ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, March 7, 2013

>
-စိတ်ကူးထဲမှာတောင် ကမ်းခြေရဲ့ညကလှတယ် အိန်ဂျယ်-
နေလုံးနီနီကြီးက ပင်လယ်ထဲကို တအိအိနဲ့ နစ်မြှုပ်ဝင်နေတာကို ကိုယ်ထိုင်ကြည့်နေမိတယ်…..။ တကယ်တော့ ကိုယ်ဒီတဲလေးအောက်ကို ညနေ သုံးနာရီမထိုးခင်ကတည်းက တစ်ယောက်တည်းထွက်ထိုင်နေမိတာ….။ ကမ်းခြေတစ်ခုလုံး ကိုယ့်ရှေ့မှာ အသံတိတ်ပိတ်ကားတစ်ခုလိုပဲ လှုပ်ရှားနေခဲ့တာပါ..။ ပင်လယ်ပြင်မှာ ရေးကူးသူကူး လှိုင်းလုံးစီးသူစီး သောင်ပြင်မှာလဲ ဘောလုံးကန်သူကန် ဓါတ်ပုံရိုက်သူရိုက် သဲနန်းတော်ဆောက်တမ်း ကစားသူက ကစားနေပေမယ့်လည်း ကိုယ်ကတော့ အခွံသက်သက် ထိုင်နေခြင်းသာ ဖြစ်တော့တယ်….။ ရိုးအီအပ်ကြောင်းထပ်နေပြီဖြစ်တဲ့ မြန်မာဗီဒီယိုကားတွေထဲကလို ကိုယ် မင်းအကြောင်းကို ခဏခဏ နောက်ကြောင်းမပြန်ချင်တော့…..။ ဒါပေမယ့်လည်းကွယ်…. အမှတ်ရစရာပုံရိပ်တွေကတော့ အတွေးထဲ တစ်ခုပြီးတစ်ခု ၀င်လာလိုက် ထွက်သွားလိုက်နဲ့…။ ရင်ဘတ်ထဲမှာ ပင်လယ်ဒီရေလိုပဲ နာကျင်မှုတွေက မြင့်လိုက်နိမ့်လိုက်နဲ့…။ တံတွေးနဲ့အတူမျိုချမိတော့ လည်ချောင်းထဲ ခါးသက်သက်နဲ့ မျက်ရည်တချို့ရောပါနေတယ်…။ ကိုယ်...အထဲပြန်မ၀င်ချင်သေးဘူး ပင်လယ်ပြင်ကြီးကို အကြာကြီးငေးကြည့် ချင်နေသေးတယ် နေ၀င်ပြီးသွားလည်း ကြယ်ကလေးတွေ ထွက်အလာကို စောင့်ကြည့်ဦးမယ်… ဒီညလက လပြည့်လလား လခြမ်းကွေးဖြစ်မလား ကိုယ်စောင့်ကြည့်ချင်သေးတယ်ကွယ်…။ ညနေငါးနာရီခွဲအချိန်ရဲ့ ကောင်းကင်အရောင်က သိပ်လှတာပဲ…..။ အရောင်အသွေးစုံနေတဲ့ ပန်းချီးကားလေးတစ်ချပ်အတိုင်းပဲ…..။ တိမ်မျှင်တိမ်စတွေနဲ့ နေက ပင်လယ်ထဲကို လုံးဝနစ်ဝင်ပြီးသွားပေမယ့် လိမ္မော်ရောင်ခပ်ဖျော့ဖျော့နဲ့ ခဲသားရောစပ်ထားတဲ့ အလှ ပြီးတော့ မှောင်စပျိုးချင်ချင် ကောင်းကင်နက်ပြာဖျော့ရောင်မှာ…. ကြယ်ကလေးတွေက ခပ်ပျပျလေး ဟိုနားတစ်လုံး ဒီနားတစ်လုံး မှိတ်တုတ်မှိတ်တုတ်နဲ့…. ။ မပြည့်တပြည့်လကတော့ မခို့တရို့အလင်းရောင်ကလေးနဲ့ ကောင်းကင်ပြင်မှာ..ရှက်သွေးဖြာနေတဲ့ အပျိုစင်ကလေး တစ်ယောက်လိုပဲ…။ ပတ်ဝန်းကျင်အပံ့အပိုးလှနေပါလျက်နဲ့ ကိုယ့်အတွက်တော့ မင်းမရှိရင်ဘာမှ မပြည့်စုံပါဘူး အိန်ဂျယ်…….။ နွေရဲ့ ညလေပြေက ပင်လယ်ပြင်ကိုဖြတ်တိုက်လာလို့ ခပ်အေးအေးလေး ကိုယ့်ဆံနွယ်တွေကြား တိုးဝေ့လိုက်တယ်….။ မျက်လုံးစုံမှိတ်ပြီး ညရဲ့ ရနံ့ ပင်လယ်ရဲ့ရနံ့ကို ကိုယ်တ၀ကြီးရှူရှိုက်လိုက်တယ်….။ နက်ပြာရင့်ရောင်ဖက်ကို တဖြေးသန်းလာခဲ့တဲ့ ညဟာ… သူ့သဘာဝနဲ့သူ…အိနြေ္ဒရရ လှလို့ပလို့ တည်ငြိမ်လို့ပါပဲ။ သည်ချိန် ညစာစားတဲ့အချိန်မို့ ကမ်းခြေမှာလူသူကင်းပြီး လှုပ်ရှားမှုမဲ့နေတယ်…။ ခဏနေကျရင်တော့ ….မီးရှူးမီးပန်းဖေါက်သူ မီးပုံးပျံကလေးများလွှတ်သူနဲ့ မီးပုံပွဲမှာစားသောက်ရင်း သီချင်းဆိုသူတွေနဲ့ ပြန်ပြီး စည်ကားလာတော့မယ်….။ ဒီညမှာတော့ “ကျွန်တော်တို့ မီးပုံပွဲကိုလာခဲ့နော် အစ်မ”လို့ လာခေါ်မယ့် အသားခပ်ဖြူဖြူနဲ့ သီချင်းအဆိုကောင်းတဲ့ ကိုယ့်ရဲ့ အိန်ဂျယ်ဖြစ်လာမယ့် မင်းလဲမရှိတော့ဘူး….။ ကိုယ့်အနားမှာ တရုတ်စကားပန်းဖြူဖြူတစ်ပွင့်မရှိတော့ဘူး…။ လင်းလင်းလက်လက်ကြယ်ကလေးတွေလို မင်းမျက်ဝန်းတစ်စုံမရှိတော့ဘူး….။ တိုးတိတ်ညင်သာတဲ့ သီချင်းသံစဉ်တစ်ခုမရှိတော့ဘူး….။ ဒီလိုတွေးမိသွားတော့ ရင်ထဲပိုပြီးနာကျင်စူးနစ်သွားရတယ်….။ ကိုယ်တိုင်ရောက်မသွားဖြစ်ခဲ့ပေမယ့်လည်း စိတ်ကူးကလေးနဲ့တခဏသာ ရောက်သွားခဲ့တဲ့ ကမ်းခြေလေးအကြောင်း မင်းကို ပြောပြချင်လို့ ဒီအက်ဆေးလေးကိုရေးဖြစ်သွားတာပါ အိန်ဂျယ်…။

**မိုးငွေ့**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)