ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, March 29, 2013

- လူပျိုကြီးတစ်ယောက် ပျောက်ဆုံးခြင်း-

>
လူပျိုကြီးတစ်ယောက် ရုပ်ရှင်ရုံထဲရောက်နေသည်။ သူ့နဘေးမှာက အသစ်စက်စက် ချစ်သူလေး။ လက်ဖ၀ါးလေးတွေ အးစက်နေအောင်ကို ကြောက်နေရှာ၏။ “မကြောက်ပါနဲ့ ကလေးရယ်.. မင်းရဲ့ဘေးမှာ ကိုကို တစ်ယောက်လုံးရှိနေပြီပဲ” ဟု စိတ်ထဲက ရေရွတ်လိုက်သည်။ သူသာ ပါးစပ်က ထုတ်ပြောလျှင်တော့ “အဲဒီ ကိုကို ကိုပဲ သူများက ကြောက်နေတာ” ...ဟု ပြန်ပြောမည်လားဟုတွေးရင်း လူပျိုကြီးမျက်နှာ ပြုံးစိစိတောင်ဖြစ်သွားသည်။ ရုပ်ရှင်ဇာတ်ကား မစသေးခင်ဆိုတော့ ရုံထဲမှာ ပွစိပွစိအသံတွေနှင့် ဆူညံပွက်လောရိုက်နေ၏။ အဆိုးဆုံးက သူတို့အတွဲ၏ ခုံရှေ့မှ ချစ်သူလေး၏ အစ်မ အပျိုကြီးသုံးယောက်ဖြစ်သည်။ ပေါက်ပေါက်ဆုပ်တစ်ထုတ်ကို သုံးယောက်မျှစားရင်း မကြာခင်က ယောကျာ်းနှင့် ကွဲသွားသော မင်းသမီးကို ပေါက်ပေါက်ဖောက်သလို အတင်းတုပ်နေလေတော့၏။ နေပါ့စေ။ ဒါက လူပျိုကြီး အလုပ်မဟုတ်။ လူပျိုကြီးအလုပ်က ရုပ်ရှင်စလျှင် ချစ်သူလေးနှင့် ၀ိုးတိုးဝါးတားရင်ခုန်မိန်းမူးဖွယ်လေးများ ဖန်တီးရန်သာဖြစ်သည်။ ရဲဆေးအဖြစ် သူငယ်ချင်းများ မြောက်ပင့်ပြီး တိုက်လိုက်သော ဘီယာနှစ်ခွက်နှင့် ရမ်နှစ်ပတ်က နည်းများနည်းသွားပြီလား။ သိပ်မကြာခင် ရောက်လာတော့မည့် ရင်ခုန်စရာအဖြစ်အပျက်များအတွက် လူပျိုကြီး၏ သွေးတို့ ဆူပွက်လာလေသည်။

 ********************************************
တကယ်တော့ လူပျိုကြီးက ဒီမြို့မှာ နည်းနည်းတော့ ရှုပ်သည်။ လူပျိုကြီးဖြစ်ချင်လွန်းလို့ ဖြစ်နေရတာမဟုတ်။ လူပျိုကြီး မလုပ်ချင်သော်လည်း အရိုးများသလေး..ချီးခါးသလေး ရွေးနေရသောကြောင့် အိမ်ထောင်ပြုနောက်ကျနေခြင်းဖြစ်၏။ မယူသော် အများကြီးရ၏ ..ဟူသော လူပျိုကြီးတို့ လက်သုံးစကားကို ပါးပါးနပ်နပ်အသုံးချတတ်သူဖြစ်သည်။ အိမ်ထောင်ပင်မပြုလင့်ကစား.. ဟိုနားဝယ်စား..ဒီနားဝယ်စားဖြင့် ရရစ်ဖြင့် ပြိုထားသော လူပြိုကြီးဆိုတာ သူနှင့်နီးစပ်သူများကတော့ ကောင်းကောင်းကြီးသိထားကြပါသည်။ ယခုတော့ .. အဲဒီလို သောင်တင်ရေမကျအဖြစ်မျိုးကို လူပျိုကြီး အဆုံးသတ်တော့မည်။ ရှားရှားပါးပါး ရထားသော ချစ်သူလေးက မဒီ၊ ကိန္နရီ၊ မဒီ၊ သမ္ဘူလ မမီတောင် မယ်လိုဒီလောက်နှင့်တော့ သူမသာ ကိုယ်အသုဘအဆင့်မှာရှိသည် မဟုတ်ပါလား။ နုနု.. ရွရွ... လှလှ...ပပနှင့် .. ခေတ်ရှေ့မှာ ကြွကြွထထ ဖြစ်နေသော ခေတ်ရဲ့ သမီးပျိုလေး။ ကံကောင်းလွန်းလို သူနှင့် ဆုံဆည်းရခြင်းဟု မြားနတ်မောင်ကိုလည်း ကျေးဇူးတင်ရသေးသည်။ သစ်ပွဲစားဆိုတော့ ဓနဂုဏ်လေးကလည်း အသင့်အတင့်ရှိထားသည်။ ငိုစားရယ်စား ဆွေမျိုးများလည်း မရှိသော တစ်ကောင်ကြွက် လူပျိုကြီးဆိုတော့ ငွေကိုရေလို သုံးနိုင်သည့် အဆင့်မဟုတ်တောင် ကြုံရင် ကြုံသလို သုံးနိုင်ဖြုန်းနိုင်သူဖြစ်၏။ ဒီလို အနေအထားမှာ လူလတ်တန်းစား မရှိမရှားချစ်သူလေးကို ချဉ်းကပ်ရတာ သိပ်တော့ အခက်ကြီးမဟုတ်လှပါ။ လိုချင်တာ ပူဆာစရာမလိုအောင် ဖြည့်တင်းပေးရင်း ခြောက်လတင်းတင်းပြည့်သောနေ့မှာပင် အဖြေရခဲ့ခြင်းဖြစ်၏။ အင်းလေ.... လိုချင်တာ ပူဆာတယ်ဆိုတာ.. သူ့အစ်မ သုံးယောက်စာကိုပါ ထည့်တွက်ရတာတော့ ရှိတာပေါ့။ ချစ်သူလေးက သူ့အစ်မ သုံးယောက်ကို သိပ်ချစ်သည်။ လူပျိုကြီးဆီက ပစ္စည်းတစ်ခုခု ရမည်ဆိုလျှင် အစ်မ သုံးယောက်စာပါ ပါ မပါ အရင်မေးသည်။ တစ်ယောက်စာဆို သူမယူ။ ထို့ကြောင့် လူပျိုကြီးခမြာ ချစ်သူလေးကို လက်ဆောင်ဝယ်ပေးချင်သည့်အခါ သူမအပါအ၀င် လေးယောက်စာဖြတ်ပိုင်း ဖြတ်ရသည်သာများသည်။ သို့သော်ငြား.... ဒီလိုကိစ္စများမှာတော့ လူပျိုကြီးကား သည်းခံနိုင်စွမ်းအပြည့်။ စိတ်တူ သဘောတူ ကြည်ကြည်ဖြူဖြူ ၀ယ်ပေးရှာသည်။ အစ်မကြီးသုံးယောက်ကို လာဘ်ထိုးရခြင်းကိုလဲ တန်သည် မတန်သည် မစဉ်းစားအား။ တကယ်တော့ ဒီအပျိုကြီး သုံးယောက်၏ ကျေးဇူးကလည်း သူ့အပေါ်အများသားမဟုတ်လား။ ချစ်သူလေး၏ မေတ္တာကို မြန်မြန်ဆန်ဆန် ရခဲ့ခြင်းမှာ ဒီအစ်မသုံးယောက်ကလည်း ၀ိုင်းပြီး လှော်ကြ.. ကျော်ကြလို့သာ ဖြစ်ကြောင်း သူကောင်းကောင်းကြီး သိထားလေသည်။ ဒီလိုနဲ့...
ချစ်သူလေးဆီက အဖြေရသော နေ့မှာပင် ..အစ်မကြီးသုံးယောက်က မေးသည်။ သူ့တို့အောင်သွယ်ပေးလို့ ညီမလေးက မြန်မြန်အဖြေပြန်ပေးတာ.. ဘာကျွေးမှာလဲဟု မေးခြင်းဖြစ်၏။ စားချင်တာ အ၀စား.. ကျွေးရမည်သာ ဖြစ်ပါသည်။ အစ်မကြီးသုံးယောက်က .. ကျွေးယုံနှင့် မရ။ ရုပ်ရှင်ပါ ပြရမည်ဟု ထပ်ပြီး အကြပ်ကိုင်ပြန်သည်။ အို.. ရေငတ်တုန်း ရေတွင်းထဲကျ။ ပြဆိုတော့လည်း ပြရမှာပေါ့။ စားရကံကြုံလို့ မုတ်ဆိတ်ပျားဆွဲတာ မဟုတ်ဘူး။ သွားရကံပါလို့ အပျိုကြီးမမတွေက ဂွင်ဆင်ပေးတာ မဟုတ်လား။ လူပျိုကြီးအကြိုက်ပေါ့လေ။ မရီးလောင်းတွေ .. ရုပ်ရှင်ပြရင်း.. ဇနီးလောင်းလေးကို ကောင်းကောင်း အဟီး ရမှာမို့လား။

ဒီလိုနဲ့ပဲ ရုပ်ရှင်ရုံထဲ ရောက်လာခဲ့ခြင်းဖြစ်လေသည်။ မရီးလောင်းတွေလည်း ပါမှဆိုတော့ ခုံနေရာကိုတော့ အကြံအဖန် ဘွက်ကင်လုပ်ရတာပေါ့လေ။ နောက်ဆုံးတန်းမှာ သူတို့အတွက် နှစ်ယောက်စာခုံ။ သူ့တို့ရှေ့တည့်တည့် အတန်းမှာမှ မရီးသုံးယောက်အတွက် သုံးယောက်စာခုံ။ ရှေ့နှင့်နောက်ဆိုပေမယ့် ကပ်လျက်ဆိုတော့ အစ်မကြီးတွေကလည်း ဘာမှ မပြော။ ရှိစေတော့။ ဒီလောက်ကတော့ လိုက်လျောရမည်ပေါ့ဟု တွေးပုံရသည်။ မင်္ဂလာဆောင်တဲ့နေ့ရောက်ရင် မရီးလောင်းတွေကို ထိုင်လို့တောင် ကန်တော့ဦးမှာဟု လူပျိုကြီးကတွေးလိုက်သေးသည်။ သူ့အနာဂါတ်က သာယာလွန်းလှသည်။ လူပျိုကြီးတော့ ကြမ္မာကံပေး..အိုရသေးပေါ့။ အခုတော့ ရုပ်ရှင်ရုံထဲမှာ... ချစ်သူလေး၏ ခန္ဒာဗေဒကို ခွဲခြမ်းစိတ်ဖြာဖို့သာ စိတ်ရောက်နေလေသည်။ ဇာတ်ကားစတော့ အားလုံးထပြီး နိုင်ငံတော်ကို အလေးပြုကြ၏။ ရှေ့က အစ်မသုံးယောက်က ရုပ်ရှင်စာတမ်းထိုးချိန်အထိ ပွစိပွစိလုပ်ကြတုန်းရှိသေးသည်။ ပိတ်ကားမှာ ဇာတ်ရုပ်တွေ သရုပ်ဆောင်ကြတော့ အားလုံးခေါင်းမော့ပြီး မြောသွား၏။ ဇာတ်ကားက နာမည်ကြီးလို့ ရုံပြည့်လုနီးနီးလူတွေ အသံကို တိတ်လို့ နေသည်။ အဲ.. အဲဒီထဲမှာ လူပျိုကြီးတော့ မပါပါလေ။ လူပျိုကြီးက မြန်မာကားတွေ ကြိုက်တာမှ မဟုတ်ပဲ။ ချစ်သူလေး လက်ကိုဆွဲပြီး ရင်ဘက်ထဲကို ထည့်၏။ ကောင်မလေးက “ဟာ...ကိုကိုကွာ...” ဟု အရှက်သည်းပြသည်။ လူပျိုကြီးမှာ ရင်ဘက်ထဲ လိပ်ပြာအရှင်ထည့်ထားသလို ဖလက်ဖလက်ခါအောင်ကို ဇောင်းထနေတော့သည်။ “ကိုကို .. မကဲနဲ့နော်..” “ချစ်လို့ပါ..ကလေးရယ်” “သွားပါ.. ကိုပိုကြီး..ဟွန်း” “သွား မဟုတ်ပါဘူး..ကလေးရယ်.. . နှုတ်ခမ်းလေးပါ...” “အို” ဇာတ်ကားကလည်း ကောင်းမှကောင်း.. ။ ရုပ်ရှင်ကြည့်ပရိသတ်ကလည်း ပိတ်ကားထက်က မျက်လုံးမခွာနိုင်အောင် သဲကြီးမဲကြီးဖြစ်နေသလို လူပျိုကြီးတို့ အတွဲကလည်း သဲကြီးမဲကြီးဖြစ်နေသည်။ ရုပ်ရှင်ပွဲက ညပွဲဆိုပေမယ့် ပိန်းပိတ်နေအောင် မှောင်နေတာမျိုးတော့ မဟုတ်။ ပိတ်ကားက အလင်းရောင်လေးကြောင့် တစ်ချက်ချက် လှုပ်ရှားတာကိုတော့ ရိုးတိုးရိပ်တိတ် မြင်နေရသည်။ စိတ်သွားတိုင်း ကိုယ်မပါနိုင်ဘူးဆိုတာ ဒီလိုနေရာမှာ အင်မတန် မှန်သောစကားဖြစ်မည်။ လူပျိုကြီးကတော့ ဒီလို ရိုးတိုးရိပ်တိပ်မြင်နေရတာကို သိပ်သဘောမကျ။ ဖြစ်နိုင်ရင် ပိတ်ကားအလင်းရောင်ပါ ပျောက်ပြီး ရုပ်ရှင်တစ်ရုံလုံးကို အမှောင်ကမ္ဘာကို ရောက်သွားစေချင်သည်။ ဇာတ်ကားတစ်ဝက်လောက်ကျိုးတော့ ပိတ်ကားထက်က ဇာတ်လမ်းက ဇာတ်ရှိန်မြင့်လာသလို... နောက်ဆုံးခုံက လူပျိုကြီးတို့ စုံတွဲလည်း ဇာတ်ရှိန်က မြင့်လာခဲ့ပြီ။ လူပျို့လက်ဝက်မြီးဆိုရင် .. လူပျိုကြီးလက်ကတော့ ပန်ကာဒလက်ပဲ။ လည်ထွက်ပြီး ရောက်ချင်တဲ့နေရာကို ရောက်နေတော့သည်။ ချစ်သူလေး၏....... နား။ (အဟီး ..ဆင်ဆာဖြတ်ထား၏။ ကိုယ့်ဘာသာ မြင်ယောင်၍ ကြည့်ပါလေ..) :P လူပျိုကြီးတစ်ယောက် တဖြေးဖြေးနဲ့ သောက်ထားတဲ့ အယ်လ်လိုဟောလေးကလည်း အရှိန်ရ.. တဏှာစိတ်နဲ့ ဇောကလည်း ထကြွနေပြီဆိုတော့ လက်က ချစ်သူလေးရဲ့ အကျီအတွင်းသားထိ ရောက်အောင် ကြိုးစားနေမိသည်။ ချစ်သူမလေးခမြာ.. တွန်းလွှတ်လို့မရ.. အော်တားလို့ကလည်း မရ။ နည်းနည်းရုန်းလို့ ရှေ့က အစ်မတွေ လှည့်ကြည့်ရင်လဲ ကွိုင်က အကြီးကြီးတက်တော့မည်။ လူပျိုကြီးပြုသမျှ .. နုနေရတဲ့ အခြေအနေဖြစ်နေရသဖြင့် ချစ်သူလေးမှာလဲ စိတ်ညစ်လှပြီ။ စိတ်တိုတိုနှင့် ဆွဲဆိတ်လို့လဲ မရ။ ကုန်းကိုက်လို့လဲ မရပ်။ ကောင်မလေးနည်းနည်းတော့ စိတ်ပျက်လာသည်။ လူပျိုကြီးမှာ ကောင်မလေးကိုနမ်းလိုက်.. ရုပ်ရှင်ပိတ်ကားက အလင်းအားနည်းတဲ့အခန်းဆိုရင် နည်းနည်းကဲကြည့်လိုက်နဲ့ တစ်ယောက်ထဲ ဇောကပ်ပြီး အလုပ်တွေကို ရှုပ်နေတော့သည်။ သူ့အာရုံထဲမှာ ရှေ့က အစ်မသုံးယေက်ကိုလည်း မေ့သွားပြီ။ ဖြစ်ချင်တော့ အဲဒီနေ့မှ ကောင်မလေးကလည်း တီရှပ်ကြပ်ကြပ်ဝတ်လာတယ်ဆိုတော့ အသားချင်းထိတဲ့အထိ လက်ကမြင်းလို့က မရဘူးဖြစ်နေသည်။ ကောင်မလေးက သူ့ဘက်ကို မှီပြီး ထိုင်နေတာဆိုတော့ အကျီ င်္အောက်ကလည်း လက်ထည့်လို့ မရ။ လည်ပင်းပေါက်က လက်ရောက်မှုကျူးလွန်ဖို့ ကြံစည်ပြန်ရင်လည်း ပိတ်ကားအလင်းများတဲ့အခန်းဆို ဘေးလူက သူ့လက်ကို ရိုးတိုးရိပ်တိပ်မြင်ဦးမှာ မဟုတ်လား။ အံတကြိတ်ကြိတ်နဲ့ လူပျိုကြီး တဏှာစိတ်က ငယ်ထိပ်ရောက်အောင် တက်နေတဲ့အချိန်.... ရုတ်တရက်ကြီး... ဖြုန်းဆို .. မီးပျက်ပါလေတော့သည်။ ရုပ်ရှင် တစ်ရုံလုံး မှောင်လိုက်တာမှ မည်းလို့ သည်းလို့ ..။ လူပျိုကြီးအဖို့ ဇာတာတတ်လေပြီ။ 

လူပျိုကြီးတစ်ယောက် ဒီလောက်ရတဲ့ အချိန်လေးကိုပဲ ကောင်းကောင်းအသုံးချတော့သည်။ နဂိုကတည်းက စားနေကြကြောင်ဖားဆိုတော့ ရသလောက်တော့ နှထခြင်းဖြစ်၏။ သူလက်က ကောင်မလေးရဲ့ အကျီ လည်ပင်းပေါက်ကတဆင့် .. မရောက်သင့်တဲ့ နေရာကို လှစ်လှစ်မြည်အောင် ရောက်သည်။ ဘယ်လိုတွေးတွေး မလုပ်သင့်သော်ငြား.. လူပျိုကြီးက အယ်လ်ကိုဟော.. တဏှာဇောနှင့် ဘာသော ညာသော မစဉ်းစားတော့ချေ။ အမိုက်ဆုံးတွင်းကို ခုန်ဆင်းဖို့ကြံ၏။ အဲဒီလို မလုပ်သင့်တာ လုပ်တော့ .. မရှုပ်သင့်တာတွေ ရှုပ်တော့သည်။ ရုပ်ရှင်ရုံဆိုတာက မီးပျက်လို့ ပြန်လာရင် ပိတ်ကားချည်းပဲ လာတာမှ မဟုတ်တာ။ တစ်ရုံလုံး ဖွေးခနဲဖြစ်အောင် အရင်လာသည်။ တစ်ရုံလုံး လင်းကနဲဖြစ်ပြီးမှ မီးတွေ ပြန်မှိတ်.. ပိတ်ကားဖွင့်ပြီး ကျန်တဲ့ဇာတ်လမ်းဆက်သည် မဟုတ်ပါလား။ လူပျိုကြီးလက် .. ရင်ဘတ်ထဲအရောက်။ မီးကလည်း ကောက်ခါငင်ကာ ဖျက်ခနဲအလာ။ ရှေ့က အစ်မသုံးယောက်ကလည်း လှည့်အကြည့်... “ဟာ....” “ဟယ်....” “အို....” ဆိုတဲ့ အသံတွေ စုံသွားသည်။ ဘာဖြစ်တာလဲ ဆိုပြီး ဘေးနားက ပရိသတ်တွေကပါ ၀ိုင်းအကြည့်မှာ ရုပ်ရှင်ရုံအတွင်း မီးရထားကြီးတစ်စင်း ဖြတ်မောင်းသွားသလို ဝေါကနဲ အသံကြီး ညံဆင်းသွားသည်။ လူပျိုကြီးလဲ လန့်ဖြန့်ပြီး လက်ကို ပြန်ဆွဲအထုတ်။ ကောင်မလေးကလည်း ရှက်ပြီး အရုန်း။ ဗြုန်းဆို လူပျိုကြီးရဲ့ နာရီမှာ အတွင်းခံအကျီ ကြိုးကြီးပြုတ်ပြီးပါလာလေတော့သည်။ တစ်ရုံလုံးလဲ အုန်းအုန်းထအောင် ရီကြ။ လူပျိုကြီးလဲ ကုန်းရုန်းထပြီး ရုံအပြင်ကို ထွက်ပြေးတော့သည်။ နောက်ပိုင်းမှာ ဘာတွေ ဆက်ဖြစ်လဲဆိုတာလည်း သူမသိ။ အဲဒီနောက်က စပြီး .. လူပျိုကြီးတစ်ယောက် သူတို့မြို့က စုပ်စမြုပ်စ ပျောက်သွားသည်။ လူပျိုကြီးတစ်ယောက်၏ အသည်းနာရတဲ့ တစ်လွဲအခါသမယလို့ပဲ ဆိုရမည်လား။ လွဲချက်ကယ် နာလှသည်။

--------------------------------------------------------------------------------------- (ကြမ်းတမ်းသောအသုံးအနှုန်းများအား ရယ်စရာသဘောမျှထား၍ ခွင့်လွှတ်ပေးစေချင်ပါသည်။)

 by Linn Yaung

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)