>
ဖျက်ကနဲ သတိဝင်လာသည်နှင့် မျက်လုံးကို အသာလေး ကျွန်တော်ဖွင့်လိုက်မိသည်။ အတိတ်ဖြစ်စဉ်တွေကို ပြန်လည်ခေါ်ယူရင်း မြင်နေရသည့် မျက်နှာကျက်ကို အငေးသားကြည့်နေမိသည်။ မျက်နှာကျက်မှာ ဆိုင်းထားသည့် မီးဆိုင်းက ကျွန်တော့်အတွက် အစိမ်းသက်သက်။ ပြီးတော့ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်သင်းနံ့တစ်ခုကို နှာခေါင်းထဲမှာ ရလိုက်မိတော့ ထိတ်ကနဲ ဖြစ်သွားသည်။ ကျွန်တော်ဟာ ကုတင်တစ်လုံးအပေါ်မှာ လှဲလျောင်းနေတာပါလား...။ ဖြည်းဖြည်းချင်း ခေါင်းကိုစောင်းကာ ဘေးကိုလှည့်ကြည့်လိုက်တော့... ဘုရား.. ဘုရား...။ ခေါင်းတွေ မိုက်ကနဲ ဖြစ်သွားသည်...။
မိန်းကလေးတစ်ဦး....။ နှစ်ခြိုက်စွာ အိပ်ပျော်နေပါ၏။ ဘာတွေများဖြစ်ခဲ့တာပါလိမ့်...။ ညအိပ်ဝတ်စုံ ဖရိုဖရဲဖြင့် အိပ်မောကျနေသော ထိုမိန်းကလေးကို ကျွန်တော်ရင်းနှီးနေသလိုလို...။ စဉ်းစားစမ်း... ၀သန်ဦး...။ ဘာတွေဖြစ်ခဲ့တာလဲ.. အမြန်စဉ်းစားစမ်း...။ သူ.. သူ.. မေ ပါလား...။ ကျွန်တော်အရမ်းကို တွယ်တာမြတ်နိုးသော မေ ပါလား...။ ဟာ... မေ့အခန်းထဲ ကျွန်တော်ဘယ်လိုရောက်နေတာလဲ...။ ပြီးတော့.. မေနဲ့.. ဘယ်လိုလုပ်... ဟာ... ဒုက္ခပါပဲဗျာ...။ အရက်မူးလွန်ပြီးတော့များ... ဟာ.. မဖြစ်နိုင်တာ..။ ကျွန်တော်မှ အရက်မကြိုက်...။ ဒါမှ မဟုတ် မေရုတ်တရက် နေမကောင်းဖြစ်ပြီးတော့များ သူ့အခန်းထဲ လိုက်ပို့ရင်းနဲ့ အိပ်ပျော်သွားတာလား...။ ဒါလည်း မဖြစ်နိုင်.. မေ့မျက်နှာလေးက နေမကောင်းသည့်ပုံမပေါ်.. ပြီးတော့ မေ့ကို ကျွန်တော်အရမ်းချစ်ပေမယ့် ဖွင့်လည်းမပြောရဲသေး...။ ဒါမှမဟုတ်.... တစ်ယောက်ယောက်က ကျွန်တော့်ကို ဆေးတိုက်ပြီးများ ချောက်ချသလား...။ ဟာ... ကျွန်တော့်မှာ အဲလို ရန်သူလည်းမရှိပါဘူး...။
မေကတော့ ကပိုကရိုလေး အိပ်မောကျနေသည်...။ ဒုက္ခပါပဲ... ဘာတွေများဖြစ်ခဲ့ပါလိမ့်...။ မတော် ဒီအချိန်မှာ မေအိပ်ရာနိုးလာရင်တော့ ပါးပဲရိုက်ခံရမလား၊ အချုပ်ပဲကျမလား...။ အရေးထဲ ခေါင်းထဲက ဘာမှ စဉ်းစားလို့မရ...။ စဉ်းစားလို့ရသည် မရသည်အပထား...။ လောလောဆယ် မေအိပ်နေတုန်း ဒီအခန်းထဲက အမြန်လစ်မှ ဖြစ်မည်...။ ကျွန်တော်တိတ်တိတ်ကလေး အိပ်ရာပေါ်မှ ထဖို့ကြိုးစားကြည့်သည်...။ တုပ်တုပ်မှ လှုပ်မရ....။ ဟာ... ဘယ်လိုဖြစ်တာတုန်း...။ အိပ်မက်များ မက်သလား..။ ကိုယ့်အသားကိုယ် ပြန်ဆိတ်ကြည့်တော့လည်း နာသည်...။ အိပ်မက်ထဲမှာ အသားနာတတ်သလား...။ သေချာတာက ဆက်စဉ်းစားလျှင် ရူးတော့မည်...။
ရုတ်တရက် မေ့ဆီမှ သက်ပြင်းချသံ တိုးတိုးလေးကြားရပြီး တစ်ဖက်သို့ စောင်းလှည့်သွားသည်...။ မေ့ နောက်ပိုင်းအလှကို ယောင်တောင်ပေါင်တောင် လိုက်ငေးနေမိရင်း အမြန်အကြည့်လွှဲလိုက်ရသည်။ ဘုရားသခင်.. ကယ်တော်မူပါ...။ အိပ်မက်ဆိုလျှင်လည်း အမြန်နိုးပါတော့...။ ဘီလူးများ စီးသလား...။ တောင်တွေးမြောက်တွေးဖြင့် ကျွန်တော့်ချွေးစီးတွ ထွက်လာသည်...။ အိပ်ရာပေါ်မှ ဘယ်လိုရုန်းထထ မအောင်မြင်...။ ရုတ်တရက် အသံလေးတစ်သံ တိုးတိုးလေး ညနက်နက်မှာ ထွက်ပေါ်၍ လာလေသည်...။
`ဘူ~~~~~~`
ဒီအသံကို ရင်းနှီးပေမယ့် နှာခေါင်းထဲက ရလိုက်သည့် အနံ့ကတော့ လောကတစ်ခုလုံးကို မေ့သွားစေလောက်သည်။ အိပ်နေရင်းနှင့် မေလေလည်လိုက်ခြင်းပါ...။ ပြီးတော့ ဒီဘက်ကိုလှည့်ပြီး လည်လိုက်သည့်အတွက် လေကြောသင့်ရာမှာ ကျွန်တော့်နှာခေါင်းသာဖြစ်သည်...။ နှာခေါင်းကို လက်ဖြင့်ပိတ်ဖို့ပြင်ပေမယ့် လက်က လှုပ်မရ...။ ဒီလိုနှင့် ပေါက်သည့်နဖူးပြဲပြဲ... ရသည့်အနံ့ကိုသာ အ၀ရှူလိုက်ရပေတော့သည်...။ ကျွန်တော်လည်း ရုန်းမရ ကန်မရသည့်အဆုံး လက်ပန်းကျကာ ဖြစ်ချင်ရာဖြစ်ဆိုပြီး ပက်လက်ကလေး မေ့ဘေးမှာ အိပ်လိုက်မိလေတော့သည်။ ဒါပေမယ့် ကျွန်တော့် မျက်နှာနားကပ်ကာ ဟောက်လိုက်သည့်အသံကြောင့် ခဏခဏလန့်နိုးနေမိသည်...။ ပြီးတော့ အိပ်နေရင်း ပါးစပ်က ဟစိဟစိဖြစ်ကာ အနံအဟောင်အပုပ်အားလုံး အပြင်သို့ထွက်လာသည်...။ ထွက်လာသမျှ အနံ့တို့ကား လှုပ်မရသည့် ကျွန်တော့်နှာခေါင်းတွင်းသို့သာ စုပြုံဝင်ရောက်လာသဖြင့် ကျွန်တော့်မှာ အရှင်လတ်လတ် မစင်ပုပ်ငရဲများရောက်နေသလားဟု ထင်နေမိသည်...။ ဒီလိုနှင့် စိတ်ညစ်ရင်းညစ်ရင်းဖြင့် မှေးကနဲ အိပ်ပျော်သွာတော့သည်။
`ကလင်..ကလင်..ကလင်...`
ဆူညံလွန်းလှသည့် နှိုးစက်ကြောင့် ကျွန်တော်လန့်နိုးလာသည်...။ နံဘေးမှ မေလည်း လူးလွံ့လာကာ နှိုးစက်ကို လှမ်းပိတ်လိုက်ပြီး အကြောဆံ့နေလေသည်...။ အကြောအမျှင်တို့ကို အားပါးတရဆံ့ရင်း အတွင်းအားများကာ တဘူဘူနှင့် ဖြစ်နေလေတော့သည်...။ အခုအချိန်မှာ ဘယ်လိုမျှ လေလည်ခြင်းကို စိတ်မရောက်နိုင်...။ မေနိုးလာပြီး ကျွန်တော့်ကို တွေ့သွားမှာသာစိုးရွံ့စွာ ကြောက်ဒူးတုန်နေမိတော့သည်။
ထူးခြားသည်က ကျွန်တော်ဒီကုတင်ပေါ်မှာ အိပ်နေသည်ကို မေသိဟန်မတူ...။ အိပ်ရာပေါ်မှ ထထိုင်ပြီး ဆံပင်စည်းကာ ရေချိုးခန်းထဲသို့ထွက်သွားရန်ပြန်လေသည်...။ ခက်တာက မေသွားရာနောက်သို့ ကျွန်တော်တရွတ်တိုက် ပါသွားခြင်းပင်...။ သြော်... ခုနက ထမရတာ မေက အိပ်ရာပေါ်အိပ်နေလို့ကိုး...။ ဟင်... ဒါဆို ကျွန်တော့်ကို မေက မြင်နိုင်ခြင်းရှိဟန်မတူ....။ ဒါဆို ကျွန်တော်ကဘာလဲ...။ သရဲလား...။ ဟာ.. ကျွန်တော်ဘယ်တုန်းက သေသွားတာလဲ...။ `အမေရေ... သားကိုကယ်ပါဦး...` ဟုသာ အော်ဟစ်ပြီး ငိုနေမိတော့သည်...။ ကိုယ့်ဘာသာကိုယ်လည်း ငြိမ်ငြိမ်မနေရ...။ မေသွားရာ အခန်းအနှံ့ ဒီလိုပဲ လိုက်ပါနေတော့သည်...။ မေနောက်ဆုံးသွားသည့် နေရာကိုမြင်တော့ ကျွန်တော်မျက်လုံးပြူသွားသည်...။ ရေချိုးခန်းနှင့်အိမ်သာ...။
မေနှင့်ဆန့်ကျင်ဘက် လှည့်ပြေးဖို့ ကြိုးစားသည်..။ မရ...။ မေသွားရာနောက်သာ အလိုလိုပါသွားတော့သည်...။ မေကတော့ ရေချိုးခန်းတံခါးပိတ်ကာ တစ်ခုပြီးတစ်ခု ချွတ်ချနေတော့သည်..။ `ဟေ့.. ဟေ့.. မလုပ်နဲ့လေ..။ ငါရှိတယ်ဟ...။ မေရေ... ငါနင့်ဘေးမှာဟ...` ကျွန်တော်အော်နေပေမယ့် မေကတော့ကြားဟန်မတူ...။ ပြီးတော့ ဘိုထိုင်ပေါ်ထိုင်ချလိုက်ရင်း..... `ဗရွတ်... ရွတ်ရွတ်..` ဟု အသံတွေမြည်အောင် အလေးစွန့်နေလေတော့သည်...။ ကျွန်တော့်ခေါင်းကို ပြန်ပြန်ထုမိရင်း စိတ်ဆင်းရဲနေမိသည်...။ ဘယ်လောက်တောင်စားထားသလဲမသိ...။ နံလိုက်တာ...။ ပြီးတော့ ရေကို ဇိမ်ပြေနပြေချိုးနေသည်ကိုလည်း နဘေးမှ ငုတ်တုတ်ထိုင်စောင့်နေရသည်...။ ဒီအချိန်မှာ စိတ်ညစ်တာကလွှဲလျှင် ဘာကိုမှမသိတော့....။
မေရေချိုးပြီးသွားမှ ကျွန်တော်စိတ်ချမ်းသာမိတော့သည်...။ ပြီးတော့ အလှပြင်သည်...။ အစွမ်းကုန် ခြယ်သသည်...။ အလှဆုံး ၀တ်စုံလေးကို ၀တ်ဆင်သည်...။ ဒီလိုဆိုတော့လည်း ကျွန်တော်တိတ်တခိုး မြတ်နိုးနေရသည့် ချစ်စရာအလွန်ကောင်းသော မေ ဖြစ်သွားပြန်သည်....။ အားလုံးပြင်ဆင်ပြီးတော့ မေအပြင်ထွက်ဖို့ အိမ်ရှေ့တံခါးကို ဖွင့်လိုက်သည်...။ စူးကနဲ ၀င်လာသည့် နေရောင်ကြောင့် ကျွန်တော် မျက်လုံးကို မှိတ်လိုက်မိသည်...။ ရုတ်တရက် တစုံတခုသော ယန္တရားက ကျွန်တော့်ကို မွေ့ကာ ခေါ်ဆောင်သွားသလိုခံစားလိုက်ရသည်...။ ကျွန်တော်ကြောက်အားလန့်အားဖြင့် အော်ဟစ်ရင်း လိုက်ပါသွားတော့သည်....။
`အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး`
အစွမ်းကုန် အော်ဟစ်မိပြီး ကျွန်တော်လန့်နိုးလာသည်။ ဘေးနားမှာ စိုးရိမ်တကြီး ၀ိုင်းစောင့်နေကြသော မိသားစုဝင်တွေ...။ ပြီးတော့ ဆေးရုံမျက်နှာကျက်ဖြူဖြူ...။ ဘယ်ရော၊ ညာရော ချိတ်ထားရသည့် ပုလင်းကြီး...။ ခေါင်းတစ်ခုလုံး ပေါင်တခြမ်းလုံး စည်းထားရသည့် ပတ်တီးများ...။ သြော်.. မနေ့ညက အလုပ်အပြီး ကားမောင်းကာ အိမ်အပြန် သစ်လုံးကားနှင့် ၀င်တိုက်မိတာပဲ....။ ကျွန်တော်ကတော့ သတိလစ်ကာ ၀ိညဉ်အဖြစ်နှင့် ကျွန်တော်စွဲလမ်းရာ မေ့ဆီကို ရောက်သွားခဲ့တာပဲ...။ ပြန်လည်ရရှိလာသည့် အသိတရားကြားထဲမှာ ကျွန်တော်ငြိမ်သက်စွာ တွေးနေမိသည်....။
ဒီအချိန်မှာသာ ကျွန်တော်တကယ်သေခဲ့မယ်ဆိုရင် လားရာဟာ မေ့ကိုစွဲလမ်းနေသည့် တစ္ဆေသာဖြစ်သည်။ မေ သိပ်လှပါသည်။ ကျွန်တော့်နှလုံးသားထဲမှာ စွဲလန်းချစ်ခင်လွန်းရသော တစ်ဦးတည်းသော ချစ်သူလည်းဖြစ်သည်...။ ပြီးတော့ မေ ဟာ အလွန်သန့်ရှင်းသည်...။ မနက်အိပ်ရာထ၊ ညအိပ်ရာဝင်ခါနီးအထိ သွားကိုအမြဲတိုက်တတ်ပြီး ထမင်းစားပြီးတိုင်းလည်း ခံတွင်းသန့်ဆေးငုံလေ့ရှိသည်..။ ဒီလောက် သန့်ရှင်းသည့် မေ့ပါးစပ်ထဲက အိပ်လိုက်သည့် တခဏအတွင်းမှာပဲ အပုပ်နံ့တွေ လှိုင်လှိုင်ထွက်လာသည်...။
မေလေလည်လိုက်တိုင်းလည်း ကိုယ်ခန္ဓာအတွင်းမှ အပုပ်အအီတွေ ထွက်လာသည်။ ဒါဆို ဒီလှပလွန်းတဲ့ ခန္ဓာကိုယ်ရဲ့ သဘောတရားဟာ ဘာလဲ....။ လူတွေဟာ အပုပ်ကောင်ကို သရုပ်ဆောင်နေတာပါလို့ ဘယ်သူတွေ ဘယ်စာမှာရေးရေး.. ကျွန်တော်အပါအ၀င် အတော်များများက ဂရုမပြုခဲ့မိပါ...။
ကျွန်တော့်ကိုယ်ခန္ဓာအကြောင်းလည်း ကျွန်တော်အသိဆုံးပင်...။ လူတိုင်းလူတိုင်းမှာကော....။ သတ္တ၀ါတွေထဲမှာ အသိဥာဏ်အမြင့်ဆုံးသော လူသားဘ၀ကို ကျွန်တော်အခုရရှိပိုင်ဆိုင်နေသည်။ ဒါပေမယ့် ကျွန်တော်ပျော်မွေ့နေသည်က တိရစ္ဆာန်နှင့်မခြား စားခြင်း၊ အိပ်ခြင်း၊ တဏှာရာဂမက်မောခြင်း စသည့် အရာများကိုသာ မွေ့လျော်နေမိသည်။ လူဆိုသည့် သတ္တ၀ါတွေသာ ပြုကျင့်နိုင်သော အရာတွေကို ကျွန်တော်မေ့လျော့နေခဲ့သည်။ လူ့ဘ၀ရဲ့ တန်ဖိုးကို မေ့နေခဲ့သည်။
နောက်ပိုင်းမှာတော့ မေ့ကို ကျွန်တော်လက်ထပ်ခဲ့သည်...။ မိန်းမပျိုတစ်ယောက်ရဲ့ အရာအားလုံးကို သိမြင်ခွင့်ရခဲ့သော ကျွန်တော့်အဖို့ သူမကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိသည်...။ မေနဲ့ အတူတူ သာယာချမ်းမြေ့တဲ့ ဘ၀ကိုတည်ထောင်ဖို့သာမက၊ ကျန်ရှိနေသေးတဲ့ ကျွန်တော့်ဘ၀အချိန်တွေကို ဘယ်လိုမျိုးသောအရာတွေမှာ အကျိုးရှိရှိအသုံးချမလဲဆိုတာကို အစီအစဉ်တွေ ရေးဆွဲနေမိတော့သည်။
ခင်မင်လေးစားလျက်
**Nay Wathan**

Thursday, March 28, 2013
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment