ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, March 14, 2013

>
-ယခုလအတွင်း ထိုင်းနှင့်မလေးရှားနိုင်ငံတ၀ှမ်း သတင်းအတိုအထွာများ-
(ဖေဖော်ဝါရီလ ၁၄ရက်၊ ၂၀၁၃)

ထိုင်းနိုင်ငံ ကမ်ဖိုင်ဖစ်ခရိုင်ထဲမှာ အလုပ်ရှင်လင်မယားက ရေနွေးပူလောင်းနှိပ်စက်လို့ အကြီးအကျယ်ဒဏ်ရာရခဲ့တဲ့ ကရင်မိန်းကလေး နောင့်အဲဟာ ဒီနေ့မနက် ဘန်ကောက်ကို ဆေးရုံတက်ကုသဖို့ ထွက်ခွာသွားပြီလို့ ကမ်ဖိုင်ဖစ်မြို့မရဲစခန်း ဒုညွှန်ကြားရေးမှူး ဒုရဲမှူးကြီး နရေ့ ဖွန်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။(DVB)

(ဖေဖော်ဝါရီလ ၁၃ရက်၊ ၂၀၁၃)

ဖြ စ်ရပ်-၁။ ။ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့တွင် “စို့ကျိုင်း” အမည်နှင့် ဖွင့်လှစ်ထားသော အငှား တိုက်ခန်းတခုတွင် ရောင်းစားခံရပြီး လိင်ဖျော်ဖြေရေးအလုပ် လုပ်ခိုင်းခံနေရသည့် အသက် ၁၈ နှစ် မပြည့်သော မြန်မာမိန်းကလေး ၈ ဦးကို ထိုင်း အာဏာပိုင်များက ယမန်နေ့က ကယ်တင်လိုက်ကြောင်း သတင်းရရှိသည်။ရောင်းစားခံရသည့် မြန်မာ မိန်းကလေးများကို ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ဌာန (Anti-Human Trafficking Division – AHTD) မှ ထောက်လှမ်းရေး အဖွဲ့ဝင်များက မိန်းကလေး တဦးလျှင် ဘတ်ငွေ ၁ ထောင်ပေးပြီး ပျော်ပါးလိုသူများ ဟန်ဆောင်လျက် ဝင်ရောက်ကယ်တင်ခြင်း ဖြစ်ကြောင်း AHTD အဖွဲ့မှ ဗိုလ်မှူးချုပ် ချဝလစ် (Chavalit) က ယမန်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားသည်။(ဧရာဝတီ)

 ဖြ စ်ရပ်-၂။ ။ထိုင်းမြန်မာနယ်စပ်၊ တာ့ခ်ခရိုင်ရှိ နို့ဖိုးဒုက္ခသည်စခန်းက ဒုက္ခသည် ၉၉ ယောက်ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က တတိယနိုင်ငံ ထွက်ခွာခွင့်ပြုလိုက်တယ်လို့ သိရှိရပါတယ်။အခုလိုထွက်ခွာခွင့် ပြုလိုက်သူတွေဟာ ၂ဝဝ၄-၂ဝဝ၅ နှစ်ကာလက ဒုက္ခသည် အဖြစ် လျောက်ထားခဲ့သူတွေဖြစ်ပြီး ရှေ့လထဲမှာ ပထမအသုတ်အနေနဲ့ လူ ၂ဝ ခန့်စခန်းကနေ ထွက်ခွာမယ်လို့သိရပါတယ်။နို့ဖိုးဒုက္ခသည်စခန်းမှာ ဒုက္ခသည်စုစုပေါင်း ၄ဝဝဝ ခန့်ရှိရာမှာ ယခင်နှစ်ကာလတွေက ဒုက္ခသည်အဖြစ် လျှောက်ထားခဲ့သူက ၁ဝဝဝ ခန့်နဲ့ ၂ဝဝ၄-၂ဝဝ၅ ခုနှစ်ကာလက ထပ်မံလျှောက်ထားခဲ့သူ ဒုက္ခသည်သစ်က ၃ဝဝဝ ခန့်ရှိပါတယ်။(RFA)

 (ဖေဖော်ဝါရီလ ၁၂ရက်၊ ၂၀၁၃)

 ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ လစာကို ထိုင်းတရုတ်အလုပ်ရှင်က မပေးဘဲ မောင်းထုတ်ခံရသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၈ ဦး၏ လုပ်ခလစာအား ထိုင်းအလုပ်သမားဝန်ကြီးဌာန တာ့(ခ်) ခရိုင် အလုပ်သမားကြီး ကြပ်ကာကွယ်ရေးဌာန (LOP/ဆ၀ါဒီကန်) ဒုတိယဦးစီးအရာရှိ ဖိဆွန်ဘွန်းနှင့် အဖွဲ့ကွင်းဆင်းဖြေရှင်းသဖြင့် အဆင်ပြေသွားကြောင်း သတင်းရရှိသည်။ ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ကန်ဖယ်ဖစ်ခရိုင်မှ ထိုင်းတရုတ်အလုပ်ရှင် ဇနီးမောင်နှံသည် ထိုင်း-မြန်မာနယ်စပ်၊ တာ့(ခ်)ခရိုင်၊ မဲဆောက်မြို့ မယ်တောင်တိုက်ရပ်ကွက်ရှိ “နဂါးနှစ်ကောင်အထည်ချုပ်ရုံကို တည်ထောင်ပြီး ” ၄ လခန့်အကြာ၌ ယခုကဲ့သို့ အလုပ်သမားပြဿနာပေါ်ပေါက်ရခြင်းဖြစ်၏။ လုပ်အားခမရရှိသော အလုပ်သမား ၁၈ ဦးအနက်မှ ၆ ဦးအား အလုပ်ပြန်လည်ခန့်အပ်ပြီး ကျန်အလုပ်သမား ၁၂ ဦးအား အလုပ်မှ တစ်ခါတည်း ထုတ်ပယ်ကြောင်း ယမန်နေ့ကတည်းက ကြေညာခဲ့သည်။ ထိုင်းအလုပ်သမားဝန်ကြီးဌာနတာ့(ခ်)ပြည်နယ်(ခရိုင်) အလုပ်သမားကြီးကြပ်ကာကွယ်ရေး (LPO/ဆ၀ါဒီကန်) နှင့်အတူ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) မှ ယနေ့ အောင်မြင်မှုကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။(JACBA) 

 (ဖေဖော်ဝါရီလ ၁၁ရက်၊ ၂၀၁၃) ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် ဖွတ်ဖရမြို့နယ် ၄၂ ကီလိုမီတာမှာရှိတဲ့ The Best Friend အကောင်းဆုံးမိတ်ဆွေလို့ခေါ်တဲ့ ရွှေ့ပြောင်း စာသင်ကျောင်းက ကျောင်းသား ကျောင်းသူ ၄၀ လောက် လိုက်ပါလာတဲ့ ကျောင်းကားနဲ့ အရပ်သား ကားတစီး တိုက်မိခဲ့ပြီး ကလေးအယောက် ၃၀ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ကားတိုက်မှု ကြောင့် လသားအရွယ် ကလေးငယ် တဦး သေဆုံးခဲ့ပြီး ၁၀ ဦးကတော့ မဲဆောက်နဲ့ ဖွတ်ဖရဆေးရုံတွေမှာ အရေးပေါ် ကုသမှုခံနေရပါတယ်။ (VOA) 

(ဖေဖော်ဝါရီလ ၉ရက်၊ ၂၀၁၃) 

 မလေးရှားအာဏာပိုင်တွေက ဘော်နီယိုကျွန်းပေါ်မှာရှိတဲ့ ဆာဘားပြည်နယ်အတွင်း လူပေါင်း ၈၀ နီးပါးကို ဖမ်းဆီး လိုက်တယ်လို့ပြောပါတယ်။ ပြီးခဲ့တဲ့လအတွင်း သယံဇာတပေါကြွယ်ဝတဲ့ ကျေးရွာ တရွာကို ဖိလစ်ပိုင် မူစလင် မျိုးနွယ်သူပုန်တွေက သိမ်းပိုက်ခဲ့တာကို ပြန်လည်ရှင်းလင်းခြေမှုန်းတဲ့ စစ်ဆင်ရေးအတွင်း အခုလိုကြေညာလိုက်တာပါ။စစ်သွေးကြွတယောက်ကို စနေနေ့မှာ ပစ်သတ်လိုက်တဲ့အကြောင်းလည်း ပြည်ထောင်စုရဲတပ်ဖွဲ့ရဲ့ အကြီးအကဲ အစ္စမေးလ် အိုမာ ကပြောပါတယ်။ ဒါကြောင့် ကျူးကျော်သူတွေ ကို ချေမှုန်းနေတဲ့၊ ပြုလုပ်နေဆဲ စစ်ဆင်ရေးအတွင်း သေဆုံးသူ ဦးရေ ၆၀ ကျော်သွားပြီဖြစ်ပါတယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်ခိုက်မှုတွေကို ရပ်စဲပြီး တွေ့ဆုံဆွေးနွေးကြဖို့ တိုက်တွန်း နှိုးဆော်တဲ့ကြေညာချက် ထုတ်ပြန်လိုက်ပြီးတဲ့နောက် သူ့ကိုယ်သူ ဒီဒေသရဲ့ ဘုရင်ဖြစ်တယ်လို့ ပြောဆိုတဲ့ မူစလင်အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဂျမာလူး ကီရမ်က အပစ်အခတ်ရပ်စဲဖို့ ကြာသပတေးနေ့မှာ တောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ မလေးရှားအာဏာပိုင်တွေကတော့ အခုလို အပစ်ရပ်ကမ်းလှမ်းချက်ကို ပယ်ချလိုက်ပြီး လုံးဝ လက်နက်ချတာကိုပဲ လက်ခံမယ်လို့ ပြောပါတယ်။ (VOA) 

(မတ်လ၈ရက်၊၂၀၁၃) 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း အသစ်တခု ဖြစ်လာမည့် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် မော့တောင် နယ်စပ် ကုန်သွယ်ရေး စခန်းသစ်ကို ယခုနှစ် ဧပြီလတွင် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။မော့တောင် ကုန်သွယ်ရေး စခန်းသည် မြိတ်ခရိုင် တနင်္သာရီမြို့နယ်နှင့် ၇၅ မိုင်ခန့် ကွာဝေးပြီး ထိုင်းနိုင်ငံ နယ်စပ်မြို့ဖြစ်သည့် ပရာကျွတ်မြို့နယ်နှင့် ကုန်းလမ်းခရီးဖြင့် ဆက်သွယ်မည် ဖြစ်သည်။ထိုင်းနိုင်ငံမှ သွင်းကုန် ပစ္စည်းများကိုလည်း မြိတ်၊ ထားဝယ်မှ တဆင့် ရန်ကုန်၊ မန္တလေးဘက်သို့ ကူးသန်း နိုင်ကြောင်းလည်း သိရသည်။(ဧရာဝတီ) 

 (မတ်လ၄ရက်၊၂၀၁၃) 

ထိုင်းနိုင်ငံ မြောက်ပိုင်း နခွန်စ၀မ်မြို့မှာ မြန်မာအချင်းချင်း ပြန်ပေးဆွဲခံရတဲ့ မိန်းကလေးငယ် ၂ ဦးကို ထိုင်းရဲတွေက ကယ်ထုတ်နိုင်ခဲ့တယ်လို့ ထိုင်းသတင်းဌာနမှာ ဖော်ပြသွားပါတယ်။ သူတို့ ၂ ဦးကို ဘတ်ငွေ တသိန်း ၂ သောင်းနဲ့ လာရွေးဖို့ ခြိမ်းခြောက်ထားကြောင်း ဘန်ကောက်ခရိုင် ခလောင်းတေမြို့က 
ဖြစ်တယ် လို့ ပြောပါတယ်။.(ဧရာဝတီ)

 (မတ်လ၃ရက်၊၂၀၁၃)

 ဖြ စ်ရပ်-၁။ ။မလေးရှား ဘိုနီယို ကျွန်းက မြို့တမြို့ကို သိမ်းယူထားတဲ့ ဖိလစ်ပိုင် လက်နက်ကိုင် အဖွဲ့ အနေနဲ့ ချက်ချင်း လက်နက်ချ ဖို့ကို မလေးရှား အစိုးက ရာဇသံ ပေး လိုက်ပါတယ်။ မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇတ် က စေ့စပ် ဆွေးနွေး အဖြေရှာဖို့ ပေးထားတဲ့ အချိန် ကျော်သွားပြီ ဖြစ်တယ် လို့ ပြောပါတယ်။.

 ဖြ စ်ရပ်-၂။ ။ လောင်းကစားလုပ်ငန်းရှင်တို့အတွက် နေ့တိုင်းနေ့တိုင်း ရက်ရာဇာ ဖြစ်လေ့ရှိသော်လည်း ယနေ့အတွက်မူ ပြဿဒါးနေ့ ဖြစ်ဟန်ရှိသည်၊ အထူးသဖြင့် ကရင်ပြည်နယ် မြ၀တီမြို့တွင် ဖြစ်သည်။ မြ၀တီခရိုင်အတွင်း အနှစ် ၂၀ နီးပါး သက်တမ်းရှိခဲ့သော ကြည့်ချင်ပွဲနှင့်တွဲဘက်ကျင်းပသည့် တရားမ၀င် လောင်းကစားပွဲ(အာဝါဒေး)များကို ယနေ့မှစတင်ပြီး ဖမ်းဆီး အရေးယူနေသည်ကို တွေ့ရသည်။ အဓိဌာန်အောင်ဘုရားဝင်းအတွင်း ဖမ်းဆီးထားသည့် လောင်းကစားခုံကြီး ၉၂ ခုကို မီးရှို့ဖျက်ဆီးလိုက်သည်။(ဧရာဝတီ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)