မနက်မိုးလင်းအိပ်ရာကနိုးတော့ ရှစ်နာရီထိုးခါနီး အလုပ်ကို MRT စီးရင် လေးဆယ့်ငါးမိနစ်လောက်စီးရမယ့်ခရီးအတွက် ရှစ်နာရီထိုးထတာက အဆင်မပြေဘူးလေ..ရုံးချိန်က ရှစ်နာရီခွဲ..မတတ်နိုင်ဘူး နိုးလာတဲ့အချိန်က ရှစ်နာရီ ရေမိုးချိုးပြင်ဆင်ပြီး မန်နေဂျာကိုမက်စိပို့လိုက်တယ် နည်းနည်းနောက်ကျမယ်လို့....။ တက်စီလေးလှမ်းတားပြီးရုံးကိုသွားလိုက်တယ်..။ အလုပ်ကိုတက်စီစီးသွားနေတာ နှစ်လနီးပါးရှိနေပြီ မနက်တိုင်းမထနိုင်တဲ့ကျေးဇူးကြောင့်ပဲဆိုပါတော့..။ တစ်ခါသွားရင် ဆယ့်ငါးကျပ်နီးပါးကုန်တယ်.. ။ မတတ်နိုင်ဘူးလေ..မထမှမထနိုင်တာ။ ကားပေါ်မှာ မန်နေဂျာဆီက မက်စိပြန်လာတယ်..။ နင်နောက်ကျတာ တစ်ပတ်မှာနှစ်ခါလောက်ရှိတယ်တဲ့.. နောက်ထပ် နောက်မကျအောင်နေပါတဲ့ ..။ တခါတလေကျရင်လောကကြီးကိုတကယ်စိတ်ပျက်တာပဲ ။ ၆ နာရီ ၁၅ ရုံးဆင်းချိန်ဆိုပေမယ့် ရ နာရီထိုးခါနီးမှပြန်တာ ၊ စနေနေ့လိုရင်လိုသလို အလုပ်ဆင်းပေးတာ ၊ တခါတခါများ ညကိုးနာရီဆယ်နာရီထိနေပေးတာ ..ဘယ်တော့မှအကောင်းမမြင်ဘူး ။ မနက် ၁၅ မိနစ်နောက်ကျရင် အပြစ်ကြီးလိုဖြစ်လို့..။ နားလည်မှုတစ်စက်ကလေးမှမရှိဘူး ။ စိတ်ထဲတော်တော်မကောင်းဖြစ်သွားတယ် ။ စေတနာနဲ့မတန်ဘူး ။ နှစ်ကူးပိတ်ရက် သူများတွေအလုပ်မလုပ်ချင်တဲ့အချိန်မှာ လာပေးတဲ့စေတနာတွေရယ် မလေးပြန်မယ့်သူတွေကောင်းကောင်းပြန်ရအောင် စင်ကာပူနေကိုယ်က အနစ်နာခံပြီး ကူပေးတာတွေကိုနားမလည်ဘူး ။ ဆုံးဖြတ်လိုက်မိတယ် ။ ရတယ် မနက်ကွက်တိလာမယ် ဒါပေမယ့် ည ၆နာရီ ၁၅ ဆိုတာနဲ့ ဆင်းတော့မယ်လို့..။ ကိုးနာရီထိုးဖို့ဆယ်မိနစ်အလိုမှာရုံးရောက်သွားတယ် မိနစ်နှစ်ဆယ်တိတိနောက်ကျတယ်ပေါ့ ။ ကိုယ်နဲ့အတူတူ တခြားနှစ်ယောက်သုံးယောက်အပြင်မှာတွေ့သေးတယ် ။ သူတို့ဌာနတွေက ပြသနာမရှိ ကိုယ်တွေမှာသာ ။ ထားပါတော့လေ ရုံးကိုေ၇ာက်ပိုက်ဆံအိတ်ချလိုက်တဲ့အချိန် တခုခု ကြီးကြီးမားမားကြီးလွဲနေသလိုခံစားရတယ် ဟုတ်တယ်... ကွန်ပျူတာကြီးအိမ်မှာကျန်ခဲ့ပြီ။ နောက်ကျလို့အပြောခံရပါတယ်ဆိုမှ ကွန်ပျူတာကြီးကျန်ခဲ့ပြီ..။ တနင်္လာနေ့မနက်ခင်းကြီး စိတ်ညစ်လိုက်လေခြင်း ။ မန်နေဂျာကိုပြောလိုက်တယ် ငါ Laptop အိမ်ပြန်ယူရမယ်လို့ တက်ဆီနဲ့ပဲသွားမှာလို့ပြောလိုက်တယ်..။ နင် laptop မပါဘဲ ရုံးလာတာလားဆိုပြီးအပြစ်တင်ချင်တယ် ..အိမ်သော့လေးယူပြီးတက်စီစီးတယ်.. ။ ဒီမနက်အတွက် တက်စီစီးတာ ဒုတိယအကြိမ်မြောက်ပါပဲ ။ တက်စီသမားကိုညှိကြည့်မိတယ် အပြန်ပါစီးလို့ရမှာလား ဆယ်မိနစ်လောက်ကြာမယ်ဆိုတော့...မဖြစ်နိုင်ဘူး မစောင့်နိုင်ဘူးတဲ့..။ ကုလားက တအားစကားများတယ် ။ အပိုတွေမလိုအပ်တာတွေကိုလျှောက်ပြောတယ် ။ ပြီးတော့လမ်းကလည်းမှားသေးတယ်။ ငါသွားချင်တာ ဘာတလေဘက်ကနော်လို့ပြောလိုက်တော့...ငါသိတယ် ဟိုဘက်ကနေသွားဖို့ဟိုလိုလုပ်ရမယ်ဒီလိုလုပ်ရမယ်နဲ့ ရပ်ကိုမရပ်တော့ဘူး ခေါင်းတလှုပ်လှုပ်နဲ့..။ မနက်တည်းက တလွဲဖြစ်နေလို့စိတ်ညစ်ပါတယ်ဆိုမှ ကုလားက ပေရှည်နေတယ်..။ ပေရှည်တာနဲ့မပြီးသေးဘူး ကုလားသီချင်းကို မရပ်မနားဖွင့်တယ်..။ ရခိုင်မှာနေတုန်းကတည်းက ကုလားသီချင်းတွေနဲ့ရင်းနှီးပေမယ့် ကုလားသီချင်းသံကြားရရင်ခေါင်းမုးတဲ့အကျင့်ရှိတယ် အထူးသဖြင့် ဗလီက ဘုရားစာရွတ်သံကြားရရင်ပိုဆိုးသေးတယ် ။ခေါင်းစကိုက်ပြီ..။ ဘယ်ကိုကွေ့မှာလဲမေးတယ်.. ပြန်ဖြေတော့ အိုင်နိုး..ငါသိတယ်တဲ့..။သိရင်ဘာလို့မေးနေရသေးတာလဲလို့တွေးမိတယ် ပြန်မပြောချင်ဘူး မျက်နှာပုတ်ကြီးနဲ့ပဲနေလိုက်တယ်..။ အိမ်ပေါ်တက်ပြီး laptop့ ပြန်ယူတယ်... တက်စီပြန်တားတယ်.. တစ်စီးရတယ်..။ တက်စီသမားတအားစကားများပြန်တယ်.. ငါမနက်တည်းကနေ လေဒီလေးယောက်ကို တင်မောင်းပြီးပြီတဲ့..။လေးယောက်လုံးအနက်တွေချည်းပဲကော....ဘာလို့အနီမဝတ်ရတာလဲတဲ့..။ ဘာမှပြောချင်စိတ်မရှိပါဘူးဆိုမှ အမေးအမြန်းထူတဲ့သူနဲ့လာတိုးရတယ်လို့..။ ဟီး ဆိုပြီးရယ်ပြလိုက်မိတယ်. ဖုန်းကြည့်ချင်ယောင်ဆောင်ပြီးဘာမှမပြောတော့ဘူး ။ ကိုယ့်မှာရှိသမျှက အနက်တွေချည်းပဲလေ..ပြောရင်လျှာရှည်နေမှာစိုးလို့မပြောတော့ဘူး ။ ကားပေါ်မှာ ကြောင်သေးစော်နံတယ် ။ အစကတော့မဟုတ်လောက်ဘူးမှတ်တာ တဖြေးဖြေးသေချာလာတယ်..ကြောင်သေးနံ့ကြီး အလုံပိတ်ကားပေါ်မှာ ကြောင်သေးနံ့ကြီးက ဒုတ်ခပေးတယ်.. ရင်ဘတ်တခုလုံးလှိုက်ခနဲဖြစ်ပြီး ပျို့တက်လာတယ်..လေချဉ်တွေလေချဉ်တွေ..အစာအိမ်ဒုတ်ခပေးတော့မယ်..။အချိန်က ကိုးနာရီခွဲပြီ မနက်စာမစားရသေးဘူး ။ အစာအိမ်ကိုဂရုစိုက်ရမယ်လို့ကိုယ့်ဟာကိုယ်သတိပေးလိုက်တယ် .။ ဒီအစာအိမ်ကြောင့် အစားဆင်းရဲ အနေဆင်းရဲ သုံးလေးလလောက်နေဖူးတယ်။ အစပ်အချဉ်စားချင်တိုင်း လိုက်လိုက်တားပေးနေရတဲ့ ချစ်သူလည်းပင်ပန်းတယ် ကိုယ်လည်းပင်ပန်းတယ် ဒိန်ချဉ်မစားရတာ နှစ်တစ်ဝက်လောက်ရှိပြီ ။ စားတာနဲ့ဗိုက်တန်းအောင့်တယ်..။ အစာစားချိန်တွေမမှန်တာကြာပြီ..။ ဂရုစိုက်မှဖြစ်မယ်..။ ကြောင်သေးနံ့ကြီးနဲ့မူးလာတယ်..။ တော်သေးတယ် ကားသမားအမောင်းမြန်လို့ ။ တမနက်ခင်းတည်းမှာ ကားခ ၃၈ ကျပ်ကုန်သွားတယ်။ မနက်စာစားဖို့ချစ်သူက အွန်လိုင်းကနေစောင့်နေတယ်..။ မနက်စာစားတယ် ဘယ်သူ့ကိုမှစကားမပြောချင်ဘူး ။ နေ့ခင်းကျရင် ရုံးမှာ Easter အတွက် နေ့လည်စာကျွေးတယ် ဝက်သားတွေချည်းပဲ..စားစရာမရှိဘူး ဒန်ပေါက်ကိုပဲလှိမ့်စားနေမိတယ်..။ ရေခဲမုန့်နည်းနည်းစားတယ် ။ ညနေကျရင်ချစ်သူက စီးတီးဟောသွားချင်တယ်..။ ကွမ်းယာ ကွမ်းယာ..။ ဂျစ်ကျပြီး ပင်ပန်းသွားလို့ မသွားဖို့ဆန်ဒပြတယ် အောင်မြင်သွားတယ်..။ paya labor မှာထမင်းစားတယ်..။ ကိုးရီးယားထမင်းသုတ်..စားလို့ကောင်းတယ်..။ အိမ်ပြန်ရောက်ရင် ဂျင်းသုတ်စားတယ်..။ final destination အပိုင်းငါး ၊ အပိုင်းတစ် ၊ အပိုင်းနှစ် ၊ အပိုင်း ၃ တစ်ဝက်ကို စနေတနင်္ဂနွေနှစ်ရက်ဆက်တိုက်ကြည့်လိုက်တယ်..။ အပိုင်းသုံးတစ်ဝက်ဆက်ကြည့်ဖို့လုပ်တော့ ကြည့်ချင်စိတ်မရှိတော့ဘူး မဖြစ်မနေသေနေကြရတဲ့သူတွေကိုကြည့်ပြီးသွေးပျက်မိတယ်..။သတ်တဝါတစ်ခုကံတစ်ခုပဲ ...။း( ထပ်မကြည့်ဖြစ်တော့ဘူး ။ အဲကွန်းအေးအေးလေးနဲ့အိပ်လိုက်တယ်...။ မနက်ကျရင် ခြောက်နာရီလေးဆယ် ထဖြစ်အောင်ထရမယ်ဆိုပြီး အိပ်လိုက်တာ....ရ နာရီမှာနိုးတယ်..ရုံးချိန်မှီတယ် အလုပ်တွေတပုံကြီးရှိတယ်မလုပ်ချင်ဘူး ။
Posted by ဆုမြတ်မိုး
-အပြာရောင်တနင်္လာ-
Posted by ဆုမြတ်မိုး
No comments:
Post a Comment