ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, January 2, 2013

> -ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (အပိုင်း -၁)-
အခန်း( ၁ )
ဇာတိမြေလတ် ဟု ခေါ်သော ဗမာပြည်၏ အပူပိုင်းဇုန် ဖြစ်သော မကွေးစီရင်စု၊ ယခု ရေနံချောင်း ခရိုင်အတွင်း ပျဉ်းမနား၊ ကျောက်ပန်းတောင်း ရထားလမ်း တစ်ဝက်ခန့် တွင် အပူပိုင်း ဇုန်ကုန်းမြေပြင်များ ဖြစ်သော နှမ်း၊ပဲနှင့် ၎င်းဆီများ ထွက်၍ ကုန်ရောင်းကုန်ဝယ် အတော် တွင်ကျယ်သော မြို့ကလေး တစ်မြို့ ရှိလေသည်။ မီးရထား ဘူတာရုံ အနီးအနားတွင် မီးရထား ဘက်မှ ဆောက်ထားသော အိမ်တန်းလျားများနှင့် ပွဲစားကုန်သည် ဆိုင်များ အနည်းငယ် ရှိလေသည်။ ဘူတာ၏ ၀ဲယာ ပတ်လည် တို့တွင် မြေပဲ နှမ်းခင်း တို့ရှိလေသည်။ ထိုယာခင်းများမှ ကျော်လွန်၍ အရှေ့စူးစူးသို့ ကြည့်လျှင် ရေးရေး ထင်သော တောင်တန်းများကို နောက်က ခံကာ တောရကျောင်းနှင့် ကမ္မဋ္ဌာန်း ထိုင်သူတို့၏ ဂူလိုဏ်များကို တွေ့နိုင်ပေသည်။ ထိုဂူ၏ အနောက်မြောက် ယွန်း ကိုက်လေးရာခန့် ပေါ်၌ “ခပေါင်းကုန်း”(သို့မဟုတ်) န-ကျားကူး ခေါ်သော အိမ်ခြေတစ်ရာ ခန့်ရှိ ရွာကလေး ရှိလေသည်။ ယင်းချောင်း ဟု ခေါ်သော သဲချောင်းကြီး၏ တစ်ဖက်ကမ်း (အနောက် ဘက်ကမ်း) ၌ကား ယာခင်း၊ လယ်ကွင်းပြင် များနှင့် ဥယျာဉ် အချို့ကို တွေ့ရပေသည်။ ထိုမှ လွန်လျှင် တောင်ကုန်း ကျကျ နေရာတွင် အရှေ့ဘက်မှ တာမြောင်း ခံထားသော အိမ်ခြေ (၂၀၀) ခန့်ရှိ ရွာ တစ်ရွာ ရှိလေသည်။ ရွာ၏ မြောက်ဘက်တွင် ကပ်လျက် (ရှေး လူကြီးများ ပြောသလို) လောကဓာတ် မြန်မာ အထက်တန်း သင်ဘုန်းကြီးကျောင်း တစ်ကျောင်း ရှိလေသည်။ ထိုမှ ယာတစ်ခင်း အလွန်တွင် (၅)ရက် တစ်ဈေးဖွင့်ရာ ဈေးပိုင်း ရှိလေသည်။ ထိုမှလွန်လျှင် ပုလိပ် ဂါတ်တန်းလျား များ ရှိလေသည်။ ထိုအနီးတွင် စာတိုက် ရှိလေသည်။ ထို စာတိုက်ကို အနောက်မြောက် စောင်းစောင်း မလှမ်းမကမ်း တွင် အိမ်ခြေ (၁၅၀)ခန့် ရွာတစ်ရွာ ရှိပြန်လေသည်။ စာတိုက်နှင့် ရှေ့တည့်တည့် ပေတစ်ရာ နှင့် မြေတလင်း ပြောင်ပြောင် ကို ကျော်လွန်၍ ကိုက် (၁၀၀) ခန့် အကွာတွင် ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် ကပ်၍ မြို့အုပ် ရှိသည်။ ထိုဘုန်းကြီးကျောင်း နှင့်ဆက်၍ ထောင့်မှန် (Right angle) ကျကာ (၁၅) ပေ ခန့်မြင့်သော အုတ်တံတိုင်းကြီး လေးဖက် လေးတန် ခြံရံလျက် စေတီငယ်များ အလယ်တွင် ရွှေရောင် တပြောင်ပြောင် တောက် နေသော စေတီတော်ကြီး တစ်ဆူနှင့် သပ်ရပ်ခမ်းနားသော ဇရပ်၊ တန်ဆောင်း၊ ကျောက်ကုန်းများ ရှိလေသည်။ ထိုမှ မြောက်ဘက် မလှမ်းမကမ်း တွင်ကား အိမ်ခြေ (၁၀၀) ကျော် ရွာတစ်ရွာ ရှိပြန်လေသည်။ ထိုရွာများ အနက် ရွာကြီး သဖွယ် အိမ်ပေါင်း အများဆုံး နှင့် ဆိုင်ကန္နား အတော်အတန် ရှိ၍ စာရေး၊ စာချီ၊ မြို့အုပ်၊ ရှေ့နေ၊ ကုန်သည်များ နေကြသော ရွာကား ဆိုခဲ့ပြီးသည့် သဲချောင်းကြီး အနောက်ဘက် ကမ်း တောင်ကုန်း ပေါ်တွင် တည်လျက် ရှိသော ရွာပင် ဖြစ်လေသည်။ ထိုရွာကို နတ်မောက် ဟူ၍ လည်းကောင်း၊ တောင်ရွာ ဟူ၍ လည်းကောင်း ခေါ်ကြလေသည်။ ထိုရွာကိုသမိုင်းစာ အရကား ပီဠိယက္ခမင်း တည်ထောင် သွားသည်ဟု ဆိုလေသည်။ သို့သော် ကျွန်တော်၏ ဘေး မှတ်တမ်း အရကား ပုဂံခေတ် အနော်ရထာမင်းစော အချိန်အခါ လောက် တွင် ထိုရွာကို စတင် တည်ထောင်ခဲ့သည် ဟု မှတ်သား ဖူးသည်။ ထိုရွာ၏ မြောက်ဘက်စွန်း၌ တစ်ရွာလုံးရှိ အိမ်ဝိုင်းများ အနက်အကျယ်ဆုံး အိမ်ဝိုင်းကြီး ထဲတွင် ဧရာမ အိမ်ကြီး ရှိလေသည်။ မူလက ဆင်တစ်ရပ်ခန့် ၀င်နိုင်အောင် မြင့်၍ အဆောင်ပေါင်း များစွာ ရှိသော်လည်း ထိုအခါက အတောင် (၈) တောင် ခန့်မျှသာ ရှိတော့သည်။ အိမ်အမြင့်မှာ လည်း (၃) ပေခွဲခန့်သာ ရှိတော့သည်။ ထိုအိမ်ကြီးကား ရှေးမြန်မာမင်း လက်ထက်က နတ်မောက်မြို့၊ မြို့သူကြီး အိမ်ပင် ဖြစ်လေသည်။ ယခုကား အိမ် မရှိတော့ပြီ။ ထိုအိမ်နောက် ဖေးဆောင်ငယ်တွင် ကျွန်ုပ်အား ဖွားမြင် ခဲ့လေသည်။ ကျွန်တော့်ကို မွေးဖွားစဉ် အခါက ကျွန်တော်တို့ နတ်မောက်သို့ မီးရထားလမ်း မပေါက်သေး။ သို့သော် ရည်ရွယ်ချက်ကား ထားပြီးဖြစ် လေသည်။ ယခုအခါ ကဲ့သို့ အနည်းငယ်မျှ မြို့ မဆန်ဘဲ တောရွာစုကြီး တစ်ရွာမျှသာ ဖြစ်လေသည်။ နံနက် ညနေခင်းများတွင် ခလောက်သံ တဒေါင်ဒေါင်၊ နေ့လယ် နေ့ခင်းများ တွင် ရက်ကန်းသံ တခြွင်ခြွင် နှင့် ကြားရတုန်းပင် ရှိလေသည်။ အချိန်ကား (၁၉၁၅) ခု၊ ဖေဖော်ဝါရီလ ဖြစ်၍ ပထမ ကမ္ဘာစစ်ကြီး၏ ဒုတိယနှစ်ထဲ တွင် ဖြစ်ပေသည်။ ထိုအချိန် ထိုအခါကား ဂျာမနီသည် ရေငုတ်သင်္ဘောများ ဖြင့် ဗြိတိသျှရေတပ်တို့အား အကြီးအကျယ် ဒုက္ခပေးနေသည့် အချိန်အခါ ဖြစ်လေသည်။ အနောက် စစ်မျက်နှာပြင်ဟု ခေါ်သောပြင်သစ်နှင့် ဂျာမနီတို့ စစ်ခင်းရာ မျက်နှာ၌ကား ပထမအကြိမ် တိုက်ပွဲကြီးများ မှာ မပြီးမဆုံးနိုင်သော သောင်မတင် ရေမကျ ရှေ့မတိုးနောက်မဆုတ် အခြေအနေပင် ရှိလေသည်။ အရှေ့မျက်နှာပြင် ဟုခေါ်သော ရုရှားစစ်ခင်းရာ မျက်နှာမှာကား မဆူးရိရာနှင့် ၀ါဇနစ်ဇူ စစ်ပွဲကြီးများ ဖြစ်ပွားလျက် ရှိကြလေသည်။ ထိုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်၊ (၁၂၇၆) ခု၊ တပေါင်းလဆန်း (၁) ရက်၊ စနေနေ့ နံနက် လင်းအားကြီး အချိန်တွင် ကျွန်တော်သည် လူ့ပြည်သို့ ပထမဆုံး ရောက်ရှိ လာခဲ့ရပေသည်။ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ကား နာမည်ကျော် နက္ခတ်ဗေဒင် ဆရာကြီး ကီရို၏ ပြောကြားချက် အရ ဆိုလျှင် တိုင်းပြည်တစ်ပြည် ၏ အစိုးရထီးနန်း တို့ကို ဖြိုဖျက်နိုင်စွမ်းသော သူများကို မွေးဖွားတတ်သော ဇာတာ ဟု ဟောထား လေသည်။ ထိုနေ့တွင် မွေးဖွားသော ကျွန်တော်မှာ သူပုန်လောင်းကလေး ဖြစ်သည်ကို ထိုအခါက မည်သူမျှ ထူးထူးခြားခြား ထည့်သွင်း စဉ်းစားခြင်း မပြုခဲ့ကြချေ။ ကျွန်တော် မွေးဖွားသည် နှင့် ပတ်သက်၍ ကျွန်တော်၏ ဇာတာအမည်မှာ (ထိန်လင်း) ဖြစ်လေသည်။ သို့သော် ကျွန်တော့်အထက် အစ်ကို ကိုအောင်သန်း နှင့် နာမည်လိုက်အောင် အောင်ဆန်း ဟု ခေါ်တွင် ခဲ့လေသည်။ မွေးဖွားစဉ်က ကျွန်တော် မထူးဆန်းလှ သော်လည်း ထိုင်နိုင် ထနိုင်သော ကလေးဘ၀မှ စ၍ ကျွန်တော်သည် ထူးခြားခဲ့သည်။ ဂွကျခဲ့သူ ဖြစ်ခဲ့သည်။ ကျွန်တော် ငယ်ငယ်တုန်းက တော်တော်နှင့် စကားမပြောတတ် ရကား။ လူကြီးမိဘများမှာ ဆွံ့အ၍ပင် နေသလားဟု စိုးရိမ် ကြောင့်ကြ ခဲ့လေသည် ဟု သိရလေသည်။ အနာအဖျား ထူသည်။ အစားကြူး သည်။ အမဲ သား၊ငါးကို အလွန် ကြိုက်သည်။ ကျွန်တော်၏ မိခင် ဈေးသွားရာ ရံဖန်ရံခါ ကျွန်တော့်ကို ချီ၍ သွားလေသည်။ တစ်ခါသော် အမဲသားစိမ်းကို အတင်းလု၍ စားမည်ပြုသည်ဟု ကျွန်တော့် မိခင်က ပြန်၍ ပြောပြသဖြင့် သိရပေသည်။ လူရိုင်း ဘ၀က ကျွန်တော်လာသလား မသိ။ ယနေ့အထိ လူရိုင်းသဘောမျိုး နေချင်သည့် စိတ်ထားများ ရှိသည်။ ရံဖန်ရံခါ လူယဉ်ကျေးများ နှင့် အသားမကျ ခဲ့ချေ။ မျက်စိနောက် မြင်ပြင်းကပ် လာသည်။ ထိုအခါ လူယဉ်ကျေးများ နှင့် ငါလူရိုင်းဟု ဇာတိ ခွဲပစ်ချင်သည့် စိတ်များ ရှိသည်။

 အပိုင်း (၂) အား ဆက်လက် တင်ပြပေးသွားပါမည်။

မှတ်ချက် - စာဖတ်သူများ အဆင်ပြေစေရေးအတွက် အပိုင်း (၇) ပိုင်းခွဲ၍ တင်ပြပေးသွားပါမည်။
-- Posted By Blogger လူဗိုလ်

-ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (အပိုင်း -၁)-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)