-မဲဆောက် ဒေသခံ မြန်မာအလုပ်သမားထုအတွက် တစ်နေကုန် မအားတဲ့ တနင်္ဂနွေနေ့ -
(Photo-၅ ကြိမ် ၅ ခါ ၅ခေါက်မြောက် မီးဘေးသင့်ရာ စီအမ်စီ စက်ရုံဟောင်း (အရပ်အခေါ်- တီကေလေးစက်ရုံ) တန်းလျားနေရာကို ပေးပို့)
ဟုတ်ကဲ့…. ဒီနေ့တစ်နေ့လုံး တနင်္ဂနွေနေ့ ဆိုပေမယ့် မိမိရောက်ရှိရာ မြန်မာအလုပ်သမားထုအတွက် အလုပ်အကျွေးပြုတတ်တဲ့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)အတွက်တော့ မအားလပ်နိုင်ကြပါဘူး။
(၅ ကြိမ် ၅ ခါ ၅ခေါက်မြောက် မီးဘေးသင့်ရာ စီအမ်စီ စက်ရုံဟောင်း (အရပ်အခေါ်- တီကေလေးစက်ရုံ) တန်းလျားနေရာကို ပေးပို့)
မအားတာမှ ဒီနေ့မနက် (8:30) နာရီကစပြီး မြန်မာအလုပ်သမား ၅၀ လောက်ကို ထိုင်းနိုင်ငံ အလုပ်သမား ကာကွယ်ရေးအက်ဥပဒေ (BE-2541- 1998)၊MOU နဲ့ ယာယီပတ်စ်ပို့ ကွာခြားပုံအကြောင်း စာရွက်စာတမ်းအထောက်အထား မျိုးစုံအကြောင်းအပြင် အက်စ်ဒီဖက်ရှင်စက်ရုံ (အရပ်အခေါ်- ချန်ပီယံစက်ရုံ)က မြန်မာအလုပ်သမားခေါင်းဆောင် ၃၀ ဦးကိုလည်း ခေါင်းဆောင်မှုသင်တန်း တစ်ပါတည်း ပေးပါသေးတယ်။ ဒီလိုနဲ့ မွန်းလွဲ ၁ နာရီထိုးသွားတယ်လေ။ ဆွေးနွေးပွဲတွေပြီးတော့ JACBA ရဲ့ CEC အချို့ လုပ်ငန်းစဉ်ပြန်လည်သုံးသပ်ကြတယ်လေ။
( မြန်မာအလုပ်သမားခေါင်းဆောင် ၃၀ ဦးကိုလည်း ခေါင်းဆောင်မှုသင်တန်း တစ်ပါတည်း ပေး)
အဲ… ည နေ (၃း၀၀) နာရီမှာ မဲဆောက်မြို့ မယ်ပတိုက်နယ် တိုင်ဝမ်လု စက်ရုံ (အရပ်အခေါ်- ချည်စွပ်ရုံ) က မြန်မာအလုပ်သမား ၅ ဦးအဖွဲ့ က မဲဆောက်မြို့ အန်ဆွာရပ်ကွက်နယ်မြေမှာ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က နေ့က မီးလောင်ခဲ့တဲ့ CMC သိုးမွေးစက်ရုံဟောင်း (တီကေလေး-တန်းလျား) နေရာကို မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)ရဲ့ ဦးဆောင်စီစဉ်မှုနဲ့ အကူအညီ ၅ ကြိမ် ၅ ခါ ၅ခေါက်မြောက် အဖြစ် အတူတကွ သွားရောက်လှူဒါန်းကြခြင်းပါပဲ။ အဲဒီ စက်ရုံက အလုပ်သမား ၅ ဦးဟာ အခြားလုပ်ငန်းခွင်တွေဖြစ်ကြတဲ့ ...
(၁) ဖုပို (ခေါ်) အက်စ်အာ သိုးမွှေးစက်ရုံ လှူဒါန်း မှု
(၂) မောင်မဲဇာနှင့် မောင်ဇော်လင်း မဲဆောက်အမှိုက်ကောက်သမား ၂ ဦးလှူဒါန်းမှု
(၃) ဘန်ကောက်မှ သံဃာတော်အချို့ရဲ့ အ၀တ်အထည်နှင့် ဆီပုလင်းအချို့ လှူဒါန်းမှု
(၄) တိုင်လုစက်ရုံရဲ့ လှူဒါန်းမှု ….စတဲ့ လုပ်ငန်းခွင်၎ ခုကို ကိုယ်စားပြုပြီး ကာလတန်ဖိုး (၇၀၀၀) ဘတ် တန်ဖိုးရှိတဲ့ အလှူကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဟာ မက်ပ်ဖောင်ဒေးရှင်း ရေဒီယိုအစီအစဉ် (၁၀၂ ဒဿမ ၅၀) ကရော၊ ကိုယ်တိုင်ကွင်းဆင်း လှုံ့ဆော်မှုနဲ့ပါ စက်ရုံ အလုပ်ရုံနဲ့ ပြင်ပလုပ်ငန်းခွင်အသီးသီးဆီက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဆီကနေ အလှူငွေနှင့် ပစ္စည်းအစုံစုံတို့ကို ကာလတန်ဖိုးအားဖြင့် (၇၃၀၀၀) ဘတ်ကို ၅ ကြိမ် ၅ ခါ ၅ ခေါက်အထိ မီးဘေးသင့်ရာ စီအမ်စီ စက်ရုံဟောင်း (အရပ်အခေါ်- တီကေလေးစက်ရုံ) တန်းလျားနေရာကို ပေးပို့ခဲ့ပြီးဖြစ်ပါတယ်။

သြ…………………………………………… ဒီကနေ့တော့ မနက်ကနေ ညနေအထိ မအားနိုင်ကြတော့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဟာ ဒါကြောင်မို့လို့လည်း မဲဆောက် ဒေသတွင်းမှာသာမက မဲဆောက်ဒေသပတ်ဝန်းကျင်က ဖုတ်ဖရမြို့နယ်၊ မယ်ရမတ်မြို့နယ်၊ တာ့ခ်မြို့နယ်တို့ဘက်မှာပါ ကော်ဖီဆိုရင် ဂျာဗာ (စုမေ)နဲ့ တွေ့၊ အလုပ်သမားရေးရာဆိုရင် ဂျက်ဘာနဲ့တွေ့ရယ်လို့ ………………….။
(MOU နဲ့ ယာယီပတ်စ်ပို့ ကွာခြားပုံအကြောင်း စာရွက်စာတမ်းအထောက်အထား မျိုးစုံအကြောင်း)
( ထိုင်းနိုင်ငံ အလုပ်သမား ကာကွယ်ရေးအက်ဥပဒေ (BE-2541/ 1998))

** သောင်ရင်းနဂါး **

No comments:
Post a Comment