>
ကိုစိန်မင်းတို့ အိပ်နေလိုက်တာများ တုတ်တုတ်ကို မလှုပ်ဘူး … တစ်နေ့ကုန် အပြင်ထွက် ကုန်းရုန်းရှာနေရလို့ မောပမ်းပြီး အိပ်မောကျနေတာနေမှာ … အို … ယောက်ျားပဲ သူများသားသမီး ယူထားပြီးရင်တော့ လုပ်ကျွေးရမှာပေါ့ … မသနားနိုင်ပါတော် … ခင်တင့်တို့ကတော့ သနပ်ခါး ခြေဆုံး ခေါင်းဆုံးလိမ်းပြီး ယောက်ျားရှာဖွေလာသမျှ အခန့်သား ထိုင်စားနေရုံပဲ … သူအလုပ်သွားရင် အိမ်ဘေးက ကောင်မတွေနဲ့ အတင်းတုတ်လိုက် … ဗိုက်ဆာလာရင် မသိန်းတို့ဆိုင်က သရေဇာလေး ၀ယ်စားလိုက်နဲ့ ဟုတ်လို့ … ခင်တင့်တို့ကတော့ လင်ရ ကံကောင်းတယ်ဟေ့ … ငယ်ငယ်ရွယ်ရွယ်နဲ့ အငြိမ်းစားဖြစ်နေပြီတဲ့ … ဒါ ဘေးအိမ်က မနာလို တိုရှည်ကောင်မတွေရဲ့စကားပါ … ကျုပ်ကတော့ မျက်နှာတင်းတင်းနဲ့ပဲ ပြန်ပြောလိုက်တယ် … ကိုယ့်ကုသိုလ်ကံနဲ့ကိုယ်လို့ … ဟုတ်ပါ့တော် လူတွေများ သူများ ကောင်းစားတာကို မနာလိုဖြစ်နေလိုက်ကြတာ …
ကြိတ်အားကျနေတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့လေ … သူတို့အားကျရင်လည်း အားကျစရာပဲ … သူတို့ယောက်ျားတွေက အလုပ်မရှိ အကိုင်မရှိ ၁၀၉၊၁၁၀ တွေ … လက်ကြောမတင်း အလုပ်ပျင်းနဲ့ တစ်နေကုန် ကြူခုံ၊ အရက်ဆိုင်၊ လက်ဘက်ရည်ဆိုင်တွေမှာပဲ အချိန်ဖြုန်းနေတာ … နေပူမရှောင် မိုးရွာမရှောင် ဈေးဗန်းခေါင်းပေါ်ရွက်ပြီး ရှာဖွေကျွေးနေတဲ့ မိန်းမပြန်အလာကို မျှော် … ပြီးတော့ ရင်ဘက်ကြားထိုးသိပ်လာတဲ့ ပိုက်ဆံအကြွေကို ဇွတ်နှိုက် … ပြီးတော့ ကိုဆွေတို့ အရက်ဆိုင်မှာ စည်းစိမ်လေးတွေ ရစ်ဝဲလို … ဆေးလိပ်ဖက်ကြမ်းလက်ကြားညှပ် … ကွမ်းတမြုံ့မြုံ့နဲ့ ရုပ်ရှင်မသားသလိုလို ဘာလိုလို … ညတိုင်းလည်း အော်ဟစ်ကြိမ်းမောင်းရိုက်နှက်နဲ့ … ဒီလောက်ဆိုးတဲ့ ယောက်ျားတွေကို သူတို့မလို့ သည်းခံပေါင်းနေသေးတယ် … ကျုပ်သာဆို ဆလန်သပြီး ကွာရှင်းပြီးတာ ကြာပေါ့ … အေးလေ … လင်ဆိုးမယား တဖားဖားဆိုတာ ဒါမျိုးနေမှာပေါ့ … နောက်လာအုံးမှာ… ကြည့်နေ… အရက်သမားကြီးက အရက်သမားလေးတွေပဲ မွေးလာမှာပေါ့ … အဲဒီတော့လည်း ဘာဖြစ်လဲ … သားဆိုမအေ တပေပေပေါ့ … ဟုတ်ဘူးလား … ကြည့်ပါအုံး … ကိုစိန်မင်းတို့ အိပ်နေတာများ တုတ်တုတ်ကို မလှုပ်ဘူး …။
@@@
ကျုပ်ကို ကံကောင်းတယ်လို့ ပြောတဲ့အထဲမှာ ကိုစိန်မင်း အရက်မသောက်တာလည်း ပါလိမ့်မယ် … ကိုစိန်မင်းက အရက်သောက်ဖို့ နေနေသာသာ ကျွဲရိုင်းဘူးတောင် မူးမှာကြောက်လို့ မသောက်ဘူးတဲ့ … ရိုးတယ် ရိုးတယ် … ရိုးချက်ကတော့ ကမ်းကုန်တယ် … တစ်ခါကလဲ သူ့ဘော်ဒါတွေက အရက်ဇွတ်တိုက်သတဲ့ … သူက မသောက်ဘူး ဇွတ်ငြင်းတယ်တဲ့ … အဲဒီတော့ ဟိုကောင်တွေက အကြပ်ကိုင်တော့တာပေါ့ … အရက်သောက်မလား … ပုဆိုးချွတ်ပြီး ဆိုင်ရှေ့မှာ လမ်းလျှောက်ပြမလားပေါ့ … ကိုစိန်မင်းတို့ကလည်း ဘူးဆို ဖရုံမသီးတဲ့ လူစားမျိုးဆိုတော့ ရတယ်လေ ပုဆိုးချွတ်မယ် တကဲကဲလုပ်နေလို့ မနည်းဆွဲထားရတယ်တဲ့ … အဲဒီတုန်းကများ တကယ်ပုဆိုးချွတ် လမ်းလျှောက်ပြရင် ကျုပ်ရှက်လို့သေမှာ … အဲဒါလည်း သူပြန်ပြောလို့ သိရတာ မဟုတ်ဘူး … ဘေးလူတွေက ပြန်ပြောလို့ သိရတာ … ကြည့်ပါအုံး … ကိုစိန်မင်းတို့ အိပ်နေလိုက်တာများ တုတ်တုတ်ကို မလှုပ်ဘူး …။
@@@
ကိုစိန်မင်းအလုပ်က ပင်ပမ်းတယ်ဆိုပေမယ့် သမာအာဇီဝကျတဲ့အလုပ်လေ … တစ်နေ့တာ ထွက်သမျှ ဂျာနယ်မျိုးစုံကို လက်ထဲပွေ့ နေပူကျဲကျဲထဲ အော်ဟစ်ရောင်းရုံပဲ … မှာထားတဲ့လူရှိရင်တော့ အိမ်တိုင်ရာရောက် လိုက်ပို့ပေးရင် ရပြီ … တခြားအလုပ်တွေနဲ့စာရင် ဒီအလုပ်က ကိုက်တယ်လို့ ပြောရမယ် … တစ်နေကုန် ခြေတိုအောင်ရောင်း သုံးလေးထောင်လောက်တော့ စည်တယ် … သားသမီးမရှိတဲ့ ကျုပ်တို့ လင်မယားနှစ်ယောက်အတွက် အူစိုစို စားနိုင်တာပေါ့ … ခတ်တာက ကိုစိန်မင်းပေါ့ … ဂျာနယ်ရောင်းတဲ့ အလုပ်ကမဆိုးဘူး … ပိုက်ဆံလည်းရ ဗဟုသုတလည်းရတယ်တဲ့ … ကျန်းမာရေးဂျာနယ်တွေထဲက ဆေးပညာဗဟုသုတတွေဖတ် … ပြီးတော့ ကျုပ်ကို ပြန်ပြောပြတော့တာပဲ … ဟိုဟာစားရင် ဟိုဟာဖြစ်တတ်တယ် … ဒီဟာစားရင် ဒီဟာဖြစ်တတ်တယ်နဲ့ … အိပ်ချင်ဟန်ဆောင်နေလည်း မရဘူး … လက်နဲ့ကုတ်ပြောတာ … မုန်းစရာကောင်းလိုက်တာ ပြောမနေနဲ့ … ကျုပ်လား သူပြောတဲ့စကားကို အရေးတယူလုပ်မှာ … ဝေးသေး …
ခင်တင့်တို့က ယောက်ျားသြဇာကို ငြိမ်ခံနေမယ့် မိန်းမစား မဟုတ်ဘူး … သူပြောတဲ့စကားတွေက ဒီဘက်နားက ၀င်ရင် ဟိုဘက်နားက ထွက်ပဲ … ခေါင်းထဲ မှတ်မထားနိုင်ပါဘူး … ခေါင်းရှုပ်လွန်းလို့ … အဲဒီတော့ သူက ဘာပြောတယ်ထင်လဲ … မင်းတို့ မိန်းမတွေ ကျန်းမာရေးကို မလိုက်စားဘူး … အားရင် အတင်းပြောဘို့လောက်ပဲ သိတယ်တဲ့ … ပြောပါစေ ပြောပါစေ … ကျုပ်ကလည်း မဟုတ်လို့လား … အဲဒီတော့ သူပြောတာလေးကို မကောင်းတတ်လို့ နားထောင်နေလိုက်တယ် … သူ့ကွယ်ရာရောက်မှ ကိုယ်လုပ်ချင်တာ လုပ်မှာပေါ့ ဟုတ်ဘူးလား … ကြည့်ပါအုံး … ကိုစိန်မင်းတို့ အိပ်နေလိုက်တာများ တုတ်တုတ်ကို မလှုပ်ဘူး …။
@@@
ကိုစိန်မင်းကြီးက ကျုပ်ပူစာတာတော့ရအောင် လုပ်ပေးတတ်တယ် … မလုပ်ပေးလို့ရမလား … ကျုပ်ကိုကြိုက်လှပါကြည်ရဲ့ … ကျုပ်ကိုမှ မရရင် သေရပါတော့မယ် … ကျုပ်ကိုယူပြီးရင် ကျုပ်လိုချင်တာ ဖြစ်ချင်တာ မှန်သမျှရရပါစေမယ်ဆိုလို့ ကျုပ်တို့ ညားခဲ့ကြတာ … အင်း … ကျုပ်ရုပ်ကလည်း ၀တ်မှုံရွှေရည်လောက်မလှပေမယ့် အရပ်ထဲမှာတော့ ကျုပ်ရုပ်ကို မီတဲ့ကောင်မ မရှိဘူး … အပျိုဘ၀တုန်းက သူဌေးသားတွေ၊ ခေတ်ပညာတတ် ဘွဲ့ရတွေကတောင် ရည်းစားစကားလိုက်ပြောတာခံရတယ် … ဘယ်လို ရေစက်ကြောင့်မှန်းမသိဘူး … ကိုစိန်မင်းကြီးနဲ့ကြမှ ဘယ်လိုလုပ် ခေါင်းညိတ်မိမှန်း ကိုယ့်ကိုကိုယ်တောင် မသိလိုက်ပါဘူးတော် … ချစ်တာလဲမဟုတ်ဘူး … သံယောဇဉ်လဲမဟုတ်ဘူး … အဲ သိပြီ သူက ရိုးလွန်း အ လွန်းတော့ ဘယ်အရာမဆို ကျုပ်ပြောတဲ့အတိုင်းဖြစ်မှာပဲ … အဲဒါကြောင့် ကျုပ်လက်ခံခဲ့တာထင်တယ် …
ခုနက ပြောလက်စ ဘယ်ရောက်သွားပြီလဲမသိဘူး … သြော် မှတ်မိပြီ … ကျုပ်ပူစာသမျှ ၀ယ်ပေးတယ်ဆိုတဲ့နေရာရောက်ပြီ … သူများအိမ် အတင်းသွားပြောမှာနဲ့စာရင် အိမ်မှာ ခြေငြိမ်အောင်ဆိုပြီး တီဗွီကော ဗွီစီဒီစက်ကော ၀ယ်ပေးထားတာ … ကျုပ်ကလည်း ဘယ်ရမလဲ … တီဗွီရှေ့ကကို မခွာဘဲ ကိုရီးယားကားတွေ တစ်ထိုင်တည်း ကြည့်ပစ်လိုက်တယ် … တစ်ခါတလေလည်း ကာရာအိုကေလေး ဟဲလိုက်သေးဆိုတော့ ညနေစာ ထမင်းတောင် မချက်လိုက်ရဘူး … သူ အလုပ်က ပြန်လာတော့ မောမောနဲ့ ထမင်းစားမယ်ဆိုပြီး အိုးတွေ လှပ်ကြည့်၊ ဟိုဟာ လှပ်ကြည့်နဲ့ ဘာမှ ချက်ထားတာမတွေ့ရဘူးလေ … ကျုပ်ကိုလား ရိုက်ရဲမှာ … မရိုက်တဲ့အပြင် ဘာပြောတယ်မှတ်လဲ … အေး ထမင်းငတ်ချင်ငတ်ပါစေ … သူများအိမ်အတင်းသွားတုပ်မှာနဲ့စာရင် တီဗွီကြည့်နေတာ ကောင်းတယ်တဲ့ … သူက ကျုပ် အိမ်လည်တာကို လုံးဝကို မကြိုက်တာ … ဘယ်ကြိုက်ပါ့မတုန်း … ကျုပ်ဆိုတဲ့ကောင်မကလဲ သူများမကောင်း ကိုယ့်ကောင်းကြောင်းဆို သိပ်ပြောချင်တာလေ … ရပ်ကွက်ထဲက အကြော်သည် မ၀ိုင်း နှစ်လုံးပေါက်တယ်ဆိုတော့ အကြွေးရှင်တွေ အိမ်ကို ၀ိုင်းထားလိုက်တာ ထန်းလျက်ခဲ ပုရွတ်ဆိတ်အုံနေသလိုမျိုး … နှစ်လုံးပေါက်တဲ့ငွေက အကြွေးမကျေတဲ့အပြင် အကြော်ကြော်ဘို့ အရင်းတောင် အကြွေးဆပ်လိုက်ရတဲ့အကြောင်း … သင်းခိုင်နဲ့ အေးကြိုင်တို့ ညီအမက အခု နိုရာနဲ့ ခေတ္တာလို့ နာမည်ပြောင်းပြီး စားသောက်ဆိုင်မှာ သီချင်းဆိုနေတာ … ရုပ်ကလေးတွေက ပြင်လိုက်ဆင်လိုက်ရင် ထွက်လာတော့ ကွယ်ရာမှ ခြေများချင်တဲ့ သူဌေးတွေက တစ်ညတစ်ညဆို ပန်းကုံးတွေ အပြိုင်စွပ်ကြသတဲ့ … ပန်းကုန်းကြေး၊ ဟိုဟာကြေး၊ ဒီဟာကြေးနဲ့ အိပ်ယာထဲလဲနေတဲ့ သူတို့အမေတောင် ထူထူထောင်ထောင်ဖြစ်နေပါရော့လား … လမ်းထိပ်က ဟော့ရှော့ကောင်မလေးကကော ဘာထူးလဲ … သူ့အဖေဆိုပြီး မက်တူးကားကြီးနဲ့ ညတိုင်းလိုက်လိုက်သွားတာ … သူ့အဖေမဟုတ်ဘူး … သူ့ရဲ့စပွန်စာ ဘဲကြီးတဲ့ … အစကတော့ အဲဒီကောင်မလေးက ရုပ်လေးကလည်းလှ ခေတ်ပညာလေးကလည်း တတ်ဆိုတော့ ကျုပ်ဖြင့် အားကျမိသေး … အခုတော့ ပြောရင်းနဲ့ကို ကြက်သီးထတယ် … ဒေါ်ကုလားမသား ဟိုကောင် … ဘယ်သူ ပါးစပ်ဖျားတင်မေ့နေတယ် … ငမိုး … ဟုတ်တယ် ငမိုး အဲဒီကောင်လေးကလည်း ဆေးစွဲနေသတဲ့ … ရုပ်ဆိုးပြီး ပိန်တူးတာလန်နေတာ မသိသူကတော့ အေကိုက်နေတယ်လို့ထင်မှာ …. ဟိုတစ်နေ့ကတောင် ဆေးဖိုးမရှိလို့ သူ့အမေ ထမီသွားပေါင်လို့ သားအမိချင်း ရန်ဖြစ်ကြတာ ကျွက်ကျွက်ကို ညံလို့ … အဲဒီလို ကျုပ်တို့ရက်ကွက်က ရှုပ်တာ … ကျန်သေးတယ် သတင်းတွေက အစုံပဲ … ဘယ်ဂျာနယ်၊ မဂ္ဂဇင်းမှ မပါနိုင်တဲ့ သတင်းဦးသတင်းထူး သိချင်ရင် ဘယ်သူ့ဆီမှ သွားမေးမနေနဲ့ ကျုပ်ဆီကို လာခဲ့ … ပါးစပ်အမြုတ်ထွက်အောင်ကို ပြောပြလိုက်အုံးမယ် … ကိုစိန်မင်းကလည်း အဲဒီလို အတင်းပြောတာကို မကြိုက်တာ … သူဘယ်လိုပြောပြော ၀ါသနာဆိုတာကလည်း တားလို့ရနိုင်ရိုးလား …. ကြည့်ပါအုံး … ကိုစိန်မင်းတို့ အိပ်နေလိုက်တာများ တုတ်တုတ်ကို မလှုပ်ဘူး …။
@@@
ကျုပ်ကလည်း အဆီအဆိမ့်တွေဆိုသိပ်ကြိုက်တာ … အဲဒီလို ကြိုက်လွန်းလို့လည်း ထမင်းဝိုင်းမှာဆို ကိုစိန်မင်းနဲ့ စကားများကြတာ … သူကြိုက်တာတွေက … ဟင်းရွက်ကြော်၊ အတို့အမြုပ်တွေ၊ ဟင်းရည်သောက်တွေ၊ ကျုပ်ကတော့ ဗိုက်ထဲအမှိုက်ရှုပ်အောင် ဟင်းသီးဟင်းရွက်တွေ မစားပါဘူး … ဟော ၀က်သားဆီပြန်လေးတွေ … ငါးမြင်းဆီပြန်လေးတွေ … ကျုပ်က ဟင်းဆို ဆီပြန်နေမှ ကြိုက်တာ … တစ်ခါတလေများ ဆိုင်သွားပြီး ဘာဂါတွေ၊ ကိုရီးယားအစားအစာတွေ သွားစားပစ်လိုက်တာ … ကိုစိန်မင်းကတော့ ပြောတာပေါ့ … အဆီအဆိမ့်တွေ သိပ်မစားနဲ့ … နှလုံးသွေးကြောကျဉ်းပြီး သွေးတိုးရောဂါတွေဖြစ်တတ်တယ် … သွေးတိုးရောဂါရှိပြီဆိုရင် နှလုံးရောဂါ၊ ဆီချိုသွေးချိုရောဂါ၊ ဦးနှောက်သွေးကြောပြတ်တာတွေနဲ့ လေဖြတ်တတ်တဲ့အဆင့်ထိ ရောက်တတ်လို့ပြောတတ်တယ် … ဘာမှမဟုတ်ဘူး သူဖတ်ထားတဲ့ ကျန်းမာရေးဂျာနယ်ထဲက အကြောင်းတွေ လာပြောနေတာ စိတ်ကုန်လွန်းလို့ … သူက အဲဒီလိုပြောလေ ကျုပ်က ရွဲ့စားလေပဲ … ကြည့်ပါအုံး … ကိုစိန်မင်းတို့များ အိပ်နေလိုက်တာ တုတ်တုတ်ကို မလှုပ်ဘူး …။
@@@
အခုတလော စကိုင်းနက်တွေ ခေတ်စားလာတာနဲ့ ကိုစိန်မင်းကို ပူစာမိတယ် … ဟော မကြာဘူး ညနေအလုပ်ကပြန်လာတော့ ၀ယ်လာပါရောလား … ကျုပ်ဖြင့် ပျော်လွန်းလို့ မျက်နှာတောင် အိနြေ္ဒမဆည်နိုင်အောင်ပဲ … ကိုရီးယားဇာတ်လမ်းတွဲလိုင်းကို တနေကုန် နေရာက မထတမ်းကြည့်ပစ်လိုက်တယ် … အာလူကြော်လေးစားလိုက်၊ ဇာတ်ကားလေးကြည့်လိုက်နဲ့ ဟန်ကို ကျလို့ အဲဒါမှလည်း ဘေးအိမ်ကကောင်မတွေကို ကိုရီးယားမင်းသား မင်းသမီးတွေ အကြောင်း ပြောပြလို့ရမှာ … ကန်ဂျီဟွမ်၊ ဂျန်ဂန်ဆုက် တို့အကြောင်းတွေကို ကြွားလို့ရမှာ ဟုတ်ဘူးလား … ကိုစိန်မင်းကလည်း သိတယ် … အဲဒီနေ့တွေမှာ မနက်ကတည်း တစ်နေကုန်စာ ထမင်းချက်ခဲ့တာ … ကျုပ်ယောက်ျားက အဲဒီလို အလိုက်သိတာ … ကြည့်ပါအုံး … ကိုစိန်မင်းတို့များ အိပ်နေလိုက်တာ တုတ်တုတ်ကို မလှုပ်ဘူး …။
@@@
တစ်နေ့ကပေါ့ … ကိုစိန်မင်းကြီး ကြားသားမိုးကြိုး အရက်တွေ သောက်လာတယ်တော်ရေ့ … မသောက်တတ် သောက်တတ်နဲ့ သောက်လာလိုက်တာ အိမ်ပေါ်ကို လေးဘက်ထောက်ပြီးတက်လာတယ် … အံလိုက်တာလည်း ခွေးခုတင်ပေါ်မှာ အပုံလိုက် … ပါးစပ်မှာလည်း အံဘက်တွေက ပဲစုတ်လို့ … ရွံစရာကောင်လိုက်တာ … ချဉ်စုပ်စုပ်အနံ့ဆိုးကြီးပါရလိုက်တော့ ကျုပ်ဖြင့် ပျို့တက်လာလိုက်တာ ပြောမနေနဲ့ … မသာကြီး ခွေးမသောက်တဲ့အရည်တွေ သောက်လာပြီ … နေပါစေ မှတ်လောက် သားလောက်အောင် သင်းကို ဒီအတိုင်းထားလိုက်အုံးမယ်ဆိုပြီး ပစ်ထားလိုက်တယ် … ဘာမှတ်တုန်း ခင်တင့်အကြောင်း ကောင်းကောင်းသိစေရမယ်ဆိုပြီး အိပ်ယာထဲခွေအိပ်နေလိုက်တယ် … အမယ် မူးသာ မူးတာ အိပ်ယာထဲတော့ တန်းနေအောင် ၀င်လာတတ်တယ် … သူဝင်လာတာလည်း သိရော ကျုပ်က တစ်ဘက်လှည့်အိပ်နေလိုက်တယ် … အမယ် ကိုယ်တော်ချောကာ မအိပ်ခင် ဘာပြောသွားသေးတယ်ထင်လဲ … မင်းလိုကောင်မကို မပေါင်းချင်တော့ဘူး ငါစိတ်ကုန်လာပြီတဲ့ … သေနာကြီး အမူးပြေမှ တွေ့အုံးမယ်ဆိုပြီး တေးထားလိုက်တယ် …. မနက်ရောက်တော့ သူက မသိချင်ဟန်ဆောင်နေတော့ ကျုပ်မမေးတော့ပါဘူး … အဲဒီလိုနဲ့ ကျုပ်လည်း အိပ်ကောင်းစားကောင်းနဲ့ပေါ့ … ကိုစိန်မင်းကတော့ ညည အိပ်မပျော်တာကိုလည်း သတိထားမိတယ် … သက်ပြင်းချသံ ခဏခဏကိုလည်း ကြားရတယ် … ဘာတွေစဉ်းစားနေလဲတော့ မသိပါဘူး … ကျုပ်ကိုလည်း ခပ်စိမ်းစိမ်းဖြစ်နေတယ်လို့ သတိထားမိတယ် … နေပါစေပေါ့ … ယောက်ျားကြီးဖြစ်ပြီး စိတ်ကောက်နေလိုက်တာ … သင်းက ကောက်တော့ ဒီကောင်မကလည်း ဘာမလို့တုန်း …. ကွေးနေအောင် ပြန်ကောက်ပြလိုက်တယ် … မှတ်ကရော … အဲ … မကြာပါဘူးတော် … ကိုစိန်မင်းနဲ့ စံပါယ်ပန်းရောင်းတဲ့ကောင်မလေး တပူးပူး တတွဲတွဲလုပ်နေသတဲ့ … ဘေးအိမ်က အေးစိန်တို့ပြောတာ … ဒီကောင်မကလည်း ခေသူမဟုတ်ဘူး … အရပ်တကာ ရောက်တော့ သူ့သတင်းကလည်း မမှားနိုင်ဘူး … ကိုစိန်မင်း ညနေတော်ပြန်လာရင် ကျုပ်အကြောင်း သိစေရမယ်လို့ စိတ်ထဲမှ ကြိမ်းထားလိုက်တယ် … မောင်မင်းကြီးသားက ညနေပြန်လာတော့ အရက်လေး တမျှမျှနဲ့ … ကျုပ်စိတ်တွေ မတိုဘဲ ခံနိုင်ရိုးလား … လှေခါးက တက်လည်းလာရော … ပုဆိုးခါးပုံစာဆွဲပြီး ဗိုက်ခေါက်လိမ်ဆွဲပစ်လိုက်တယ် … ကျုပ်ကို တစ်ခါမှ လက်ဖျားနဲ့တောင် မရွယ်ခဲ့ဘူးတဲ့သူက တွန်းလွှတ်လိုက်တာ ကျုပ်ဖြင့် ဖင်ထိုင်လျက်ကြီး လဲသွားတာ တော်တော်အီသွားတာပဲ …. အဆိုးဆုံးက ကျုပ်ကို သူ ပြန်မထူတဲ့အပြင် ချော့တောင် မချော့တော့ဘူး … ကြည့်ပါအုံး … ကိုစိန်မင်းတို့ အိပ်နေတာများ တုတ်တုတ်ကို မလှုပ်ဘူး …။
@@@
ကိုစိန်မင်း စိတ်တွေ ပြောင်းကုန်ပြီဆိုတာ သိလိုက်ရတဲ့ အချိန်မှာ အေးစိန်ကို ရင်ဖွင့်မိတယ် … ဒီကောင်မက ဘာပြောတယ်မှတ်လဲ … ကျုပ်က ၀နေလို့ ၀ိတ်လျှော့ရမယ်တဲ့ … အဲ … ဒီနေရာမှာ ကျုပ်နည်းနည်း ပြောဘို့ လိုသေးတယ် … ငယ်ငယ်တုန်းက ပိန်ပိန်လေးနဲ့ ချစ်စရာကောင်းသလောက် အခု ကျုပ် ခန္ဒာကိုယ်က မင်းသမီး ပွင့်နဲ့ နင်လား ငါလားနဲ့ … ၀ လာလိုက်တာ နေ့ချင်းညချင်းပဲ … အကျီတွေများဆို မတန်တော့လို့ တစ်လ တစ်ခါချုပ်ရတယ် … လုံချည်ဆို နှစ်ထည်စပ်ချုပ်မှ ၀တ်လို့ရတယ် … အခု အေးစိန်က ၀ိတ်လျှော့ရမယ်ဆိုတော့ ကျုပ်လန့်ဖြန့်မိတာ အမှန်ပဲ … အစားလျှော့စားရမယ်တဲ့ … အို … အ၀လွန်ပြီး သေချင် သေပါစေတော် … အစားသောက်ကတော့ မလျှော့နိုင်ပါဘူး … လေ့ကျင့်ခန်းလုပ်ရမယ်တဲ့… ဒါတော့ လွန်သွားပြီ … လှုပ်လှုပ်ရှားရှားလုပ်ရမယ်ဆိုရင် လေတောင်မချွန်တဲ့ ကျုပ်က လုပ်ဘို့ ဝေးသေး … လမ်းလျှောက်တဲ့ … ပိုဆိုးသေးတယ် … လက်ခုပ်တီးလိုက်ရင် ဆိုက်ကားက ကျုပ်တို့အိမ်ရှေ့တံခါးပေါက် ရောက်ပြီးသားဆိုတော့ ကျုပ်က ဘာလို့ လမ်းလျှောက်ရမှာလဲ … ခတ်တော့ ခတ်နေပြီ … ညည်း အဲလို ၀ နေရင် ညည်းယောက်ျား ညည်းကို ပစ်သွားလိမ့်မယ်တဲ့ … ဟားတိုက်ပြီးတောင် ရယ်လိုက်ချင်သေးတယ် … ကျုပ်ကိုလား သူပစ်သွားရဲမှာ … ဘာမှမဟုတ်ဘူး အေးစိန်မက ကျုပ်ကောင်းစားနေတာ မနာလို့လို့ ပြောနေတာ … ကြည့်ပါလား … ကိုစိန်မင်းတို့ အိပ်နေလိုက်တာ တုတ်တုတ်ကို မလှုပ်ဘူး …။
@@@
ငါတို့မပြောဘူးလား … ယောက်ျားလုပ်စာ သွားဖြဲနားဖြဲစား၊ ဘာအလုပ်မှ မလုပ်ဘဲ တစ်နေကုန်အိပ်၊ အိပ်ယာကထတော့ တီဗွီကြည့်ရင်ကြည့်၊ မကြည့်ရင် အိမ်တကာ လှည့်ပြီး အတင်းတုတ်နေတဲ့ ကောင်မ ယောက်ျားက ပစ်သွားတာတောင် နည်းတောင် နည်းသေးတယ်တဲ့ …
မနာလိုလို့ ပြောတဲ့စကားတွေပါ … နောက်ပြောသေးတယ် ဘာတဲ့ … ခင်တင့်လေး သနားပါတယ်ဟယ် … ကိုစိန်မင်းကြီးက စံပါယ်ပန်းသည်မလေးကို ခိုးပြေးသွားတဲ့နောက်ပိုင်း စိတ်ဖောက်ပြန်သွားရှာတယ် … အေးပေါ့လေ စည်ပိုင်းပျက်မကြီးလို ၀နေတဲ့ကောင်မကို ကိုစိန်မင်း စိတ်ကုန်မယ်ဆိုရင်လည်း ကုန်သင့်ပါတယ်လေတဲ့ … ကျုပ်မမြင်ကွယ်ရာမှာ ပြောနေကြတဲ့သတင်းတွေလေ … သူတို့စကားတွေ နားထောင်နေလို့ကတော့ ရူးသွားမယ် … ကိုစိန်မင်းလား ကျုပ်ကို ပစ်သွားရဲမှာ … အခုကျုပ်ဘေးမှာ တုတ်တုတ်မှ မလှုပ် အိပ်မောကျနေတာ ကျုပ်ယောက်ျား ကိုစိန်မင်းမဟုတ်လို့ ဘယ်သူမို့လို့တုန်း … အံ့ပါ့ … ကိုစိန်မင်း စောင်ခြုံထဲဝင်ပြီး ကိုစိန်မင်းဗိုက်လေးကို ပွတ်သပ်ကြည့်မိတယ် … ကိုစိန်မင်း ဗိုက်က အရင်လို ပျော့ပျော့လေး မနေဘဲ မာနေတာကလွဲပြီး အရင်အတိုင်းပါပဲ … အဲဒါကို ဘေးကောင်မတွေက ပြောသေးတယ် … ခင်တင့်တို့ သွက်သွက်ခါ ရူးသွားပုံကတော့ ပြော မပြောချင်ပါဘူး … သူ့ယောက်ျား ကိုစိန်မင်း အမှတ်နဲ့ သစ်တုံးကြီးကို သူ့ဘေးထားပြီး ဖတ်အိပ်နေတာ … တစ်ယောက်တည်း စကားတတွတ်တွတ်ပြောနဲ့ မယုံရင်သွားကြည့်လိုက်ပါလားတဲ့ … ကြည့်ပါအုံး … ကိုစိန်မင်းတို့ အိပ်နေလိုက်တာများ တုတ်တုတ်ကို မလှုပ်ဘူး ….။
**အာကာခေတ်ပိုင်**

Friday, March 29, 2013
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment