ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, January 2, 2013

> -ခြသေ့င်္မလေးရဲ့ ညတစ်ည-

သူမရဲ့ဘဝတစ်လျှောက် မမေ့နိုင်ဆုံးအချိန်တွေကို ပြန်ပြောပြ
ရမယ်ဆိုရင် ဒီညလေးတစ်ညသည်လည်း
 မပါမဖြစ် ပါဝင်နေပါလိမ့်မည်။ ထိုအချိန်က
 သူမ ထိုကျွန်းလေးကို ရောက်တာ တစ်နှစ်မပြည့်တတ်သေး။

 x x x x x x x

 “ ဟေး ဟောလီးဒေးတွေ လာတော့မယ်၊
၂၄၊ ၂၅ ၊ ၃၁၊ ၁ စနေ၊ တနင်္ဂနွေတွေနဲ့ဆက် အဟက်ဟက် ” “ အိဗ် တွေ တစ်နေ့လုံး
 ပိတ်တယ်လား၊ အမ တို့ရုံးကတော့ နေ့ဝက်တွေပဲ ပိတ်တယ် ၂၄ ဟဗ်ဒေး ၊ ၃၁ ဟဗ်ဒေး ” ဒီဇင်ဘာရဲ့ ပြက္ခဒိန်အစမှာ တစ်အိမ်တည်း အတူနေ ညီမလေးနဲ့ အခန်းဖော် သူငယ်ချင်းတို့ ပြောနေတာတွေကို သူမ မျက်လုံးလေးအပြူးသားနဲ့ နားထောင်နေမိသည်။ ဒီနိုင်ငံမှာ ဒီရက်တွေမှာ ဒီလိုပဲ ရုံးတွေ ပိတ်နေကျလား။ သူမတို့ဆီမှာတော့ ခရစ်စမတ်နေ့တစ်ရက်သာ ပိတ်လေ့ရှိတာကော။ “ နင်တို့ရုံးရော အိဗ်တွေ ပိတ်လား ” “ ငါမသိဘူး၊ မေးကြည့်ရဦးမယ်။ ၁ ရက်နေ့ကတော့ အစိုးရရုံးပိတ်ရက်ထဲမှာ ပါတယ်မဟုတ်လား ” သူငယ်ချင်းရဲ့အမေးကို သူမယောင်ဝါးဝါး ပြန်ဖြေမိသည်။ “ ကျွန်တော်တို့ ရုံးကပိတ်တယ် အမရဲ့၊ ၃၁ ရက်နေ့ကျရင် နယူးရီးယားလုပ်ကြရအောင်လေ ” “ အေး ၊ ကမ်းခြေမှာ သွားလုပ်ကြမယ်လေ၊ နေရာရအောင် စောစောစီးစီး ဘွတ်လုပ်ထားကြရအောင် ” ကျွန်တော် ကျွန်တော်နဲ့ ပြောတတ်တဲ့ ညီမလေးရဲ့ အဆိုကိုသူငယ်ချင်းကထောက်ခံလို့။ “ နင်က အင်းမလုပ် အဲမလုပ်နဲ့၊ ဘာလဲ မလိုက်ဘူးလား ” “ ငါ့ရုံးပိတ်မပိတ်မှ မသိသေးတာ ” “ နင်ကလည်း ည မှ လုပ်မယ့်ဟာကို၊ နင်ရုံးဆင်းမယ့် ၅ နာရီခွဲဆို ငါတို့ ကမ်းခြေတောင် မရောက်သေးဘူး ” သူငယ်ချင်းကပြောတော့ သူမပြုံးကာ ခေါင်းညိတ့်မိသည်။ ကျွန်းငယ်လေးရဲ့ကမ်းခြေမှာ မောဟိုက်နွမ်းနယ်နေသော သူမရဲ့စိတ်တွေကို လွှတ်ကာ မျှော်လင့်ခြင်းအားမာန်သစ်တွေနှင့် နှစ်သစ်ကို ကြိုချင်ပါသည်။ သူငယ်ချင်းတွေနဲ့အတူ နှစ်သစ်ဆုတောင်းပြုချင်သည်။ ပြီးတော့ နေရာသစ်ရဲ့ နှစ်သစ်ကြိုဆိုခြင်း အတွေ့အကြုံသစ်ကို သူမတွေ့မြင်လိုသည်။

 x x x x x x x
ကျွန်းမြို့လေးသည် သူမနှင့် အသားမကျသေး။ ခုနှစ်ရက် တပတ်ထက်ပို၍ အိမ်နှင့်ခွဲမနေဖူးသော သူမအတွက် ဤမြို့လေးသည် သူစိမ်းဆန်လှသည်။ အပြောအဆိုတွေက အေးစက်သည်။ အကြည့်တွေက စိမ်းကားသည်။ လှုပ်ရှားမှုတွေက စက်ရုပ်ဆန်သည်။ သူမအတွက်တော့ ဓလေ့တွေကိုလေ့လာရသည်။ စည်းမျဉ်းတွေကို မှတ်သားရသည်။ အလုပ်ထဲမှာ သင်ယူရသည်။ လသာချီလာသည် သင်ယူစရာတွေက တစ်နေ့တစ်မျိုးမရိုး။ သင်ယူရခြင်းကို သူမနှစ်သက်ပါသည်။ သို့သော် အလောတကြီး လုပ်နေကြခြင်းကိုတော့ နားမလည်နိုင်။ Dead Line Dead Line ဆိုကာ မလောက်ငသည့် အချိန်အတွင်းမှာပင် အမောတကော ပြီးအောင်လုပ်နေကြသူတွေသည် သူတို့ဘဝရှင်သန်မှုမှာလည်း Dead Line ရှိတယ်ဆိုတာ နည်းနည်းမှ သတိထားမိကြပုံမပေါ်။ ထို့ကြောင့် သူတို့၏မောဟများကြားမှာ သူမပါလိုက်မောနေရသည်။ “ ၃၁ ရက်နေ့မှာ Server upgrade နဲ့ Data Migration တစ်ခုလုပ်ဖို့ရှိတယ်၊ အလင်းသစ်ကုမ္ပဏီရဲ့ လက်ရှိသုံးနေတဲ့ ဆော့ဝဲလ် အဟောင်းထဲက မရှိမဖြစ် ကြိုကြည့်ထားရမယ့် ဒေတာ တွေက ဒီမှာ ၊ အပြည့်အစုံတော့ မဟုတ်သေးဘူး၊ လိုအပ်တာတွေ အီးမေလ်း နဲ့ ထပ်ပို့ပေးလိမ့်မယ်၊ transaction တွေက ၃၀ ရက်နေ့အထိ ထပ်သွင်းနေဦးမှာ၊ ဒါက Migrate လုပ်ပုံအဆင့်ဆင့်ကိုရေးထားတဲ့ SOP ၊ ဖတ်ကြည့်၊ နားမလည်တာရှိရင်မေး၊ လုပ်ပေးရမယ့် အလင်းသစ်ကုမ္ပဏီရုံးခန်းက အနောက်ဘက်ကမ်းနားလမ်းမှာ ” အလုပ်တွေရှုပ်ကာ သူမ မမေးဖြစ်ခဲ့သောမေးခွန်းအတွက် အဖြေက တစ်ပတ်အလိုမှာ ထွက်လာသည်။ ဒါဆို ၃၁ ရက်နေ့ ရုံးဖွင့်တာသေချာသွားပြီပေါ့ ။ “ ၃၁ ရက်နေ့မနက် အဲဒီ့ကို တန်းသွားရမှာလား၊ ရုံးကိုလာရဦးမှာလား ” “ ရုံးကိုပဲလာခဲ့ပါ၊ သူတို့ရုံးက အဲဒီ့နေ့ ညနေ ၃ နာရီဆင်းမှာ၊ တို့ ၄ နာရီရောက်ရင်ရပြီ ” “ ဟင် ညနေ ၄ နာရီမှ စရမှာလား၊ Migration လုပ်တာ ခဏနဲ့ပြီးတာမှ မဟုတ်တာ။ မပြီးရင် ဘယ်လိုလုပ်မလဲ ” “ မပြီးရင် အချိန်ပိုပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ၂ ရက်ထက်တော့ မပိုပါဘူး ” ဘုရားရေ ….. လိုအပ်ရင် ၁ ရက်နေ့အထိပါဆက်ဆင်းရမယ့် သဘောပေါ့။ “ သူတို့က ဘာလို့ဒီရက်ကိုရွေးရတာလဲ ” “ သူတို့က စာရင်းတွေကို ၃၀ ရက်နေ့ အပြီးသွင်းပြီး ၃၁ ရက်နေ့စာရင်းချုပ်မှာ။ နှစ်စတာနဲ့ တို့ ဆော့ဝဲလ်ရဲ့ Version အသစ်ကို သုံးချင်တယ်။ အဟောင်းနဲ့ အသစ်ပြိုင်သုံးတဲ့စနစ်တောင် (parallel running) မလုပ်တော့ဘူး၊ အဲဒါကြောင့် ၃၁ ရက်နေ့မှာ အပြီးလုပ်ပေးရမှာ၊ မင်းသိတဲ့အတိုင်းပဲ ဒီကုမ္ပဏီက ဒါရိုက်တာအမျိုးသမီးက သိပ်ပြီး ပစိပစပ်များတယ် အမှားမခံဘူး၊ ဒါပေမယ့် မစိုးရိမ်ပါနဲ့ ငါလည်း အတူရှိနေမှာပါ ” သူမရဲ့ မေးခွန်းရဲ့ အဓိပ္ပါယ်ကို နားလည်သွားပုံရသော မန်နေဂျာရဲ့လေသံက ပိုပြီးပျော့ပျောင်းလာလေသည်။ သူမသည် ရင်ထဲမှာ လိပ်တက်လာသောဒေါသကို မြိုချရင်း သူကမ်းပေးသည့် ဖိုင်တစ်ထပ်ကိုယူကာ နေရာသို့ပြန်လာခဲ့သည်။ တခြားရုံးတွေ ပိတ်သလိုမပိတ်တာကို နားလည်နိုင်ပါသည်။ သူ့ရုံးနဲ့ သူ့စည်းကမ်းပေါ့။ ဒါပေမယ့် ဒီရက်ကိုမှ ရွေးပြီး လုပ်ပေးရန်တောင်းဆိုသော ဒါရိုက်တာအမျိုးသမီး ကိုတော့ သူမ စိတ်တိုမိသည်။ ဆော့ဝဲလ်ပြဿနာ တစ်ခုခုဖြစ်လျှင် ဖြေရှင်းမပြီးမချင်း ဖုန်းတဂွမ်ဂွမ် ဆက်တတ်သော ထိုအမျိုးသမီးသည် သူတို့ကုမ္ပဏီ၏ အလုပ်လုပ်ချိန်ထဲက ဖဲ့ပေးရမှာတော့ စိုးရိမ်တတ်လွန်းသည်။ ပြီးတော့ မန်နေဂျာ။ အလုပ်ပရောဂျက် အသစ် တစ်ခုရတိုင်း ကော်မရှင် ကို ရာခိုင်နှုန်းဖြင့် ရနေသော သူ့အတွက်က ပိတ်ရက်သည်လည်း အရေးမကြီးတော့။ မွန်းကြပ်မှုတွေရဲ့အကြား အသက်ရှုပေါက် ရှာချင်နေသော သူမ မှာသာ ….. ။ နေရာပြန်ရောက်တော့ စိတ်ကိုတည်ငြိမ်သွားရန် ပြန်ထိန်းယူရသည်။ ငြင်းပယ်နိုင်စွမ်းမရှိသေးချိန်မှာ ရရှိလာတဲ့အခြေအနေကို အကောင်းဆုံးပြင်ဆင် လက်ခံရုံသာရှိတော့တာပေါ့။ ဖိုင်ထဲမှ စာရွက်တွေကို လှန်လှောဖတ်ရှုမိတော့ ဒီတစ်ခါ Migrate လုပ်ရမည့် Version သည် သူမ တစ်ခါမှ မလုပ်ဖူးသေးသော နောက်ဆုံး Version ဖြစ်နေသည်။ အမှားအယွင်း အတိမ်းအစောင်းကို သည်းမခံတတ်သော အလင်းသစ်ကုမ္ပဏီပရောဂျက် အတွက် သူမထက်ကျွမ်းကျင်သော စီနီယာနှစ်ယောက်ကို မရွေးသော မန်နေဂျာကိုလည်း အံ့သြမိသည်။ ရုတ်တရက်ဖြစ်လာသော စိတ်ဖိစီးမှုကို သတိမထားလိုက်မိခင်မှာ လက်က Gmail ဆိုသော Tab ကလေးကို နှိပ်မိပြီးသားဖြစ်နေပြီ။ သူမရဲ့ ဒေါသတွေ၊ အားငယ်စိတ်တွေကို ဆုတ်ယူဖယ်ရှားပေးနိုင်သော တစ်စုံတစ်ယောက်သည် Online မှာရှိမနေ။ ရေခြားမြေခြား တိုင်းတစ်ပါးမှာ နေရခြင်းသည် အားပေးစကားလေးတစ်ခွန်း၊ စာလေးတစ်ကြောင်းရဖို့ပင် ခက်ခဲလှပေစွ။ Offline ဖြစ်နေသော နာမည်လေးကို ထောက်လိုက်တော့ သူကိုယ်တိုင်ဆွဲထားသော ဆံပင်စုတ်ဖွားနဲ့ပုံလေးပေါ်လာသည်။ ထိုပုံလေးကို ချစ်ခင်နှစ်သက်စွာကြည့်မိရင်း သူတစ်ခါက ပြောခဲ့ဖူးသော အားပေးစကားလေးကို သတိရလိုက်မိသည်။ Pressure is a word that is using by human being. They give name whenever they cannot stand upon themselves alone. ဟုတ်ပါရဲ့။ ဘာလို့ စိတ်ပျက်အားငယ်ရမှာလဲ။ လေ့လာသင်ယူရင်းနဲ့ပဲ ကျွမ်းကျင်သွားမှာပေါ့။ တစ်ချိန်တည်းမှာပင် အလုပ်ချိန်မှာ ဖုန်းနဲ့ Gmail သုံးခြင်းအပေါ် ကန့်သတ်ချက်များမထားသော မန်နေဂျာ၏ ကောင်းကွက်ကလေးကို ကျေးဇူးတင်လိုက်မိရင်း Testing လုပ်ရန်အတွက် စတင်လိုက်တော့သည်။

x x x x x x x

 နှစ်သစ်ကူး ကြိုဆိုပွဲကို သူမ မလိုက်နိုင် ဟုဆိုတော့ သူငယ်ချင်းတွေ စိတ်မကောင်းကြ။ ကြိုဆိုစရာ နောက်နှစ်နောက်နှစ်တွေ အများကြီးရှိပါသေးတယ်ဟာ လို့ပြောရင်း ရယ်မောနေလိုက်မိသည်။ အလုပ်ရဲ့ ပင်ပန်းဖိစီးမှုတွေကို သူငယ်ချင်းတွေကို မျှဝေမပေးချင်တော့ပါ။ ၃၁ရက်နေ့ ညနေ အနောက်ဘက်ကမ်းနားလမ်းကရုံးကို ရောက်သွားတော့ ၄ နာရီ ထိုးပြီ။ သူတို့ရုံးမှာ ဒါရိုက်တာ နဲ့ အထွေထွေမန်နေဂျာ ပဲ ကျန်နေပြီး လိုချင်၊ ဖြစ်ချင်တာများရှင်းပြပြောဆိုနေလိုက်တာ တကယ်တန်းအလုပ်စဖြစ်တော့ ငါး နာရီ။ “ ဘီလီရေ မင်းတို့ပြန်ရင် ဆာဗာအခန်း တံခါးကို သေချာပိတ်သွားနော် ” ဟုပြောကာ ငါးနာရီခွဲမှာ ထိုနှစ်ယောက်ပြန်သွားတော့ ချိုးနှိမ်ထားသော သူမရဲ့ မနာလိုစိတ်က ခေါင်းထောင်ထချင်လာပြန်သည်။ မုန်းလိုက်တာ။ သူတို့ကျတော့ ပြန်သွားကြပြီ။ ရုံးစောင့်လုံခြုံရေးနှင့် သူမတို့ နှစ်ဦးသာကျန်ခဲ့သည်။ မန်နေဂျာက ဆာဗာအခန်း နဲ့ မျက်စောင်းထိုး အစည်းအဝေးခန်းထဲမှာ ထိုင်ရင်း လက်ပ်တော့ တစ်လုံးနှင့်။ သူမကတော့ အဲးယားကွန်းတွေ အသားကုန်ဖွင့်ထားသော ဆာဗာအခန်းထဲမှာ။ ဒီနိုင်ငံမှာ ဒီလိုပဲ အလုပ်လုပ်နေကြတာဖြစ်ပေမယ့် သူမအပြင် တစိမ်းယောင်္ကျားနှစ်ဦးသာ ရှိသော အဆောက်အဦးထဲမှာ အလုပ်လုပ်နေရတာကတော့ ကျောမလုံသလိုလို။ သို့သော် စိတ်ခံစားမှုတွေကို ဘေးဖယ်လို့ အတတ်နိုင်ဆုံး အမှားအယွင်းကင်းအောင် သူမကြိုးစားနေမိသည်။ အလုပ်ထဲမှာ စိတ်ရောက်နေသောသူမ ဖုန်းမြည်လာမှ နာရီကြည့်မိတော့ ၁၀ နာရီထိုးလုပြီ။ သူငယ်ချင်းဆီက။ “ နင် အလုပ်ထဲမှာပဲရှိနေသေးတာလား၊ ငါက ပြီးသွားရင် တက္ကစီနဲ့ လာခဲ့ဖို့ လှမ်းပြောတာ ” “ မလာတော့ဘူး၊ ငါပြီးမှ နင့်ဆီဆက်လိုက်မယ် ” စိတ်ကိုဖြတ်ကာ သူငယ်ချင်းကို ဖုန်းထပ်မဆက်ဖို့ မှာလိုက်ပေမယ့် လက်ကနာရီကိုကြည့်ရင်း တစ်စုံတစ်ယောက်ဆီက ဖုန်းကိုတော့ မသိစိတ်ကမျှော်နေမိသည်။ ဒါပေမယ့် တကယ်တမ်းရောက်လာတာက အခုအချိန်မှာသူမ မမြင်ချင်ဆုံးအရာ။ ကွန်ပျူတာမျက်နှာပြင်မှာပေါ်လာသော သတိပေးစာတမ်းမှိတ်တုတ်မှိတ်တုတ်ကို ကြည့်ကာ သူမစိတ်မောသွားသည်။ SOP ထဲကအတိုင်း လက်ရှိရောက်နေသော အဆင့်ကို တစ်ချက်ချင်းပြန်စစ်သည်။ နောက်တစ်ကြိမ် ထပ်လုပ်ကြည့်သည်။ မရ။ အို …… ပြီးခါနီးကာမှ ။ ဘယ်လိုမှ မရနိုင်သည့်အဆုံး အစည်းအဝေးခန်းသို့ပြေးကာ မန်နေဂျာ ကို ခေါ်ရသည်။ “ ဘီလီရေ error တက်နေပြီ ” သူမလုပ်လက်စ အဆင့်ကို သူလိုက်ပြီးစစ်တော့လည်း မမှား။ SOP ထဲကအတိုင်း မလုပ်ဘူးလားဟု ဆိုလာတော့ တစ်ဆင့်ပြီးတိုင်း တစ်ဆင့် အမှတ်ခြစ်ကာမှတ်ထားသော SOP စာရွက်တစ်ထပ်ကို စိတ်ပေါက်ပေါက်ဖြင့် သူ့လက်ထဲထိုးထည့်ပေးလိုက်မိသည်။ သူက အစအဆုံး ပြန်ဖတ်ကြည့်နေရင်း “ ဟားးး ဆောရီး ငါရေးတာ တစ်ဆင့်ကျန်သွားတယ် ” အို ဒုက္ခပါပဲ။ ဒီမှာ နာရီကဖြင့် ည ၁၁ နာရီထိုးနေပြီ။ “ Testing လုပ်တုန်းက မင်း သတိမထားမိဘူးလား ” အလို … ကိုယ့်ဘက်လှည့်လာပြန်ပါပြီကော။ Demo Version ထဲကို အချိန်ရသလောက် Date သွင်းပြီး Testing လုပ်တာဟာ Live Data ကို လုပ်တာနဲ့တော့ အကုန်လုံးတူနိုင်ပါ့မလား။ သူမ ဘာမှ မပြောချင်တော့။ ခေါင်းသာခါပြလိုက်ရင်း သူဖြေရှင်းတာကိုသာ ကြည့်နေလိုက်တော့သည်။ ကံကောင်းထောက်မလို့ သူကျန်ခဲ့သောအဆင့်က Error တက်နေသော အဆင့်မတိုင်ခင် လုပ်ရမှာဖြစ်နေသည်။ ဒီလိုဖြင့် ၁၁ နာရီ ခွဲခါနီး မှာ သက်ပြင်းမောကြီးနဲ့ အတူ သူမတို့ရဲ့အလုပ် ပြီးဆုံးသွားခဲ့သည်။ “ ဘယ်ကို ပို့ပေးရမလဲ ” “ အိမ်ကိုပဲ ပို့ပေးပါ၊ ကျွန်မနေတာ ……. ” ဒီအချိန်မှတော့ အနောက်ဘက်ကမ်းနားလမ်းမှသည် သူငယ်ချင်းများစုဝေးရာ အရှေ့ဘက်ကမ်းခြေဆီသို့ မပို့ခိုင်းချင်တော့ပါ။ အိမ်က ပိုနီးပါလိမ့်မည်။ “ ရှေ့နားက ဘာဂါဆိုင်နားမှာပဲ ရပ်ပေးပါတော့ ” “ မင်းအိမ်ကရှေ့ လမ်းထဲမှာဆို ” “ ဘာဂါဆိုင်နဲ့ အိမ်က သုံးမိနစ်ပဲလျှောက်ရတယ်။ ကျွန်မဗိုက် ပြန်ဆာနေပြီ ရှင့် ” ဘီလီက သူမကိုဆိုင်ရှေ့မှာချမပေးပဲ ကားပတ်ကင်မှာ အသေအချာ ပတ်ကင်ထိုးကာရပ်ပြီး ဆင်းရန်ပြင်နေသည်။ ဟောတော် … သူပါဆိုင်လိုက်ထိုင်ဦးမလို့လား မသိဘူး။ ခေါ်လည်း မခေါ်မိပါဘူး။ သူမစိတ်ရှုပ်စွာဖြင့် ဆိုင်ထဲအရင်ဝင်သွားမိသည်။ နှစ်သစ်ကူးတဲ့ညဆိုပေမယ့် ဆိုင်လေးမှာ သူမထင်ထားသလောက်လူမများ။ ဆိုင်ထဲအထိပါလိုက်လာတော့ မဖြစ်မနေသူမ မေးရပြီ။ “ ရှင်ဘာစားမှာလဲ၊ ကျွန်မဘာမှာပေးရမလဲ ” “ မင်းကြိုက်တဲ့အရသာနဲ့ နှစ် ခွက်မှာလိုက်ပါ ” သူက သယ်ယူသွားလို့ရသော ရေခဲမုန့်ခွက်ကလေးတွေကို လက်ညှိုးထိုးပြရင်းပြောသည်။ သူမကတော့ အာလူးကြော်တစ်ထုတ်သာမှာလိုက်သည်။ ဆိုင်အပြင်ဘက်ရောက်မှ ရေခဲမုန်တစ်ခွက်ကိုသူမလက်ထဲထည့်ရင်း ခေါင်းကိုပုတ်ကာ “ နှစ်သစ်ကူးအကြို ရေခဲမုန့်ပေါ့ကွာ ” ဟုဆိုကာ ထွက်သွားလေတော့သည်။ အာလူးကြော်ထုတ်နှင့်ဖိုင်ကို တွဲကိုင်ထားသောသူမ ရေခဲမုန့်ဇွန်းကိုလည်း ကိုင်မရ။ အာလူးကြော်နှိုက်ရန်လည်း လက်မအားတော့။ သူငယ်ချင်းတွေဆီကို လိုက်မသွားနိုင်၍ ဘာဂါဆိုင်မှ အိမ်ကို အာလူးကြော်စားကာ အေးအေးဆေးဆေး လမ်းလျှောက်ပြန်ရင်း နှစ်သစ်ကိုကြိုရန် စိတ်ကူးထားတာလေး ပျက်ရပြန်ပြီ။ လက်နှစ်ဘက်ဖြင့် မုန့်နှစ်မျိုးကို ကိုင်ဆွဲလာရင်း လမ်းတဝက်လောက်အရောက်မှာ ဘာဂါဆိုင်ထဲမှ လူတစ်စု၏ Count Down အော်သံကို စကြားရသည်။ ဒီအချိန်မှာပဲ ဖုန်းကမြည်လာတော့သည်။ မတတ်နိုင် အိမ်အောက် ပန်းခြံထဲက ခုံတန်းရှိရာသို့သာ အရောက်လှမ်းရသည်။ အာလူးကြော်ထုတ်နှင့်ဖိုင်တွဲကို ခုံတန်းပေါ်ချလိုက်ချိန်မှာ ဖုန်းမြည်သံကရပ်သွားပြီ။ အိတ်ထဲကဖုန်းကို ထုတ်ကြည့်လိုက်တော့ နံပါတ်မပေါ်သော ဖုန်းခေါ်ဆိုမှုတစ်ခု။ အချိန်က ၁၂ နာရီ ၁မိနစ်။ မေမေ့ဆီကလား၊ သူမဖုန်းဆက်စေချင်သူ တစ်စုံတစ်ယောက်ဆီကလား။ ဘယ်သူ့ဆီကပဲဖြစ်ဖြစ် လွဲသွားခဲ့ပြီ။ ရေခဲမုန့် ဝယ်ကျွေးသွားသော မန်နေဂျာကိုပဲ စိတ်တိုရတော့မလိုလို။ နှစ်သစ်ကို ဒီလိုမချင့်မရဲ စိတ်ရှုပ်ထွေးမှုများစွားနဲ့ ကူးရတော့မှာလား။ မုန့်တွေကို မစားနိုင်မသောက်နိုင် ဘေးမှာချလို့ ဖုန်းလေးကိုသာကြည့်နေမိတော့သည်။ နာရီ မိနစ်လေးတွေ တဖြည်းဖြည်းကျော်လွန်လာတော့ စိတ်ကိုလျှော့ကာ တိုက်ပေါ်တက်ရန်ပြင်လိုက်ချိန်မှ ဖုန်းက ပြန်မြည်လာသည်။ “ ဟက်ပီးနယူးရီးယားပါ ” သူမရဲ့ ဟယ်လိုဆိုသောထူးသံ အဆုံးမှာ ကြားလိုက်ရသော စကားလေးတစ်ခွန်းကြောင့် အတိုင်းမသိ ဝမ်းသာသွားမိသည်။ “ ၁၁ နာရီတုန်းက စောင့်နေတာ။ မဆက်တော့ဘူးလို့ထင်နေတာ။ နယူးရီးယားအတွက် ယူ့ ဆီကနှုတ်ဆက်စကားကို အရင်ဆုံးကြားချင်တာ။ ဝမ်းသာလိုက်တာ ” “ ဟားဟား ကိုယ်က ဒီက အချိန်နဲ့ မဆက်ပဲ အဲဒီ့က အချိန်ကိုစောင့်ပြီးတော့မှ ဆက်လိုက်တာ ” ထို့နောက်မှာတော့ သူမပြောချင်နေသောစကားများအတွက် သူက နားထောင်ပေးသူသာဖြစ်သွားတော့သည်။ သူမရဲ့ အလုပ်အကြောင်းညည်းချင်းကို မောလိုက်တာကွယ် ကျားလိုက်နေကြသလိုပဲ လို့ အဆုံးသတ်မိတော့ “ လေဒီရှူးစီးပြီး မီနီစကပ် ဝတ်ထားတဲ့ကျားလား။ ထွက်ပြေးမလို့လား။ မပြေးနဲ့။ ပြန်လှည့်ရင်ဆိုင်လိုက်၊ ခြသေ့င်္မလေးမဟုတ်ဘူးလား။ အင်း …. အနည်းဆုံးတော့ ကြောင်လေးတစ်ကောင်အဖြစ်နဲ့ပဲ ဖြစ်ဖြစ်ပေါ့ ” သူမ နှစ်သက်စွာဖြင့် ဟက်ဟက်ပက်ပက်ရယ်လိုက်မိပါသည်။ ဖွဲ့ဖွဲ့နွဲ့နွဲ့ လှလှပပ စကားတွေ မပြောတတ်သော သူထံမှာ ပျော်ရွှင်ရယ်မောဖွယ်ရာ ဒီလိုအားပေးစကားတွေတော့ အမြဲအဆင်သင့်ရှိနေတတ်သည်။ သူမတို့ ဖုန်းပြောပြီးသွားချိန်မှာတော့ ရေခဲမုန့်တွေလည်း အကုန်ပျော်လို့နေပြီ။ တကယ်တော့ နေ့တစ်နေ့မှ တစ်နေ့ကိုကူးခြင်းသည် ဘာမှအဆန်းတကြယ်ကိစ္စမဟုတ်။ ပညတ်ချက်တွေကြောင့်သာ မနေ့ကသည် မနှစ်က ဖြစ်ရသည်။ စိတ်ထဲမှာရှိသည့်အတိုင်းပြောရလျှင် နှစ်သစ်ကိုကြိုဆိုခြင်းဆိုတာထက် သူမချစ်သူခင်သူများထံမှ သတိတရ နှုတ်ဆက်စကားလေးများကြားချင်ခြင်းနှင့် သူမကိုယ်တိုင်လည်း ဆုတောင်းပေးချင်ခြင်းသာ။ ကိုယ်ပြုသည့်ကံသည်သာ ကိုယ့်ထံပြန်လာမည်ဆိုတာ ယုံကြည်ထားသော်လည်း ထိုနှုတ်ဆက်စကားလေးများ၊ ဆုတောင်းစကားလေးများသည် ရှေ့ဆက်ဖြတ်သန်းရမည့် ဘဝရဲ့ ရက်များစွာအတွက် အားဖြစ်စေတာကတော့ အမှန်ပင်။ ထိုနှစ် နှစ်သစ်ကူးမှာ ရခဲ့သော လက်ဆောင်စကားလေးအတိုင်း သူမသည်လည်း ထိုကျွန်းလေးပေါ်က ခြသေ့င်္မလေးဖြစ်လာအောင် ကြိုးစားနေထိုင်ခဲ့သည်။ နှစ်သစ်ကူးအချိန်နီးလာတိုင်း တစ်ချိန်တစ်ခါက ထိုညလေးသည် သူမအတွက် မမေ့နိုင်သော ညလေးတစ်ည ဖြစ်နေခဲ့တော့သည်။ ။ 

 လာရောက်သူအားလုံး မင်္ဂလာနှစ်သစ်ပါရှင်

 **ညိုလေးနေ**

-ခြသေ့င်္မလေးရဲ့ ညတစ်ည-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)