(ခ)
ဆေးရောင်းလိုက်ရသော ၅ဝဝ တန် တစ်ရွက်သည် ဒေါ်ကြည်၏ သောကများကို ပူပန်မှုလျော့စေသည်တော့ မဟုတ်ပေ။ အရာရာသည် ငွေခေတ်ဖြစ်သည်ဟု ဆိုကြသော်လည်း ပိုက်ဆံတိုင်းတော့ ဂုဏ်သတ္ထိချင်း တူကြသည် မဟုတ်။ ဒေါ်ကြည်အခုအချိန်မှာ လိုချင်နေသည်က အခု အမိုင်နို ရောင်းလိုက်ရသောငွေထက် အဆပေါင်းများစွာ သာလွန်နေသည်။ အရွက်ရည်ချင်းများစွာ ကွာခြားနေသည်။ တနေ့လုံး ဆေးရောင်းရသည်ကလည်း မဖြစ်စလောက်။ သမီးဖြစ်သူ လိုချင်နေသည့် ငွေကို ဒီတပတ် ၁ဝ ရက်အတွင်း ဘယ်ကနေ ရှာပေးနိုင်မလဲ။ တွေးရင်းနဲ့ ခေါင်းကိုက် လာတော့ ပါရာစီတမောလေး တပြားလောက်သောက်ပြီး ဆိုင် အတွင်းပိုင်းက ခုံတန်လျားလေးမှာ အသာမှေး နေလိုက်သည်။
”အမေရယ် .. သမီးလည်း ပိုက်ဆံပြန်တောင်းရတာ အားနာပါတယ်..အခုက တကယ်လိုအပ်လို့ပါ.. ဒါပြီးရင် သမီးအလုပ်ဝင်တော့ အမေအသက်ရှု ချာင်သွားမှာပါ..လောလောဆယ် သမီးကို ပိုက်ဆံလေး နည်းနည်း ပို့ပေးပါနော်” ဘယ်လောက်လဲလို့ မေးမနေတော့ဘဲ အေး.. အေး သမီး ဟုသာ ပြန်ပြောလိုက်သည်။ သမီး ကျောင်းတက်ခါစတုန်းက ဆိုင်ခေါင်းရင်းဘက်၊ ကိုကျော်မြင့်တို့အိမ်ကို ဖုန်းလာလျှင် ပျော်ရသည်။ မော်ရသည်။ တက္ကသိုလ်ကျောင်းသူကြီးရဲ့ အမေ၊ ပညာဂုဏ်တင့်တဲ့သမီးကို မွေးထုတ်နိုင်လေခြင်းဟုဆိုပြီး အမျိုးမျိုးဂုဏ်ယူရသည်။ အခု နောက်ပိုင်းကျတော့ ပိုက်ဆံက ပိုပိုပြီး ကုန်လာသည်။ တက္ကသိုလ်မှာလည်း ကျူရှင်ယူရသည့် ဘာသာတွေ ရှိသည်တဲ့။ ကျူရှင်လခ ပိုပေးရသည်။ သူများနည်းတူ ဝတ်စားနိုင်မှ လူရာဝင်သည်ဆိုတော့လည်း အဝတ်အစားဖိုး ပို့ရသည်။ ကျောင်းက လေ့လာရေးခရီးသွားရမည် ဆိုတော့လည်း ”အင်းလိုက်လေ”ဆိုပြီး လိုသမျှ ပို့လိုက်သည်။ သမီးဆီကို ဖို့နေသမျှ ပိုက်ဆံက ဆေးဆိုင်ထဲက ပါသည်။ တချို့ဆေးကုမ္ပဏီများမှ ရက်ပတ်နှင့် လာသိမ်းသော ပိုက်ဆံများထဲက တချို့သည် သားသမီးဂုဏောနှင့် တိုးလေသည်။ မုဆိုးမဆိုင် ခေါင်းမိုးလန်သွားလို့ ဆေးများ ပျက်စီးသွားလေသည်။ ထပ်ဖြည့်ရမည့် ဆေးများရှိနေသေးသည်။ အော်ဒါမတင်နိုင်သေး။ ရှိနေသည့် ဆေးများထဲက ရောင်းလို့ ရသလောက်ကို သာ မှေးရောင်းနေရသည်။ ဒါတွေကို ၆ လလောက်နေမှ အိမ်ကို တခေါက်လောက် ပြန်လာသည့် သမီးဖြစ်သူမသိ။ သိသွားအောင်လည်း ဒေါ်ကြည်က ထုတ်မပြော။ သမီးဖြစ်သူ စိတ်ချမ်းသာပါစေတော့ ဟု သဘောပိုက်လျက် စုဆောင်းထားသမျှ ထုခွဲရောင်းချရင်း မသီတာ လိုသမျှ ဖြည့်ဆည်းပေးနေခဲ့သည်။ ယခု လာပြန်ပေပြီ။ နောက်ဆုံးနှစ်မို့ စာတမ်းတင်ဖို့ ငွေလိုလေပြီတဲ့။ ဘယ်နေရာက သွားရှာရပါလိမ့်။ ဆိုင်တွင် လည်း ရောင်းစရာမည်မည်ရရမရှိ။ အိမ်မှာကလည်း အခွံဆိုသကဲ့သို့ ဖြစ်နေပြီ။ ထပ်ပြီးထုခွဲရောင်းချစရာဆို၍ အိမ်တိုင်မျှသာ ကျန်တော့သည်။ သမီး ပြန်လာတိုင်း စိတ်ချမ်းသာပါစေဟု ဝတ်ဆင်လေ့ရှိသော ရွှေဆွဲကြိုး အိအိကြီး မှာလည်း ရွှေရည်စိမ်နှင့် အလဲအလှယ်အလုပ်ခြင်းကို ခံခဲ့ရပြီးဖြစ်သည်။ သမီးဖြစ်သူမျက်နှာငယ်ရမည့်အရေးအတွက် စဉ်းစားရင်းနှင့် တစ်ကိုယ် လုံးချွေးစေးများ ပြန်လာပြီး မောလာသည်။ အသက်ရှုရတာလည်း မဝသလို ဖြစ်လာသည်မို့ ဆိုင်ရှေ့ဆိုက်ကား ဂိတ်က ကောင်လေး တစ်ယောက်ကိုခေါ်ပြီး ဆေးခန်းသွားပြရတော့သည်။
(ဂ)
ယနေ့အတွက် နှလုံးရောဂါဖြစ်ခါစ လူနာတစ်ယောက်သည် ဒေါက်တာကျော်ဦး၏ နောက်ဆုံး လူနာ တစ်ယောက်ဖြစ်သည်။ စိတ်ဖိစီးမှု တခုခုကို ကြာရှည်ကြာများ ခံစားရခြင်းကနေ အစပြု ခဲ့ခြင်းဖြစ်သော်လည်း အဆီပါသည့် အစားအသောက်များကို ရှောင်ကြဉ်ရန်နှင့် ယခုရက်ပိုင်းအတွင်း သိပ်ပြီးတော့ လှုပ်လှုပ်ရှားရှား မပြုလုပ်ရန် မှာရသည်။ သောက်ဆေးပေးရုံနှင့် မပျောက်ကင်းနိုင် သည့် ဝေဒနာမို့ နေထိုင်စားသောက်သင့်သည် တို့ကို အသေးစိတ်မှာရသည်။ အချိန်ရလျှင်လည်း တရားလေးထိုင်ကြည့်ဖို့ အကြံပေးလိုက်မိသည်။ ကျေးဇူးတင်စကားဆိုရင်း ထိုလူနာပြန်ထွက်သွားတော့ ဆေးခန်းလေးသည် ပြန်ပြီး တိတ်ဆိတ်သွားပြန်သည်။ ဆေးခန်းတွင် လူနာပါးနေသည်။ သို့သော် ဒေါက်တာ ကျော်ဦး စိတ်တွေကတော့ အနားမနေရ။ စားပွဲခုံတွင် ထိုင်နေလျက်က တချိန်ချိန်တွင် အသက်ရှုရခက်နေသည်ဟု ထင်ရသည်။ နောက်တချိန်တွင် နှလုံးက တဒုန်းဒုန်းနှင့် မရပ်မနား ခုန်နေသည်ဟု ခံစားရသည်။ မိမိရှေ့တွင် လှုပ်ခါနေသော လိုက်ကာစ အဖြူသည် ချက်ခြင်း အနက်ရောင်ဖြစ် သွားသည်။ နောက်တော့ ဘာမျှ မမြင်နိုင်လောက်အောင်လည်း မိမိအနားဝန်းကျင်တခုလုံး ဖြူဆွတ်သွားသည်ဟုလည်း ထင်မိသည်။ ထိုအဖြူများကြားထဲတွင် နီသည် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။ နီသည် သူ့ဆီက ပျောက်ကွယ်သွား သည်မှာ အတော့်ကို ကြာခဲ့ပြီ။ မဟုတ်ရင်လည်း သူသည် နီဆီက ထွက်ခွာလာခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ နီသည် ထက်မြက်၏။ သာမန် မိန်းကလေးတစ်ယောက်ထက်ပိုပြီး ပါးရည်နပ်ရည်ရှိသည်။ နီသည် ဂီတာတီးသည်။ စန္ဒရားသံကို နှစ်သက်သည်။ ယောကျာ်းတစ်ယောက်ထက်ပိုပြီး ပြတ်သားသော စိတ်ဓါတ်ရှိသည်။ သို့သော် တခါတရံတွင်တော့ နီသည် ကြောင်မလေးတစ်ကောင်နှင့်လည်း တူနေသည်။ ဘာကြောင့်ဆိုသည်ကို မပြောပြဘဲနှင့် နီသည် သူ့ကို စိုက်ကြည့်နေတတ်သည်။ မဟုတ်လျှင်လည်း သူ့လက်မောင်းကို ခိုစီးနေတတ်သည်။ သူက မေးဆတ်ပြီး မေးလိုက်သည့်အခါတိုင်းတွင် ”မောင့်ကိုချစ်လို့” ဆိုသည့် စကားကို မပွင့်တပွင့်နှင့်ဆိုတတ်သည်။ ထိုသို့ နီထံတွင် တွေ့ရခဲသည့် ရှက်ရွံ့ခြင်းသည် သူ့ကို ပို ၍ရင်ခုန်စေခဲ့သည်။ သူနှင့်အတူ စစ်တုရင်ကစားနိုင်သော နီသည် သူ့နီးပါးလောက် ဟင်းမချက်တတ်သည်လည်း သေချာသည်။ နီအတွက် ညစာသည် ဟောလစ်တခွက်ကို ဟန်ကျ ပန်ကျ ဖျော်ပြီး ပေါင်မုန့်ယိုသုတ်နှင့်သာ ပြီးသွားတတ်သည်။ နီ့ထံသို့ သူအလည်သွားတိုင်းတွင် ဧည့်ခံလေ့ရှိသည့် တမျိုးတည်းသောအစားအသောက်လည်းဖြစ်သည်။ သူက စိုးရိမ်ပူပန်စွာဖြင့် တခုခု ဝယ်သွားပေးသည့်တိုင်အောင် နီသည် သူစားနေကြအစားအသောက်ကို ဓလေ့မပျက် စား သောက်မြဲဖြစ်သည်။ အစား အစာတခုတည်းကိုသာ စွဲစွဲမြဲမြဲကြိုက်တတ်သော နီသည် သူမ၏ တစ်ဦးတည်းသော ချစ်သူဆိုသော သူ့ကို ရက်စက်စွာ ထားရစ်ခဲ့သည်။ ”ဆေးကျောင်းတက်ရတာကို နီ စိတ်မဝင်စားဘူး မောင်ရယ်၊ နီ ကျောင်းထွက်ပြီးတော့ နီတို့မြို့ကို ပြန်မယ်။ နီ စီးပွားရေးပဲ ဆက်လုပ်မယ်၊ စီးပွားရေးလိုင်းထဲကို နီဝင်တော့မယ်၊ မောင်လည်း နီ့ကို မစောင့်နဲ့၊ မောင်က ဆရာဝန်ဘဝနဲ့ အသက်မွေးဝမ်းကြောင်းပြုပေါ့.. နော် .. မောင်..ဟုတ်ပြီလား” ဟု နီက အလွယ်တကူပြောပြီး အလွယ်တကူ ကျောခိုင်းသွားခဲ့သည်။ သူ့ဘက်က တားမြစ်ချိန် မရလောက်အောင်ပင် နီက ပြတ်သားစွာ ဆုံးဖြတ်ခဲ့သည်။ နီကို့ သူအသက်နှင့်အမျှ ချစ်ခဲ့သည်။ ထို့အတူ သူ့ဆန္ဒ ကိုသာ ရှေ့တန်းတင်သူအဖြစ် သူ နီ့ကို နာကျည်းခဲ့မိသည်။ သို့သော် ဒုတိယမြောက်နီသည် သူ့တွင် ရှိမလာခဲ့တော့။ လွန်ခဲ့သော တနှစ်က သူ၏မြို့မှ မိန်းကလေးတစ်ယောက်ဖြင့်ပင် သူလက်ထပ်ဖြစ်ခဲ့သည်။ သူက သံယောဇဉ် ရှိပြီး၊ သူ့ကို အနွံတာခံတတ်သောထိုမိန်းကလေးသည် သူ့နှလုံးသားတွင် မည်သို့ ဒါဏ်ရာဒါဏ်ချက်ရှိခဲ့သည်ကို မတူး ဖော်ခဲ့ပေ။ နိုင်ငံတကာမှ ကျန်းမာရေးဆိုင်ရာ လေ့လာတွေ့ရှိချက်များနှင့်ပတ်သက်ပြီး တစုံတရာ ဝင်ရောက်ဆွေး နွေး ပေးခြင်း မပြုသည့် ထိုမိန်းကလေးသည် သူ့အတွက် မည်သည့် အစားအစာသည် အသင့်တော်ဆုံးဖြစ်သည်ကို သိထားပြီးဖြစ်နေတတ်သည်။ သူတို့နေသောအိမ်နှင့် ဆယ်မိုင်ခန့်ကွာသောနေရာတွင် ဆေးခန်းသို့ နေ့လည်စာ လာပို့ပေးပြီး ညနေစာ စားရန်စောင့်ဆိုင်းနေတတ်သော ထိုမိန်းကလေးသည် သူ့စိတ်အာရုံမှ နီ့ကိုဖယ်ထုတ်ပေးနိုင်ခဲ့ သည်။ သူ၏စိတ်ကို တည်ငြိမ်စေနိုင်ခဲ့သည်။ ”ဒေါက်တာ ကျော်ဦး၊ အိမ်အမှတ် ၅၊ ၁၂ ရပ်ကွက်၊ (အင်းမ)” ဟု လိပ်စာ တပ်ထားသော စာမရောက်လာခင်အချိန်က ဖြစ်သည်။ ထိုနေ့က အိမ်တွင် သူတစ်ယောက်တည်း ရှိနေပြီး ပိုးမွှားများနှင့်ပတ်သက်သည့် စာအုပ်ကို ဖတ်နေချိန်လည်း ဖြစ်သည်။ မလာစဖူးရောက်လာသော စာပို့သမားသည် သူ့အတွက် မမျှော်လင့်သော စာတစ်စောင်ကိုပေးသွားခဲ့သည်။ မင်္ဂလာလက်ဖွဲ့ဟု ရေးထိုးထားသော စာအိတ်ကို ဖွင့်ပြီးချိန်တွင် သူစိတ်သည် ထွေပြားခဲ့ရသည်။ မေ့ဖျောက် ထားခဲ့ရသောအချိန်များစွာကို ပြန်လည်ပြီး တူးဆွပေး နေတော့သည်။
(ဃ)
တချက်ချက်နှင့် မရပ်မနားသွားနေသော တိုင်ကပ်နာရီကို မော့ကြည့်လိုက်တော့ ည (၇) နာရီကို ညွှန်ပြနေသည်။ ဝမ်းဗိုက်က ဂွီခနဲ တချက်မြည်သံ ထွက်လာသော်လည်း ရီသည် ထမင်းစားခန်း ရှိရာသို့ မဦးတည်မိဘဲ ဧည့်ခန်းထဲတွင်သာ ထိုင်နေမိသည်။ ည (၇) နာရီ ဆိုသော အချိန်သည် မိုးချုပ်ပြီဟု မဆိုသာ သော်လည်း ၁၂ ရပ်ကွက်ထဲက အိမ်ပုပုလေးတွင် တနေ့တာလုံး တယောက်တည်း နေရသော ရီအတွက်တော့ အလွန့်ကို မှောင်လွန်းနေပြီ။ လမ်းမပေါ်တွင် တနောင်နောင် နှင့် ဈေးလည်ရောင်းသော ရှောက်ပေါင်းသီး သည်ကလေး ပြန်လာသံကို ကြားရသည်။ အိမ်ရှေ့ မျက်စောင်းထိုးတွင် ထမင်းဆိုင် ဖွင့်ပြီး ရောင်းသော၊ ရီ နေ့ခင်းပိုင်း ပျင်းနေချိန်များတွင် စကားစမည် ပြောဖော်ရသော ဒေါ်ဒေါ်အေးကြီး၏ အိုးခွက်ပန်းကန်များ သိမ်းဆည်းပြီး ပြန်သွားပြီ။ ထီဖွင့်ရန် (၃) ရက်သာ လိုပါတော့ကြောင်း ကြေငြာသွားသော ထီသည်၏ အသံသြောသြောကြီးကို ကြားလိုက်ရသည်။ ကိုကို ပြန်လာတော့မည်။ စောင့်ကြည့်နေသူ တယောက်ယောက်သာရှိလျှင်တော့ ဆိုဖာခုံပေါ်တွင် စိတ်မပါတပါ ထိုင်နေပြီး ခြံတံခါး စိမ်းစိမ်းလေးကို ငေးကြည့်နေသော ရီ့ကို ကဲလွန်းသည်ဟု ထင်ကြလိမ့်မည်။ အမှန်တော့ ကိုကို့ကို နေ့စဉ်နေ့တိုင်း စောင့်မျှော်နေရခြင်း သည် ရီသိပ်နှစ်သက်သော အလေ့အထ တခု ဖြစ်သည်။ သိပ်ပြီး ပူအိုက်သော နေ့မျိုးတွင် ရီသည် အရွက်သုပ် တခုခုကို ပြင်ဆင်ထားပြီး ထမင်းအတူ စားရန် ကိုကို ပြန်အလာကို စောင့်ကြိုမိသည်။ အဲကွန်းလေထက် လိုက်ကာစကို တိုးဝှေ့ပြီး ဝင်လာတတ်သည့် သဘာဝလေကို နှစ်သက်သဘောကျသော ကိုကို့အတွက် ရီသည် ပြတင်းတံခါးတချပ်ကို ဖွင့်ထားရန် မမေ့လျော့ တတ်သော အလေ့အထလည်း စွဲလာသည်။ စာအုပ်ဖတ်ရသည်ကို သိပ်သဘောမကျသော ရီသည် ညနေ ၆ နာရီနောက်ပိုင်း အချိန်တော်တော်များများကို တီဗွီကြည့်ရင်းက ကုန်ဆုံးမိတတ်သည်။ တခါတရံတွင်လည်း ကိုကို့က ဖတ်ကြည့်ဟုဆိုပြီး ဝယ်ပေးထားသည့် ကျန်းမာရေးနှင့် ပတ်သက်သည့် စာအုပ်များထဲမှ စိတ်ဝင်စားသည့်ခေါင်းစဉ်ကို တိတိကျကျ မဖော်ပြနိုင်ဘဲ ဟိုဒီ လှန်လှောနေမိသည်။ အချိန်တော်တော်များများကိုတော့ သိပ်ပြီးတော့ စိတ်ကူးယဉ်စရာကောင်းသော၊ ချစ်ခင်ယုယမှုကို ပေါ်လွင်စေသော ကိုရီးယား ရုပ်ရှင်ဇာတ်ကားများကို ကြည့်နေတတ်သည်။ ထိုသို့ကြည့်နေလျက်က ရီနှင့်ကိုကိုတို့၏ ဇာတ်လမ်းလေးကို ပြန်ပြောင်းအောင်းမေ့မိနေတတ်သည်။ မမကြီးနှင့် အတန်းအတူတူ တက်သောကိုကိုသည် ရီထက် ၃ နှစ်ခန့်ကြီးသည်။ ရီတို့မြို့လေးကနေ ဆယ်တန်းအောင် လျက် ဆေးကျောင်းတက်ခွင့်ရသောကျောင်းသားသည် ကိုကို တစ်ယောက်တည်းသာ ရှိသေးသည်ဟု ဆိုလိုက်လျှင် ကိုကို မည်မျှ ထူးချွန်ထက်မြက်သည်ကို အားလုံးကခန့်မှန်းမိကြပါလိမ့်မည်။ ကျောင်းတွင်းလုပ်ဆောင်မှု များတွင် ထိပ်ဆုံးကပါဝင်သော ကိုကိုသည် နာမည်ကြီးတစ်ယောက်ဖြစ်သကဲ့သို့ စကားပြောလိုက်လျှင် ရိပ်ကနဲ ပေါ်လာတတ်သည့် သွားထပ်ကလေးကြောင့်လည်း ဆယ်ကျော်သက်ကလေးများအလယ်တွင် ကိုကိုသည် စိတ်ကူးယဉ် မင်းသားဖြစ်ခဲ့သည်။
ထိုဆယ်ကျော်သက်ကလေးများကြားထဲတွင် ရီသည်လည်း ရှက်ရွှံ့စွာ ခိုးငေးခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ မမကြီးက ထုံသည်ဟု မကြာခဏ ချီးကျူးသြဘာပေးခံရသော ရီသည် ကိုကိုပါဝင်လေ့ရှိသော ကျပန်းစကား ပြော ပြိုင်ပွဲများကို ခေါင်းစဉ်ကအစ ကျင်းပခဲ့သည့် ရက်စွဲများအထိ မှတ်မိနေတတ်သည်။ (ဘီ) ခန်းကနေ (စီ)ခန်း မရောက်အောင် မေမေနှင့် မမကြီးတို့က ဖုတ်ပူမီးတိုက်တွန်းအားပေးနေရသော ရီသည် ကျူရှင်ဆရာက ကိုကို တော်သည်ဟု ချီးကျူးလျှင် ကြားကနေ လက်မထောင်ချင်မိသည်။ မမကြီးဆီကို ကိုကိုမကြာမကြာ လာပါစေဟု ဆုတောင်းနေတတ်သော ရီသည် ကိုကို တကယ်လာလျှင် လည်း တနေရာတည်းတွင် ငြိမ်ပြီးထိုင်မနေနိုင်ချေ။ တခါတုန်းကတော့ ကိုကိုရှေ့တွင် ရီချော်လဲခဲ့ဖူးသည်။ မှတ်မှတ်ရရ ထိုနေ့သည် ရီတို့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထွက်သောနေ့ဖြစ်ပြီး သူငယ်ချင်းသုံးယောက်လုံးအောင်သောကြောင့် ရီတို့အားလုံး မြောက်ကြွကြွ ဖြစ်နေခဲ့ကြသည်။ ကျောင်းနှင့်အိမ်ကို စက်ဘီးတစ်စီးနှင့် လမ်းသလားနေမိသောရီသည် ခြံရှေ့တွင် ရပ်ထားသော ဆိုင်ကယ်ကို မြင်လိုက်ချိန် တွင် ပျော်ရွှင်စွာဖြင့် ပြေးဝင်လာခဲ့မိသည်။ မိုးခပ်စပ်စပ် ရွာပြီးချိန်ဖြစ်သောကြောင့် ချောနေသော မြေပြင်တွင် ရီ သည် ခြေပစ် လက်ပစ်ကို ချော်လဲလေသည်။ ကိုကိုသည် ရီကို ထူမပေးဖို့အနားကို ရောက်လာသော်လည်း ခေါင်းမဖော်နိုင်အောင် ရှက်နေသော ရီသည် ကိုကို မော့မကြည့်ရဲပေ။ ထိုသို့ အရှက်သည်းနေသည့်ကြားက မမကြီးတို့ပြောလေ့ရှိသည့် လူကြီးရှက်တော့ရယ်တယ်၊ ကလေးရှက်တော့ ငိုတယ် ဆိုသော စကားကို ပြန်အမှတ်ရလာပြီး ကိုကို့ကို ရယ်ပြရမလား၊ ငိုချလိုက်ရမလား ဝေခွဲမရဖြစ်ခဲ့ရဖူးသည်။ ထို့အတိုင်းပင် ရီသည် ကိုကိုရှေ့တွင် လူကြီးဖြစ်ချင်သကဲ့သို့ ကလေးလည်း ဖြစ်ချင်ခဲ့သည်။ ရီ့ကို ကလေးအဖြစ်သာ မြင်ခဲ့သော ကိုကိုသည် ရီ့ကို အိမ်ထောင်ဖက်အဖြစ် လက်ထပ်ခဲ့ခြင်းသည် ရီတို့ သူငယ်ချင်းတစုကြားတွင် သိပ်ပြီးတော့ ရေပန်းစားခဲ့သည်။ ရီနှင့် ကိုကိုသည် နတ်ဖက်သည့် ဖူးစာဟု သူတို့အားလုံးက သတ်မှတ်ကြသည်။ ရီ့ကို ကိုကိုက မချစ်ဘူးဟု သူတို့အားလုံးက တညီတညွှတ်တည်း ဆိုကြသည်။ သို့သော် ရီပျော်ခဲ့သည်။ ကိုကို့စိတ်သဘောထား မည်သို့ရှိသည်ဖြစ်စေ ရီ၏ ခင်ပွန်းဖြစ်လာပြီးသည့်နောက်တွင် ကိုကို့စိတ်ထဲ တွင် ရီသာ ရှိမည်ဟု ယုံကြည်လာခဲ့မိသည်။ ကြည်နူးခဲ့ရသည်။ သို့သော် အခု ရီသည် မွန်းကြပ်နေသည်။ ကိုကို့ ကို နှောင့်ဖွဲ့ခဲ့သောအကျင့်ကို သိပ်မုန်းနေတတ်သည်။ ကိုကိုနှင့် ပတ်သက်ပြီး သူမ၏ဆန္ဒ ကို ရှေ့တန်းတင်ခဲ့မိသည် ဟုလည်း မိမိ ကိုယ်ကို အပြစ်တင်နေမိတတ်သည်။ မနက်ကတော့ ကိုကို စာအုပ်များကို မွှေနှောက်ရှာဖွေရင်းက ကိုကိုနှင့် အမျိးသမီးတစ်ယောက်တို့ အတူယှဉ်တွဲပြီး ရိုက်ထားသော ဓါတ်ပုံကို တွေ့မိသည်။ ပိုးကောင်တော်တော်များကို ဖော်ပြထားသည့် စာအုပ်ထဲမှ ထွက်လာသော ပုံသည် ရီနှလုံးသားကို တဆစ်ဆစ်နှင့် ကိုက်ခဲနာကျင်သွားအောင် စွမ်းဆောင်နိုင်သည်။ ဓါတ်ပုံထဲက အမျိုးသမီး၏ ပြုံးရယ်နေပုံသည် အပူအပင်ကင်းပြီး ကိုကို့ကို ပိုင်စိုးပိုင်နင်းရှိမည့်ရုပ်မျိုးဟု ရီကောက်ချက်ဆွဲလိုက်သည်။
”မောင်သို့ . . သတိတရ” ဟု ခပ်သော့သော့လက်ရေးပါသည့် အဆိုပါပုံသည် ကိုကိုကျောင်းတက်စဉ်ကဓါတ်ပုံ ဖြစ် သော်လည်း အောက်တွင် လက်မှတ်နှင့်ပူးတွဲပါရှိသော ရက်စွဲသည် လွန်ခဲ့သော တပတ်ခန့်က ဖြစ်သည်။ ထိုပုံကိုကြည့်ရင်းနှင့် ရီသည် မျက်လုံးများ ပြာဝေလာခဲ့သည်။ ရီနောက်ကွယ်တွင် ကိုကိုဘာတွေများ လုပ်ထားသေးလဲဟု တွေးတောလျက်က ရီသည် ရင်ဘက်ထဲက အောင့်လာပြီး ထုတ်ဖော်မပြတတ်အောင် မွန်းကြပ်လာမိသည်။ ရီသည် ယခုမှသာ စောင့်မျှော်ဖူးသည် မဟုတ်။ မကြာမီ ကိုကို ပြန်လာတော့မည်. . . ။
**နှင်းနုလွင် (ဆေးဝါး)**
အာရောဂျံ၊ မတ်လ၊ ၂၀၁၃
ဈေးက တော်တော်ကို လူပွဲသွားပြီ။ နေရောင်ကလည်း အတော့်ကို မြင့်နေပြီ။ ရောင်းသူ၊ ဝယ်သူမရှိတော့သော အသားဆိုင်တန်းတွင် ကျီးကန်းတအုပ်အာနေကြသည်။ အရိုးအရင်းတခုကို တွေ့တိုင်း ဝိုင်းလုနေကြ သည်။ ထိုအော်နေသော ကျီးများရှိရာသို့ ခွေးမည်းတစ်ကောင်က ပျင်းရိလေးတွဲစွာ လှမ်းလာ နေသည်။ ဈေးခွေးဆိုသော်လည်း အစားများများ စားရသည့်ပုံမရ၊ နံရိုးနဲ့ အရေပြားကပ်နေသည်။ ကျီးကန်းများ ဝိုင်းအော်လျှင်တောင် လဲသွားမည့် အသွင်ကို ဆောင်နေသော်လည်း ခပ်မှန်မှန်နှင့်ပင် ကျီးများကြားသို့ဝင်သွားသည်။ ကျီးများက တအာအာ အော်ရင်း ရှဲပေးကြသည်။ ထိုပိန်လှီနေသောခွေးသည် အရိုးစတခုကို ဆတ်ခနဲကိုက်ပြီး ပြန်ထွက် လာသည်။ ကျီးကန်းများနှင့် ခွေးပိန်ကို ကြည့်ရင်း ဒေါ်မြင့်က ”ဟူး..’ ခနဲ သက်ပြင်းရှည်ကြီးကို ချလိုက်မိသည်။ တကယ်တော့ သူက အရှေ့က တိရစ္ဆာန်များကို ကြည့်နေသော်လည်း မြင်သည်တော့ မဟုတ်။ ကြားနေရသည်ကလည်း ကျီကန်းများ၏ တအာအာအော်သံ မဟုတ်ပေ။ ဒေါ်မြင့် မြင်ကွင်းထဲက မည်းမည်းရိပ်ရိပ်များသည် ဖိုးကျော်ဖြစ်သည်၊ ဖိုးဇော်ဖြစ်သည်။ အသေးမနှင့် မဲလုံးလည်း ဖြစ်သည်။ တအားအားနှင့် ဆိတ်နေသည့် ပုံရိပ်များသည် သမီးနှင့် သားမက်ဖြစ်သူတို့၏ ရန်ပွဲဖြစ်နေသည်။ ထပျံသွားသော ကျီးသည်လည်း ထိုသမီးနှင့် သားမက်ပင်ဖြစ်နေသည်။ ကျီခနဲအော်နေသံသည် အိပ်ရာထဲက ဦးစိန်တိုးထံမှ ဖြစ်သည်။ အရိုးကို ဂုတ်ခနဲ ကိုက်လိုက်သောအသံသည် ဆန်အိုးအောက်ခြေနှင့် နို့ဆီခွက် ပွတ်တိုက်သွားသံဟု ထင်လိုက်မိသည်။ ဒုတိယအကြိမ်မြောက် သက်ပြင်းကို လေးတွဲစွာ ချလိုက်ရင်း ခေါင်းခုဝတ်ဖြင့် မျက်နှာတပြင်လုံးကို သပ်ချလိုက်သည်။ ထို့နောက် ကျွတ်ကျွတ်အိပ်ထဲတွင် လိပ်ထည့်ထားသည့် ဈေးဖိုးပိုက်ဆံများကို လင်ဗန်းထဲထည့်ပြီး ရေတွက် လိုက်သည်။ ထပ်ပွားလာမည့်မဟုတ်သော ပိုက်ဆံ ခပ်နွမ်းနွမ်းများကို ရေတွက်နေရခြင်းသည် စိတ်မောဖို့ ကောင်းလွန်းလှ သည်။ ဈေးရောင်းရသော ပိုက်ဆံများထဲက ၁ဝဝဝ ကတော့ နေ့ပြန်တိုးအတွက် ပေးပြီး ဖြစ်သည်။ ကျန်ပိုက်ဆံများ ထဲက ဖောက်သည်ယူခဲ့သည့် ပန်းဖိုးအတွက် အရင်းနှုတ်လိုက်သည်။ ဈေးကောက်သမားလာစဉ်က အနားက ငါးခြောက်သည် အေးအေးဆီက ခဏယူထားသည့် ပိုက်ဆံကို ဖယ်လိုက်သည်။ အမြီးဖယ်၊ ခေါင်းဖယ် ဖယ်လိုက်တော့ လက်ထဲကျန်နေသည့် ပိုက်ဆံက ၂၅ဝဝ မပြည့်တော့ပေ။ ထိုဖြစ်ဖြစ်မည်မျှ ကျန်နေသော ပိုက်ဆံတွင် သက်ကြီးရွယ်အို ၂ ယောက်နှင့် ကလေး ၄ ယောက်စားရမည့် ဆန်တပြည်ဖိုးပါသည်။ ဆီ ၅ ကျပ်သားနှင့် ကြက်သွန်ဥနီ ၁ဝ သားဖိုးပါသည်။ အဓိက ဟင်းလျာအဖြစ် ချက်မည့် ကုလားပဲခြမ်းဖိုးပါသည်။ အသေးမတို့စာကျက်မည့် ဖယောင်း တိုင်ဖိုး ၁ဝဝ လည်း ထည့်တွက်ရမည်။ တွက်ရင်းဖြင့် ရင်ဘက်တခုလုံး မွန်းကြပ်လာသည်။ ထိုင်ရာကနေ သိစိတ်မဲ့စွာ ထလာသော ခြေထောက်များသည် လေးလံသော ကိုယ်လုံးကို သယ်ဆောင်လျက် ဆေးဆိုင်တခုဆီကို ဦးတည်သွားလိုက်သည်။ ညဘက်ရောက်လျှင် တရွှီရွှီနှင့် အသက်ကို ခက်ခက်ခဲခဲရှုနေရသည့် အဖိုးကြီး အတွက် အမိုင်နိုလေး အရင်ဆုံး ဝယ်ပေးရတော့မည်။
(ခ)
ဆေးရောင်းလိုက်ရသော ၅ဝဝ တန် တစ်ရွက်သည် ဒေါ်ကြည်၏ သောကများကို ပူပန်မှုလျော့စေသည်တော့ မဟုတ်ပေ။ အရာရာသည် ငွေခေတ်ဖြစ်သည်ဟု ဆိုကြသော်လည်း ပိုက်ဆံတိုင်းတော့ ဂုဏ်သတ္ထိချင်း တူကြသည် မဟုတ်။ ဒေါ်ကြည်အခုအချိန်မှာ လိုချင်နေသည်က အခု အမိုင်နို ရောင်းလိုက်ရသောငွေထက် အဆပေါင်းများစွာ သာလွန်နေသည်။ အရွက်ရည်ချင်းများစွာ ကွာခြားနေသည်။ တနေ့လုံး ဆေးရောင်းရသည်ကလည်း မဖြစ်စလောက်။ သမီးဖြစ်သူ လိုချင်နေသည့် ငွေကို ဒီတပတ် ၁ဝ ရက်အတွင်း ဘယ်ကနေ ရှာပေးနိုင်မလဲ။ တွေးရင်းနဲ့ ခေါင်းကိုက် လာတော့ ပါရာစီတမောလေး တပြားလောက်သောက်ပြီး ဆိုင် အတွင်းပိုင်းက ခုံတန်လျားလေးမှာ အသာမှေး နေလိုက်သည်။
”အမေရယ် .. သမီးလည်း ပိုက်ဆံပြန်တောင်းရတာ အားနာပါတယ်..အခုက တကယ်လိုအပ်လို့ပါ.. ဒါပြီးရင် သမီးအလုပ်ဝင်တော့ အမေအသက်ရှု ချာင်သွားမှာပါ..လောလောဆယ် သမီးကို ပိုက်ဆံလေး နည်းနည်း ပို့ပေးပါနော်” ဘယ်လောက်လဲလို့ မေးမနေတော့ဘဲ အေး.. အေး သမီး ဟုသာ ပြန်ပြောလိုက်သည်။ သမီး ကျောင်းတက်ခါစတုန်းက ဆိုင်ခေါင်းရင်းဘက်၊ ကိုကျော်မြင့်တို့အိမ်ကို ဖုန်းလာလျှင် ပျော်ရသည်။ မော်ရသည်။ တက္ကသိုလ်ကျောင်းသူကြီးရဲ့ အမေ၊ ပညာဂုဏ်တင့်တဲ့သမီးကို မွေးထုတ်နိုင်လေခြင်းဟုဆိုပြီး အမျိုးမျိုးဂုဏ်ယူရသည်။ အခု နောက်ပိုင်းကျတော့ ပိုက်ဆံက ပိုပိုပြီး ကုန်လာသည်။ တက္ကသိုလ်မှာလည်း ကျူရှင်ယူရသည့် ဘာသာတွေ ရှိသည်တဲ့။ ကျူရှင်လခ ပိုပေးရသည်။ သူများနည်းတူ ဝတ်စားနိုင်မှ လူရာဝင်သည်ဆိုတော့လည်း အဝတ်အစားဖိုး ပို့ရသည်။ ကျောင်းက လေ့လာရေးခရီးသွားရမည် ဆိုတော့လည်း ”အင်းလိုက်လေ”ဆိုပြီး လိုသမျှ ပို့လိုက်သည်။ သမီးဆီကို ဖို့နေသမျှ ပိုက်ဆံက ဆေးဆိုင်ထဲက ပါသည်။ တချို့ဆေးကုမ္ပဏီများမှ ရက်ပတ်နှင့် လာသိမ်းသော ပိုက်ဆံများထဲက တချို့သည် သားသမီးဂုဏောနှင့် တိုးလေသည်။ မုဆိုးမဆိုင် ခေါင်းမိုးလန်သွားလို့ ဆေးများ ပျက်စီးသွားလေသည်။ ထပ်ဖြည့်ရမည့် ဆေးများရှိနေသေးသည်။ အော်ဒါမတင်နိုင်သေး။ ရှိနေသည့် ဆေးများထဲက ရောင်းလို့ ရသလောက်ကို သာ မှေးရောင်းနေရသည်။ ဒါတွေကို ၆ လလောက်နေမှ အိမ်ကို တခေါက်လောက် ပြန်လာသည့် သမီးဖြစ်သူမသိ။ သိသွားအောင်လည်း ဒေါ်ကြည်က ထုတ်မပြော။ သမီးဖြစ်သူ စိတ်ချမ်းသာပါစေတော့ ဟု သဘောပိုက်လျက် စုဆောင်းထားသမျှ ထုခွဲရောင်းချရင်း မသီတာ လိုသမျှ ဖြည့်ဆည်းပေးနေခဲ့သည်။ ယခု လာပြန်ပေပြီ။ နောက်ဆုံးနှစ်မို့ စာတမ်းတင်ဖို့ ငွေလိုလေပြီတဲ့။ ဘယ်နေရာက သွားရှာရပါလိမ့်။ ဆိုင်တွင် လည်း ရောင်းစရာမည်မည်ရရမရှိ။ အိမ်မှာကလည်း အခွံဆိုသကဲ့သို့ ဖြစ်နေပြီ။ ထပ်ပြီးထုခွဲရောင်းချစရာဆို၍ အိမ်တိုင်မျှသာ ကျန်တော့သည်။ သမီး ပြန်လာတိုင်း စိတ်ချမ်းသာပါစေဟု ဝတ်ဆင်လေ့ရှိသော ရွှေဆွဲကြိုး အိအိကြီး မှာလည်း ရွှေရည်စိမ်နှင့် အလဲအလှယ်အလုပ်ခြင်းကို ခံခဲ့ရပြီးဖြစ်သည်။ သမီးဖြစ်သူမျက်နှာငယ်ရမည့်အရေးအတွက် စဉ်းစားရင်းနှင့် တစ်ကိုယ် လုံးချွေးစေးများ ပြန်လာပြီး မောလာသည်။ အသက်ရှုရတာလည်း မဝသလို ဖြစ်လာသည်မို့ ဆိုင်ရှေ့ဆိုက်ကား ဂိတ်က ကောင်လေး တစ်ယောက်ကိုခေါ်ပြီး ဆေးခန်းသွားပြရတော့သည်။
(ဂ)
ယနေ့အတွက် နှလုံးရောဂါဖြစ်ခါစ လူနာတစ်ယောက်သည် ဒေါက်တာကျော်ဦး၏ နောက်ဆုံး လူနာ တစ်ယောက်ဖြစ်သည်။ စိတ်ဖိစီးမှု တခုခုကို ကြာရှည်ကြာများ ခံစားရခြင်းကနေ အစပြု ခဲ့ခြင်းဖြစ်သော်လည်း အဆီပါသည့် အစားအသောက်များကို ရှောင်ကြဉ်ရန်နှင့် ယခုရက်ပိုင်းအတွင်း သိပ်ပြီးတော့ လှုပ်လှုပ်ရှားရှား မပြုလုပ်ရန် မှာရသည်။ သောက်ဆေးပေးရုံနှင့် မပျောက်ကင်းနိုင် သည့် ဝေဒနာမို့ နေထိုင်စားသောက်သင့်သည် တို့ကို အသေးစိတ်မှာရသည်။ အချိန်ရလျှင်လည်း တရားလေးထိုင်ကြည့်ဖို့ အကြံပေးလိုက်မိသည်။ ကျေးဇူးတင်စကားဆိုရင်း ထိုလူနာပြန်ထွက်သွားတော့ ဆေးခန်းလေးသည် ပြန်ပြီး တိတ်ဆိတ်သွားပြန်သည်။ ဆေးခန်းတွင် လူနာပါးနေသည်။ သို့သော် ဒေါက်တာ ကျော်ဦး စိတ်တွေကတော့ အနားမနေရ။ စားပွဲခုံတွင် ထိုင်နေလျက်က တချိန်ချိန်တွင် အသက်ရှုရခက်နေသည်ဟု ထင်ရသည်။ နောက်တချိန်တွင် နှလုံးက တဒုန်းဒုန်းနှင့် မရပ်မနား ခုန်နေသည်ဟု ခံစားရသည်။ မိမိရှေ့တွင် လှုပ်ခါနေသော လိုက်ကာစ အဖြူသည် ချက်ခြင်း အနက်ရောင်ဖြစ် သွားသည်။ နောက်တော့ ဘာမျှ မမြင်နိုင်လောက်အောင်လည်း မိမိအနားဝန်းကျင်တခုလုံး ဖြူဆွတ်သွားသည်ဟုလည်း ထင်မိသည်။ ထိုအဖြူများကြားထဲတွင် နီသည် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။ နီသည် သူ့ဆီက ပျောက်ကွယ်သွား သည်မှာ အတော့်ကို ကြာခဲ့ပြီ။ မဟုတ်ရင်လည်း သူသည် နီဆီက ထွက်ခွာလာခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ နီသည် ထက်မြက်၏။ သာမန် မိန်းကလေးတစ်ယောက်ထက်ပိုပြီး ပါးရည်နပ်ရည်ရှိသည်။ နီသည် ဂီတာတီးသည်။ စန္ဒရားသံကို နှစ်သက်သည်။ ယောကျာ်းတစ်ယောက်ထက်ပိုပြီး ပြတ်သားသော စိတ်ဓါတ်ရှိသည်။ သို့သော် တခါတရံတွင်တော့ နီသည် ကြောင်မလေးတစ်ကောင်နှင့်လည်း တူနေသည်။ ဘာကြောင့်ဆိုသည်ကို မပြောပြဘဲနှင့် နီသည် သူ့ကို စိုက်ကြည့်နေတတ်သည်။ မဟုတ်လျှင်လည်း သူ့လက်မောင်းကို ခိုစီးနေတတ်သည်။ သူက မေးဆတ်ပြီး မေးလိုက်သည့်အခါတိုင်းတွင် ”မောင့်ကိုချစ်လို့” ဆိုသည့် စကားကို မပွင့်တပွင့်နှင့်ဆိုတတ်သည်။ ထိုသို့ နီထံတွင် တွေ့ရခဲသည့် ရှက်ရွံ့ခြင်းသည် သူ့ကို ပို ၍ရင်ခုန်စေခဲ့သည်။ သူနှင့်အတူ စစ်တုရင်ကစားနိုင်သော နီသည် သူ့နီးပါးလောက် ဟင်းမချက်တတ်သည်လည်း သေချာသည်။ နီအတွက် ညစာသည် ဟောလစ်တခွက်ကို ဟန်ကျ ပန်ကျ ဖျော်ပြီး ပေါင်မုန့်ယိုသုတ်နှင့်သာ ပြီးသွားတတ်သည်။ နီ့ထံသို့ သူအလည်သွားတိုင်းတွင် ဧည့်ခံလေ့ရှိသည့် တမျိုးတည်းသောအစားအသောက်လည်းဖြစ်သည်။ သူက စိုးရိမ်ပူပန်စွာဖြင့် တခုခု ဝယ်သွားပေးသည့်တိုင်အောင် နီသည် သူစားနေကြအစားအသောက်ကို ဓလေ့မပျက် စား သောက်မြဲဖြစ်သည်။ အစား အစာတခုတည်းကိုသာ စွဲစွဲမြဲမြဲကြိုက်တတ်သော နီသည် သူမ၏ တစ်ဦးတည်းသော ချစ်သူဆိုသော သူ့ကို ရက်စက်စွာ ထားရစ်ခဲ့သည်။ ”ဆေးကျောင်းတက်ရတာကို နီ စိတ်မဝင်စားဘူး မောင်ရယ်၊ နီ ကျောင်းထွက်ပြီးတော့ နီတို့မြို့ကို ပြန်မယ်။ နီ စီးပွားရေးပဲ ဆက်လုပ်မယ်၊ စီးပွားရေးလိုင်းထဲကို နီဝင်တော့မယ်၊ မောင်လည်း နီ့ကို မစောင့်နဲ့၊ မောင်က ဆရာဝန်ဘဝနဲ့ အသက်မွေးဝမ်းကြောင်းပြုပေါ့.. နော် .. မောင်..ဟုတ်ပြီလား” ဟု နီက အလွယ်တကူပြောပြီး အလွယ်တကူ ကျောခိုင်းသွားခဲ့သည်။ သူ့ဘက်က တားမြစ်ချိန် မရလောက်အောင်ပင် နီက ပြတ်သားစွာ ဆုံးဖြတ်ခဲ့သည်။ နီကို့ သူအသက်နှင့်အမျှ ချစ်ခဲ့သည်။ ထို့အတူ သူ့ဆန္ဒ ကိုသာ ရှေ့တန်းတင်သူအဖြစ် သူ နီ့ကို နာကျည်းခဲ့မိသည်။ သို့သော် ဒုတိယမြောက်နီသည် သူ့တွင် ရှိမလာခဲ့တော့။ လွန်ခဲ့သော တနှစ်က သူ၏မြို့မှ မိန်းကလေးတစ်ယောက်ဖြင့်ပင် သူလက်ထပ်ဖြစ်ခဲ့သည်။ သူက သံယောဇဉ် ရှိပြီး၊ သူ့ကို အနွံတာခံတတ်သောထိုမိန်းကလေးသည် သူ့နှလုံးသားတွင် မည်သို့ ဒါဏ်ရာဒါဏ်ချက်ရှိခဲ့သည်ကို မတူး ဖော်ခဲ့ပေ။ နိုင်ငံတကာမှ ကျန်းမာရေးဆိုင်ရာ လေ့လာတွေ့ရှိချက်များနှင့်ပတ်သက်ပြီး တစုံတရာ ဝင်ရောက်ဆွေး နွေး ပေးခြင်း မပြုသည့် ထိုမိန်းကလေးသည် သူ့အတွက် မည်သည့် အစားအစာသည် အသင့်တော်ဆုံးဖြစ်သည်ကို သိထားပြီးဖြစ်နေတတ်သည်။ သူတို့နေသောအိမ်နှင့် ဆယ်မိုင်ခန့်ကွာသောနေရာတွင် ဆေးခန်းသို့ နေ့လည်စာ လာပို့ပေးပြီး ညနေစာ စားရန်စောင့်ဆိုင်းနေတတ်သော ထိုမိန်းကလေးသည် သူ့စိတ်အာရုံမှ နီ့ကိုဖယ်ထုတ်ပေးနိုင်ခဲ့ သည်။ သူ၏စိတ်ကို တည်ငြိမ်စေနိုင်ခဲ့သည်။ ”ဒေါက်တာ ကျော်ဦး၊ အိမ်အမှတ် ၅၊ ၁၂ ရပ်ကွက်၊ (အင်းမ)” ဟု လိပ်စာ တပ်ထားသော စာမရောက်လာခင်အချိန်က ဖြစ်သည်။ ထိုနေ့က အိမ်တွင် သူတစ်ယောက်တည်း ရှိနေပြီး ပိုးမွှားများနှင့်ပတ်သက်သည့် စာအုပ်ကို ဖတ်နေချိန်လည်း ဖြစ်သည်။ မလာစဖူးရောက်လာသော စာပို့သမားသည် သူ့အတွက် မမျှော်လင့်သော စာတစ်စောင်ကိုပေးသွားခဲ့သည်။ မင်္ဂလာလက်ဖွဲ့ဟု ရေးထိုးထားသော စာအိတ်ကို ဖွင့်ပြီးချိန်တွင် သူစိတ်သည် ထွေပြားခဲ့ရသည်။ မေ့ဖျောက် ထားခဲ့ရသောအချိန်များစွာကို ပြန်လည်ပြီး တူးဆွပေး နေတော့သည်။
(ဃ)
တချက်ချက်နှင့် မရပ်မနားသွားနေသော တိုင်ကပ်နာရီကို မော့ကြည့်လိုက်တော့ ည (၇) နာရီကို ညွှန်ပြနေသည်။ ဝမ်းဗိုက်က ဂွီခနဲ တချက်မြည်သံ ထွက်လာသော်လည်း ရီသည် ထမင်းစားခန်း ရှိရာသို့ မဦးတည်မိဘဲ ဧည့်ခန်းထဲတွင်သာ ထိုင်နေမိသည်။ ည (၇) နာရီ ဆိုသော အချိန်သည် မိုးချုပ်ပြီဟု မဆိုသာ သော်လည်း ၁၂ ရပ်ကွက်ထဲက အိမ်ပုပုလေးတွင် တနေ့တာလုံး တယောက်တည်း နေရသော ရီအတွက်တော့ အလွန့်ကို မှောင်လွန်းနေပြီ။ လမ်းမပေါ်တွင် တနောင်နောင် နှင့် ဈေးလည်ရောင်းသော ရှောက်ပေါင်းသီး သည်ကလေး ပြန်လာသံကို ကြားရသည်။ အိမ်ရှေ့ မျက်စောင်းထိုးတွင် ထမင်းဆိုင် ဖွင့်ပြီး ရောင်းသော၊ ရီ နေ့ခင်းပိုင်း ပျင်းနေချိန်များတွင် စကားစမည် ပြောဖော်ရသော ဒေါ်ဒေါ်အေးကြီး၏ အိုးခွက်ပန်းကန်များ သိမ်းဆည်းပြီး ပြန်သွားပြီ။ ထီဖွင့်ရန် (၃) ရက်သာ လိုပါတော့ကြောင်း ကြေငြာသွားသော ထီသည်၏ အသံသြောသြောကြီးကို ကြားလိုက်ရသည်။ ကိုကို ပြန်လာတော့မည်။ စောင့်ကြည့်နေသူ တယောက်ယောက်သာရှိလျှင်တော့ ဆိုဖာခုံပေါ်တွင် စိတ်မပါတပါ ထိုင်နေပြီး ခြံတံခါး စိမ်းစိမ်းလေးကို ငေးကြည့်နေသော ရီ့ကို ကဲလွန်းသည်ဟု ထင်ကြလိမ့်မည်။ အမှန်တော့ ကိုကို့ကို နေ့စဉ်နေ့တိုင်း စောင့်မျှော်နေရခြင်း သည် ရီသိပ်နှစ်သက်သော အလေ့အထ တခု ဖြစ်သည်။ သိပ်ပြီး ပူအိုက်သော နေ့မျိုးတွင် ရီသည် အရွက်သုပ် တခုခုကို ပြင်ဆင်ထားပြီး ထမင်းအတူ စားရန် ကိုကို ပြန်အလာကို စောင့်ကြိုမိသည်။ အဲကွန်းလေထက် လိုက်ကာစကို တိုးဝှေ့ပြီး ဝင်လာတတ်သည့် သဘာဝလေကို နှစ်သက်သဘောကျသော ကိုကို့အတွက် ရီသည် ပြတင်းတံခါးတချပ်ကို ဖွင့်ထားရန် မမေ့လျော့ တတ်သော အလေ့အထလည်း စွဲလာသည်။ စာအုပ်ဖတ်ရသည်ကို သိပ်သဘောမကျသော ရီသည် ညနေ ၆ နာရီနောက်ပိုင်း အချိန်တော်တော်များများကို တီဗွီကြည့်ရင်းက ကုန်ဆုံးမိတတ်သည်။ တခါတရံတွင်လည်း ကိုကို့က ဖတ်ကြည့်ဟုဆိုပြီး ဝယ်ပေးထားသည့် ကျန်းမာရေးနှင့် ပတ်သက်သည့် စာအုပ်များထဲမှ စိတ်ဝင်စားသည့်ခေါင်းစဉ်ကို တိတိကျကျ မဖော်ပြနိုင်ဘဲ ဟိုဒီ လှန်လှောနေမိသည်။ အချိန်တော်တော်များများကိုတော့ သိပ်ပြီးတော့ စိတ်ကူးယဉ်စရာကောင်းသော၊ ချစ်ခင်ယုယမှုကို ပေါ်လွင်စေသော ကိုရီးယား ရုပ်ရှင်ဇာတ်ကားများကို ကြည့်နေတတ်သည်။ ထိုသို့ကြည့်နေလျက်က ရီနှင့်ကိုကိုတို့၏ ဇာတ်လမ်းလေးကို ပြန်ပြောင်းအောင်းမေ့မိနေတတ်သည်။ မမကြီးနှင့် အတန်းအတူတူ တက်သောကိုကိုသည် ရီထက် ၃ နှစ်ခန့်ကြီးသည်။ ရီတို့မြို့လေးကနေ ဆယ်တန်းအောင် လျက် ဆေးကျောင်းတက်ခွင့်ရသောကျောင်းသားသည် ကိုကို တစ်ယောက်တည်းသာ ရှိသေးသည်ဟု ဆိုလိုက်လျှင် ကိုကို မည်မျှ ထူးချွန်ထက်မြက်သည်ကို အားလုံးကခန့်မှန်းမိကြပါလိမ့်မည်။ ကျောင်းတွင်းလုပ်ဆောင်မှု များတွင် ထိပ်ဆုံးကပါဝင်သော ကိုကိုသည် နာမည်ကြီးတစ်ယောက်ဖြစ်သကဲ့သို့ စကားပြောလိုက်လျှင် ရိပ်ကနဲ ပေါ်လာတတ်သည့် သွားထပ်ကလေးကြောင့်လည်း ဆယ်ကျော်သက်ကလေးများအလယ်တွင် ကိုကိုသည် စိတ်ကူးယဉ် မင်းသားဖြစ်ခဲ့သည်။
ထိုဆယ်ကျော်သက်ကလေးများကြားထဲတွင် ရီသည်လည်း ရှက်ရွှံ့စွာ ခိုးငေးခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ မမကြီးက ထုံသည်ဟု မကြာခဏ ချီးကျူးသြဘာပေးခံရသော ရီသည် ကိုကိုပါဝင်လေ့ရှိသော ကျပန်းစကား ပြော ပြိုင်ပွဲများကို ခေါင်းစဉ်ကအစ ကျင်းပခဲ့သည့် ရက်စွဲများအထိ မှတ်မိနေတတ်သည်။ (ဘီ) ခန်းကနေ (စီ)ခန်း မရောက်အောင် မေမေနှင့် မမကြီးတို့က ဖုတ်ပူမီးတိုက်တွန်းအားပေးနေရသော ရီသည် ကျူရှင်ဆရာက ကိုကို တော်သည်ဟု ချီးကျူးလျှင် ကြားကနေ လက်မထောင်ချင်မိသည်။ မမကြီးဆီကို ကိုကိုမကြာမကြာ လာပါစေဟု ဆုတောင်းနေတတ်သော ရီသည် ကိုကို တကယ်လာလျှင် လည်း တနေရာတည်းတွင် ငြိမ်ပြီးထိုင်မနေနိုင်ချေ။ တခါတုန်းကတော့ ကိုကိုရှေ့တွင် ရီချော်လဲခဲ့ဖူးသည်။ မှတ်မှတ်ရရ ထိုနေ့သည် ရီတို့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထွက်သောနေ့ဖြစ်ပြီး သူငယ်ချင်းသုံးယောက်လုံးအောင်သောကြောင့် ရီတို့အားလုံး မြောက်ကြွကြွ ဖြစ်နေခဲ့ကြသည်။ ကျောင်းနှင့်အိမ်ကို စက်ဘီးတစ်စီးနှင့် လမ်းသလားနေမိသောရီသည် ခြံရှေ့တွင် ရပ်ထားသော ဆိုင်ကယ်ကို မြင်လိုက်ချိန် တွင် ပျော်ရွှင်စွာဖြင့် ပြေးဝင်လာခဲ့မိသည်။ မိုးခပ်စပ်စပ် ရွာပြီးချိန်ဖြစ်သောကြောင့် ချောနေသော မြေပြင်တွင် ရီ သည် ခြေပစ် လက်ပစ်ကို ချော်လဲလေသည်။ ကိုကိုသည် ရီကို ထူမပေးဖို့အနားကို ရောက်လာသော်လည်း ခေါင်းမဖော်နိုင်အောင် ရှက်နေသော ရီသည် ကိုကို မော့မကြည့်ရဲပေ။ ထိုသို့ အရှက်သည်းနေသည့်ကြားက မမကြီးတို့ပြောလေ့ရှိသည့် လူကြီးရှက်တော့ရယ်တယ်၊ ကလေးရှက်တော့ ငိုတယ် ဆိုသော စကားကို ပြန်အမှတ်ရလာပြီး ကိုကို့ကို ရယ်ပြရမလား၊ ငိုချလိုက်ရမလား ဝေခွဲမရဖြစ်ခဲ့ရဖူးသည်။ ထို့အတိုင်းပင် ရီသည် ကိုကိုရှေ့တွင် လူကြီးဖြစ်ချင်သကဲ့သို့ ကလေးလည်း ဖြစ်ချင်ခဲ့သည်။ ရီ့ကို ကလေးအဖြစ်သာ မြင်ခဲ့သော ကိုကိုသည် ရီ့ကို အိမ်ထောင်ဖက်အဖြစ် လက်ထပ်ခဲ့ခြင်းသည် ရီတို့ သူငယ်ချင်းတစုကြားတွင် သိပ်ပြီးတော့ ရေပန်းစားခဲ့သည်။ ရီနှင့် ကိုကိုသည် နတ်ဖက်သည့် ဖူးစာဟု သူတို့အားလုံးက သတ်မှတ်ကြသည်။ ရီ့ကို ကိုကိုက မချစ်ဘူးဟု သူတို့အားလုံးက တညီတညွှတ်တည်း ဆိုကြသည်။ သို့သော် ရီပျော်ခဲ့သည်။ ကိုကို့စိတ်သဘောထား မည်သို့ရှိသည်ဖြစ်စေ ရီ၏ ခင်ပွန်းဖြစ်လာပြီးသည့်နောက်တွင် ကိုကို့စိတ်ထဲ တွင် ရီသာ ရှိမည်ဟု ယုံကြည်လာခဲ့မိသည်။ ကြည်နူးခဲ့ရသည်။ သို့သော် အခု ရီသည် မွန်းကြပ်နေသည်။ ကိုကို့ ကို နှောင့်ဖွဲ့ခဲ့သောအကျင့်ကို သိပ်မုန်းနေတတ်သည်။ ကိုကိုနှင့် ပတ်သက်ပြီး သူမ၏ဆန္ဒ ကို ရှေ့တန်းတင်ခဲ့မိသည် ဟုလည်း မိမိ ကိုယ်ကို အပြစ်တင်နေမိတတ်သည်။ မနက်ကတော့ ကိုကို စာအုပ်များကို မွှေနှောက်ရှာဖွေရင်းက ကိုကိုနှင့် အမျိးသမီးတစ်ယောက်တို့ အတူယှဉ်တွဲပြီး ရိုက်ထားသော ဓါတ်ပုံကို တွေ့မိသည်။ ပိုးကောင်တော်တော်များကို ဖော်ပြထားသည့် စာအုပ်ထဲမှ ထွက်လာသော ပုံသည် ရီနှလုံးသားကို တဆစ်ဆစ်နှင့် ကိုက်ခဲနာကျင်သွားအောင် စွမ်းဆောင်နိုင်သည်။ ဓါတ်ပုံထဲက အမျိုးသမီး၏ ပြုံးရယ်နေပုံသည် အပူအပင်ကင်းပြီး ကိုကို့ကို ပိုင်စိုးပိုင်နင်းရှိမည့်ရုပ်မျိုးဟု ရီကောက်ချက်ဆွဲလိုက်သည်။
”မောင်သို့ . . သတိတရ” ဟု ခပ်သော့သော့လက်ရေးပါသည့် အဆိုပါပုံသည် ကိုကိုကျောင်းတက်စဉ်ကဓါတ်ပုံ ဖြစ် သော်လည်း အောက်တွင် လက်မှတ်နှင့်ပူးတွဲပါရှိသော ရက်စွဲသည် လွန်ခဲ့သော တပတ်ခန့်က ဖြစ်သည်။ ထိုပုံကိုကြည့်ရင်းနှင့် ရီသည် မျက်လုံးများ ပြာဝေလာခဲ့သည်။ ရီနောက်ကွယ်တွင် ကိုကိုဘာတွေများ လုပ်ထားသေးလဲဟု တွေးတောလျက်က ရီသည် ရင်ဘက်ထဲက အောင့်လာပြီး ထုတ်ဖော်မပြတတ်အောင် မွန်းကြပ်လာမိသည်။ ရီသည် ယခုမှသာ စောင့်မျှော်ဖူးသည် မဟုတ်။ မကြာမီ ကိုကို ပြန်လာတော့မည်. . . ။
**နှင်းနုလွင် (ဆေးဝါး)**
အာရောဂျံ၊ မတ်လ၊ ၂၀၁၃

No comments:
Post a Comment