ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, March 8, 2013

>
-စကားပြန် နှင့် ပါရာစီတမော-
ဆိုင်လားမဆိုင်လားတော့ ကျနော်လည်း သေချာမသိ ဒါပေမယ့် အဲ့ဒီစကားပြန် တစ်ယောက် မနေ့က ပါရာ ၂ လုံးလောက်သောက်လိုက်ရတယ်ဆိုတာ ကိုယ်တွေ့ ။ ကိုယ်တွေ့ဆိုလို့ တစ်ခြားသူမှမဟုတ်တာ ကိုယ်တိုင်ဖြစ်နေတာကိုးး) ။ အဟုတ်ပါ တစ်ခါတလေ ရုံးအလုပ်အပြင် အရေးကြီးဧည့်သည်မျိုး ၊အလာပ သလာပ ဧည့်သည်မျိုးတွေ လာတဲ့ အခါကျ စကားပြန်လုပ်ပေးရပါတယ် ။ အမှန်ကတော့ မလုပ်ချင်ဘူး ရုံးမှာ ခလေးမသေးသေးလေးတစ်ယောက်ရှိတယ် သူက ဒီမှာမွေးတဲ့ သူပါ ။မိဘနှစ်ပါက ကရင်တွေပေါ့ ။ သူက ကရင်စကားလည်းရတယ် ထိုင်းကျောင်းလည်း ၄ တန်းလောက်ထိနေဖူးတယ် ။ ဗမာစကားလည်း ပြောတတ်တယ်ပေါ့ ဒါပေမယ့် သူက လူကြီးတွေနဲ့ စကားပြောရမယ်ဆို ရှက်တတ်တယ် ဘာလို့ဆို စကားကို စကားအတိုင်းပဲပြောတတ်လို့ပါ ဥပမာ ခရိုင်မှုးနဲ့တွေ့လည်း သူက ဦးလေးပဲ ဗိုလ်မှုးစောချစ်သူတွေ့လည်းသူက ဦးလေးပဲ ခေါ်တတ်တယ် စကားကိုလှလှအောင်မပြောတတ်တာ သူ့ကိုယ်သူ သိတော့ ခလေးမက ဧည့်သည်လာရင် ဦး ပဲ သွား သမီး စကားပြောတာ မကောင်းဘူး နော် နော် ဆိုပြီး အတင်းတွန်းထည့်တတ်တယ် ။ တကယ်တော့လေ စကားပြန်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းလုပ်တဲ့သူတွေကို ကျနော် သိပ်ချီးကျူးပါတယ် ။ကိုယ်တိုင်လုပ်ဖူးတော့ တော်တော်မလွယ်တဲ့အလုပ်ဆိုတာ သတိထားမိတယ် ဒါတောင် ကျနော်က ကြုံတဲ့အခါလေးပဲ လုပ်ရတာမို့တော်သေး ။ တစ်ချို့ဧည့်သည်တွေက တော်တယ် စကားကို လိုရင်းအချက်လောက်ပဲ ပြောတယ် အဲ့အခါကျ ကိုယ်လည်းသက်သာတယ် ပြန်ရတာလည်း အဆင်ပြေတယ် တစ်ချို့တွေကျတော့ဘယ်ဟုတ်မလဲ ထင်မြင်ချက်တွေ ယူဆချက်တွေ နိုင်ငံရေး လူမှုရေးတွေ ပြောလိုက်များ သူလည်းပြောပြီး ကျနော်လည်း ငုတ်တုတ်မေ့ကော ဘယ်က စပြောလို့ပြောရမှန်းမသိတော့ဘူး ဘော့စ်ကို လိုရင်း အဓိကလောက်ပဲ ဘာသာပြန်ပေးတာ သူက မကြည်တဲ့ပုံနဲ့ ``ဟဲ့…သူပြောတာက အရှည်ကြီး နင်ပြန်တာက တိုတိုလေးလား´´ တဲ့ ကျနော်လည်း သူပြောတာက အရှည်ကြီး ဒါပေမယ့် လိုရင်းမရောက်ပဲ ရှည်နေတာလို့ ပြန်ပြောလိုက်တယ် ။
အဲ့လိုဧည့်သည်မျိုး လာရင် နည်းနည်း စကားလေး ကြိုပြောထားလိုက်တယ် `` အစ်ကို လိုရင်းကိုပဲ အရင်ပြောနော် ထင်မြင်ချက်တွေ ယူဆချက်တွေ ထည့်မပြောနဲ့ ကျနော် ပြန်ရခက်လို့ပါ ´´ ကိုယ်မတတ်တာ မတတ်ဘူးဝန်ခံထားလိုက်တယ် ။ အရေးကြီးတဲ့ အစည်းဝေးမျိုးတွေကျ သိပ်ဂရုစိုက်ရပါတယ် ဥပဒေ အကြောင်းရာမျိုး လုပ်ငန်းအခေါ်အဝေါ် တွေကျ တစ်ခါတလေ ကျနော်တို့နဲ့ အလှမ်းဝေးတဲ့ စကားမျိုးတွေဆို အခက်ခဲဖြစ်တယ် ပြီးတော့ ကိုယ့်ကိုယ်ကို လိုအပ်ချက်တွေ အများကြီးရှိပါလားလို့လည်း အားမလို အားမ၇ဖြစ်တယ် ။စကားကတိုက်ရိုက်ပြန်၇င် နားဝင်မချိုတာမျိုးတွေလည်းရှိတယ် အဲ့အခါကျ ကိုယ့်ပါသာ ဖြတ် ညှပ် ကပ် လုပ်ရတာပေါ့ အဲ့တာကြောင့် တတ်နိုင်သလောက်ရှောင်တယ် မလုပ်ချင်ဘူး အစိုးရပိုင်းနဲ့ဆို ပိုဆိုး မျက်ခွက်ကြီးတွေက မာတင်းနေပြီး ကိုယ့်ကိုယ်ပါ တစ်ခါတလေ ဟောက်ထည့်သေးတယ် ။
ပါရာစီတမော ရာဇ၀င်က ဒီလို မနေ့က ဧည့်သည်တစ်ယောက်ရောက်တယ် သူရောက်တာ ၁၀ နာရီကျော်ကျော် အဲကွန်းမကြိုက်တဲ့ ကျနော် ထမင်းမစားရသေးတဲ့ ကျနော် ၁၂ ခွဲလောက်ထိ အောင့်အီးထိုင်ပြီး စကားပြန်လုပ်ရတဲ့အဖြစ် တော်တော်တင်းဖို့ကောင်းတယ် ကျနော့်ဘော့စ်ကလည်း စိတ်မပါလို့ စကားမပြောချင်ရင် ၁ နာရီ စိတ်ပါရင်တော့ ၃ နာရီလောက် အနည်းဆုံးကြာတတ်တယ် ဟိုဘဲကြီးကလည်း သူဥရောပမှာ ဘယ်လိုကြီးပြင်းခဲ့ ဘယ်နိုင်ငံတွေ နေခဲ့ဖူးတယ်ဆိုတာ ဖောင်းနေလိုက်တာ ကိုယ့်စိတ်ထဲတော့ ကလိကလိနဲ့ ပြီးတော့ ဘိုလိုတွေလည်းမှုတ် ဒီကတစ်ယောက်ကလည်း အားကျမခံ ဘိုလိုပြန်ပက် အသံထွက်ချင်းက မတူတော့ ကိုယ်က ကြားက ၀င်ဖြေရှင်း အားပါးပါး ခေါင်းတွေပါကိုက်တယ် ၁၂ ခွဲလောက်ကျတော့ ဗိုက်က အရမ်းစာနေပြီ တော်သေးတာပေါ့ ဘော့စ်က နာရီကြည့်လိုက်လို့ ထမင်းသွားစာရအောင်ဆိုပြီးအပြင်ထွက်စားကြတာ ၀ဋ်ကျွတ်ပြီထင်နေတာ ဘယ်ဟုတ်မလဲ ဆိုင်ေ၇ာက်တော့ အစားသောက်အကြောင်းပါ ဆက်ပွားကြသေးတာ ကိုယ်လည်း ခေါင်းတွေ မူးလာတော့ ဆိုင်ကြော်ငြာရိုက်နေတဲ့ မင်းသမီးလား ဘာလားမသိ သေချာပြင်ဆင်ထားတဲ့ ပုံလေးပဲ ချစ်စရာကောင်းလို့ ငေးလိုက်တာ `` ဟဲ့…ဒီမှာကြည့်လေ ဘာငေးနေတာတုန်း ´´ တဲ့ အော်…ဘ၀ ဘ၀ ငမ်းတာတောင် လွတ်လွတ်လပ်လပ် မငမ်းရတဲ့ ဘ၀ပါလားနော် ဆိုင်က ပြန်လာတော့ ၃နာရီကျော်ပြီ မနေ့က အလုပ်လည်း ဟုတ်တိပတ်တိ သိပ်မများပဲ ခေါင်းကိုက်သွားလို့ ပါရာတစ်လုံးသောက်လိုက်ရတယ် ။ ညနေရုံးဆင်း သင်တန်း ၂ နာရီ သွားဆက်တတ်တော့ ခေါင်းကပြန်ကိုက်ပြန်ကော အဲကွန်းမတည့်ဲ အကြာကြီးထိုင်ရ ဆိုတော့ ညက နှာလည်းစီး ခေါင်းလည်းနောက် ရေအစောကြီးချိုးပြီး ဆေးသောက် အိပ်ပစ်လိုက်တယ် ။ စကားပြန်အလုပ် လုပ်ရတာများ ကျန်တာတွေ ခေါင်းကိုက်ရပေမယ့် ဖြတ် ညှပ် ကပ် လုပ်တတ်လွန်းလို့ ရွှေပြည်ကြီးပြန်ရင် အပ်ချုပ်ဆိုင်တောင် ပြန်ဖွင့်စားလို့ရလောက်ပြီ ။

Posted by မောင်မျိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)