ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, March 14, 2013

>
-ကွန်-
ကိုယ်ခံစားသမျှတွေ တွေးမိသမျှတွေကို ချရေးလွန်းလို့လဲ ကိုယ်ဘယ်လိုတွေးခေါ်ရှင်သန်နေသလဲဆိုတာ မင်းအလွတ်ရနေလောက်ရောပေါ့….။ ခုတလော လူမှုရေးကိစ္စတွေအရမ်းများနေတယ်….။ မတင်ဖြစ်သေးတဲ့ မင်းအတွက် နောက်ဆုံးရေးထားတဲ့ အက်ဆေးလေးတစ်ပုဒ်ကိုအထပ်ထပ်ပြန်ဖတ်ရင်း အဲဒီတစ်နေရာလေးကိုဖတ်မိတိုင်း… စိတ်ထဲဝမ်းနည်းအားငယ် နုံးချိသွားသလိုခံစားရတယ်….။ အားအင်တွေဆုတ်ယုတ်သွားသလို… ဘာဆိုဘာမှမလုပ်ချင်မကိုင်ချင်တဲ့အထိ ကိုယ့်ဝိညာဉ်ကို မင်းခုချိန်ထိ ဖမ်းစားထားဆဲပဲ အိန်ဂျယ်……။ တချို့လူတွေက မေးနေကြတယ်…အိန်ဂျယ့်ကိုအပြင်မှာမြင်ဖူးချင်လိုက်တာတဲ့….။ စိတ်မကောင်းပါဘူး… ကိုယ်ကိုယ်တိုင်တောင်မင်းကို မမြင်နိုင်တာ သူတို့ကို မင်းဟာ ဘယ်လိုပုံပန်းသဏ္ဍာန်ရှိတယ်ဆိုတာ ဘယ်လိုပြရမလဲ…..။ တကယ်တော့ မင်းကို လူသိများအောင် ကိုယ်ဖန်တီးနေတာမဟုတ်သလို… အိန်ဂျယ်ဆိုတာ ဘယ်လိုလူတစ်ယောက်လည်းလို့ စိတ်ဝင်စားအောင် ဆွဲဆောင်နေတာလည်း မဟုတ်ပါဘူး…။ မင်းဟာ… ကိုယ့်ရဲ့ အိန်ဂျယ်တစ်ယောက်လို့ သတ်မှတ်ခံရတဲ့ လူသားတစ်ယောက်လို့ပဲ သိထားစေချင်ပါတယ်…။ မပြီးဆုံးနိုင်သော အိန်ဂျယ်စီးရီးရှည်ကြီး ဘယ်တော့အဆုံးသတ်မလဲလို့ တချို့ကလည်း စိတ်ဝင်စားကြပြန်ပါသေးတယ်…။ ဟင့်အင်း… ကိုယ်ပြောခဲ့ပြီးပါပြီ… အိန်ဂျယ်ကိုယ်နဲ့ လိုက်ပါနေသရွေ့ အိန်ဂျယ့်အကြောင်းကို ကိုယ်ဆက်ရေးနေမိဦးမှာပဲ…..။ ကမ္ဘာဆုံးတဲ့နေ့အထိ အိန်ဂျယ်ရှိနေမှာပါ….။ ခုလို နွေနေပူပူမှာ ကမ်းခြေကိုသတိမရဘူးလား အိန်ဂျယ်…..။ လှိုင်းစီးချင်လိုက်တာ…. အုန်ရေသောက်ချင်လိုက်တာ လာသမျှအသည်တွေဆီက ပုစွန်ကင်တွေ ငါးကင်တွေ မုန့်တီတွေ မုန့်လက်ဆောင်းတွေစားချင်လိုက်တာ…။ ကောင်းကင်က ကြယ်ကလေးတွေကို ပျင်းမှာစိုးလို့ မီးရှူးမီးပန်းတွေကို ပစ်ဖေါက်ပြီး စချင်လိုက်တာ… မီးပုံပွဲက သီချင်းချိုချိုကလေးတွေ ဆိုတတ်တဲ့ ကောင်လေးတွေကို လက်ခုပ်တီးပြီး အားပေးချင်လိုက်တာ….။

လွမ်းတယ် လွမ်းတယ်.....လွမ်းတယ်…လွမ်းတယ်….ဒီလို ခပ်တိုးတိုးကလေးပဲ ရေရွတ်ခွင့်ရှိသတဲ့လား…။ ညဖက် မင်းအကြောင်းစာရေးရင်း… ကိုယ်တော့ ကော်ဖီတစ်ခွက်သောက်ပြီးပြီ…..။ မင်းရော…အိန်ဂျယ် ကော်ဖီခွက်ဘေးမှာချရင်း အလုပ်လုပ်နေသလား…။ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ သီချင်းပဲသွားဆိုနေသလား…။ အပြာရောင်မိုးသား တမိုးထဲအောက်မှာပေမယ့် မင်းရဲ့ ကမ္ဘာတဖက်ခြမ်းကနေ… မင်းကို တမ်းတနေတဲ့သူရှိနေတယ်ဆိုတာ သတိမှရနေရဲ့လား…။ ခုလို နွေရက်တွေမှာ လေတဟူးဟူးတိုက်ခတ်နေတဲ့ မြစ်ကမ်းနဘေးမှာ ကိုယ်တို့အတူသွားထိုင်ကြရရင် ဘယ်လောက်ကောင်းလိုက်မလဲနော်…။ ဟိုးးး ချောက်ကမ်းပါးအောက်ဖက်မှာ တဝေါဝေါစီးဆင်းနေတဲ့ ရေပြင်တွေဟာ နွေမှာ ခမ်းခြောက်နေလောက်ရောပေါ့နော်….။ နှင်းတောထဲမှာ စိမ်းစို ယိမ်းနွဲ့နေကြတဲ့ မြက်ပင်ရှည်တွေလည်း ၀ါကျင့်ခြောက်သွေ့နေလောက်ရောပေါ့…..။

အရာရာဟာ…ကိုယ့်ခံစားချက်အတိုင်း လိုက်ပါလောင်ကျွမ်းကုန်ပြီတဲ့ အိန်ဂျယ်….။ တွေးကြည့်ရုံနဲ့တင် နွေးထွေးမှုပေးတတ်တဲ့ နူးညံ့ဖြူစင်တဲ့ အတောင်ပံတစ်စုံနဲ့ ကိုယ့်ကို အေးချမ်းမှုရအောင် တချက်လောက် ခတ်ပေးပါ….။ ပူလောင်နေတဲ့နွေမှာ ကိုယ့်နှလုံးသားကိုအေးမြမှုတွေ ဆောင်ကျဉ်းပေးပါ…. အိန်ဂျယ်။ ထာဝရရုန်းထွက်မရနိုင်တဲ့ ကွန်ထဲကနေ… မင်းရဲ့ဖမ်းစားခြင်းကို ကျေနပ်စွာခံယူပါ့မယ်…။ ကိုယ့်ရဲ့ တည်တံ့သောချစ်ခြင်းများဖြင့် အိန်ဂျယ့်ဘ၀ ဆိတ်ငြိမ်အေးချမ်းမှုများဖြင့်သာ ပြည့်စုံစေသော်….။

**မိုးငွေ့ **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)