ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, March 20, 2013

>
-မျဉ်းကြား နှင့် ယာဉ်မောင်းများ -
မျဉ်းကြား..။ မျဉ်းကြားကို လမ်းမကြီးတိုင်းတွင် တွေ့နိုင်သည်။ ထိုမျဉ်းကြားတို့၏ အဝိပ္ဗါယ်သည် မည်ကဲ့သို့ ရှိသည်ကို ကလေး၊ လူကြီး မဟူ သိတတ်သည့် အရွယ်မှစ၍ သိရှိကြပြီးဖြစ်သည်။ အနက်ရောင် လမ်းမကြီးများတွင် အဖြူရောင်မျဉ်းများကို ကန်လန့်ဖြတ်၍ ရေးဆွဲထားသော မျဉ်းများတွင် အနက်အဓိပ္ဗါယ်များ၊ စည်းမျဉ်းများ၊ ဥပဒေသများ ရှိပြီးဖြစ်သည်။ လှပစေရန်၊ ကြည့်ကောင်းစေရန် အချိန်ကုန်ခံ၊ ဘဏ္ဏာငွေ အကုန်ခံ၍ ဆွဲထားခြင်းမျိုး မဟုတ်သည်မှာ သေချာလှပါသည်။ မျဉ်းကြားသည် လုပ်သားပြည်သူတို့ လမ်းဖြတ်ကူးရာတွင် ယာဉ်တိုက်ခြင်းအန္တရယ်မှ ကင်းရှင်းစေရန် အဓိကအားဖြင့် ရည်ရွယ်ထားပါသည်။ နိုင်ငံတကာတွင်လည်း မျဉ်းကြားပေါင်း မြောက်များစွာ ရှိသည်။ အဖြူ၊ အဝါ စသည်ဖြင့် အရောင်များသာ ကွဲပြားသွားသော်လည်း အဓိပ္ဗါယ်မှာ အတူတူပင်ဖြစ်ပါသည်။ မျဉ်းကြားမှ လမ်းဖြတ်ကူးသူကို ယာဉ်မောင်းက ဦးစားပေးရသည်။ လမ်းဖြတ်ကူးသူကို ဆဲဆိုရန် အခွင့် မရှိပါ။ ထို့အပြင် မျဉ်းကြားမျ လမ်းဖြတ်ကူးလာသူနှင့် ပြိုင်၍ လမ်းလုကာ မောင်းနှင့်ခွင့်လည်း မရှိပါ။ ကျွန်မ ရောက်ရှိနေသော နိုင်ငံမှ ယဉ်မောင်းသောသူတို့၏ ယဉ်မောင်းခွင့် ကဒ်ပြားတွင် အမှတ် ၁၂ မှတ်ပါရှိပြီးဖြစ်သည်။ မျဉ်းကြားတွင် လူဖြတ်ကူးနေစဉ် ရပ်တန့်ကာ မစောင့်ဆိုင်းဘဲ လု၍ မောင်းနှင်လျှင် ယာဉ်မောင်းလိုင်စင်မှ ရှိနေပြီးသော အနှတ် ၁၂ မှတ်ထဲမှ ၁ မှတ်ကို နုတ်ယူသည်။ ထို ၁မှတ်သည် ပြန်လည်း ရရှိရန် နှစ်နှစ်တိတိ စောင့်ဆိုင်းရသည်။ ထို့အပြင် စည်းကမ်းဖောက်ဖျက်မှုဖြင့် ဒဏ်ငွေ AU$150 ကိုလည်း ပေးဆောင်ရသည်။ ထို့ကြောင့် မျဉ်းကြားမှ လမ်းဖြတ်သူးနေသော သူတို့ကို တွေ့ရှိလျှင် ယာဉ်မောင်းတို့သည် သူတို့အား ဦးစားပေးကာ သွားစေသည်။ လမ်းမထက်မှ စာသားမဲ့ စည်းမျဉ်းကို လိုက်နာပါများသောအခါ လူတို့သည် နောင်တွင် စည်းကမ်းစည်းမျဉ်းအဖြစ် မမြင်ကြတော့ဘဲ မိမိ၏ ပင်ကိုယ်အသိစိတ်ဖြင့် ရပ်တန့်ပေးလာ ခဲ့ကြသည်။

ဤသည်မှာ ကောင်းမွန်သော အချင်းအရာတစ်ခု မဟုတ်ပါသလော။ ကျွန်မတို့မြန်မာနိုင်ငံတွင်မူ ယဉ်မောင်းသူတို့သည် လူကူးမျဉ်းကြားမှ လမ်းဖြတ်ကူးသူတို့ကို ဦးစားပေးရမည့်အစား ဆဲဆို၍ပင် သွားကြသေးသည်။ မျဉ်းကြားမှ လမ်းဖြတ်ကူးရန် ကိုပင် ဖြတ်သွားနေသော ယာဉ်တို့ကို ရှင်းသည်အထိ စောင့်ဆိုင်း ရသည်။ အကယ်၍များ ထိုနေရာတွင် ယာဉ်ထိန်းရဲ ရှိလျှင်မူ ရပ်တန့်ပေးကြသည်။ စင်စစ်တွင်မူ ထိုအကြောင်းအရာသည် လူလူချင်း လေးစားသမှုမရှိခြင်းဟု မြင်မိပါသည်။ ကားစီးနိုင်သော သူများ၊ ကားမောင်းခွင့်ရသော သူများသည် အခွင့်ထူးခံ လူတန်းစာများ မဟုတ်သကဲ့သို့ လမ်းလျောက်နေသော သူတို့မှာလည်း အထင်သေးစရာ လူများ မဟုတ်ကြပါ။ ထို့အပြင် အချို့သော အနှေးယာဉ်များသည် မဝင်ရဆိုသော လမ်းများကို ဝင်ခြင်း၊ လမ်းကို ပြောင်းပြန်သွားခြင်းများကိုလည်း ပြုလေ့ရှိကြသည်။ ထိုကဲ့သို့ စည်းကမ်းဖောက်ဖျက်၍ သွားခြင်းကြောင့် ပိုထွက်လာသော အချိန် ၅မိနစ် မျှသည် မိမိတို့၏ တန်ဖိုး မည်၍မည်မျှ ကျဆင်းသွားစေသည်ကို စဉ်းစားကြည့်ကြမည် မထင်ပါ။ ယာဉ်မောင်းသော သူများသည် လမ်းစည်းကမ်းများကို မသိနားမလည် သောကြောင့် မလိုက်နာခြင်းလော၊ မလိုက်နာလို၍ မလိုက်နာခြင်းလော ဆိုသည်ကို မိမိကိုယ်မှ တစ်ပါး အခြားသူတို့ မသိနိုင်ပါ။ “စည်းကမ်းသည် လူ၏ တန်ဖိုးဖြစ်သည်” ၊ “စည်ကမ်းရှိမှ တိုးတက်မည်” ဟုသော ဆောင်ပုဒ်များကို နေရာတိုင်းတွင် မြင်တွေ့နေရပါသည်။ ထိုစာလုံးများသည် ဤနိုင်ငံတွင် နေထိုင်ကြသော ကျွန်မတို့ ပြည်သူလူထုများ လိုက်နာစေလိုသောကြောင့် ရေးသား ထားသော စာလုံးများ ဖြစ်သည်ကို သံသဖြစ်စရာ မရှိပါ။ တစ်ဦးတစ်ယောက်ချင်းစီ၏ စည်းကမ်းလိုက်နာမှုသည် မိမိတို့နေထိုင်သော နိုင်ငံကို ရှေ့သို့ရောက်အောင် ဦးတည် နေသည်နှုင့်တူပါသည်။ ကျွန်မတို့သည် မြင့်မားသော လူနေမှုတွင် ရှိနေသည်လား၊ နိမ့်ကျသည့်လူနေမှုတွင် ရှိနေသည်လား ဆိုသည်မှာ အခြားမည်သူနှင့်မျှ အငြင်းပွားရန် မလိုပါ။ မိမိကိုယ် မိမိ စည်းကမ်းမည်မျှရှိ၍ စည်းကမ်းမည်မျှ လိုက်နာသနည်းကို ကြည့်ကာ အဖြေထုတ်နိုင်ပါသည်။

ဤသို့ ထင်သာမြင်သာသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကလေးကိုမျှ မလိုက်နာနိုင်လျှင် မမြင်နိုင်သော၊ မိမိအသိစိတ်ဖြင့် သိရှိရမည့်ဖြစ်သော လူမှုရေး စည်းကမ်းများ၊ စည်းပွားရေး စည်းကမ်းများ၊ ဘာသာရေး စည်းကမ်းများ ဆိုလျှင် စောင့်စည်းနိုင်ရန်၊ လိုက်နာနိုင်ရန် ပို၍ ခက်ခဲပေလိမ့်မည်။ အကွပ်ရှိသောဖျာသည် မယိမ်းမယိုင်နှင့် လွယ်လင့်တကူ မပျက်စီးနိုင်သကဲ့သို့ ကျွန်မတို့ နေထိုင်ကျင်လည်သော နေရာများတွင် စည်းမျဉ်းစည်းကမ်းများကို အကွပ်ကဲ့သို့ ထားရှိနေနိုင်မည်ဆိုလျှင် ကျွန်မတို့၏ စိတ်ဓါတ်များသည် လွယ်လင့်တကူ မယိမ်းယိုင် နိုင်ဘဲ အောင်မြင်သော လှပသော အနာဂတ်ကာလများကို နောင်လာနောက်သားများ အတွက် ဖန်တီးနိုင်မည်မှာ ဧကန်ပင်ဖြစ်ပါသည်။ ချမှတ်ထားသော စည်းကမ်းများသည် လိုက်နာရန် မခက်ခဲပါ။ လိုက်နာလိုစိတ် ရှိရန်သာ လိုပါသည်။

**ပျိုးယုဝသုန်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)