ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, March 29, 2013

-စုန်းတောက်ထားသော ပဲ -

>
မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း၏ ဝန်ဆောင်မှုသည် တစ်နှစ်ထက် တစ်နှစ် ပို၍ ပို၍ တိုးတက်လာခဲ့သည်။ ပြည်ပနိုင်ငံခြားသားဧည့်သည်များကိုလည်း ဆိုက်ရောက်ပြည်ဝင်ခွင့်ကို ဆောင်ရွက်ပေးနေပြီဖြစ်သည်။ ယခင်နှစ်များက မိမိနိုင်ငံသို့ ပြန်လာလျှင် ရောက်ရှိနေရာနိုင်ငံ၊ တိုင်းပြည်များတွင် ရှိနေသော သံရုံးများမှ ထောက်ခံချက်များ၊ အခွန်ငွေ ပေးဆောင်ပြီးသော လက်ခံစာရွက်များကို ကိုယ်နှင့် တပါတည်း ယူဆောင်လာရသော်လည်း ယခုအခါတွင်မူ မည်သည့် စာရွက် စာတမ်းမျှ ပေးရန်၊ တင်ပြရန်မလိုအပ်တော့ဘဲ မိမိတိုင်ပြည်သို့ အချိန်မရွေး စိတ်သက်သာစွာဖြင့် ပြန်လာနိုင်ပြီ ဖြစ်သည်။ အပြန်ခရီး လေယာဉ်လက်မှတ်ထုတ်ရာ Counter တွင် သယ်ယူလာသော ခရီးဆောင် အိတ်တို့ကို အလေးချိန် ချိန်တွယ်၍ အပ်သောအခါတွင်လည်း ဝန်ထမ်းကလေးတစ်ဦးမှ ဝိုင်းဝန်းသယ်ယူပေးသည်။ ချိန်တွယ်ပေးသည်။ ကျေးဇူး တင်သောကြောင့် လည်းကောင်း၊ ဝန်ဆောင်မှုကို ကျေနပ်သောကြောင့် လည်းကောင်း လက်ကိုင်အိတ် ထဲတွင် ဆောင်ထားသော ၅၀၀၀ကျပ်တန်ကို ထို အထွေထွေဝန်ထမ်းအမျိုးသားငယ်အား ပေးသော်လည်း လက်မခံပါ။ ထိုကဲ့သို့ တိုင်းပြည်ကို အဖက်ဖက်မှ တိုးတက်စေရန် ကြိုးစားနေကြသော ဝန်ထမ်းများ ကြားတွင် ပိုးစားချကိုက်နေသော အကျင့်စရိုက်များကို မပြင်နိုင်သေးသော ဝန်ထမ်များ လည်း ကျန်ရှိနေသေးသည်။ ပြည်အဝင်တွင် မည်ကဲ့သို့ပြဿနာမှ မတွေ့မကြုံရသော်လည်း ပြည်အထွက်တွင်မူ မနှစ်သက်စရာကောင်းသော အပြုအမူများကို Gate 3 သို့အဝင် လက်တွင် ကိုင်လာသော ခရီးဆောင် အိတ်ကို စစ်ဆေးရန် စစ်ဆေးရေးစက်ကို ဖြတ်အပြီးတွင် တွေ့ကြုံခဲ့ရသည်။ ကျွန်မ၏ လက်ဆွဲအိတ်ထဲတွင် မည်သည့်တားမြစ်ပစ္စည်းမှ ယူဆောင်မလာပါ။ ပန်းချီ ဆွဲရာတွင် အသုံးပြုသော ရေဆေးဗူးများ၊ စုတ်တံများ၊ ခဲတံ နှင့် ရေဆေးဖြင့် အသုံးပြု၍ ရသော ပုံဆွဲစက္ကူအချို့နှင့် အဝတ်အစား ၂စုံသာ ပါရှိသည်။ ထိုစစ်ဆေးရေး ဝန်ထမ်းများထဲမှ တစ်ဦးသည် စရောက်ကတည်းကပင် ကျွန်မ၏ လက်ကိုင်အိတ်ကို ဖွင့်ရန် အကြိမ်ကြိမ် လက်ကမ်းနေသည်။ ထို့နောက် “သြဇီနိုင်ငံကူး လက်မှတ်ကို ကြည့်လိုသည် ” ဟု ပြောလာသည်။ “ကျွန်မ မြန်မာနိုင်ငံသားပါ..၊ နိုင်ငံခြားသားမဟုတ်ဘူး” ဟု ပြန်ပြောသောအခါ “ဟိုမှာ နေတယ်ဆိုတော့ တော်တော် ချမ်းသာ မှာပဲ..” ဟု မဆီမဆိုင် ပြောလာသည်။

 နောက်ဆုံးတွင် ကျွန်မ၏ ခွင့်ပြုချက်မရဘဲ “လက်ကိုင်ပိုက်ဆံအိတ်ကို ခဏကြည့်မယ်” ဟု ဆိုကာ ဖွင့်ကြည့်သည်။ သူ၏ လက်များ သည် ကျင့်သားရနေသည့်အတိုင်း နိုင်ငံကူးလက်မှတ်ကိုလည်း မကြည့်ပါ၊ အခြား တိုလီပေါက်စနများကိုလည်း မကြည့်ပါ။ ငွေသားများထည့်ထားသော အလည်ဇစ်ကို ဖွင့်ကာ လက်နှိုက်ကြည့်လေသည်။ ထိုအပြုအမူများသည် ပြောင်းလဲလာသော နို်င်ငံ၏ တိုးတက်မှုနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ကျွန်မ မြင်ပါသည်။ ကျွန်မသည် ချမှတ်ထားသော စည်းမျဉ်းကို ချိုးဖောက်ရန် မည်သည့်အခါကမျှ စိတ်ကူးမရှိပါ။ သတ်မှတ်ထားသော ငွေကြေးပမာဏ ထက်လည်း ပို၍မယူပါ။ သို့ရာတွင် ထိုဝန်ထမ်းအမျိုးသားသည် ကျွန်မထံမှ ငွေကြေးအချို့ ကို ရလိုဟန်ဖြင့် တောင်းယူပါသည်။ အခြားသော ဝန်ထမ်းများက ဟန့်တားသော်လည်း ထိုသူကမူ ရယ်မောကာဖြင့် တောင်းမြဲတောင်းယူခဲ့သည်။ ကျွန်မတွင်လည်း ခရိးဆောင် အိတ်ကို ကူသယ်ပေးခဲ့သော အောက်ထပ်မှ ဝန်ထမ်းလေး ကို ပေးရာတွင် မယူသဖြင့် ကျန်ရှိနေသော ၅၀၀၀ ကျပ်တန် တစ်ရွက်နှင့် ၂၀၀ ကျပ်တန် အနည်းငယ်သာ ရှိသည်။ ပေးရန် မလိုအပ်သည်ကို သိသော်လည်း၊ မပေးလျင်လည်း မည်ကဲ့သို့ ပြဿနာမျှ ဖြစ်နိုင်ရန် မရှိသည်ကို သိသော်လည်း ထို
၆၀၀၀ကျပ်နီးပါးမျှသော ငွေသားကို အနှီ ဝန်ထမ်းအား ပေးခဲ့လိုက်သည်မှာ ထိုသူ၏ တောင်းဆိုမှုကို အရှက်မရစေလိုသော ကြောင့်သာဖြစ်ပါသည်။ ထိုငွေသား ၆၀၀၀ကျပ်သည် သူ၏ ကိုယ်ကျင့်သိက္ခာတရားကို မည်မျှ ထိခိုက် သွားစေနိုင်သည်ကို ချင့်ချိန် နှိုင်းယှဉ်နိုင်သောအသိသည် ထိုသူ၏ ဦးခေါင်းထဲတွင် ထည့်သွင်း ထားရှိကာ စဉ်းစားဟန် မရှိပါ။ ထို နောက်ဆုံးစစ်ဆေးရေးကို ဖြတ်ကျော်လာပြီးသော် ကျွန်မ၏ စိတ်ထဲတွင် စိတ်မကောင်း မှုအချို့ ထင်ကျန်နေခဲ့သည်။ ထိုအကြောင်းအရာသည် ငွေကြေး ပေးခဲ့ရ၍ မဟုတ်ပါ။ ပိုးစားနေသော အတိတ်ကာလမှ အပြုအမူများကို လက်မလွှတ်နိုင်ဘဲ တိုးတက်ပြောင်းလဲ သောအနာဂတ်ကို ဦးတည်နေသည့် ပစ္စုပ္ဗန်ကာလတိုင်အောင် ယူဆောင်လာနေသော သူအချို့ ရှိနေခြင်းကြောင့်သာ ဖြစ်ပါသည်။

**ပျိုးယုဝသုန်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)