၃ ခရိုင်အနက် ၁ဝ ခရိုင်ပါဝင်နေခြင်းကြောင့် ပြည်နယ်အဆင့်တိုးပေးရန် တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။ အိန္ဒိယအစိုးရအနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်၍နယူးဒေလီ၌ နိုင်ငံရေးပါတီရှစ်ခုက ခေါင်းချင်းဆိုင် ဆွေးနွေးခဲ့ကြကြောင်း ပြည်ထဲရေး
ဝန်ကြီး ဆူရှီးကူမာရှင်ဒီက ပြောကြားသည်။ (ဘီဘီစီ)
**ဖိလစ်ပိုင်အလယ်ပိုင်း အပူပိုင်းမုန်တိုင်းတိုက်ခတ် ကောက်ပဲသီးနှံအမေရိကန်ဒေါ်လာ သုံးသန်းကျော်ဖိုး ပျက်စီး**
(မနီလာ ဒီဇင်ဘာ ၃ဝ)
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင်ဝူကောင်အပူပိုင်းမုန်တိုင်း ဖြတ်သန်း တိုက်ခတ်မှုကြောင့် အမေရိကန်ဒေါ်လာ၃ ဒသမ ၂ သန်းတန်ဖိုးရှိ ကောက် ပဲသီးနှံများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဖိလစ်ပိုင်အစိုးရက ဒီဇင်ဘာ ၂၈ ရက်တွင်ပြောကြားခဲ့သည်။ အဆိုပါ အပူပိုင်းမုန်တိုင်းကြောင့်တောင်သူများ၏ စပါးစိုက်ခင်းမှခန့်မှန်း ခြေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၆သန်းပျက်စီးခံခဲ့ရကြောင်း၊ ထို့အပြင် အခြား စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့်ဟင်းသီးဟင်းရွက်များနှင့် ဂျုံ၊ ပြောင်း စသည့် သီးနှံများ များစွာပျက်စီးခဲ့ရကြောင်းလယ်ယာစိုက်ပျိုးရေးဌာန၏ ပြောကြား ချက်အရ သိရသည်။ယင်းဝူကောင်အပူပိုင်း မုန်တိုင်း ကြောင့် သေဆုံးသူ ၁၁ ဦးအထိ မြင့်တက်လာကြောင်း၊ နိုင်ငံအလယ်ပိုင်းတွင် မိသားစုဝင်ပေါင်း ၄၉၄၄ ဦးသို့မဟုတ်လူဦးရေ ၂၈၂၄၂ ဦး မုန်တိုင်းဒဏ်ခံခဲ့ရ ကြောင်းအမျိုးသားသဘာဝဘေးအန္တရာယ်သက်သာလျော့ပါးရေးနှင့် စီမံခန့်ခွဲရေး ဌာနက ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။ (ဆင်ဟွာ)
**ယူကရိန်းအအေးလှိုင်း ၁၃၃ ဦးသေဆုံး**
(ကိယက်ဗ် ဒီဇင်ဘာ ၃ဝ)
ယူကရိန်းနိုင်ငံတွင် လွန်ခဲ့သောသီတင်းပတ်များက အအေးလှိုင်းကျ ရောက်ခဲ့မှုကြောင့် အနည်းဆုံး ၁၃၃ဦးသေဆုံးခဲ့ကြောင်း ဒီဇင်ဘာ ၂၉ ရက် က ပရက်စ်တီဗွီသတင်းတွင် ဖော်ပြသည်။အဆိုပါ သေဆုံးသူအများစုသည် အိုးအိမ်မဲ့ဟုယူဆရသူများဖြစ်ပြီး ညအခါလမ်းများပေါ်တွင် အိပ်ပျော်နေခြင်း ကြောင့် ဖြစ်ကြောင်း ဒေသဆိုင်ရာမီဒီယာက ဖော်ပြသည်။ ထိုသို့အအေး လှိုင်း ကျရောက်စဉ် အနွေးဓာတ်ပေးထားသော ယာယီတဲအိမ် ၃ဝဝဝ ကျော် အတွင်း အိုးအိမ်မဲ့များနှင့် သက်ကြီးရွယ်အိုတို့အား အနားယူစေရန်အစားအစာများ ထောက်ပံ့ပေးပြီး နွေးထွေးစွာ ထားခဲ့ရသည်။ (ပရက်စ်တီဗွီ) စုစည်းဘာသာပြန် - တင်မောင်လွင် **စွန့်ပစ်အမှိုက်များမှ ထွက်ပေါ်လာသော ဂန္ထ၀င်သံစဉ်များ** ''တစ်စုံတစ်ယောက်သောသူ အသုံးမဝင်၍ စွန့်ပစ်လိုက်သောအရာမှာ အခြားလူတစ်ယောက်အတွက် ရတနာဖြစ်သည်။''အထက်ပါဆိုရိုးစကားသည် ပါရာ ဂွေးနိုင်ငံရှိ ကာတူရာမြို့ငယ်လေးတွင်နေထိုင်သူများ၏ အသည်းနှလုံးကြား မှထွက်ပေါ်လာသည့် ဆိုစကားဖြစ်သည်။အမှိုက်သရိုက်များစွန့်ပစ်ရာ ဖို့မြေအနား ကာတူရာမြို့နေ ဆင်းရဲချို့တဲ့သောမိသားစုများအတွက် အသုံးအဆောင် ပစ္စည်းပစ္စယများဝယ်ယူနိုင်ရေးမှာ များစွာခက်ခဲသလို ဂီတဝါသနာထုံသော သား သမီးများကို တူရိယာသစ်များ ဝယ်ယူပေးနိုင်ရေးတွင်လည်း မတတ်စွမ်းနိုင်ကြသဖြင့် စွန့်ပစ်ပစ္စည်းများဖြင့် တူရိယာများပြုလုပ်ရာမှ အထက်ပါ ဆိုစကားဖြစ်ထွန်းခဲ့ခြင်းဖြစ်သည်။ အိမ်တစ်လုံးတန်ဖိုးမှာ တယောတစ်လက်တန်ဖိုးပင်မရှိသည့် ထိုမြို့လေး တွင် အမှိုက်များမှ ဆက်စပ်တီထွင်ထုတ်လုပ်သည့်တူရိယာများဖြင့် တီးခတ်သော သြဂတ်စထရာ (သံစုံတီးဝိုင်း) ကိုပင်ဖွဲ့စည်းတည်ထောင်ပြီး ကမ္ဘာလှည့်ဂီတပွဲ များကို တီးခတ်ဖျော်ဖြေခဲ့သည်။''ကာတူရာမှစွန့်ပစ်ပစ္စည်းတူရိယာ သံစုံတီးဝိုင်း'' ဟုအမည်ပေးထားသောအဖွဲ့ဝင်လူငယ်များသည် ဘရာဇီးနိုင်ငံ၊ ပနားမားနိုင်ငံနှင့် ကိုလံဘီယာနိုင်ငံများတွင် ယခုနှစ်အတွင်း လှည့်လည်ဖျော်ဖြေ ခဲ့ပြီးဖြစ်သည်။အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် ဖီးနစ်မြို့ရှိ ဂီတတူရိယာပြခန်း ပြသရန် တီးခတ်ဖျော်ဖြေခွင့်ကိုလည်းမျှော်လင့် ထားသည်ဟုဆိုသည်။ ကမ္ဘာ့ဂန္ထဝင် ဂီတပညာရှင်များဖြစ်သည့် မိုးဇတ်၊ ဗီသိုဘင်၊ ဟင်နရီမာစီနီ များက စွန့်ပစ်ပစ္စည်းသုံး တူရိယာများဖြင့်တီးခတ်ခြင်းဖြစ်သည်။ ကြီးများမှာ ဆီတိုင်ကီခွံများမှနေ၍လုပ်ယူခြင်းဖြစ်သည်။ သတ္တုဇလုံများကိုလည်း တယောများဖြစ်အောင် ဖန်တီးကြသည်။ဆိုက်ဇိုဖုန်းတူရိယာများ၏ ကီးများအတွက် ပုလင်းအခွံများကိုတပ်ဆင်သည်။ ဂျယ်လီသေတ္တာဘူးနှစ်ဘူးကို ကလပ်စီကယ်ဂစ်တာတစ်လက်ဖြစ်အောင် ပြုလုပ်ထားခြင်းလည်းဖြစ်သည်။ထိုတီးဝိုင်းအဖွဲ့အကြောင်းကို ပါ ရာဂွေး မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတစ်ဦးက ''ဖို့မြေဘေးကဟာမိုနစ်သံစဉ် များ'' ဟုအမည်ပေးထားသော မှတ်တမ်းခွေရိုက်ကူးကာ အင်တာနက်ပေါ်တင်ဆက် ခဲ့ရာ ကြည့်ရှုအားပေးသူ တစ်သန်းကျော်ထက်မနည်း ရှိခဲ့သည်။ (အင်တာနက်)
**အယ်ပဲလ်ကုမ္ပဏီ မူပိုင်ခွင့်ချိုးဖောက် တရုတ်ကုမ္ပဏီနှစ်ခုအား လျော်ကြေးပေးရ**
အမေရိကန်ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သော အက်ပဲလ်ကုမ္ပဏီကို မူပိုင်ခွင့်များချိုးဖောက်မှုဖြင့် တရုတ်စာရေးဆရာရှစ်ဦးနှင့် ကုမ္ပဏီနှစ်ခုအား လျော်ကြေး ငွေပေးရန် တရုတ်တရားရုံးတစ်ရုံးက အမိန့်ချမှတ်လိုက်ကြောင်း ဒီဇင်ဘာ ၃ဝ ရက်က အင်တာနက်သတင်းတစ်ရပ်တွင် ဖော်ပြသည်။ တရုတ်စာရေးဆရာများနှင့် ကုမ္ပဏီနှစ်ခုက ယင်းတို့ရေးသားထားသော အီလက် ထရွန်နစ်ဆိုင်ရာ စာအုပ်များကို အက်ပဲလ်ကုမ္ပဏီက အွန်လိုင်းစတိုးမှတစ်ဆင့် ကူးယူရောင်းချခဲ့မှုအပေါ် လျော်ကြေးရလိုကြောင်း တရားစွဲတောင်းဆိုသည်။ တရုတ်တရားရုံးက ယင်းတို့အား လျော်ကြေးငွေယွမ် ၁ ဒသမ ဝ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၆၅ဝဝဝ)ပေးရန် အမိန့်ချမှတ်ခဲ့ကြောင်း ဆင်ဟွာသတင်း အေဂျင်စီကဖော်ပြသည်။ အက်ပဲလ်ကုမ္ပဏီသည် တရုတ်နိုင်ငံတွင် မူပိုင်ခွင့်ချိုးဖောက်၍ လျော်ကြေးပေးရခြင်းမှာ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်သည်။ စက်တင်ဘာလ ကလည်း အက်ပဲလ်ကုမ္ပဏီက မူပိုင်ခွင့်ချိုးဖောက်၍ တရုတ်အင်ဆိုက်ကလိုပီးဒီးယား ထုတ်လုပ်သူတစ်ဦးအား လျော်ကြေး ယွမ် ၅၂ဝဝဝဝ ပေးဆောင်ခဲ့ရသည်။
**မူဘာရက်၏ ဇနီးနှင့်သားများ ခရီးသွားလာခြင်း ပိတ်ပင်ခံရ**
အမေရိကန်သမ္မတ ဘားရက်အိုဘားမားက လာမည့်နှစ် အခွန်အတုပ်များ တိုးမြှင့် ကောက်ခံရာတွင် လူလတ်တန်းစားများကို ရှောင်ရှားပေးပါရန် အမေရိကန်လွှတ်တော် အမတ်များအား ဒီဇင်ဘာ ၂၉ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။ အမေရိကန်လွှတ်တော်က လာမည့်နှစ်တွင် နိုင်ငံ၏စီးပွားရေးကျဆင်းမှုကို ကယ်တင်နိုင်ရန်အတွက် အခွန်များတိုးမြှင့်ကောက်ခံရေးဥပဒေတစ်ရပ် ပြဋ္ဌာန်းမည်ဖြစ် သည်။ ထိုသို့ အခွန်များတိုးကောက်လိုက်ခြင်းဖြင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးကျဆင်း မှုကို အမေရိကန်ဒေါ်လာ ဘီလီယံ ၆ဝဝ ခန့် ကာမိစေလိမ့်မည်ဟုဆိုသည်။ လွှတ်တော်အနေဖြင့် လူလတ်တန်းစားများအပေါ် အခွန်အတုပ်တိုးမြှင့်ကောက်ခံ ရေးတွင် တားဆီးပေးနိုင်မည့်နည်းလမ်းတစ်ရပ်ကို ဖန်တီးနိုင်လိမ့်မည်ဟု ယုံကြည် ကြောင်း သမ္မတအိုဘားမားက ပြောကြားသည်။
**လူလတ်တန်းများကို အခွန်တိုးမကောက်ရန် အမေရိကန်သမ္မတ အိုဘားမားတိုက်တွန်း**

စုစည်းဘာသာပြန် - မြင့်မောင်စိုး
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

No comments:
Post a Comment