ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, March 14, 2013

> -သူ့အကြည့်ကို ကိုယ်သိသည် (၁)-
ဟော… သူမသည် သူ့ကို လှမ်းကြည့်နေပြန်ပြီ။ သူမအကြည့်တွေကို သူ သိသည်။ သူမအကြည့်တွေကို သူ နားလည်သလိုလိုရှိသည်။ သူ့အတွေးထဲ၌လည်း တော်တော်ရဲတဲ့ ကောင်မလေးပဲဟု တွေးလိုက်မိသည်။ အတန်းထဲက နောက်ဆုံးခုံမှာ ထိုင်နေရင်း သူ၏အတွေးများက မဝေးသေးသော ရက်သတ္တပတ်များဆီ ကူးလူးရောက်ရှိသွားလေသည်။ ထိုနေ့က သူ ကျောင်းသို့ အစောကြီးရောက်လာခဲ့သည်။ အခြေခံပညာအထက်တန်းကျောင်းများ သင်ကြားမှု၊ သင်ယူမှု စွမ်းရည်ပြိုင်ပွဲအတွက် အစမ်းလေ့ကျင့်ရန် သူတို့တစ်ဖွဲ့လုံး ကျောင်းသို့ စောလာရမည်ဖြစ်ပြီး သူက အစောဆုံး ရောက်နေခြင်းဖြစ်သည်။ ဓာတုဗေဒလက်တွေ့စမ်းသပ်မှုတစ်ခုကို သူတို့ လေ့ကျင့်ကြမည်ဖြစ်သော်လည်း သူ ကျောင်းကို ရောက်သောအခါ လက်တွေ့ခန်းများ တံခါးမဖွင့်သေးပေ။ ထို့ကြောင့် ကျောင်းဆောင် ဆင်ဝင်အောက် လှေကားထစ်တွင် ထိုင်ရင်း သူ တွေးချင်ရာ လျှောက်တွေးနေမိသည်။ မကြာခင်မှာပင် သူ့အနားသို့ ကောင်မလေးနှစ်ယောက်၊ ကောင်လေးတစ်ယောက် ရောက်လာသည်။ ကောင်မလေးနှစ်ယောက်ထဲမှ တစ်ဦးမှာ သူမ ပင်ဖြစ်လေသည်။ သူတို့အားလုံးက ပြိုင်ပွဲဝင်ရန် ရွေးချယ်ခံထားရသော တစ်ဖွဲ့တည်းသားများ ဖြစ်ကြသည့်အပြင် စာသင်ခန်းတစ်ခန်းတည်းသားများလည်း ဖြစ်ကြသည်။ “ တံခါးလဲ မဖွင့်သေးဘူး...” ထိုသုံးယောက်က ပြောပြောဆိုဆိုနှင့် သူ နံဘေးတွင် အသီးသီးဝင်ထိုင်ကြသည်။ “ ရောက်နေတာ ကြာပြီလား…” သူမက သူ့ကို မေးသည်။ “ မကြာသေးပါဘူးဟာ…” သူက အပြုံးနှင့် ပြန်ဖြေလိုက်သည်။ စကားနည်းသော သူ သည် အချိန်တော်တော်များများ ခပ်တည်တည်နေတတ်သော်လည်း တခြားသူနှင့် စကားပြောသည့်အခါ ပြုံးပြီး ပြန်ပြောလေ့ရှိသည်မှာ သူ့ပုံစံပင်ဖြစ်သည်။ နောက်မှရောက်လာသော ထိုသုံးယောက်သည် စကားတတွတ်တွတ်ပြောနေကြသည်။ သူ ကတော့ စကားဝင်မပြောဘဲ ဘေးမှသာ နားထောင်နေမိသည်။ ခဏအကြာတွင်တော့ သူတို့အဖွဲ့ထဲမှ အမြွာညီအစ်ကိုနှစ်ယောက် လာနေသည်ကို လှမ်းမြင်လိုက်ရသည်။ ကျောင်းဂိတ်ပေါက်မှာကတည်းက အမြွာညီအစ်ကိုနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်တွန်းထိုးရင်း စကားတပြောပြော လျှောက်လာကြသည်။ လှေကားထစ်မှာ ထိုင်နေသော သူတို့အားလုံး၏အကြည့်က မတိုင်ပင်ရဘဲ အမြွာနှစ်ယောက်ကို ကြည့်နေမိကြသည်။ အမြွာနှစ်ယောက်သည် သူတို့နှင့် ပြိုင်ပွဲဝင်ရမည့် တစ်ဖွဲ့တည်းသားများဖြစ်ကြသော်လည်း သူတို့နှင့် တစ်ခန်းတည်းသားများတော့ မဟုတ်ကြပေ။ “ အဲဒီအမြွာနှစ်ယောက်က ချစ်စရာလေးတွေနော်…” သူမ ထံမှ စကားလုံးတချို့ ထွက်လာသည်။ သူမကို လှည့်မကြည့်ဘဲ သူ ပြုံးလိုက်ပါသည်။ ထွေထွေထူးထူး ခံစားမိသည်တော့ မရှိ။ သူမ၏သူငယ်ချင်းကောင်မလေးက သူမကို ပီတီတီနှင့် ကြည့်ပြီး နောက်လိုက်သည်။

“ ဘာလဲ… နင်က သူတို့ကို ကြိုက်လို့လား…” သူမက ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းရင်း… “ ကြိုက်စရာလားဟ… ကြိုက်ချင်းကြိုက် * * * ကိုပဲ ကြိုက်မှာပေါ့…” သူမ၏ စကားအဆုံး၌ လေးယောက်လုံး တဒင်္ဂမျှ တိတ်ဆိတ်သွားကြလေသည်။ သူသည်လည်း ပါးစပ်အဟောင်းသား…။ သူမ နှုတ်ခမ်းအစုံမှ ထွက်လာသော နာမည်သည် သူ့နာမည် ဖြစ်နေပါရောလား။ ဘာပြန်ပြောလို့ ပြောရမည်မှန်းမသိသလို ဘာလုပ်လို့ လုပ်ရမည်မှန်းလဲ မသိ။ စက္ကန့်အနည်းငယ်အကြာမှ ဟန်ကိုယ့်ဖို့နှင့် သူ ဟန်ဆောင်ပြုံးလိုက်ကာ သူမကို ကြည့်လိုက်သည်။ သူမကတော့ သူ့ကို မကြည့်။ မြေပြင်မှ သူမခြေအစုံကိုသာ သူမကြည့်နေသယောင်ရှိသည်။ ရုတ်တရက် တိတ်ဆိတ်သွားသော ပတ်ဝန်းကျင်ကို သူမ၏ သူငယ်ချင်းကောင်မလေးက အလိုက်သိစွာ ဖောက်ခွဲပစ်လိုက်သည်။ “ နင်ကလဲ ပြောလိုက်ရင် ဇွတ်… ဟိုမှာ ရှက်နေပြီ… မျက်နှာကြီးကို ရဲလို့…” ရယ်ရယ်ပြုံးပြုံးနှင့် သူမသူငယ်ချင်းကောင်မလေးက သူမပခုံးကို ပုတ်ရင်း ဟာသလုပ်ပစ်လိုက်သည်။ သူ ကတော့ ပြုံးရုံကလွဲ၍ ဘာမှ မပြောတတ်၊ မလုပ်တတ်တော့ပါ။ “ နင်က ပေါက်ကရတွေ လာမေးတာကိုးဟဲ့…” သူမက သူမသူငယ်ချင်းကို ပြန်ငေါက်သည်။ ရှက်ရမ်းရမ်းခြင်းဆိုတာ သည်လိုမျိုးလား သူမသိပါ။ “ နင်ကလဲ အစောက ပြောရောပေါ့… ငါပြောပေးမှာပေါ့… မဟုတ်ဘူးလား ယောက်ဖ…” သူမနှင့် ပါလာသော သူငယ်ချင်းကောင်လေးက သူ့ကို လှမ်းပြောသည်။ ထိုကောင်လေးက သူမနှင့် မောင်နှမ၀မ်းကွဲတော်စပ်သလို သူ နှင့်လဲ ရင်းနှီးပါသည်။ “ အေးပါကွာ… ငါ စဉ်းစားပေးရမှာပေါ့…” သူ က အလိုက်တသိ ပြန်ဖြေလိုက်ရင်း အပြုံးနှင့်အတူ သူတို့ထံမှ မျက်နှာလွှဲလိုက်သည်။ ထိုအခိုက် အမြွာနှစ်ယောက် သူတို့နား ရောက်လာသဖြင့် နှုတ်ဆက်သံ၊ စကားပြောသံများ ဆူညံသွားကြသည်။ သူ့အတွေးထဲ၌တော့ အတွေးပေါင်းစုံ ရှုပ်ယှက်ခတ်နေတော့သည်။ အတွေးများတတ်သော သူ သည် သူမကြောင့် ပို၍ပင် အတွေးများရပြီ။ သည်လို စကားမျိုးကို သူမ ဘာလို့ ပြောရသလဲ။ အတည်သဘောလား။ စနောက်သည့် သဘောလား။ သူ သည် စာသင်ခန်းထဲ၌ရော၊ မည်သည့်နေရာတွင်မဆို နောက်ပြောင်တတ်သည့်သူမျိုး မဟုတ်သလို သူမသည်လည်း စနောက်တတ်သည့် မိန်းကလေးမျိုး မဟုတ်မှန်း သူသိသည်။ နောက်ပြီး သူက မိန်းကလေးများနှင့် တရင်းတနှီး စနောက် နေထိုင်တတ်သူမဟုတ်သလို စကားနည်းသူ၊ အရှက်အကြောက်ကြီးသူလည်း ဖြစ်သည်။ သည်လိုဆိုလျှင် အတည်များလား။

သို့သော် ချစ်စကား၊ ကြိုက်စကားပြောခြင်းဟူသည် ယောက်ျားလေးကသာ မိန်းကလေးကို ပြောရိုးထုံးစံရှိသည် မဟုတ်လော။ သည်အရာတွေ ထားဦး။ မိမိမှာရော သူမ တက်မက်လောက်စရာ ဘာအရည်အချင်းများ ရှိနေသလဲဟု သူ ပြန်ဆန်းစစ်ကြည့်သည်။ သူ့အနေနှင့်တော့ ဘာမျှရှိသည်မထင်ပါ။ သူသည် ရုပ်ဆိုးလွန်းသူမဟုတ်သော်လည်း ချောမောခန့်ညားသည့် ယောက်ျားလေးစာရင်းထဲတွင် မပါသည်ကတော့သေချာသည်။ ဖြူဝင်းသော အသားအရည်ကြောင့်သာ သူ ရုပ်ဆိုးလွန်းသူ စာရင်းထဲ မရောက်ခဲ့ခြင်းဖြစ်နိုင်သည်။ ဤအရာနှင့် ဆန့်ကျင်ဘက် သူမကတော့ သူတို့အထက်တန်းကျောင်းမှာ ချောမောလှပသည့် စာရင်းထဲ အပါအ၀င်ဖြစ်ကြောင်း သူ သိသည်။ သည်လိုဆို ကျောင်းစာအရာမှာရော…။ သူသည် ကျောင်းစာအရာမှာ တော်လွန်း၊ ထက်လွန်းသည်မဟုတ်ကြောင်း သူ့ကိုယ်သူ သိသည်။ အတော်များများ၏ အထက်တွင် နေလေ့ရှိသော်လည်း ထိပ်ထိပ်ကြဲအဆင့်တော့ မဟုတ်ပါ။ သူမကတော့ နိမ့်ကျသည့်အဆင့်ထဲမှာ မပါသလို စာတော်သည့် အဆင့်ထဲတွင်လည်း မပါပေ။ သူ၏မိဘများသည် နှစ်ဦးလုံး ၀န်ထမ်းများဖြစ်ကြသည်မို့ တန်ဖိုးကြီးသည့် အသုံးအဆောင်ပစ္စည်းများလည်း သူ မသုံးစွဲနိုင်ပေ။ တစ်ခုရှိသည်က သူ သည် သူ၏ အနေအထိုင်သေ၀ပ်မှုကြောင့် လူတော်တော်များများ၏ ယုံကြည်မှုကို ရယူနိုင်ကြောင်းတော့ သူသိသည်။ သူသည် ထင်ထင်ပေါ်ပေါ်မနေတတ်သလို စကားနည်းသော်လည်း သူနှင့် ပေါင်းသင်းဆက်ဆံဖူးသူတိုင်း သူ့ကို ခင်မင်သွားလေ့ရှိသည်တော့ မှန်ပါသည်။ နောက်ဆုံးတော့ သူမ နှစ်သက်လောက်စရာ အရည်အချင်းမျိုး သူ့တွင် မရှိဟု သူ့ကိုယ်သူ သုံးသပ်လိုက်သည်။ ထိုနေ့တစ်နေ့လုံး ထိုသတင်းစကား ပျံ့နှံ့သွားမလား သူ စိုးရိမ်နေမိသေးသည်။ သို့သော် လေးယောက်သာ သိသော ထိုကိစ္စသည် ကာယကံရှင်များ ၀မ်းတွင်း၌သာ ပုန်းလျှိုးကွယ်ပျောက်သွားဟန် ရှိပေသည်။ ထိုနေ့က အိမ်ပြန်ရောက်သောအခါ ဗီရိုထဲမှ အမှတ်တရပစ္စည်းတစ်ခုကို သူ ရှာဖွေထုတ်ကြည့်မိသေးသည်။ မနှစ်တုန်းက နွေရာသီကျောင်းမပိတ်ခင် အတန်းပိုင်ဆရာမက သူတို့အားလုံးကို ပျော်ပွဲရွှင်ပွဲတစ်ပွဲ ကျင်းပပေးခဲ့သည်။ ပါဆယ်ဂိမ်းကစားကြသလို ကျောင်းသူ၊ ကျောင်းသားများ အချင်းချင်း လက်ဆောင်ပစ္စည်းလေးတွေ လဲလှယ်သည့် ပွဲလည်းပါသည်။ ထိုနေ့က ထူးဆန်းစွာပင် သူ လက်ဆောင်ပေးရမည့် ကျောင်းသူမှာ သူမ ဖြစ်နေခဲ့သလို သူမ လက်ဆောင်ပေးရမည့် ကျောင်းသားမှာလည်း သူ ဖြစ်နေခဲ့သည်။ မဲနှစ်ခါ နှိုက်ရသည်ဖြစ်သော်လည်း ဘာကြောင့် တိုက်ဆိုင်စွာပင် သူနှင့် သူမတို့ နှစ်ယောက်သာ အပြန်အလှန်ဖြစ်နေခဲ့သလဲ သူ သဘောမပေါက်ခဲ့ပါ။ ကံတရား၏ ထူးဆန်းသော ဖန်တီးစေစားမှုတစ်ခုပင် ဖြစ်ပါလိမ့်မည်။ သူက သူမကို လက်ဆောင်ပေးခဲ့သည်မှာ ရိုးရိုးဗလာစာအုပ်တစ်အုပ်သာဖြစ်ပြီး သူမထံမှ သူရရှိခဲ့သည်ကတော့ Writing Padလှလှလေးတစ်ခုသာ ဖြစ်သည်။ Writing Pad ၏ ကာဗာတွင်တော့ ချစ်သူစုံတွဲတစ်တွဲ၏ ကြည်နူးဖွယ် ပုံလှလှလေးတစ်ပုံနှင့်အတူ စာသားအချို့ရှိသည်။ 

“ To My First Love “ “ ချစ်ဦးသူသို့ “ ဟူ၍ဖြစ်သည်။ စာရွက်လှလှလေးတွေပါဝင်သော ထိုWriting Padသည် ရည်းစားစာရေးရန်သာ အသုံးဝင်ကြောင်း သူ သဘောပေါက်သည်မို့ သုံးစရာမလိုသဖြင့် ဗီရိုထဲ သည်တိုင်းထည့်ကာ သိမ်းထားဖြစ်လိုက်သည်။ ယခုတော့ သူ ထုတ်ကြည့်နေမိလေပြီ။ “ ချစ်ဦးသူသို့ ဆိုပါလား “ သူ တိတ်တဆိတ်ရေရွတ်ရင်း Writing Pad လေးကို အသာအယာကိုင်ကာ ကာဗာမှ ပုံကို စိုက်ကြည့်နေမိသည်။ သူ့အတွေးထဲ နက်ဖြန် ဘာလုပ်ရင် ကောင်းမလဲဟု စဉ်းစားနေမိသည်။ ကောင်မလေးက အတည်သဘောနှင့် ရေလာမြောင်းပေးလုပ်ခြင်းလား။ သည်လိုဆို သူကရော ကောင်မလေးကို ရည်းစားစကားပြောလိုက်ရတော့မှာလား။ ပြောလိုက်ကာမှ အဟီး ငါက နောက်လိုက်တာ ဟု ပြန်ပြောရင် ဘယ်လိုလုပ်မလဲ။ အတည်ဖြစ်ဖို့ ရာခိုင်နှုန်းများသော်လည်း သူမကို ရည်းစားစကားပြောလိုက်၍ သူနှင့် ချစ်သူရည်းစားများ ဖြစ်သွားသည် ထားဦး သူ့ခေါင်းထဲ မေးခွန်းများစွာ ရှိနေသည်။ သည်လို ခပ်ချောချောလှလှ ကောင်မလေးမှာ တခြားရည်းစား ရှိနေနိုင်သလား။ ချစ်တယ်ဆိုတာကရော ဘာအဓိပ္ပါယ်လဲ။ ချစ်သူရည်းစားဆိုတာကရော ဘာကို ဆိုလိုသလဲ။ ချစ်သူရည်းစားဖြစ်တော့ရော ရိုးရိုးသူငယ်ချင်းဖြစ်နေတာထက် ဘာများ ထူးခြားသွားမှာလဲ။ ထိုနေ့ညက မေးခွန်းပေါင်းများစွာဖြင့်သာ သူ အိပ်ရာဝင်ဖြစ်ခဲ့လေသည်။ 

**ရောင်စုံအခန်းငယ်**

-သူ့အကြည့်ကို ကိုယ်သိသည် (၁)-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)