ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, January 3, 2013

> - အောင်မြင်မှုနောက်ကွယ်မှ ဆုံးရှုံးမှုများ-
ဆုံးရှုံးမှုဆိုတာ အောင်မြင်ခြင်းရဲ့
လမ်းမကြီးတစ်ခုဖြစ်တယ်။ IBM က Tom Watson Sr. က "အောင်မြင်ချင်ရင် နှစ်ဆလောက် ဆုံးရှုံးတာခံရမယ်" လို့ပြောဖူးတယ်။ သမိုင်းကိုလေ့လာရင် အောင်ပွဲဆင်နိုင်ခဲ့သူတွေမှာ မအောင်မြင်ခဲ့တဲ့ ဆုံရှုံးခဲ့ရမှုတွေ အများ ကြီးရှိနေခဲ့တာကို တွေ့ရလိမ့်မယ်။ လူတွေက အောင်မြင်မှသာ သတိပြုမိတာ။ ဆုံရှုံးခဲ့ရ တာတွေကို သိကြတာမဟုတ်ဘူး။ နောက်ဆုံးရလဒ်ကိုကြည့်ပြီး ဒီလူကံကောင်းလိုက်တာဆို တဲ့မှတ်ချက်မျိုးနဲ့
"ခုမှပဲ လူမှန် နေရာမှန်ရောက်တယ်" လို့ပြောကြတာ။ သမိုင်းဝင်ဇာတ်လမ်းလေးတစ်ပုဒ်ပြောပြချင်ပါတယ်။ လူတစ်ယောက်ဟာအသက် ၂၁ နှစ်မှာ စီးပွားပျက်တယ်။ အသက် ၂၂ နှစ်မှာ အမှုတစ် ခုဖြစ်တော့လည်း ရှုံးတယ်။အသက် ၂၄ နှစ်မှာ စီးပွားတစ်ကြိမ် ထပ်ပျက်တယ်။ အသက် ၂၆ နှစ်မှာ ချစ်သူရည်းစား ကွယ်လွန်သွားတယ်။ အသက် ၂၇ နှစ်မှာ စိတ်ကျရောဂါစွဲတယ်။ အသက် ၃၄ နှစ်မှာ လွှတ်တော်အမတ်ဝင်ရွေးတာ ရှုံးတယ်။အသက် ၄၅ နှစ်မှာအထက် လွှတ်တော်အမတ်ဝင်ရွေးတော့လည်း ရှုံးတယ်။ အသက် ၄၇ နှစ်မှာ ဒုသမ္မတအဖြစ် ဝင်အရွေးခံတော့လည်း ရှုံးတယ်။ အသက် ၄၉ နှစ်မှာ အထက်လွှတ်တော်အမတ် ထပ်အရွေးခံတာ ရှုံးပြန်တယ်။ အသက် ၅၂ နှစ်ကျမှ အမေရိကန်နိုင်ငံရဲ့ သမ္မတကြီးအဖြစ် အရွေးခံရတော့တယ်။ အဲဒီလူကို ဘယ်သူဆိုတာ သိကြရဲ့လား။ "အေဘရာဟင်လင်ကွန်းပါပဲ။" လင်ကွန်းကို အရှုံးသမားလို့ပြောနိုင်သလား။ သူထွက်ပြေးနိုင်လောက်တဲ့ အခြေအနေတွေ၊ ကိုယ့်ကိုယ်ကို ရှက်လွန်းလို့ သတ်သေနိုင်တဲ့ အနေအထားတွေရင်ဆိုင်ခဲ့ ရပေမယ့် ဥပဒေကိုပဲ လေ့လာပြီးနေတယ်။ လင်ကွန်း အတွက်ကတော့ အရှုံးဆိုတာကို လမ်းလွှဲထားလို့ရတယ်။ လည်စင်းခံလိုက်ဖို့မဟုတ်ဘူး။ ၁၉၁၃ ခုနှစ်မှာ Lee De Forest ဆိုသူဟာ ဒေသဆိုင်ရာတရားရုံးတစ်ရုံးမှာ တရားစွဲခံရတယ်။ သူက အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ပြီး လူတွေစကားပြောနိုင်ဖို့ စီမံချက် တစ်ခုကိုတင်ပြပြီး လူတွေကို စတော့ရှယ်ယာ တွေရောင်းခဲ့တယ်။ လူထဲသူထဲ အရှက်ကွဲ လောက်အောင် အရှက်ခွဲခံခဲ့ရတယ်။ အဲဒီအချိန်က သမုဒ္ဒရာကြီးကို ဖြတ်ပြီး စကား ပြောနိုင်ဖို့ဆိုတာ တီထွင်ရသေးတာတောင်မဟုတ်ဘူး။ နယူးယော့ခ်တိုင်းမ်သတင်းစာကြီးရဲ့ အယ်ဒီတာအာဘော်အခန်းမှာ ၁၉၀၃ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့က မေးခွန်း တစ်ခုထုတ်ထားတယ်။ ရိုက်ညီနောင်က လေထက် လေးတဲ့စက်ပစ္စည်းတစ်ခုကို တီထွင်ပြီး လေထဲမှာ ပျံသန်းနိုင်ပါ့မလားပေါ့။ နောက်တစ်ပတ် အကြာမှာ ရိုက်ညီနောင်က သူတို့ရဲ့ သမိုင်းဝင်ပျံသန်းမှုကို စတင်လုပ် ဆောင်ပြခဲ့တယ်။ ဗိုလ်မှူးကြီးဆင်းဒါးစ်ဆိုသူဟာ အသက် ၆၅ နှစ်မှာ ကားတစ်စီးကိုထုရိုက်မှုနဲ့ အပြစ်ဒဏ် တစ်ခုချမှတ်ခြင်းခံ လိုက်ရတယ်။ သူ့ဘဝကို ပြန်ပြီးပြင်ဆင်တဲ့ အနေနဲ့ တစ်ခုခုလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။ သူ့မိခင်ကြီးက ကြက်ကြော်လိုက်ရောင်းတာ သွားပြီးသတိရလိုက်တယ်။ သူကိုယ်တိုင် အိမ်ပေါက်စေ့တံခါး တွေကို လိုက်ခေါက်ပြီး ကြက်ကြော်မှာဖို့ လိုက်ပြောခဲ့ရတယ်။ လေး ငါးအိမ်တံခါးခေါက် လိုက်၊ အမှာမရဘူး။ နောက်ဆယ်အိမ်၊ အိမ်တစ်ရာ၊ အိမ်တစ်ထောင် သူကိုယ်တိုင်ကြက် ကြော်အော်ဒါရဖို့ ကြိုးစားခဲ့ရတယ်။ သာမန်ဆိုရင် စိတ်ပျက်ပြီး နောက်ဆုတ်လိုက်မိမှာပေါ့။ သူ့ရဲ့ မလျော့တဲ့ဇွဲကြောင့် နောက်ဆုံး အောင်မြင်ခဲ့ရ တယ်။ ကာတွန်းဆရာလေး ဝေါ့ဒစ္စနေးရဲ့ကာတွန်းလက်ရာတွေကို သတင်းစာအယ်ဒီ တာတွေက အကြိမ်ပေါင်းများစွာ ပယ်ပြီး အရည်အချင်းမရှိဘူးလို့ မှတ်ချက်ချခြင်းခံခဲ့ရ တယ်။ တစ်နေ့သူ့ကို ဘုန်းတော်ကြီးတစ်ပါးက ကာတွန်း တွေဆွဲဖို့ခေါ်လိုက်တယ်။ ဒစ္စနေးဟာ ဘုရားကျောင်းအပြင်မှာစောင့်နေရင်း ကြွက်လေးတစ်ကောင်ကိုမြင်လိုက် ရာက ကာ တွန်းတစ်မျိုးကိုဖန်တီးဖို့ စိတ်ကူးရသွားတယ်။ အဲဒီကနေ မစ်ကီးမောက်စ်ဆိုတာဖြစ်လာတယ်။ အောင်မြင်သူတွေဟာ အကြီးကြီးတွေ ကိုလုပ်ပြီး အောင်မြင်လာကြတာမဟုတ်ဘူး။ သေးသေးလေးတွေကို အကြီးကြီးဖြစ်သွား အောင်လုပ်ပြလိုက်လို့ အောင်မြင်လာကြတာများတယ်။ တစ်နေ့မှာ နားနည်းနည်းလေးနေတဲ့ အသက် လေးနှစ်အရွယ် ကလေးတစ် ယောက်ဟာ အိမ်ကိုစာလေးတစ်စောင် နဲ့ပြန်လာတယ်။ စာကို အိတ်ထဲကထုတ်ပြီး သူ့အမေ ကိုပေးလိုက်တယ်။ "ရှင့်သား တော်မီက စာသင်လို့မရဘူး။ ကျောင်းလာထုတ်ပါ" တဲ့။ အမေက စာဖတ်ပြီး ဆရာမဆီကို စာပြန်လိုက်တယ်။ "ကျွန်မ တော်မီက စာသင်လို့မရ တာမဟုတ်ဘူး။ ကျွန်မကိုယ်တိုင်သင်မယ်"။ အဲဒီကလေးဟာ နောင် အသက်ကြီးလာတော့ သောမတ်စ် အယ်ဒီဆင်ဖြစ်လာတယ်။ သော မတ်စ် အယ်ဒီဆင်ဟာ ကျောင်းဆိုတာကို သုံးလပဲတက်ဖူးတယ်။ ဟင်နရီ ဖို့ဒ်ဟာ ကားကို စတင်တီထွင်တုန်းက နောက်ပြန်ဆုတ်တဲ့ဂီယာကို ထည့်ပေးဖို့ မေ့ခဲ့တယ်။သူတို့ကို အောင်မြင်မှုမရှိသူတွေလို့ သတ်မှတ်မှာလား။ပြဿနာတွေ ဘယ်လောက်ပဲကြုံခဲ့ရပါစေ သူတို့ အောင်မြင်ခဲ့တယ်။ ပြဿနာကြောင့် သူတို့ နောက် ဆုတ်သွားတာလည်း မရှိဘူး။ အဆိုးမြင်သူတွေကတော့ သူတို့အောင်မြင်တာကို “ကံကောင်းလို့ပါကွာ” လို့ ပြောကောင်း ပြောနိုင်ပါတယ်။ အောင်မြင်သူတွေရဲ့ဇာတ်လမ်းတွေကိုပြန်ကြည့်ရင် အကြီးအကျယ် ဆုံး ရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာတွေရှိနေတာ တွေ့ရလိမ့် မယ်။ သူများတွေနဲ့ သူတို့ကွာခြားတာက ဆုံးရှုံးလေ သူတို့ ကြိုးစားလေဆိုတာပါ။ မအောင်မြင်ဘူးဆိုရင် သူတို့က နောက်ပြန် ဆုတ်ရမယ့်အစား ရှေ့ကိုပဲ မိုက်မိုက်ကမ်းကမ်း ဆက်တိုးတတ်တာ သူတို့ရဲ့အလေ့ အထလိုဖြစ်နေတယ်။ အောင်မြင်သူတွေရဲ့ ဇာတ်လမ်းတွေကို လေ့လာကြည့်ပြီး ရှေ့ဆက် တိုးသင့်တယ်။ ၁၉၁၄ ခုနှစ်မှာ အသက် ၆၇ နှစ် ရှိပြီဖြစ်တဲ့ သောမတ်စ် အယ်ဒီဆင်ဟာ အလုပ် ရုံမီးလောင်ဆုံးရှံးခဲ့တယ်။ မီးအာမခံထားတဲ့ ငွေကလည်း နည်းနည်းလေးပဲထားမိတယ်။ ခု ချိန်မှာ လူငယ်လေးတစ်ယောက်လည်း မဟုတ်တော့တဲ့ အယ်ဒီဆင်ဟာ သူ့ဘဝ တစ် လျှောက်လုံးကြိုးစားခဲ့ရတာ ခုတော့ ပြာပုံအတိဖြစ်နေတာကိုကြည့်ပြီး “အဆိုးထဲက အ ကောင်းဖြစ်တော့မှာပဲ။ အမှားတစ် ချက်နဲ့ မီးလောင်ပျက်စီးခဲ့ရပြီ။ အစကနေ ပြန်စခွင့် ရလို့ ကျေးဇူးတင်ပါတယ် ဘုရားသခင်” ဆိုပြီး ရေရွတ်လိုက်တယ်။ သူဟာ ဒုက္ခကို ဒုက္ခ လို့မမြင်ဘဲ ပြန်ကြိုးစားလိုက်တာ သုံးပတ်အကြာမှာ ဓာတ်စက်ကို တီထွင်လိုက် နိုင်တယ်။ ဘယ်လောက် ကောင်းတဲ့ စိတ်ဓာတ်လဲ။ အောင်မြင်သူတွေရဲ့ ဆုံးရှုံးမှုဇာတ်လမ်းတွေကိုကြည့်ရအောင်။− သောမတ်စ် အယ်ဒီဆင်ဟာ လျှပ်စစ်မီးသီးကို တီထွင်ချိန်မှာ၊ ပျမ်းမျှ အကြိမ်ပေါင်း ၁၀၀၀၀ လောက် ဆုံးရှုံးခဲ့တယ်။ ဟင်နရီ ဖို့ဒ်ဟာ အသက် ၄၀ မှာ ကုန်းကောက်စရာမရှိအောင် မွဲသွားဖူးတယ်။ ဒုတိယမြောက် ဟင်နရီ ဖို့ဒ်က Lee Iacocca ကို အသက် ၅၄ နှစ်မှာ အလုပ်ထုတ်ဖူးတယ်။ ဘီသိုဗင်ဟာ ငယ်စဉ်က ဂီတမှာ ပါရမီမရှိဘူးလို့ အပြောခံရတယ်။ ခုချိန်မှာ ကမ္ဘာ့အကောင်းဆုံးဂီတတွေကို ဖန်တီး ခဲ့သူလို့ သတ်မှတ်ခြင်းခံရတယ်။အနှာင့်အယှက် အတားအဆီးတွေဆိုတာ လူတိုင်းကြုံတွေ့ရမှာပဲ။ အပျက်သဘောတွေ ဝင်လာရင် လူ ဆိုတာက စိတ်ဓာတ်ကျ တယ်။ ဆုံးရှုံးမှုတွေ ဘယ်လောက်ပဲကြုံတွေ့ရပါစေ အတားအဆီး တွေဆိုပြီး ကျော်လွှားချင်တဲ့ သတ္တိမျိုးတွေမွေးရမယ်။ အောင်မြင်သူဖြစ်ချင်ရင် ဘယ်တော့မှ ကိုယ့်ကိုယ်ကို ဆုံးရှုံးမှုရဲ့ သားကောင်မဖြစ်ပါစေနဲ့။ ကြောက်ရွံ့ခြင်းနဲ့ သံသယဖြစ်ခြင်း ဟာ စိတ်ကိုပျက်စီးစေတတ်တယ်။ အတားဆီးတွေ အနှောင့်အယှက်တွေ ကြုံရတိုင်း ကိုယ့်ကိုယ်ကို ပြန်မေးကြည့်စမ်းပါ။အဲဒီလို ကြုံတွေ့လိုက်ရတဲ့အတွက် ကိုယ်က ဘာကို ပြန်ပြီးရလိုက်သလဲ။ လမ်းမှာ ပိတ်ဆို့ထားတဲ့ ကျောက်တုံးတစ်တုံးကို ကိုယ့်အတွက် လှေ ကားတစ်ထစ်လို အသုံးပြုနိုင်ခဲ့သလားဆိုတာ။ ဒီကဗျာလေးကို ဖတ်ကြည့်စမ်းပါ ။

 ရှုံးပြီလို့ထင်ရင် ရှုံးတယ်

 ကြောက်ရင် မလုပ်ဝံ့တော့ဘူး နိုင်ချင်တယ်၊ 

 မနိုင်ဘူးထင်ရင်လွယ်လွယ်နဲ့နိုင်မှာကို မနိုင်တော့ဘူး။ 

 ဆုံးရှုံးပြီထင်ရင် ဆုံးရှုံးတယ်။ 

 ဆန္ဒရှိမှ အောင်မြင်မှုရတယ်။

 စိတ်ထဲက အောင်မြင်မယ် မထင်ရင် အောင်မြင်မှာ မဟုတ်ဘူး။ 

 မနိုင်ဘူးထင်ရင် မပြိုင်ချင်တော့ဘူး။ 

 ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် ပန်းတိုင်ကိုမရောက်ရင်ဆုရမှာမဟုတ်ဘူး။

 ဘဝဆိုတာတိုက်ပွဲတိုက်ပွဲကို အစွမ်း အစရှိမှ ဝင်နိုင်တာမဟုတ်ဘူး။

 နိုင်ချင်ရင်ပြိုင်၊ အောင်မြင်ချင်ရင် ရင်ဆိုင်ဆန္ဒမပြင်းပြရင် အောင်မြင်မှုရမှာမဟုတ်ဘူး။ --

 Posted By Blogger လူဗိုလ်

- အောင်မြင်မှုနောက်ကွယ်မှ ဆုံးရှုံးမှုများ-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)