ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, March 25, 2013

> -တွေးမိတွေးရာ.... စုံစီနဖာ- 

**ကားတစ်စီးနှင့် ခရီးသည်များ** 

'အမေစု' ဟုချစ်စနိုးခေါ်သော အသက် ၆၀ ကျော် အအိုဖော်ဝင်စ အဘွားအို ငယ်ငယ်နှင့် 'အဘပြောင်' ဟုချစ် စနိုးခေါ်ကြသော အဘိုးအိုငယ်တို့ လက်တွဲမောင်းနှင်သော ဒီမိုကရေစီ ကားအိုသည် တရွေ့ရွေ့ခရီးနှင်လျက်ရှိသည်။ ဖွတ်ချက် ဖွတ်ချက်နှင့် မောင်းနှင်ရင်း 'ရခိုင်' မှာ တစ်ခါပျက်သည်။ 'ကချင်'အရောက်တွင် တစ်ခါပျက်၍ ဟိုကလိဒီကလိ ကလိလိုက်ရသည်။ လက်ပံတောင်းတောင်တွင် ဆန့်ငင်ဆန့်ငင်နှင့် တက်ရသည်။ တက်ရင်းနဲ့လည်း ပျက်လိုက်သေးသည်။ အဆင်းဘက်ကို တွန်းချဖို့ လုပ်မည့်သူများရှိသလို ဂျမ်းတုံးခုပေးသူလည်းများလှ၍ ခရီးဆက်နိုင်ခဲ့သည်။ ယခု မိတ္ထီလာ အရောက် တွင် နှာစီးချောင်းဆိုးဖြစ်၍ ရပ်နေပြန်သည်။ ညီညီညာညာဝိုင်းတွန်းမှ စက်နိုးပေလိမ့်မည်။ လာရာလမ်းကိုပြန်၍ ဝပ်ရှော့ကို ပြန်ထိုးမည် မထိုးမည်ထက် ကားကတော့ ခဏခဏပျက်လေသည်။ ကားအိုမလို့ ခဏခဏပျက်သည်ဆိုတာထက် ပျက်၍ရပ်နေရခြင်းကြောင့် ခရီးဖင့်နေတာက လတ်တလောအသေအချာ ဖြစ်သည်။ ရှေ့ခရီး အဝေးကြီးတော့ ကျန်သေးသည်...။ (ဖေ့ဘုတ် စာမျက်နှာမှ) ဒီစာလေးကိုဖတ်ရင်း ကျွန်တော်အောက်တွင် ကွန်မန့်ရေးဖြစ်သည် `` ထိုကားကြီးပေါ်တွင် ဓါတ်ဆီထုတ်ရောင်း လိုသူများလည်း ငိုက်မြည်း၍ လိုက်ပါလာသကဲ့သို့ မှတ်တိုင်တွင် ကားမရပ်မီ ကြိုတင် ဆင်းပြေး၍ နေရာဦးထားလိုသူများလည်း လိုက်ပါလာသည်။ အချို့လည်း အိမ်တွင် အိပ်ရေးပျက်သမျှ ကားပေါ်တွင် ဇိမ်ကျကျ အိပ်၍လိုက်ပါလာကြသည်....။ တစ်ရေးနိုးသော် Aircon Bus ကဲ့သို့ ကော်ဖီသောက်ချင်ကြောင်းနှင့် ခေတ်မမီကြောင်း ပြောဆိုပြန်သည်။ သို့သော် ကားပိုင်ရှင်နှင့် မောင်းသူတို့အား ညှာတာသောအားဖြင့် ကားလက်မှတ်ဝယ်စီးသူကား လွန်စွာနည်းပါးလေသည်...။ ထို့အတူ မျက်စိစုံမှိတ်၍ ဤခေတ်ဟောင်း ကားကြီးအား ရောင်းလိုက်ရသော် မည်မျှတန်မည်ကို စိတ်ဖြင့် ကက်ကူလေးရှင်းပြုလုပ်လာသူများလည်း လိုက်ပါလာကြလေသည်....။ ဤ ကားအိုကြီး၏ ထူးခြားချက်ကား ယုံကြည်မှုဟူသော တာယာများကို ဘရစ်စတုန်းအမျိုးအစား တာယာ အသစ်များ လဲထားခြင်းသာဖြစ်ပါတော့သည်.... ကားဘီးတော့ မပေါက်ပါစေနဲ့....... အသစ်လဲဖို့ မဖြစ်နိုင်လို့ပါ.....´´ ဟု......။

 **ပုလဲဆိပ်ကမ်းတိုက်ခိုက်မှု၏ အရင်းအမြစ်** 

စဉ်းစားစရာတွေလည်း အများကြီးပါလာသည်..... ကျွန်တော်ကို မိခင်ကြီးမှ မွေးဖွားပေးခြင်းမရှိသေးသော (မိခင်ကြီးပင် မမွေးသေးသော) ဒုတိယကမ္ဘာစစ်ကာလသို့ ပြန်ရောက်သွားသည်... ကြားဖူးမြင်ဘူး ဖတ်ဘူးထားသမျှနှင့်ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ် ခေတ်ဦးကာလတွင် အမေရိကန်သည် ပါဝင်တိုက်ခိုက်ခြင်း မပြုခဲ့.... စစ်လက်နက်ပစ္စည်းများကိုသာ ထုတ်လုပ်၍ ၄င်းနှင့် ရင်းနှီေးသာ နိုင်ငံများသို့ တရားဝင်၊ မရင်းနှီးသော နိုင်ငံများသို့ တရားမ၀င် ရောင်းချခဲ့သည်...။ သို့ရာတွင် စစ်အတွင်းပါဝင်လျှက်ရှိသော ဗြိတိသျှတို့သည် အမေရိကန်မှ ထုတ်လုပ်သော စစ်ပစ္စည်းများကို ဝယ်ယူ လျှက်ရှိရာ... ၁၉၄၀ ပြည့်နှစ် အကုန်လောက်တွင် ငွေကြေးပြတ်တောက်သွားလေသည်။ (ဂျာမန်ယူဘုတ်)ဟု ခေါ် သည့် ရေငုပ် သင်္ဘော များကလည်း မဟာမိတ် ကုန်သင်္ဘောများကို စဉ်ဆက်မပြတ် အစားထိုး မရနိုင်လောက်အောင် နှစ်မြှုပ်လျက်ရှိ သည်။ မိမိနိုင်ငံ၏ မိတ် ဘက် ဗြိတိသျှ တို့၏ အခက်အခဲများကို ကူညီဖြေရှင်းနိုင်ရန် အမေရိကန် သမ္မတ ရူးစဗဲ့က နည်းလမ်းသစ်တစ်မျိုး တီထွင်လိုက်လေ သည်။ ထိုနည်းလမ်းများမှာ ``အမေရိကန်ပြည်ထောင်စုမှ စစ်ပစ္စည်းများကို ဗြိတိန်နိုင်ငံသို့ ခေတ္တငှားထားပြီးလျှင် စစ်ပြီးသောအခါတွင် အမေရိကန်ပြည်ထောင်စုသို့ ပြန်ပေးအပ်ရန်´´ ဖြစ်ပါသည်။ ထိုအစီအစဉ်အား ၁၉၄၁ ခုနှစ်တွင် အမေရိကန်လွှတ်တော်မှ `` အငှားချ အကြွေးပေး ဥပဒေကြမ်း´´အဖြစ် အတည်ပြုလိုက်သည်။ သို့သော် အမေရိကန် စစ်ပစ္စည်းများကို သယ်ယူပို့ဆောင်ရာ၌ ဂျာမန် ယူဘုတ်(ရေငုပ်သင်္ဘော) များ၏ အန္တရာယ်ကို ရှောင်ရှားနိုင်ရန်အတွက်သင်္ဘောများကို အမေရိကန်ရေတပ်က ဥရောပတိုက်နှင့် အိုက်စလန်ကျွန်းအထိသာ အစောင့်ရှောက်ဖြင့် လိုက်ပါပေးခဲ့ပါသည်။ အမေရိကန်၏ ၀င်ရောက်စွက်ဖက်မှုအား ကျေနပ်ခြင်းမရှိသော ထိုအချိန်က နေမင်း၏ အင်ပါယာ ဂျပန်တို့သည် ရေကြောင်း ဒုတိယဗိုလ်ချုပ်ကြီး စီနာဂူမိုသည် လေယာဉ်တင်သင်္ဘော အကာဂီနှင့်အတူ ဖျက်သင်္ဘော ကိုးစင်း၊ အကြီးစား ခရူဇာ သင်္ဘောကြီးနှစ်စင်းနှင့် တိုက်သင်္ဘောနှစ်စင်းတို့ ခြံရံထားသည့် လေယာဉ်တင် သင်္ဘော ခြောက်စင်း ပါရှိသည်။ ပထမအသုတ်တွင် ဗုံးကြဲလေယာဉ် ၉၀ နှင့် ထိုးစိုက်ဗုံးကြဲလေယာဉ် ၅၀ ပါဝင်ပြီး ဇီးရိုးတိုက်လေယာဉ် ၅၀ က လိုက်ပါစောင့်ရှောက်သည်။ ဗုံးကြဲလေယာဉ် ၉၀ အနက်မှ လေယာဉ် ၄၀ တွင် အောက်စီဂျင်ဓာတ်ငွေ့ဖြင့် မောင်းနှင်သော အထူးတော်ပီတိုများ တပ်ဆင်ထားသည်။ ကျန်လေယာဉ် ၅၀ တွင် ပေါင် ၁၀၀၀ ဗုံးများ တပ်ဆင်ထားသည်။ အဓိက ရည်မှန်းချက်မှာ အမေရိကန် ရေတပ်အုပ်စုကြီးကို တိုက်ခိုက်နှစ်မြှုပ် ပစ်ရန် ဖြစ်သည်။ ဒုတိယအသုတ်တွင် ဗုံးကြဲလေယာဉ် ၅၀၊ ထိုးစိုက် ဗုံးကြဲလေယာဉ် ၈၀ နှင့် ဇီးရိုးတိုက်လေယာဉ် ၅၀ ပါဝင်သည်။ အဓိကရည်မှန်းချက်မှာ ကျွန်းပေါ်ရှိ လေယာဉ်ကွင်းများကို ဖျက်ဆီးရန် ဖြစ်သည်။ ဂျပန်တို့သည်အမေရိကန်၏ အကြီးမားဆုံး ရေတပ်ဌာနချုပ်အား ၀င်ရောက်တိုက်ခိုက်ရန် ရေဒီယိုနှင့် သတင်းလှည့်စား မှုများ ပြုလုပ်၍ အရှေ့တောင်အာရှနှင့် အိန္ဒိယသမုဒ္ဒရာဘက်သို့ ဦးတည်လမ်းကြောင်းပြ လှည့်စားကာ ၁၉၄၁ခုနှစ်၊ဒီဇင်ဘာလ(၇)ရက်နေ့ နံနက် (၇း၅၆)နာရီခန့်တွင် ဟာဝိုင်အီကျွန်းရှိ အမေရိကန် ရေတပ်ဝိဥာဉ် ပုလဲဆိပ်ကမ်း Pearl Harbor အား ၀င်ရောက် တိုက်ခိုက်ခဲ့ သည်။ ထိုတိုက်ခိုက်မှုကြောင့် ပုလဲဆိပ်ကမ်းရှိ စစ်သင်္ဘောကြီး ရှစ်စင်းအနက် ငါးစင်း နစ်မြုပ်ခဲ့ပြီး သုံးစင်း ပျက်စီး သွားသည်။ ကနီတိုး ရေတပ်ဆိုင်ရာ လေတပ်စခန်းတွင် ကက်တလီနာ လေယာဉ်ပျံကြီး ၃၆ စင်းအနက် ၂၇ စင်း ပျက်စီးဆုံးရှုံးခဲ့သည်။ အီဝါရေ တပ်ဆိုင်ရာ လေတပ်စခန်းတွင် တိုက်လေယာဉ် ၉ စင်း၊ ကင်းထောက်လေယာဉ် ၁၈ စင်းနှင့် DC 3 သယ်ယူ ပို့ဆောင်ရေး လေယာဉ် ၆ စင်း တို့ ဖျက်ဆီးခြင်းခံလိုက်ရသည်။ ဂျပန်ဇီးရိုးတိုက်လေယာဉ် ၁၅ စင်းက စက်သေနတ်ဖြင့် လာရောက် ပစ်ခတ်သွားခြင်း ဖြစ်သည်။ ပစ်ခတ်ချိန်မှာ လေးမိနစ်သာ ကြာသည်။ ကြည်းတပ်ဆိုင်ရာ လေတပ်ဖွဲ့တွင် ( ထိုစဉ်က အမေရိကန်တွင် လေတပ်ဟူ၍ သီးခြားတပ်ဖွဲ့ မရှိသေးပါ ) လေယာဉ် စုစုပေါင်း ၂၂၁ စင်းရပ်နားထားခဲ့သည်။ တိုက်ခိုက်မှု၏ သုံးနာရီအကြာတွင် ဗုံးကြဲလေယာဉ်များဖြစ်သည့် ဘီ ၁၇ လေယာဉ် ၈ စင်း၊ ဘီ ၁၈ လေယာဉ် ၂၂ စင်းနှင့် အေ ၂၀ လေယာဉ် ခုနစ်စင်းတို့ ဆုံးရှုံးခဲ့ပြီး တိုက်လေယာဉ်မှန်သမျှ အားလုံးနီးပါး ပျက်စီး ဆုံးရှုံးခဲ့ရသည်။ အမေရိကန်စစ်သည် (၂၄၀၀)ကျော် သေဆုံးခဲ့ရသည်။ အမေရိကန်သည် ပစိဖိတ် သမုဒ္ဒရာရှိ ရေတပ်နှင့်ကြည်း တပ်ဆိုင်ရာ လေတပ်ဖွဲရှိ စုစုပေါင်းအင်အား ၇၅ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ရသည်။ ဂျပန်တို့သည် တိုက်ခိုက်မှု၏ ပထမအသုတ်တွင် လေယာဉ်ကိုးစင်း ဆုံးရှုံးခဲ့ပြီး ဒုတိယအသုတ်တွင် ၂၁ စင်း ဆုံးရှုံး ခဲ့သည်။ စုစုပေါင်း လေယာဉ် အစင်း ၃၀ ဖြစ်ပါသည်။ (ကံမြင့်- ရေဒါ၏ ဆောင်းပါးမှ အချက်အလက်အချို့ ကူးယူဖော်ပြပါသည်) 

**စီအိုင်အေ၏ သန္ဓေတည်မှု** 

ထိုသို့ ပုလဲဆိပ်ကမ်း တိုက်ခိုက်မှုပြီးနောက် အမေရိကန်ဘက်မှ စစ်ရေးသတင်းအပါအ၀င် သတင်း ထောက်လှမ်းမှု အားနည်းခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်ရရှိခဲ့ပါသည်။ ထို့နောက် အမေရိကန်သည် ဒုတိယကမ္ဘာစစ်အတွင်း ၀င်ရောက်ခဲ့ပြီးနောက် ၁၉၄၅ခုနှစ်၊ သြဂုတ်လ (၆)ရက်နေ့တွင် ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားနှင့် နာဂါ ဆာကီ မြို့ များသို့ အနုမြူဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြပါသည်။ ထိုတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၁၈၆၆၀ သေဆုံးခဲ့ပြီး ၁၉၀၀၀ကျော် အပြင်းအထန်ဒဏ်ရာရရှိကာ လူပေါင်း ၁၃၀၈၅ ဦး ပျောက်ဆုံးခဲ့သည့်အပြင် လူနေအိမ်ခြေ ၆၀၀၀၀ကျော် ပြာကျခဲ့ရပါသည်။ မျိုးဆက် နှစ်ဆက်ခန့်အထိလည်း ရောင်ခြည်သင့်ခြင်း အန္တရာယ်ကို ရင်ဆိုင်ခဲ့ရပါသည်။ ထိုသို့ တိုက်ခိုက်မှုများ ဖြစ်ပွါးပြီးနောက် အမေရိကန်သည် အမျိုးသားလုံခြုံရေး ကိစ္စရပ်များအတွက် ကမ္ဘာအရပ်ရပ်တွင် စစ်ရေးသတင်းများအား အထူးပြု စုံစမ်းထောက်လှမ်းရန် Central Intelligence Agency (CIA) အဖွဲ့ကြီးအား ၁၉၄၇ခုနှစ် စက်တင်ဘာလ(၁၈)ရက်နေ့တွင် သမ္မတ ထရူးမင်းလက်ထက် National Security Act of 1947 အရ ဖွဲ့စည်းထားရှိခဲ့ပြီး ဘတ်ဂျက် မြင့်မားစွာ ထောက်ပံ့၍ ဖွဲ့စည်းထားခဲ့ကြောင်း သိရှိရပါသည်။ ယနေ့ မျက်မှောက်ခေတ်တွင် စီအိုင်အေ၏ အရေးပါအရာရောက်မှုသည် ကမ္ဘာအရပ်ရပ်တွင် စစ်မက်ဖြစ် ပွါးစေခြင်း၊ နိုင်ငံရေး အသွင်ပြောင်းစေခြင်း၊ စီးပွါးရေး ချိန်ခွင်လျှာ ချိန်ညှိခြင်း၊ ပြည်တွင်း ဆူပူမှုများ ဖြစ်ပေါ်စေခြင်း များစသည့် ဆိုးရွားသော ဖြစ်စဉ်များကို ဖြစ်ပေါ်လျှက်ရှိသလို စစ်အင်အားထိန်းညှိခြင်းဖြင့်လည်း ကမ္ဘာကို အကျိုးပြုထားကြောင်း တွေ့ရှိရပါသည်။ ဟိုသည် စဉ်းစားရင်း ကျွန်တော် ဒုတိယကမ္ဘာစစ်မှသည် အမေရိကန် CIA ဖွဲ့စည်းမှုအထိ ခရီးရောက်ပြီး တစ်ခေါက် ပြန်လည် သတိဝင်လာခဲ့ပါပြီ......။ 

**ကိုယ်တွေ့ နိုင်ငံရေးနှင့် အမြင်** 

လတ်တလော အခြေအနေအားဖြင့် မိမိ အသက်နှင့် ယှဉ်၍ သိခဲ့ရသည်များကိုလည်း စဉ်းစားဖြစ်ခဲ့သည်။ သက်တမ်း တစ်ခုလုံး မဆလ အစိုးရလက်ထက်တွင် မွေးဖွားဖြစ်ခဲ့သည်။ ထို့နောက် အသက်(၂၀)အရွယ်တွင် စက်မှုတက္ကသိုလ်ကျောင်း လ္ဘက်ရည် ဆိုင်တွင် ချစ်ကောင်းနှင့် ဇော်ဝင်းထွဋ် သီချင်း ဖွင့်ခိုင်းရာမှ ကျောင်းသားချင်း စကားများကြသည်...၊ ထိုမှ တဆင့် လုံထိန်းများ ပါဝင် လာသည်။ ထို့နောက် ကျောင်းသား ပြဿနာသည် ထိန်းသိမ်းနိုင်မှု နည်းလမ်းမကျခြင်း၊ အင်အားကြီးမား၍ ထိုးဖောက်မှုမြင့်မားသော ကွန်မြူနစ် မြေအောက် တိုက်ခိုက်မှုများ ပီပြင်ခြင်းကြောင့် (၈)လေးလုံးဟူသော နိုင်ငံရေး ပြောင်းလဲမှုကြီးတစ်ရပ် ဖြစ်ပေါ်ခဲ့သည်။ အလွန်ပင် ကြောက်လန့်စရာကောင်းခဲ့ပါသည်။ စက်ရုံ၊ အလုပ်ရုံနှင့် အစိုးရအဆောက်အဦများ မီးရှို့ ဖျက်ဆီးခြင်းသာမက မဟုတ် မတရား စွပ်စွဲ၍ လမ်းလည်ခေါင် လူကြားထဲတွင် အရှင်လတ်လတ် လည်လှီးကြသည်။ မည်သူမဆိုလိုက်ပါရသည်။ မလိုက်ပါလျှင် သစ္စာဖောက်၊ ထောက်လှမ်းရေး၊ အဆိပ်ခပ်သူဟု အမည်တပ်ကာ သတ်ပစ်ကြ မီးရှို့ ကြပါသည်။ သည်မတိုင်မီ အစိုးရနှင့် ပတ်သက်၍လည်း ပြောစရာအများအပြားရှိခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ``ဆိုရှယ်လစ် ဒီမိုကရေစီ စနစ်´´ ကို စိတ်ကူးပုံဖော်ခဲ့သည်။ ( စုပေါင်းလုပ်ကိုင်ခြင်း၊ စုပေါင်းစားသောက်ခြင်းနှင့် ပြည်သူမှ ရွေးသော အစိုးရမှ ပြည်သူများကိုယ်စား အုပ်ချုပ် စီမံခြင်းဟု အကြမ်းဖျင်း နားလည်ပါသည်) တကယ်တမ်း ကျင့်သုံးသောအခါ ``ဆိုရှယ်လစ်စနစ်´´ကို ကျင့်သုံးခဲ့သည် ( စုပေါင်းလုပ်ကိုင်ခြင်း၊ စုပေါင်းစားသောက်ခြင်း) ဟု ခေါင်းစဉ် တပ်ခဲ့ပါသည်။ တစ်နိုင်ငံလုံးသို့ အုပ်ချုပ်မှု စွမ်းအား ဖြန့်ကျက်နိုင်မှုလည်း များစွာ အားနည်းခဲ့ပါသည်။ ရန်ကုန် အစိုးရ ဟုပင် ခေါ်ဆို ရလောက်အောင် ရန်ကုန်တွင်သာ အခြေစိုက်နေထိုင်ခဲ့ပါသည်။ အစိုးရနှင့် ပြည်သူ တိုက်ရိုက် ထိတွေ့မှု အားနည်းသော အုပ်ချုပ်ရေး စနစ်အရ ကြားခံ အုပ်ချုပ်သူများ၏ အကျင့်ပျက် တာဝန်မကျေမှုများသည် အကျိုးဆက်ကို ခံစားရသော ပြည်သူများ၏ ရင်တွင်းသို့ ဖွဲမီးသဖွယ် တငွေ့ငွေ့ လောင်ကျွမ်းနေခဲ့ပါသည်။ ထိုအချိန်က ပြင်ပလေစိမ်းများ အမှိုက်သရိုက်များ ၀င်ရောက်ခြင်းမရှိစေရန် တံခါးများ ပိတ်ထားခဲ့သော ကျွန်တော်တို့ နိုင်ငံတွင် ငွေတုများ ဖောဖောသီသီ ၀င်ရောက်လာခဲ့သည်။ ထိုအချိန်က အစိုးရ၏ နိုင်ငံတကာ မျက်နှာစာသို့ တိုးထွက်နိုင်မှု စွမ်းအားယုတ်လျော့ခဲ့ခြင်းအကြောင်းကြောင့်လည်း ငွေတု ဖြေရှင်းရေးပြဿနာမှာ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် လက်ရှိသုံးစွဲလျှက်ရှိသော ငွေများအား တရားမ၀င် (၃)ကြိမ် ကြေငြာခဲ့သည်။ ထိုသည်ပင် နိုင်ငံရေး ပြောင်း လဲမှု၏ အကြောင်းတစ်ရပ် ဖြစ်ခဲ့ပါတော့သည်။ ထို့နောက် တပ်မှ အာဏာသိမ်းသည်။ တပ်မှ အာဏာသိမ်းခြင်းသည် လက်ရှိ အစိုးရအား တာဝန်လွှဲပြောင်း စာရွက်တွင် လက်မှတ်ထိုး၍ လက်ခံခဲ့ခြင်းမဟုတ်၊ အဖျက်လုပ်ငန်း(၆၀) ရာနှုန်းကျော် ဖြစ်ပေါ်နေသော လည်လှီးနေသော၊ မီးရှို့နေမှုများအား သေနတ်ဖြင့် ပစ်ခတ်၍ ၀င်ရောက်ထိန်းသိမ်း အာဏာရယူခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ ပစ်ခတ်ခံရပြီး သေဆုံးသူများကား လူမမယ် ကျောင်းသား/သူလေးများနှင့် နိုင်ငံရေးလှည့်ကွက်ကို သေချာ ဃန နားမလည်ခဲ့သော သာမန် ပြည်သူ များသာ ဖြစ်ခဲ့ပါသည်။ (ထိုအချိန်ကတည်းက ယခု အချိန်အထိ ထင်ပေါ်ကြော်ကြားခဲ့သော အစိုးရဆန့်ကျင်ရေးသမားများ ယခုအချိန်အထိ အသက် ရှင် ချမ်းသာနေကြပါသည်) ၈၈ နိုင်ငံရေးအပြောင်းအလဲကို အစပြုခဲ့သော နိုင်ငံရေးဆောင်ရွက်သူ (ထိုစဉ်က) လူငယ်အများစုသည် လက်နက်ကိုင် အဖွဲ့များအဖြစ် ပြောင်းလဲသွား သကဲ့သို့ ပြည်တွင်းတွင် နေထိုင်၍ မြေအောက် တော်လှန်ရေး ဆောင်ရွက်သူများ အဖြစ် ပြောင်းလဲသွားခဲ့ပါသည် ။ ထို့နောက် ဆက်လက်၍ စစ်အစိုးရမှ ၁၉၉၀ ရွေးကောက်ပွဲ ကျင်းပပေးခဲ့သည်။ ထိုအချိန်တွင်ပင်`` နုရင်ဘတ် စစ်ခုံရုံး´´ ဟူသော စကားတစ်လုံးပေါ်လာပါသည်။ နာဇီများအား ခုံရုံးတင် သေဒဏ်ချမှတ်ခဲ့သော အဖြစ်အပျက်ဖြစ်ပါသည်။ ပစ်ခတ်၍ အာဏာရယူခဲ့သော စစ်အစိုးရအတွက် အပြင်းထန်ဆုံးသောထိုးနှက်မှု စကားရပ်ဖြစ်သည့်အတွက် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ သူများအား အာဏာလွှဲပြောင်းပေးရန် တွန့်ဆုတ်ခဲ့ပြီး ထိုစကားထွက်ပေါ်လာရာ အရင်းအမြစ်အား ဖြိုလှဲရာမှ နှစ်ပေါင်း(၂၀)ကျော်သည့် တိုင် အခြေခံဥပဒေရေးဆွဲခြင်း၊ အန္တရာယ်ရှိသည်ဟု သုံးသပ်ရသူများအား ရှင်းလင်း ထိန်းချုပ်ရခြင်းများ ဆောင်ရွက်ခဲ့ရပြီး ၂၀၀၈ခုနှစ်တွင် ရေးဆွဲထားသော အခြေခံဥပဒေအား အတည်ပြုခြင်းနှင့် ၂၀၁၁ခုနှစ်တွင် ကြိုတင် ရေးဆွဲထားခဲ့သော လမ်းစဉ်(၇)ရပ် အတိုင်း ရွေးကောက်ပွဲများ ကျင်းပကာ `` အရပ်သား အစိုးရ´´ အား တာဝန်လွှဲပြောင်းပေးခဲ့ပါသည်။ ထိုသို့ အာဏာလွှဲပြောင်းပေးပြီးနောက် ရခိုင်ပြဿနာ၊ ကချင်ပြဿနာများ၊ ထို့နောက် ကြေးနီတောင် ပြဿနာများ၊ ယခု မိတ္ထီလာ ပြဿနာများသည် ဆက်တိုက်ပင် ဖြစ်ပေါ်လာပါသည်။ ဖြစ်ပေါ်လာသမျှကို ခြေရာခံကြည့်ပါကလည်း ၈၈ အရေး အခင်းတွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများနှင့် ထပ်တူပင်ဖြစ်နေကြောင်း တွေ့ရှိရပါသည်။ ဒုတိယကမ္ဘာစစ်နှင့် ပုလဲဆိပ်ကမ်း၊ အနုမြူဗုံးရက်စက်မှု၊ စီအိုင်အေ အရှုပ်တော်ပုံများအားလုံးနှင့် မြန်မာပြည်တွင်း ဆူပူအကြမ်းဖက်မှု ပြဿနာများ အားလုံး၏ အရင်းအမြစ်သည် ကြမ်းတမ်းရက်စက်သော စိတ်ကူးစိတ်သန်း၊ စိတ်ယုတ်မာများမှ အသွင် ပြောင်း ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ယခုအချိန်အထိပင် အကြမ်းဖက်မှုများ၏ မူလ အရင်းအမြစ်များသည် ဖြစ်ပေါ်လာသော အကြောင်းအရာများအား ဆုပ်ကိုင်လျှက် မြစ်ပွါးနာသဖွယ် ဟိုဟိုသည်သည် ကူးစက် နေသကဲ့သို့ ပေါ်ပေါ်ထင်ထင် စည်းရုံးဆောင်ရွက်လာမှုများလည်း တွေ့ရှိနေ ရပါသည်။ ဤသို့ဆိုလျှင်.... ဆူပူ အကြမ်းဖက်မှုတိုင်း၏ နောက်ကွယ်တွင် မျိုးရိုးဗီဇ တစ်ခုတည်း တည်ရှိနေကြောင်း သတိပြုရန် လိုအပ်လာပြီး.... မည်သည့် အကြမ်းဖက်မှုဖြစ်ဖြစ် တကယ်တမ်း နစ်နာရသည်မှာ ကျောင်းသား/သူများ၊ အပြစ်မဲ့ ပြည်သူများ သာဖြစ်ကြောင်း တင်ပြရင်း.... ကိုယ်ပိုင်အတွေး အသိဥာဏ်၊ သမိုင်း၊ နိုင်ငံတကာ မျက်ဝန်းများ၊ ယဉ်ကျေးသော လူ့အဖွဲ့အစည်းများ၏ အခြေခံစည်းမျဉ်းများကို လိုက်နာစောင့်ထိန်း ဆောင်ရွက်နိုင်ကြပါစေကြောင်းခင်ဗျား....။ 

**ကွန်ဆူးမား**

 (၂၄-၃-၂၀၁၃) -- 

Posted By Blogger လူဗိုလ်

-တွေးမိတွေးရာ.... စုံစီနဖာ- 

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)