-ပြေး…… ပြေး…… ပြေး-
“ပြေး” သလားလို့ မမေးနဲ့။ အလုပ်သမားကို အလုပ်ခိုင်းပြီး လုပ်အားခမပေးပဲ ထွက်ပြေးလေသည့် ထိုင်းသူဌေး။ သူယူထားသည်က မွန်မ ဆိုတော့ကာ မိန်းမဘက်က မွန်ပြည်နယ်ဘက်ကို ထွက်ပြေးပါသတဲ့။ နေ့စားခ ဘတ် (၁၅၀) နဲ့ သူအလုပ်ခိုင်းခဲ့တဲ့ အိမ်ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အလုပ်သမား ၃၀ လောက်ရှိတာက ဘယ်သူ့၊ ဘယ်သူမှ လုပ်အားခမရကြပဲ သက်ဆိုင်ရာ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (LPO/ဆ၀ါဒီကန်) ကို မဆက်သွယ် (သို့) မတိုင်ကြားရဲကြပဲ ရှားရှားပါးပါး သတ္တိရှင် ၆ ဦးပဲ ထွက်လာတော့တာပေါ့။ ကိုင်း…… ဆက်သွယ်လိုက်ကြစမ်း ဆရာမိုးဆိုတဲ့ လက်ကိုင်ဖုန်း (၀၈၅- ၆၀၂- ၃၅၇၃) ကို ခေါ်လိုက်ကြဟေ့။ မမြတ်နိုး ဆိုသူက ဆရာမိုးတပည့်ဟောင်းဆိုတော့ကာ ခင်ပွန်းသည် စောဖိုးခွားကို တိုက်တွန်းတယ်။ ပြီးတော့ အခြားလုပ်အားခ မရသူတွေဖြစ်ကြတဲ့ မသင်း၊ မညို၊ အောင်အောင်၊ ဇော်ကြီး စသူတို့ကို လက်ဆင့်ကမ်း တိုက်တွန်းတယ်။
သြ….. နေရာက ဟုတ်စ။
ထိုင်း- မြန်မာနယ်စပ်၊ မဲဆောက်မြို့၊ မယ်ပ ၉ ရပ်ကွက် (အရပ်အခေါ်- မယ်ပ ကျွန်းတောအစု) မှာပါဗျ။
အဖြေက ဘယ်လိုထွက်သလဲ ဟုတ်စ။
ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ တာ့ခ်ပြည်နယ် (ခရိုင်) အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (LPO/ဆ၀ါဒီကန်) က သူတို့ ၆ ဦးရဲ့ အလုပ်ရှင် ထိုင်းလူမျိုး သူဌေးဆိုသူ ဘယ်နေရာမှာ နေသလဲ ဆိုတာကို အလုပ်သမားတွေကို မနေ့ကပဲ ပြသခိုင်းပြီး လိုက်ကြည့်ကြတာပေါ့။ အဲ…. ဒီထိုင်းသူဌေးက ဇာတ်လမ်းအစမှာ ပြောပြတဲ့ အတိုင်း မိန်းမနေထိုင်ရာ မြန်မာပြည်ဘက်ကို ပြေးနေသတဲ့ဗျို့…..။
ဒီတော့ကာ….. ပြေးဟေ့၊ ပြေးဟေ့…. ပြေး….. ပြေး…… ပြေး။
**သောင်ရင်းနဂါး **

No comments:
Post a Comment