-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**လာမည့် နှစ်အတွက် ရဲ့ အကဲဖြတ်ဒိုင် မလုပ်တော့ဘဲ ဘရစ်တနီ**''The X Factor” အမည်ရှိ မျိုးဆက်သစ် ဂီတအနု ပညာရှင်များ သီချင်းဆိုပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်အဖြစ် တာဝန်ယူဆောင်ရွက်လာခဲ့သူ ပေါ့ပ်ကြယ်ပွင့် ဘရစ်တနီစပီးယားက လာမည့် ပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ခြင်း ပြုမည်မဟုတ်တော့ကြောင်း Us Magazine. com က သတင်းဖော်ပြသည်။ဘရစ်တနီသည် ဒီဇင်ဘာ ၂ဝ ရက်၌ပြီးဆုံးခဲ့သည့် အဆိုပါ The X Factor ပြိုင်ပွဲ၏ ဒုတိယရာသီပြိုင်ပွဲများအထိ ဒမ်မီလိုဗာတို၊ အယ်လ်အေရီးလ်နှင့် ဆိုင်မွန်ကိုဝဲလ်တို့နှင့်အတူ အကဲဖြတ်ဒိုင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အဆိုပါပြိုင်ပွဲကို ပူးတွဲတည်ထောင်သူ ကိုဝဲလ်က 'ကျွန်တော်တို့လိုချင်တာအမြဲတမ်းသွက်လက်နေတဲ့ ဘရစ်တနီ ပါ၊ အခုရလိုက်တာက လေးလံတဲ့ ဘရစ်တနီဖြစ်နေပါတယ်'' ဟု အခြားသောသတင်းဌာနတစ်ခုသို့ပြောကြားခဲ့ကြောင်း သိရ သည်။
**၂၀၁၂ ခုနှစ်အတွင်း ၀င်ငွေအများဆုံးရရှိသူအဖြစ် သရုပ်ဆောင် ဒန်ဇယ်လ်ဝါရှင်တန်အား မဲပေးရွေးချယ်**
Quigleyကုမ္ပဏီ၏ (၈၁)ကြိမ်မြောက်ရုပ်ရှင်ထုတ်လုပ်သူများ၏ နှစ်ပတ်လည် နေ့အခမ်းအနားတွင် အမေရိကန်သရုပ်ဆောင် ဒန်ဇယ်လ်ဝါရှင်တန်အား ၂ဝ၁၂ ခုနှစ်အတွင်း ဝင်ငွေအများဆုံးရရှိသူအဖြစ် မဲပေးခံခဲ့ရကြောင်းသိရသည်။ အဆိုပါ ပြပွဲတင်ဆက်သူများကဇာတ်ကားများFlight နှင့် Safe House ရုံတင်ပြသစဉ်အတွင်း အခြားသောဟောလိဝုဒ် သရုပ်ဆောင်များထက် ဒန်ဇယ်လ်ဝါရှင်တန်၏ သရုပ်ဆောင်မှုများက ပိုမိုပီပြင်မှုရှိကြောင်း သိရသည်။ ၄င်းအပြင် Les Miserablesဇာတ် ကားမှ အန်နီဟသ်ဝေးက ဒုတိယဝင်ငွေ အများဆုံးရရှိသူအဖြစ် လည်းကောင်း၊ယင်း ဇာတ်ကားမှ Hugh Jackman က တတိယ၊ ‘Ted’ ဇာတ်ကားမှ သရုပ်ဆောင်မာ့ခ်ဝဲလ်ဘတ်ခ်က စတုတ္ထ၊ ‘Dark Shadow’ဇာတ်ကားမှ သွေးစုပ်ဖုတ်ကောင်အဖြစ်သရုပ်ဆောင်သူ ဂျွန်နီဒိပ်က ပဉ္စမ၊ ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ခဲ့သူဒယ်နီယယ်ခရေ့ခ်ျက ဆဋ္ဌမ၊ Lincoln ဇာတ်ကားမှ ဒယ်နီယယ်ဒေးလူးဝစ်ကသတ္တမ၊ Killing Them Softly ဇာတ်ကားမှဘရတ်ပစ်က အဋ္ဌမ၊ Django Unchained ဇာတ်ကားမှ သရုပ်ဆောင် လီယိုနာဒိုဒီကာပရီယိုက နဝမနှင့် ‘Sherlock Holmes’ဇာတ်ကားနှင့် Iron Man ဇာတ်ကားများမှ သရုပ်ဆောင် ရောဘတ်ဒိုနီက ဒသမဝင်ငွေအများဆုံး စသည်ဖြင့် ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
**ပညာရေးကဏ္ဍကို ထောက်ပံ့ပေးမည့် မက်ဒေါနား**
ပေါ့ပ်ကြယ်ပွင့် မက်ဒေါနားက မော်လဝီနိုင်ငံ ရှိ ကျောင်း သား ကျောင်းသူပေါင်း ၄၈၇၁ ဦး ပညာသင်ကြားနိုင် သည့် ကျောင်း ၁ဝ ကျောင်းနှင့် မော်လဝီရှိ အခြားသော ပရဟိတ လုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ မက်ဒေါနားက မော်လဝီနိုင်ငံ ကျေးလက်ဒေသများရှိ စာသင်ကျောင်းများတည်ဆောက်ရေးလုပ်ငန်းများတွင် ကူညီဆောင် ရွက်ခြင်းဖြစ်ပြီး ခြောက်ကျောင်းတွင် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားလျက်ရှိပြီး ကျန်၁ဝ ကျောင်းမှာ တည်ဆောက် ဆဲဖြစ်သည်။''ကျွန်မရဲ့လုပ်ရပ်အတွက် ကျွန်မအရမ်းပီတိဖြစ်ရပါတယ်။ ဒီနိုင်ငံမှာ မိန်းကလေးငယ်လေးတွေအတွက် ပညာသင်ဖို့ အခွင့် အရေး အရမ်းနည်းပါးပါတယ်။ ကျောင်းသားဦးရေရဲ့တစ်ဝက် လောက်ရှိတဲ့ မိန်းကလေးတွေဖြစ်ပါတယ်။ လာမည့် ပညာသင်နှစ် မှာ ကျောင်းသား ကျောင်းသူပေါင်း ၄၈ဝဝ ကျော် ပညာသင်ယူနိုင် ပြီဖြစ်တဲ့အတွက် သူတို့တစ်ဦးချင်းစီရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ မော်လဝီ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ခြေလှမ်းသစ်တစ်ရပ်ပါပဲ''ဟု မက်ဒေါနားက ပြောကြားခဲ့ သည်။ ''မက်ဒေါနားရဲ့ ဒီလိုကူညီပံ့ပိုးမှုတွေဟာ မော်လဝီနိုင်ငံက ကလေးတွေအတွက်စိတ်ဓာတ်တွေနိုးကြားလာစေပါတယ်။ ဒီစာသင်ကျောင်း ၁ဝ ကျောင်းထပ်မံဆောက်လုပ်ပေးခြင်းဖြင့် ကလေးတွေအတွက် လိုအပ်နေတဲ့ ပညာရေးပိုင်းကို ဖြည့်ဆည်း ပေးရာကျသလို မော်လဝီနိုင်ငံကြီးတိုးတက်ဖို့ လုပ်ဆောင်ပေးရာ လည်း ကျပါတယ်''ဟု buildOnပရဟိတအဖွဲ့အစည်းမှ အမှု ဆောင်အရာရှိချုပ် Jim Ziolkowskiက ဆိုသည်။ နာမည်ကျော်အဆိုတော် မက်ဒေါနားက သူမ၏ သားဖြစ် သူ ဒေးဗစ်နှင့် သမီးဖြစ်သူမာစီတို့ကို အာဖရိကရှိ ဆင်းရဲ နွမ်းပါးမှု ခံစားနေရသောဒေသများမှ ခေါ်ယူမွေးစားထားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
**ဘရော့ဒ်ဝေးရုပ်ရှင်ပြပွဲတွင် ပြသလျက်ရှိသည့် ကေတီဟုမ်း၏ပြဇာတ်အဆုံးသတ်မည်**

ရက်သတ္တအနည်းငယ်ကြာ ကျင်းပခဲ့သည့် ဘရော့ဒ်ဝေး ရုပ်ရုင်ရုံများ၌ ပြသလျက်ရှိသည့် ကေတီဟုမ်း ပါဝင် သရုပ်ဆောင်ထားသော Dead Accountsအမည်ရှိ ပြဇာတ်ကို အဆုံးသတ်မည်ဖြစ်ကြောင်း အဆိုပါပြပွဲ တာဝန်ရှိသူများက ကြေညာချက်ထုတ်ပြန်ထားသည်။သရုပ်ဆောင် နော်ဘတ်လီယိုဘတ်ဇ်က ကေတီဟုမ်း၏ အစ်ကိုအဖြစ်ပါဝင်သရုပ်ဆောင်ထားသည့် သီရီဆာရီဘတ်၏ အဆိုပါဒရာမာပြဇာတ်ကို ဖေဖော်ဝါရီ ၂၄ ရက်အထိ ပြသသွား ရန် စီစဉ်ထားသော်လည်း ဇန်နဝါရီ ၆ ရက်တွင် အဆုံးသတ်မည် ဖြစ်ကြောင်း သိရသည်။ယင်းပြဇာတ်သည် ပြင်ပတွင် သုံးဖြုန်းပျော်ပါးပြီး နယူး ယောက်မြို့မှ စင်စီနေတီသို့ ပြန်လာခဲ့သော သားတစ်ယောက် အကြောင်း တင်ဆက်ထားသည့် အဆိုပါပြဇာတ်ကို တိုနီဆုရှင် ဒါရိုက်တာ Jack O'Brein က ပုံဖော်ရိုက်ကူးထားသည်။ အဆိုပါပြဇာတ်သည် သရုပ်ဆောင် ကေတီဟုမ်း၏ တွမ်ခရုဇ်နှင့် ကွာရှင်းပြီး နောက်ပိုင်း ခေါင်း ဆောင်အဖြစ် ပထမ ဆုံး ပါဝင်ရိုက်ကူး ထား သော ပြဇာတ် တစ် ပုဒ်လည်းဖြစ် သည်။
**တိုက်စစ်မှူးဝေါကော့သ် အာဆင်နယ်အတွက် ဟက်ထရစ်ဂိုးသွင်းယူ**
(လန်ဒန် ဒီဇင်ဘာ ၃ဝ)
အင်္ဂလိပ်ပရီမီယာလိဂ်ပွဲစဉ်(၂ဝ)ဘောလုံးပြိုင်ပွဲများကို ဒီဇင်ဘာ ၂၉ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားကြရာ အာဆင်နယ်အသင်းက အိမ်ကွင်း၌နယူးကာဆယ် ကို ခုနစ်ဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် တိုက်စစ်မှူး ဝေါကော့သ်အထူးခြေစွမ်းပြကစားခဲ့သည်။ ကိုယ်တိုင်ဟက်ထရစ်ဂိုးသွင်းယူနိုင်သည့်အပြင် အခြားကစားသမား နှစ်ဦးအား ဘောလုံးဂိုးပေါက်ဖန်တီးပေးနိုင်ခဲ့သည်။ အာဆင်နယ်တို့ ယင်းပွဲ အနိုင်ရလိုက်သဖြင့် အမှတ်ပေးဇယား တတိယနေရာရလိုက်သည်။ တိုက်စစ်မှူး ဝေါကော့သ်သည် ခြေစွမ်းပြဂိုးများသွင်းယူနေသော်လည်း နွေရာသီ တွင် အာဆင်နယ်နှင့်စာချုပ်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သည်။ ၄င်းသည် ယခုနှစ်အတွင်း ပြိုင်ပွဲအားလုံး၌ ၁၄ ဂိုးသွင်းထားသည်။ အထောင် တိုက်စစ်မှူးဖြစ် လာပြီး နောက်ဆုံးပွဲတွင် လေးဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်သည်။ (ရိုက်တာ)
**အဘူဒါဘီတင်းနစ်ပြိုင်ပွဲ ကမ္ဘာ့နံပါတစ် ဂျိုကိုဗစ်ဖလားယူ**
(အဘူဒါဘီ ဒီဇင်ဘာ ၃ဝ)
ဆားဘီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ်သည် အဘူဒါဘီ၌ ကျင်းပသော မူဘာဒလာကမ္ဘာ့ချန်ပီယံရှစ် တင်းနစ်ပြိုင်ပွဲတွင် နီကိုလပ်စ်အော်စ်မာဂရိုအား အနိုင်ရပြီး ဖလားဆွတ်ခူးသွားခဲ့သည်။ ကမ္ဘာ့နံပါတ်တစ်တင်းနစ်ကစားသမား ဂျိုကိုဗစ်သည် စပိန်နိုင်ငံသား နီကိုလပ်စ်အေစ်မာဂရိုအား ၆-၇(၄-၇)၊ ၆-၃၊ ၆-၄ ဖြင့် အနိုင်ရပြီး ဆုဖလားဆွတ် ခူးသွားခဲ့ခြင်းဖြစ်သည်။ စပိန်မှ ဒေးဗစ်ဖာရာသည် ဆားဘီးယားမှ တစ်ဆာရေဗစ် အား ၇-၆(၇-၄)၊ ၆-၂ ဖြင့် နိုင်ပြီး တတိယဆုသာ ဆွတ်ခူးနိုင်ခဲ့သည်။ အဆိုပါကစား သမားလေးဦးစလုံးသည် ဇန်နဝါရီ ၁၄ ရက်တွင် မဲလ်ဘုန်း၌ ယှဉ်ပြိုင်ကစားမည့် သြစတြေးလျအိုးပင်းတွင် ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ (ရိုက်တာ)
**အားကစားသတင်းအတိုအထွာ**
အာဆင်နယ်အသင်းသည် ရိန်းနစ်အသင်းမှ အသက် ၂၂ အရွယ်ရှိ ကွင်းလယ်ကစားသမား ယန်အမ်ဘီလာအားခေါ်ယူရန် ဆွေးနွေးလျက်ရှိသည်။
ဆန်းဒါးလန်းအသင်းတွင် အငှားချထားသော အသက် ၂၂ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား ဒန်နီရို့စ်အား အပြီးသတ်စာချုပ်ချုပ်ဆိုခေါ်ယူရန် စပါး အသင်းနှင့်ဆွေးနွေးမှုများပြုလုပ်လျက်ရှိသည်။
ဘလက်ဘန်းအသင်းသည် အောင်မြင်မှုများရရှိစေနိုင်ရန်အကြံပေး အရာရှိ ရှီဘိုင်ဆင်းအား ခေါ်ယူရန် စီစဉ်လျက်ရှိသည်။
လာလီဂါဖလားထက် ချန်ပီယံလိဂ်ဖလားကို ရယူရေးပိုမိုကြိုးစားဆောင် ရွက်သွားမည်ဖြစ်ကြောင်း နည်းပြမော်ရင်ဟိုက ပြောကြားသည်။
အသက် ၃၁ နှစ်အရွယ်ရှိ လီဗာပူးအသင်းကွင်းလယ်ကစားသမား ဂျိုကိုးလ်သည် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလ၌ အသင်းမှထွက်ခွာမည် ဖြစ်သည်။
အသက် ၂၇ နှစ်အရွယ်ရှိ ဆွမ်ဆီးအသင်းတိုက်စစ်မှူး ဂရာဟမ်းအား စာချုပ်သစ်ထပ်မံချုပ်ဆိုရန် နည်းပြလော့ဒရပ်က ဆွေးနွေးလျက်ရှိသည်။
ဘလက်ဘန်းအသင်းပိုင်ရှင် ဗန်ကီက အသက် ၃၂ နှစ်ရှိ ဘရာဇီး တိုက်စစ်မှူးဟောင်း ရော်နယ်ဒင်ဟိုအား ခေါ်ယူရန်ကြိုးစားလျက်ရှိသည်။
လီဗာပူးအသင်းနည်းပြရော့ဂျားစ်က လီဗာပူးကစားသမားများ တိုက်ပွဲဝင် စိတ်ဓာတ် မြင့်မြင့်မားမားထားရှိရန် တိုက်တွန်းလိုက်သည်။
မောင့်ပယ်လီယာအသင်း နောက်ခံကစားသမားအမ်ဘီဝါက မိမိသည် မန်ယူအသင်း၌ ကစားလိုကြောင်း၊ မန်ယူ၌ကစားလိုသောဆန္ဒသည်ပြင်းပြလျက် ရှိကြောင်း ထုတ်ဖော်ပြောကြားသည်။
ရီးရဲမက်ဒရစ်နှင့်ပဲရစ်စိန့်ဂျာမိန်းတို့က အသက် ၃၂ နှစ်ရှိ ချယ်လ်ဆီး နောက်ခံကစားသမား အက်ရှ်လေကိုးအား လာမည့်နွေရာသီအပြောင်းအရွှေ့ ကာလ၌ ခေါ်ယူရန်အပြိုင်ကြိုးစားလျက်ရှိသည်။
မန်စီးတီးအသင်းသည် အသက် ၂၅ နှစ် အရွယ် အင်္ဂလန်နောက်ခံကစား သမား ရှောခရော့စ်အား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့၌ အသင်းအတွက် ခေါ်ယူမည်ဖြစ်သည်။
မန်ယူကွင်းလယ်ကစားသမား နာနီအား မန်ယူ၌ ဆက်လက်နေထိုင်ကစား လိုခြင်းရှိ မရှိမှာ နာနီပေါ်၌သာမူတည်နေကြောင်း၊ နာနီ၏အနာဂတ်အတွက် ကိုယ်တိုင်ဆုံးဖြတ်ရမည်ဖြစ်ကြောင်း နည်းပြဖာဂူဆန်က ထုတ်ဖော်ပြောကြားသည်။
အသက် ၃၃ နှစ် အရွယ်ရှိ စတုတ်တိုက်စစ်မှူး မိုက်ကယ်အိုဝင်အား စပိန်ကလပ် အက်စ်ပန်ညိုအသင်းက ဇန်နဝါရီအပြောင်းအရွှေ့၌ ခေါ်ယူမည်ဖြစ် သည်။
အသက် ၂၈ နှစ်အရွယ်ရှိ ဘရစ်တန်အသင်းတိုက်စစ်မှူး မိုက်ကယ် စမစ်အား နော့ဝှစ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၃ သန်းဖြင့် ခေါ်ယူမည်ဖြစ် ကြောင်း သတင်းထုတ်ပြန်သည်။ (အင်တာနက်)
**ပရီးမီးယားလိဂ် ရင်ခုန်သံ…၂၁**
ပရီမီယာလိဂ်ပွဲစဉ်(၂၁)ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၁၊ ၂၊ ၃ရက်တွေမှာ ကျင်းပ သွားဖို့ရှိနေလို့ ဘယ်အသင်းတွေ နှစ်သစ်မှာ အနိုင်ရလဒ်နဲ့ အဖွင့်လှမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ အဆိုပါပွဲစဉ်တွေအနက် ဇန်နဝါရီ ၁၊ ၂ ရက်တွေမှာ ကစားမယ့်ပွဲတွေကို ဦးစွာသုံးသပ်ဖော်ပြပေးလိုက်ပါတယ်။
**ဆောက်သမ်တန် အာဆင်နယ်**
ပထမအကျော့ရလဒ် (၁၅-၉-၁၂)
အာဆင်နယ် ၆ ၁ ဆောက်သမ်တန်
ဆောက်သမ်တန်က ခြေစွမ်းသာမန်သာရှိတယ်ဆိုပေမယ့် အိမ်ကွင်းဆိုရင် သတိ ထားရမယ့်အသင်းတွေထဲမှာ တစ်သင်းအပါအဝင်ဖြစ်တယ်။ အာဆင်နယ်ကလည်း အမှားမရှိခဲ့တော့လို့ နိုင်ပွဲရရေးအားစိုက်လာမှာဖြစ်ပေမယ့် ခြေစွမ်းနဲ့တိုက်စစ်ကသာမန် သာရှိတယ်။ အာဆင်နယ်ကပ်ပြီးသာအနိုင်ရနိုင်တယ်။
**ဝက်စ်ဘရွန်း ဖူလ်ဟမ်**
ပထမအကျော့ရလဒ် (၁၅-၉-၂ဝ၁၂) ဖူလ်ဟမ် ၃-ဝ ဝက်စ်ဘရွန်း ဝက်စ်ဘရွန်းက မန်ယူနဲ့ကစားခဲ့ရမှုကြောင့် ပွဲပန်းလာမှာဖြစ်ပေမယ့် အိမ်ကွင်း ရုန်းအားကောင်းတယ်။ လက်ရှိခြေနဲ့ ခံစစ်ကစားပုံတည်ငြိမ်တယ်။ ဖူလ်ဟမ်က ခြေကျနေ သလို အဝေးကွင်းနဲ့တိုက်စစ်ပိုင်းမှာရုန်းကန်နေရတယ်။ အိမ်ရှင်ဝက်စ်ဘရွန်းတို့ အနိမ့်ဆုံး သရေကစားသွားနိုင်မှာပါ။
**မန်စီးတီး - စတုတ်**
ပထမအကျော့ရလဒ် (၁၅-၉-၂ဝ၁၂) စတုတ် ၁ -၁ မန်စီးတီး
မန်စီးတီးက အိမ်ကွင်းဖြစ်သလို မန်ယူကိုဖိအားပေးနိုင်ရေး အားစိုက်ကစားလာမှာ ဖြစ်ပေမယ့် ခြေက သာမန်သာရှိတယ်။ အထူးသဖြင့် စတုတ်ရဲ့ကစားပုံက မာကျောသလို အဝေးကွင်းမှာလည်းခံစစ်ပိုင်းက တည်ငြိမ်မှုရှိတယ်။ ဒါကြောင့် မန်စီးတီးအနိုင်ရမှာ ဖြစ်ပေမယ့် ဂိုးပြတ်ဖို့တော့မလွယ်လို့ စတုတ်နဲ့ ဂိုးအနည်းကို နှစ်သက်တယ်။
**ဆွမ်ဆီး - ဗီလာ**
ပထမအကျော့ရလဒ် (၁၅-၉-၁၂) ဗီလာ၂ - ဝ ဆွမ်ဆီး
ဆွမ်ဆီးကလက်ရှိခြေပြန်ကောင်းလာတယ်။ အထူးသဖြင့် အိမ်ကွင်းပွဲစဉ်တွေမှာ ရုန်းအားပိုကောင်းတယ်။ ဗီလာက ချယ်လ်ဆီးကို ဂိုးပြတ်ရှုံးခဲ့ရလို့ ဂရုတစိုက်ကစားသွား မှာဖြစ်ပေမယ့် ခြေစွမ်းပိုင်းမှာ ဆွမ်ဆီးကိုမမီဘူး။ ဆွမ်ဆီးကိုပဲ နှစ်သက်မိတယ်။
**ဝီဂန် - မန်ယူ**
ပထမအကျော့ရလဒ် (၁၅-၉-၁၂) မန်ယူ ၄-ဝ ဝီဂန်
မန်ယူက ဒုတိယနေရာက မန်စီးတီးနဲ့အမှတ်ကွာဟမှု ကျဉ်းမြောင်းနေလို့ ဂရုတစိုက်ကစားသွားမှာပါ။ ဝီဂန်က အိမ်ကွင်းမှာ အမှတ်ရဖို့ရုန်းကန်လာမှာဖြစ်ပေမယ့် ခြေစွမ်းပိုင်းက သာမန်သာရှိတယ်။ ဝီဂန်ကွင်းမှာ ကစားရမှာဖြစ်ပေမယ့် မန်ယူပဲ အနိုင်ရသွားမှာပါ။
**ဝက်စ်ဟမ်း -နော့ဝှစ်ခ်ျ**
ပထမအကျော့ရလဒ် (၁၅-၉-၁၂) နော့ဝှစ်ခ်ျ ဝ - ဝ ဝက်စ်ဟမ်း
ဝက်စ်ဟမ်းကလက်ရှိအချိန်မှာ ခြေစွမ်းပိုင်းကသာမန်သာရှိတယ်။ တိုက်စစ်ကလည်း ဂိုးသွင်းအားကျနေတာကို တွေ့ရတယ်။ နော့ဝှစ်ခ်ျကတော့ လက်ရှိကစားပုံမဆိုးဘူး၊ ခြေစွမ်းတည်ငြိမ်တယ်။ ဒါပေမယ့် အဝေးကွင်းပွဲစဉ်တွေမှာ ရလဒ်ပိုင်းကောင်းအောင် ရုန်းကန်ရလေ့ရှိပါတယ်။ ဒါကြောင့်သွင်းဂိုးနည်းနိုင်ပြီး ပထမအကျော့ကလိုပဲ သရေကျဖို့ များတယ်။ (ဆက်လက်ဖော်ပြပါမည်)
စုစည်းဘာသာပြန် - ဖြိုးစန္ဒာမြင့်-မြင့်မောင်စိုး

No comments:
Post a Comment