**အိုး၊ ဘုရားသခင်**
ခရစ်ယာန်ဘာသာဝင် အမျိုးသား ၄ ယောက်နဲ့ အမျိုးသမီးတစ်ယောက်တို့ဟာ Peters Square လမ်းထဲမှာ ကော်ဖီသောက်နေကြပါတယ်။ ပထမဆုံး ခရစ်ယာန်ဘာသာဝင် အမျိုးသားတစ်ယောက်က သူ့သူငယ်ချင်းတွေကို ပြောပြတယ်။
“ကျွန်တော့်သားကတော့ ဘုန်းကြီးတစ်ပါးပါပဲ။ သူခန်းမထဲကိုဝင်သွားတဲ့အခါ လူတိုင်းက သူ့ကို “ဖာသာ” (ဘုန်းတော်ကြီး) လို့ခေါ်ကြတယ်။
” ဒုတိယ ခရစ်ယာန်ဘာသာဝင် အမျိုးသားက ခပ်ကျယ်ကျယ်လေးထပ်ပြောတယ်။ “ကျွန်တော့်သားကတော့ စီနီယာ ဘုန်းတော်ကြီးတစ်ပါးဖြစ်တယ်။ သူခန်းမထဲကို ၀င်သွားတဲ့အခါ လူတိုင်းက သူ့ကို “မြင့်မြတ်တော်မူသော ဘုန်းတော်ကြီး” လို့ခေါ်ကြတယ်”
တတိယ ခရစ်ယာန်ဘာသာဝင်လူကတော့ အေးအေးဆေးဆေးပဲ ပြောလိုက်တယ်။
“ကျွန်တော့်သားကတော့ Cardinal (ပုပ်ရဟန်းမင်းကြီးအောက် ဒုတိယ အဆင့်ရှိ ဘုန်းတော်ကြီး) ဖြစ်ပါတယ်။ သူခန်းမထဲကို ၀င်သွားတဲ့အခါ လူတိုင်းက သူ့ကို “အလွန်မြင့်မြတ်တော်မူသော ဘုန်းတော်ကြီး” လို့ခေါ်ကြတယ်လေ။
(အဲဒီအခါ)စတုတ္ထမြောက်လူက အရမ်းကို ဂုဏ်ယူတဲ့လေသံနဲ့ပြောလိုက်တယ်။
“ကျွန်တော့်သားကတော့ ပုပ်ရဟန်းမင်းကြီးဖြစ်ပါတယ်။ သူခန်းမထဲကို ၀င်သွားတဲ့အခါ လူတိုင်းကသူ့ကို “အမြင့်မြတ်ဆုံးသော ဂိုဏ်းချုပ်ဘုန်းတော်ကြီး” လို့ခေါ်ကြတယ်။”
( တစ်ယောက်တည်းဖြစ်နေတဲ့ ) ခရစ်ယာန်အမျိုးသမီးကတော့ အရမ်း၊ အရမ်းကို ဂုဏ်ယူတဲ့လေသံနဲ့ ပြောလိုက်ပါတယ်။
“ကျွန်မမှာ သမီးလေးတစ်ယောက်ရှိတယ်။ ပိန်ပိန်ပါးပါးလေးပါပဲ။ အရပ်ရှည်တယ်၊ ရင်က ၃၈၊ ခါးက ၂၄၊ တင်က ၃၄ ရှိတယ်။ သူခန်းမထဲကို ၀င်သွားတဲ့အခါမျိုးမှာ လူတိုင်းကသူ့ကို “အိုး၊ ဘုရားသခင်” လို့ ပြောကြလေရဲ့။
** "သူရဇော် (မှတ်စု)"**

No comments:
Post a Comment