-ညမိုက်-
ငှက်ကျေးသံတိတ်
မီးမှိန်မှိတ်လို့
ကိုယ့်ရဲ့ကမ္ဘာ
လမသာဘူး
မိုက်တဲ့ညတို့လာခဲ့ပြီ။
ရှာသည်အလင်း
ကြယ်မင်းပုန်းခို
တိမ်ရိပ်ညိုမှာ
ပိုသာအုံ့ဆိုင်း
မှုန်မှိုင်းမိုးနက်စွေခဲ့ပြီ။
နေခြည်တစ်ပေါက်
အလင်းသောက်မှ
တောက်မယ့်ရောင်ပြန်
ကျောခိုင်းပြန်ပြီ
လမိုက်ညတို့ ရှည်ခဲ့သည်။
**ပျိုးယုဝသုန်**
-ညမိုက်-
ငှက်ကျေးသံတိတ်
မီးမှိန်မှိတ်လို့
ကိုယ့်ရဲ့ကမ္ဘာ
လမသာဘူး
မိုက်တဲ့ညတို့လာခဲ့ပြီ။
ရှာသည်အလင်း
ကြယ်မင်းပုန်းခို
တိမ်ရိပ်ညိုမှာ
ပိုသာအုံ့ဆိုင်း
မှုန်မှိုင်းမိုးနက်စွေခဲ့ပြီ။
နေခြည်တစ်ပေါက်
အလင်းသောက်မှ
တောက်မယ့်ရောင်ပြန်
ကျောခိုင်းပြန်ပြီ
လမိုက်ညတို့ ရှည်ခဲ့သည်။
**ပျိုးယုဝသုန်**



No comments:
Post a Comment