ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, March 31, 2013

-ရပ်နေသောလူ-

>
မနက် မနက် ရုံးသွားလျှင် ကျွန်တော်နေထိုင်ရာလမ်းမှ ကျောင်းတစ်ခုတည်ရှိရာ လမ်းသွယ်တစ်ခုကိုဖြတ်၍… အနည်းငယ်မြင့်နေသော ကုန်းတစ်ခုကို တက်ပြီးမှသာ. ပြည်လမ်းမကြီးပေါ်ရှိ မြေနီကုန်းကားဂိတ်ကိုရောက်ပါသည်…။ ထိုကျောင်းရှိသော လမ်းသွယ်ကလေးသို့ ချိုးကွေ့သော်…ပိတောက်ပင်တစ်ပင်ရှိပါသည်…။ ထိုပိတောက်ပင်ရှေ့တွင် ဆီချေးများဖြင့် ညစ်ထေးနေသော ကားပြင်ဆိုင်သေးသေးတစ်ဆိုင်ရှိသည်…။ ကျွန်တော်သတိထားမိသော ထိုအသက်ခပ်ရွယ်ရွယ်လူသည် မနက်ကျွန်တော်ရုံးသွားတိုင်း ပိတောက်ပင်အောက်တွင် စီးကရက်တစ်လိပ်ဖြင့် မတ်တပ်ရပ်နေသည်မှာ ရုံးတက်ရက်နေ့စဉ်နှင့်အမျှ ကျွန်တော့်အထင် တစ်ပတ်ဆယ်ရက်ပင်မကနိုင်တော့…။ လူကြည့်တော့ ခပ်အေးအေးပင်…ပုံစံက သပ်သပ်ရပ်ရပ်ပါပဲ… တစ်ခါတစ်လေ ရှပ်လက်ရှည်နှင့် ဂျင်းဘောင်းဘီ… တစ်ခါတစ်ခါ စတစ်ကော်လံနှင့် ပုဆိုးကွက်စိပ်….။ နေ့စဉ်ရက်ဆက်မြင်တွေ့ပါများလာတော့ ကျွန်တော်ထိုလူ့အကြောင်း စပ်စုချင်လာမိသည်…။ ဘာကြောင့် သည်လူ မနက်တိုင်း သည်နေရာမှာ ပုံမှန်လာလာရပ်နေသလဲ တစ်စုံတစ်ယောက်ကိုများ လာစောင့်နေသလား…။ ရုံးဖွင့်ရက်ဆိုတော့ ဘယ်ချိန်ထိသည်နားမှာ သူရပ်နေသလဲ ဆိုတာ သိချင်ပေမယ့် အချိန်ပေးပြီှးမှ စောင့်မကြည့်နိုင်ဘဲ မဟုတ်လားဗျာ…။ တစ်ရက်တော့ ရုံးပိတ်ရက်နှင့်ကြုံသောတစ်နေ့ ထိုပိတောက်ပင်နှင့် မျက်စောင်းထိုးလောက်မှာရှိသော လက်ဖက်ရည်ဆိုင်တွင် ဇိမ်ပြေနပြေထိုရပ်နေသောလူကို စပ်စုဖို့ စလိုက်မိတော့သည်…။ ပထမဦးစွာ စားပွဲထိုးကောင်လေးကို မေးကြည့်တော့ ထိုလူဟာ နေ့လည်ထမင်းစားချိန်ရောက်ရင်တော့ဖြင့် သူတို့ဆိုင်မှာ ထမင်းစားသောက်ပြီး ပိတောက်ပင်အောက်သို့ဆက်ရပ်နေသည်မှာ ညနေ သုံးလေးနာရီမှသာထွက်သွားသည်ဟုသိရ၏။ ပတ်ဝန်းကျင်မှ လူတစ်ချို့ကတော့ သည်လူဂေါက်နေတာနေမည်ဟု မှတ်ချက်ချတာကို သိလိုက်ရသည်…။ ကျွန်တော်လည်း စိတ်ရှည်လက်ရှည် ထိုလူ နေ့လည်စာလာစားမည့် အချိန်ထိ တင်ပါးညောင်းနေအောင် ဆက်ထိုင်၍စောင့်နေတော့သည်….။ ကိုယ့်ကိုယ်ကိုလည်း သိချင်စိတ်ပြင်းလွန်းလို့ Curiosity kill the cat …ဆိုတဲ့ စကားပုံလေးကို ပြန်စဉ်းစားမိရင်း တစ်ယောက်တည်း ရယ်ချင်မိသွားသေးသည်…။

ဆယ့်တစ်နာရီခွဲတော့ စားပွဲထိုးကောင်လေးပြောသလိုပင် ထိုလူ ကျွန်တော်ထိုင်သော လက်ဖက်ရည်ဆိုင်၏ တောင့်ဝိုင်းမှာဝင်ထိုင်လိုက်သည်…။ ကျွန်တော်နှင့် မလှမ်းမကမ်းကမို့ သူမှာနေသောစားစရာကို အတိုင်းသားကြားနေရသည်…။ “ပဲပြုတ်ထမင်းနဲ့ ကြက်ဥဟက်ဖရိုက်” တဲ့…။ ကျွန်တော်ခွင့်တောင်းပြီး သူ့ဝိုင်းမှာ ၀င်ထိုင်လိုက်ရမလား….။ တစ်ခါမှ မသိဖူးသော သူစိမ်းတစ်ယောက်ကို ကျွန်တော်က ဘယ်လိုစပြီး မိတ်ဆက်ရမလဲ…။ ဘာကိစ္စလဲလို့ သူမေးလျှင် ကျွန်တော်ဘာပြန်ဖြေရမလဲ….။ နောင်ခါလာနောင်ခါဈေးဆိုပြီး ကျွန်တော့် သူ့ရှေ့ကိုထသွားလိုက်သည်။ “အစ်ကို ကျွန်တော်ဒီမှာထိုင်လို့ရမလားဗျ” “ရတယ် ညီ…ရတယ် ထိုင်ထိုင်” တော်ပါသေးရဲ့ တစ်ခါမှမသိသော ကျွန်တော့်ကို သူက ဖော်ရွေစွာပင် တုန့်ပြန်တော့ မဆိုးချေဘူးဟု အားတက်တရောတော့ရှိသွားသည်…။ ထိုင်ပြီး ကျွန်တော်ဘာကစမေးရမှန်းမသိတော့ တစ်ရှူးဗူးထဲက စက္ကူကိုဖြတ်ပြီး နဖူးကချွေးကိုသုတ်နေမိတော့သည်…။ “ ညီ… ကိုယ့်ကို တစ်ခုခုမေးစရာရှိသလား…” အောင်မလေးဗျာ….ကျွန်တော့်ရုပ်က တော်တော်ဖတ်ရလွယ်နေတဲ့ ရုပ်ဖြစ်နေလား...။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူကချည်း အစဖော်ဖော်ပေးနေလို့ ကျွန်တော်မေးချင်သိချင်တာလေးကို ၀င်လို့လွယ်သွားသည်…။ “မေးပါ… ကိုယ် အဲလိုမေးမယ့်သူကို စောင့်နေတာ ဒီနေ့နဲ့ဆို နှစ်ဆယ့်ရှစ်ရက်ရှိသွားပြီ…” “ဗျာ……” ကျွန်တော် ဗျာလိုက်တာ…အသံတော်တော်ကျယ်သွားသလားမသိ… ပဲထမင်းလာချသော ချာတိတ်ပင် ကျွန်တော့်ကို သေချာကြည့်သွားသည်…။ သူက ပဲထမင်းပေါ်မိုးထားသည့် ကြက်ဥဟက်ဖရိုက်မှ အလယ်မှာအနှစ်ကို ဇွန်းဖြင့်ဖောက်ကာ အရင်စားပစ်လိုက်သည်…။ ကျွန်တော်ကတော့ သူ့ပဲထမင်းပေါ်က အ၀ါရောင်အနှစ်မရှိတော့သည့် အဖြူရောင်အကာကြက်ဥကြော်ကို ငေးကြည့်နေမိသည်….။ ဇွန်းခရင်းဖြင့် ထမင်းကို အိနြေ္ဒျရစွာဆက်စားနေသော ထိုလူကို ကျွန်တော်နားမလည်နိုင်တော့ပါ….။ ကျွန်တော်မေးချင် သိချင်သော အကြောင်းအရာကို ကြိုသိနေသယောင် ခပ်အေးအေးပင်…။

“ညီက…ကိုယ်ဘာကြောင့် နေ့စဉ်နေ့တိုင်း ပိတောက်ပင်အောက်မှာ ရပ်ရပ်နေသလဲလို့ သိချင်နေတာမဟုတ်လား….” “ ဟုတ် ဟုတ်ကဲ့ အစ်ကို… ဟို…ကျွန်တော်နဲ့ဘာမှမဆိုင်ဘဲစပ်စုမိသလိုဖြစ်နေမယ်ဆိုတာ သိပါတယ်…အစ်ကိုပြောလို့မရရင် မပြောပါနဲ့ ရပါတယ်…” သူပြောပြမယ်ဆိုတာသိသိလျက်နဲ့ ကျွန်တော်က နည်းနည်းပဲများကြည့်လိုက်မိသေး…။ “ပြောလို့သိပ်ရတာပေါ့ကွာ…. ကိုယ်က အဲလိုပြောချင်လို့ကို နေ့တိုင်းလာရပ်နေတာလေ…ဒါနဲ့ ကိုယ်ပြောမပြခင် ဘာကြောင့် ကိုယ်ဒီလိုလာလာရပ်နေသလဲဆိုတာ မင်းရဲ့ခန့်မှန်းချက်လေးကို အရင်ပြောပြပါလားကွ…” “ဗျာ….” သိချင်စိတ်လောနှင့် ကျွန်တော် မေးခွန်းပြန်ထုတ်ခံရတော့ ခေါင်းကိုတွင်တွင်ကုတ်နေမိတော့သည်….။ ကျွန်တော့်ရဲ့ထင်မြင်ချက်ကိုပြောကြည့်ရမည်တဲ့…။ “ဟုတ်ကဲ့… ကျွန်တော်ကတော့ အစ်ကိုတစ်ယောက်ယောက်ကိုလာစောင့်နေတာလို့ထင်တယ်…” ကိုယ့်အဖြေကို ပြန်ပြီး မကျေမနပ်ဖြစ်မိသွားသည်…။ ဒါကတော့ မင်းပြောမှလားလို့ သူပြန်မမေးတာ ကံကောင်း…။ “ဟဟဟ…. မင်းအဖြေက ယေဘူယျကျပါတယ်…. ဒီအနီးနားပတ်ဝန်းကျင်ကလူတချို့ရဲ့ ထင်မြင်ချက်ကို မင်းမသိချင်ဘူးလား…” “ဟုတ်ကဲ့ သိချင်ပါတယ်…” “အင်း… ဖြတ်သွားဖြတ်လာတဲ့ သူတွေက တစ်နေ့တစ်မျိုးကွ…. တချို့အမျိုးသမီးလေးတွေကတော့ ကိုယ်သူတို့ကိုကြည့်ရင်… ကြောက်သလို ရွံသလို… မကောင်းဆိုးဝါးတစ်ကောင်လို ပြန်ကြည့်သွားတဲ့သူရှိသလို… တချို့ကျတော့ လှည့်ကိုမကြည့်သွားပါဘူး… တချို့ကျတော့ ခြေဆုံးခေါင်းဆုံးနဲ့ တီးတိုးတီးတိုးပြောသွားတာရှိတယ်… ညီ့ကိုတော့ ကိုယ်နေ့တိုင်းတွေ့မိပါတယ်… ဒီနားကဖြတ်ဖြတ်သွားတာ အလုပ်သွားတာထင်တယ်…” “ဟုတ်တယ်အစ်ကို…” ကျွန်တော်နဲ့စကားပြောရင်း သူ့ပဲထမင်းလေးကုန်သွားလို့ သူ့အတွက် ကျွန်တော် အခါးရည်လေးငှဲ့ပေးလိုက်သည်…။ သူက အိတ်ကပ်ထဲမှာ လပ်ကီးစရှိုက်ဗူးလေးထုတ်လိုက်ကာ… ကျွန်တော့်ကိုကမ်းပေးသည်…။ “ကျေးဇူးအစ်ကို ကျွန်တော်မသောက်တတ်ဘူးခင်ဗျ….” သူက စီးကရက်တစ်လိတ်ကို မီးညှိရင်း ကျွန်တော့်ကို တစ်ချက်ပင့်ကြည့်သည်…။ “မသောက်တတ်ဘူးဆိုတာ တစ်ခါမှမသောက်ဖူးတာလား မကြိုက်လို့မသောက်တာလား..” “သောက်တော့သောက်ဖူးပါတယ် မကြိုက်လို့မသောက်တာပါဗျ…” သူက စီးကရက်တစ်ချက်ဖွာကာ မီးခိုးတွေကို မှုတ်ထုတ်လိုက်သည်…။ သူ့လှုပ်ရှားမှုတွေက ကျွန်တော့်အတွက် စိတ်ဝင်စားဖွယ်ရာသာဖြစ်နေတော့သည်…။ ပြီးတော့ ကျွန်တော်သိချင်နေသော အဖြေကို သိရဖို့စောင့်စားရတာပင် အိုက်စပ်စပ်ရှိလာ၍ ဒုတိယအကြိမ် ကျွန်တော်ချွေးသုတ်လိုက်ပြန်သည်…။ “ဟိုတနေ့ကပဲ ဒီဆိုင်က စားပွဲထိုးကလေးက ကိုယ့်ကိုမေးသေးတယ် အစ်ကိုက နေ့တိုင်းအဲဒီအပင်အောက်မှာ အစ်ကို့ကောင်မလေးကိုလာစောင့်နေတာလားတဲ့…” သူက စကားကိုမဆက်သေးဘဲ ပြာခွက်ထဲ စီးကရက်ကို ခြွေချနေသည်…။ 

 “ကိုယ်က ပြန်မဖြေသေးဘဲ မင်းဘယ်လိုထင်လဲလို့မေးတော့ … ကျွန်တော်မထင်တတ်ဘူး ဒါပေမယ့် ဆိုင်မှာလာလာထိုင်တဲ့ ကောင်မလေးတစ်အုပ်စုကတော့ ကိုယ့်ကို ဘယ်တော့မှာ ရောက်မလာတော့တဲ့ ရည်းစားကိုလာစောင့်နေတာတဲ့….ယဉ်ယဉ်ကလေးနဲ့ရူးနေတာတဲ့…” ပခုံးကလေးကိုတွန့်ပြီးပြောနေသာ သူသူ့အမူအရာလေးကို ရယ်ချင်မိသွားသည်….။ “ဟဟဟ… ကျွန်တော်ကတော့ အစ်ကို မရူးဘူးဆိုတာသိတယ်… အကြောင်းတခုခုကြောင့်သာ ဒီလိုနေ့တိုင်းလာရပ်နေတာ…” “မှန်တာပေါ့….ညီရ… တကယ်တော့ အစ်ကိုက လူတွေရဲ့စိတ်ကို သီးဆစ်လုပ်နေတာ…. စာတမ်းတစ်ခုပြုစုနေတာ… လူတွေရဲ့သိချင်စိတ်ဘယ်လောက်မြင့်မားသလဲ… လူတွေရဲ့ထင်မြင်ချက်တွေ ဘယ်လိုရှိသလဲ… အဲဒီအထဲကမှ ဘယ်လောက်ရာခိုင်နှုန်းက အကောင်းမြင်တတ်သလဲ အဆိုးမြင်တတ်သလဲပေါ့…. ပြီးတော့ ညီ့လိုတည့်လာမေးမယ့်သူကို စောင့်နေတာ….လူတွေဟာ တသမတ်ထဲ အပ်ကြောင်းထပ်နေတဲ့အရာကို သတိမထားဘဲ မနေဘူးဆိုတာကိုပဲ….. ကိုယ်ရပ်စောင့်ရကျိုးနပ်ပါတယ်…။ နှစ်ဆယ့်ရှစ်ရက်အတွင်းမှာ ကိုယ်သိလိုက်ရတဲ့ လူတွေရဲ့စိတ်က အများကြီးပဲ…. မင်းကိုလည်းကျေးဇူးတင်ပါတယ်… ကဲ... ကိုယ့်မှာလုပ်စရာတွေအများကြီးရှိသေးတယ် ခွင့်ပြုပါဦး…ညီ…” သူကဘာလဲ…. စိတ်ပညာကျောင်းသားတစ်ယောက်လား….လူတွေရဲ့စိတ်အကြောင်းကိုဒီလောက် အချိန်ကုန်ခံ အညောင်းခံပြီး စမ်းသပ်ရအောင်လေ….။ ဒါမှမဟုတ်… ဂေါက်နေသည့် သူတစ်ယောက်လား….။ ဘယ်အရူးကမှ သူကိုယ်တိုင်ရူးနေသည်ဟု မ၀န်ခံတတ်ပါဟုတော့ ကြားဖူးသည်…။ နားလည်ရခက်သော ထိုလူသည် အရူးတစ်ယောက် ဂေါက်ကြောင်တစ်ယောက် မဟုတ်ဘူးဆိုတာကိုတော့ ကျွန်တော့်စိတ်ထဲ အလိုလိုယုံကြည့်နေမိသည်…။ နောက်ရက်များမှာ….ကျွန်တော်အလုပ်သွားရာ ဖြတ်သွားရသော လမ်းသွယ်ဒေါင့်မှ ပိတောက်ပင်အောက်တွင် ထိုလူကို မတွေ့ရတော့ပါ….။ နောက်တစ်ရက် နောက်တစ်ပတ် နောက်တစ်လ….ရက်ပေါင်းများစွာထိတိုင် ထိုလူ၏ အရိပ်အယောင်မျှပင်မတွေ့ရတော့ပါ…။ 

**မိုးငွေ့**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)