-ဟလို-
သံစဉ်ချိုချို ကဗျာတစ်ပုဒ်ကိုခပ်တိုးတိုး ရွတ်ဆိုလိုက်တဲ့အခါ
နားဝမှာ ၀ဲပျံ့နေသည့်အလား။
အမေတစ်ယောက်က သားလေးကို
`အိုအေးအေးအို´လို့ တေးဆိုပြီး
ချော့သိပ် လိုက်သည့်ပမာ
သာယာနာပျော်ဖွယ်ကောင်းလိုက်တာ။
မေတ္တာတွေပြည့်လျှံပြီး
ကရုဏာတွေ ပက်ဖြန်းထားသလ
ို ကြည်နူးဖွယ် တကယ်ကောင်းလှပါပေတယ်။
မောပန်းနေသူ တစ်ယောက်အတွက်
လိုအပ်တဲ့ အားအင်တွေကို
တစ်ခဏချင်း ဖြည့်သွင်းပေးလိုက်သလို
တကယ်ကို တန်ဘိုးမဖြတ်နိုင်ခဲ့ပါ။
အဲဒါ -- -- -- -- -- -- -- -- ငါ အားငယ်နေတဲ့အခါမှာ
ကြင်နာစွာ မျှဝေခံစားရင်း
ချစ်ခြင်းတွေနဲ့ အားပေးဖို့လာခဲ့တဲ့
ချစ်သူရဲ့ `` ဟလို ´´ ဆိုတဲ့အသံ။ ။
**လမင်းသံစဉ် **
-ဟလို-
သံစဉ်ချိုချို ကဗျာတစ်ပုဒ်ကိုခပ်တိုးတိုး ရွတ်ဆိုလိုက်တဲ့အခါ
နားဝမှာ ၀ဲပျံ့နေသည့်အလား။
အမေတစ်ယောက်က သားလေးကို
`အိုအေးအေးအို´လို့ တေးဆိုပြီး
ချော့သိပ် လိုက်သည့်ပမာ
သာယာနာပျော်ဖွယ်ကောင်းလိုက်တာ။
မေတ္တာတွေပြည့်လျှံပြီး
ကရုဏာတွေ ပက်ဖြန်းထားသလ
ို ကြည်နူးဖွယ် တကယ်ကောင်းလှပါပေတယ်။
မောပန်းနေသူ တစ်ယောက်အတွက်
လိုအပ်တဲ့ အားအင်တွေကို
တစ်ခဏချင်း ဖြည့်သွင်းပေးလိုက်သလို
တကယ်ကို တန်ဘိုးမဖြတ်နိုင်ခဲ့ပါ။
အဲဒါ -- -- -- -- -- -- -- -- ငါ အားငယ်နေတဲ့အခါမှာ
ကြင်နာစွာ မျှဝေခံစားရင်း
ချစ်ခြင်းတွေနဲ့ အားပေးဖို့လာခဲ့တဲ့
ချစ်သူရဲ့ `` ဟလို ´´ ဆိုတဲ့အသံ။ ။
**လမင်းသံစဉ် **



No comments:
Post a Comment